အမည္မသိ အဖြဲ႕တစ္ခုမွ ေခၚေဆာင္ ခံရသူ ေက်ာက္ကေလ ေက်းရြာသား ေလးဦးႏွင့္ မိသားစုမ်ား အဆက္မသြယ္မရ၍ စိုးရိမ္


နိရဥၥရာ၊ ေဖေဖာ္၀ါရီ ၂၅

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴျမိဳ႕နယ္ ေက်ာက္ကေလေက်းရြာမွ အရပ္သား ၄ ဦးအား အမည္မသိေသာ အဖြဲ႕တစ္ခုမွ ေခၚေဆာင္သြားသည္မွာ (၄) ရက္ခန္႕ ၾကာျမင့္ေနျပီ ျဖစ္ေသာ္လည္း မိသားစုမ်ားႏွင့္ ယခုအခ်ိန္ထိ အဆက္အသြယ္မရသျဖင့္ အထူးစိုးရိမ္ေနေၾကာင္း သတင္း ရရွိသည္။

“ ကၽြန္မတို႕ ေက်ာက္ျဖဴျမိဳ႕ျပင္ ဦးဥတၱမ ပန္းျခံ အနီးသဗၺာန္ေခ်ာင္းလမ္းရွိတဲ့ အေဆာက္အဦး တစ္ခုမွာ ထိန္းသိမ္းထားတယ္လို႕ သိရတ့ဲ အတြက္ ဒီလ ၂၃ ရက္ေန႕က သြားေမးပါတယ္။ အစိုးရအဖြဲ႕ တစ္ခုရဲ႕ ရံုးလို႕ သိရပါတယ္။ အဖိုးၾကီး တစ္ဦးက ထြက္လာျပီး သူတို႕ မရွိေတာ့ဘူး။ ယူသြားျပီ လို႕ ေျပာပါတယ္။ ဘယ္ကို ယူသြားသလဲေမးေတာ့ သူတို႕လည္း မသိဘူးလို႕ ေျပာပါတယ္” ဟု ဖမ္းဆီးေခၚေဆာင္ခံရသူ ဦးသိန္းလိႈင္၏ ဇနီးျဖစ္သူက ေျပာသည္။

ေက်ာက္ကေလရြာမွ ေခၚေဆာင္ခံရသူ ၄ ဦးမွာ ဦသိန္းလိူင္၊ ငမဲဦး၊ ညီညီႏိုင္ႏွင့္ ကားပိုင္ရွင္ ထူးထူးေမာင္တို႕ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ၄ ဦးထဲမွ ဦသိန္းလိူင္၊ ငမဲဦး၊ ညီညီႏိုင္တို႕မွာ တာတမံ ဆည္ဖို႕ရာတြင္ အလုပ္ လုပ္ေနၾကသူမ်ား ျဖစ္ၾကျပီး ယခုလ ၁၇ ရက္ေန႕ ညဥ္႕က ယင္းတာတမံ ဆည္ဖို႕ရာတြင္ အိပ္ေနစဥ္ စစ္သား အခ်ိဳ႕ ေရာက္ရွိလာျပီး ရိုက္ပုတ္ ထုေထာင္းမႈကို ခံခဲ့ၾကသူမ်ား ျဖစ္ၾကသည္ဟု သိရသည္။

