သာေကတ ၊ ဒဂံုအေရွ႕ ၊ ဒဂံုေတာင္ ႏွင့္ ေဒါပံုၿမိဳ႕နယ္ လွ်ပ္စစ္မီး အခ်ိန္ပိုင္း ႏွစ္ရက္ ျပတ္ေတာက္မည္

ျမန္မာႏိုင္ငံအတြင္း ဓာတ္အား လိုင္းမ်ား သြယ္တန္းထားသည္ကိုေတြ႔ရစဥ္ (ဆင္ဟြာ)
    ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၉ ရက္ (ဆင္ဟြာ)

    ရန္ကုန္တိုင္း ေဒသႀကီးအတြင္းရွိ သာေကတ ၊ ဒဂံုအေရွ႕ ၊ ဒဂံုေတာင္ ႏွင့္ ေဒါပံုၿမိဳ႕နယ္တြင္္ လွ်ပ္စစ္မီး အခ်ိန္ပိုင္း ႏွစ္ရက္ ျပတ္ေတာက္မည္ ျဖစ္ေၾကာင္း ရန္ကုန္ လွ်ပ္စစ္ ဓာတ္အား ေပးေရး ေကာ္ပိုေရးရွင္းမွ ထုတ္ျပန္သည္။

ျမန္မာ့လွ်ပ္စစ္ ဓာတ္အားလုပ္ငန္း ၊ ဓာတ္အား ပို႔လႊတ္ေရး စီမံကိန္းမ်ား ဌာနမွ ရန္ကုန္တိုင္း ေဒသႀကီးတြင္ ဓာတ္အားျပည့္ဝစြာ ပို႔လႊတ္ႏိုင္ေရး အတြက္ ၂၃၀ ေကဗြီေအ သာေကတ-အေရွ႕ဒဂံု ဓာတ္အားလိုင္းအား ႀကိဳးဆြဲျခင္း လုပ္ငန္းမ်ား ေဆာင္ရြက္မည္ျဖစ္သျဖင့္ ေဖေဖာ္ဝါရီ ၂၀ ရက္ နံနက္ ၆ နာရီမွ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔ ၁၈ နာရီထိ ဓာတ္အားပိတ္ လုပ္ငန္းမ်ား ေဆာင္ရြက္မည္ ျဖစ္ေသာေၾကာင့္ အထက္ပါ ၿမိဳ႕နယ္ ေလးၿမိဳ႕နယ္တြင္ လွ်ပ္စစ္မီး ယာယီ ျပတ္ေတာက္မည္ ျဖစ္သည္။

(Xinhua)
http://www.xinhuamyanmar.com
...........
 မြန်မာနိုင်ငံအတွင်း ဓာတ်အား လိုင်းများ သွယ်တန်းထားသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

    ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ သာကေတ ၊ ဒဂုံအရှေ့ ၊ ဒဂုံတောင် နှင့် ဒေါပုံမြို့နယ်တွင်် လျှပ်စစ်မီး အချိန်ပိုင်း နှစ်ရက် ပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ် ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းမှ ထုတ်ပြန်သည်။

မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း ၊ ဓာတ်အား ပို့လွှတ်ရေး စီမံကိန်းများ ဌာနမှ ရန်ကုန်တိုင်း ဒေသကြီးတွင် ဓာတ်အားပြည့်ဝစွာ ပို့လွှတ်နိုင်ရေး အတွက် ၂၃၀ ကေဗွီအေ သာကေတ-အရှေ့ဒဂုံ ဓာတ်အားလိုင်းအား ကြိုးဆွဲခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၆ နာရီမှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ၁၈ နာရီထိ ဓာတ်အားပိတ် လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သောကြောင့် အထက်ပါ မြို့နယ် လေးမြို့နယ်တွင် လျှပ်စစ်မီး ယာယီ ပြတ်တောက်မည် ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)