မေကြးတိုင္းေဒသၾကီးတြင္ ၈ တန္း စာေမးပြဲၾကီးေမးခြန္း ရာႏႈန္းျပည့္ ေပါက္ၾကား


  မေကြးတိုင္း ေဒသၾကီး အဌမတန္း အတန္းတင္စာေမးပြဲ အဂၤလိပ္စာ စတင္ေျဖၾကားသည့္ေန႔မွစတင္၍ ေဖေဖာ္၀ါရီလ ၁၈ ရက္ ပထ၀ီဘာသာေျဖၾကားသည့္ေန႔အထိ ရာခိုင္ႏႈန္းျပည့္ ေမးခြန္းေပါက္ၾကားခဲ့သည္ဟု နတ္ေမာက္ျမိဳကနယ္မွ ေက်ာင္းဆရာေဟာင္းတဦးျဖစ္သူ ဦးေဌး၀င္းမွ News Watch သို႔ ေဖေဖာ္၀ါရီ ၁၈ ရက္က ေျပာသည္။

ယင္းကိစၥႏွင့္ ပတ္သက္၍ “အဂၤလိပ္စာေန႔ကတည္းက ေမးခြန္းေပါက္တယ္။ အမွတ္ ၁၀၀ ဖိုး လံုး၀ကြက္တိပဲ။ အဲဒီလိုေမးခြန္းေပါက္လာတာ သခ်ၤာေန႔ေရာ ဒီေန႔ ပထ၀ီေျဖမယ့္ေန႔ပါ ေမးခြန္းေပါက္တယ္”ဟု ေျပာၾကားခဲ့ျပီး ေမးခြန္းေပါက္ၾကားမႈသည္ ပုဂၢလိကေက်ာင္းမ်ားႏွင့္ ပညာေရးဌာနမွ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား အေပးအယူလုပ္ျခင္းေၾကာင့္ ျဖစ္နိုင္ေၾကာင္း ၎က သံုးသပ္ေျပာၾကားသည္။

ယေန႔ ပထ၀ီဘာသာေျဖဆိုရသည့္ေန႔တြင္ ေက်ာင္းသားမ်ား စာေမးပြဲခန္းတြင္းသို႔ မ၀င္ေရာက္ခင္ကတည္းက ျပင္ပတြင္ ပ်ံ႕ႏွံ႔ေနေသာ ေမးခြန္းအစံု (ပူးတြဲပံုပါ) ကို ဦးေဌး၀င္းမွ News Watch သို႔ ၾကိဳတင္ေပးပို႔ထားခဲ့ျပီး စာေမးပြဲခန္းမွ ထြက္လာေသာ ေက်ာင္းသားမ်ားထံမွ ေမးခြန္းလႊာခ်င္း တိုက္ဆိုင္စစ္ေဆးၾကည့္ရာ ေမးခြန္း နံပါတ္မွအစ ၏/သည္မေရြ႕ တူညီေနသည္ကို ေတြ႔ရွိခဲ့ရသည္။

News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal



......................................

 မကွေးတိုင်း ဒေသကြီး အဌမတန်း အတန်းတင်စာမေးပွဲ အင်္ဂလိပ်စာ စတင်ဖြေကြားသည့်နေ့မှစတင်၍ ဖေဖော်ဝါရီလ ၁၈ ရက် ပထဝီဘာသာဖြေကြားသည့်နေ့အထိ ရာခိုင်နှုန်းပြည့် မေးခွန်းပေါက်ကြားခဲ့သည်ဟု နတ်မောက်မြိုကနယ်မှ ကျောင်းဆရာဟောင်းတဦးဖြစ်သူ ဦးဌေးဝင်းမှ News Watch သို့ ဖေဖော်ဝါရီ ၁၈ ရက်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ “အင်္ဂလိပ်စာနေ့ကတည်းက မေးခွန်းပေါက်တယ်။ အမှတ် ၁၀၀ ဖိုး လုံးဝကွက်တိပဲ။ အဲဒီလိုမေးခွန်းပေါက်လာတာ သချင်္ာနေ့ရော ဒီနေ့ ပထဝီဖြေမယ့်နေ့ပါ မေးခွန်းပေါက်တယ်”ဟု ပြောကြားခဲ့ပြီး မေးခွန်းပေါက်ကြားမှုသည် ပုဂ္ဂလိကကျောင်းများနှင့် ပညာရေးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများ အပေးအယူလုပ်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

ယနေ့ ပထဝီဘာသာဖြေဆိုရသည့်နေ့တွင် ကျောင်းသားများ စာမေးပွဲခန်းတွင်းသို့ မဝင်ရောက်ခင်ကတည်းက ပြင်ပတွင် ပျံ့နှံ့နေသော မေးခွန်းအစုံ (ပူးတွဲပုံပါ) ကို ဦးဌေးဝင်းမှ News Watch သို့ ကြိုတင်ပေးပို့ထားခဲ့ပြီး စာမေးပွဲခန်းမှ ထွက်လာသော ကျောင်းသားများထံမှ မေးခွန်းလွှာချင်း တိုက်ဆိုင်စစ်ဆေးကြည့်ရာ မေးခွန်း နံပါတ်မှအစ ၏/သည်မရွေ့ တူညီနေသည်ကို တွေ့ရှိခဲ့ရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)