“ အဲဒီ သံုးဦးထဲမွာ ညီညီႏိုင္က အမ်ားဆံုးခံရပါတယ္။ ထမင္းစားရင္ ေအာ့အန္ပါတယ္။ ဒီလ ၂၂ ရက္ေန႕က အဖြဲ႕တစ္ခု ရြာကို ေရာက္လာျပီး သူတို႕ကို ေဆးကုေပးမယ္။ ခဏ ေခၚသြားမယ္ဆိုျပီး ဦးသိန္းလိႈင္နဲ႕ ညီညီႏိုင္ကို ေခၚသြားပါတယ္။ ကၽြန္မတို႕ကလည္း ရိုးရိုးတန္းတန္း သေဘာထားျပီး ဘာမွ ဟန္႕တားမႈေတြ မလုပ္ဘဲ ထည့္ေပးလိုက္ပါတယ္။ အဲဒီအခ်ိန္မွာ ငမဲဦးက ရြာအျပင္ကို ေရာက္ေနတဲ့ အတြက္ သူ႕ကို လာပို႕ပါလို႕ ကားပိုင္ရွင္ ဦးထူးထူးေမာင္ကို မွာခဲ့တဲ့ အတြက္ ဦးထူးထူးေမာင္က ညေနပိုင္း ေမာ္ေတာ္ဆိုင္ကယ္နဲ႕ သြားပို႕ေတာ့ သူတို႕ႏွစ္ဦးလည္း ျပန္မလာေတာ့ပါဘူး။ ထိန္းသိမ္း ခံထားရတယ္ လို႕ ေျပာပါတယ္။ အက္စ္ဘီလား၊ စရဖလား၊ ဘယ္အဖြဲ႕လည္းဆိုတာ ကၽြန္မတို႕လည္း တိတိက်က် မသိဘူး။ သူတို႕ ထိန္းသိမ္းထားတယ္လို႕ သိရပါတယ္” ဟု ဦးသိန္းလိူင္ ဇနီးျဖစ္သူက ေျပာသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္ျပီး နိရဥၥရာမွ ေက်ာက္ျဖဴျမိဳ႕နယ္ ရဲစခန္း၊ ဇင္ေခ်ာင္းရဲစခန္းသို႕ ဆက္သြယ္ ေမးျမန္းရာတြင္ ရဲစခန္းမ်ားတြင္ ဖမ္းဆီးထိန္းသိမ္းထားျခင္း မရွိေၾကာင္း ျပန္လည္ ေျဖၾကားသည္။

စုိးရိမ္ေနၾကေသာ မိသားစုမ်ားက အဆိုပါ ကိစၥႏွင့္ ပတ္သက္ျပီး ဇင္ေခ်ာင္းစခန္းမွဴးအား ေဖေဖာ္၀ါရီလ ၂၄ ရက္ေန႕က အသိေပး တိုင္ၾကားထားသည္ဟု သိရသည္။

အသက္ ၁၈ ႏွစ္ အရြယ္ငမဲဦး၏ မိခင္ကမူ မည္သည့္ ကိစၥေၾကာင့္ ယခုကဲ့သို႕ ေခၚယူသြားသည္ကို မသိရသည့္ အျပင္ အဆက္အသြယ္လည္း မရဘဲ ျဖစ္ေနသျဖင့္ အထူးစိုးရိမ္ေနေၾကာင္း ေျပာၾကားသည္။

Arakan State
https://www.facebook.com/NarinjaraNews
.............


နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၅

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျောက်ကလေကျေးရွာမှ အရပ်သား ၄ ဦးအား အမည်မသိသော အဖွဲ့တစ်ခုမှ ခေါ်ဆောင်သွားသည်မှာ (၄) ရက်ခန့် ကြာမြင့်နေပြီ ဖြစ်သော်လည်း မိသားစုများနှင့် ယခုအချိန်ထိ အဆက်အသွယ်မရသဖြင့် အထူးစိုးရိမ်နေကြောင်း သတင်း ရရှိသည်။

“ ကျွန်မတို့ ကျောက်ဖြူမြို့ပြင် ဦးဥတ္တမ ပန်းခြံ အနီးသဗ္ဗာန်ချောင်းလမ်းရှိတဲ့ အဆောက်အဦး တစ်ခုမှာ ထိန်းသိမ်းထားတယ်လို့ သိရတဲ့ အတွက် ဒီလ ၂၃ ရက်နေ့က သွားမေးပါတယ်။ အစိုးရအဖွဲ့ တစ်ခုရဲ့ ရုံးလို့ သိရပါတယ်။ အဖိုးကြီး တစ်ဦးက ထွက်လာပြီး သူတို့ မရှိတော့ဘူး။ ယူသွားပြီ လို့ ပြောပါတယ်။ ဘယ်ကို ယူသွားသလဲမေးတော့ သူတို့လည်း မသိဘူးလို့ ပြောပါတယ်” ဟု ဖမ်းဆီးခေါ်ဆောင်ခံရသူ ဦးသိန်းလှိုင်၏ ဇနီးဖြစ်သူက ပြောသည်။

ကျောက်ကလေရွာမှ ခေါ်ဆောင်ခံရသူ ၄ ဦးမှာ ဦသိန်းလိူင်၊ ငမဲဦး၊ ညီညီနိုင်နှင့် ကားပိုင်ရှင် ထူးထူးမောင်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၄ ဦးထဲမှ ဦသိန်းလိူင်၊ ငမဲဦး၊ ညီညီနိုင်တို့မှာ တာတမံ ဆည်ဖို့ရာတွင် အလုပ် လုပ်နေကြသူများ ဖြစ်ကြပြီး ယခုလ ၁၇ ရက်နေ့ ညဉ့်က ယင်းတာတမံ ဆည်ဖို့ရာတွင် အိပ်နေစဉ် စစ်သား အချို့ ရောက်ရှိလာပြီး ရိုက်ပုတ် ထုထောင်းမှုကို ခံခဲ့ကြသူများ ဖြစ်ကြသည်ဟု သိရသည်။

“ အဲဒီ သုံးဦးထဲမှာ ညီညီနိုင်က အများဆုံးခံရပါတယ်။ ထမင်းစားရင် အော့အန်ပါတယ်။ ဒီလ ၂၂ ရက်နေ့က အဖွဲ့တစ်ခု ရွာကို ရောက်လာပြီး သူတို့ကို ဆေးကုပေးမယ်။ ခဏ ခေါ်သွားမယ်ဆိုပြီး ဦးသိန်းလှိုင်နဲ့ ညီညီနိုင်ကို ခေါ်သွားပါတယ်။ ကျွန်မတို့ကလည်း ရိုးရိုးတန်းတန်း သဘောထားပြီး ဘာမှ ဟန့်တားမှုတွေ မလုပ်ဘဲ ထည့်ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ ငမဲဦးက ရွာအပြင်ကို ရောက်နေတဲ့ အတွက် သူ့ကို လာပို့ပါလို့ ကားပိုင်ရှင် ဦးထူးထူးမောင်ကို မှာခဲ့တဲ့ အတွက် ဦးထူးထူးမောင်က ညနေပိုင်း မော်တော်ဆိုင်ကယ်နဲ့ သွားပို့တော့ သူတို့နှစ်ဦးလည်း ပြန်မလာတော့ပါဘူး။ ထိန်းသိမ်း ခံထားရတယ် လို့ ပြောပါတယ်။ အက်စ်ဘီလား၊ စရဖလား၊ ဘယ်အဖွဲ့လည်းဆိုတာ ကျွန်မတို့လည်း တိတိကျကျ မသိဘူး။ သူတို့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်” ဟု ဦးသိန်းလိူင် ဇနီးဖြစ်သူက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နိရဥ္စရာမှ ကျောက်ဖြူမြို့နယ် ရဲစခန်း၊ ဇင်ချောင်းရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာတွင် ရဲစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းထားခြင်း မရှိကြောင်း ပြန်လည် ဖြေကြားသည်။

စိုးရိမ်နေကြသော မိသားစုများက အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဇင်ချောင်းစခန်းမှူးအား ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အသိပေး တိုင်ကြားထားသည်ဟု သိရသည်။

အသက် ၁၈ နှစ် အရွယ်ငမဲဦး၏ မိခင်ကမူ မည်သည့် ကိစ္စကြောင့် ယခုကဲ့သို့ ခေါ်ယူသွားသည်ကို မသိရသည့် အပြင် အဆက်အသွယ်လည်း မရဘဲ ဖြစ်နေသဖြင့် အထူးစိုးရိမ်နေကြောင်း ပြောကြားသည်။

Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)