ေတာင္ကုတ္တြင္ လက္ျပန္ႀကိဳးတုပ္ လူသတ္မႈက်ဴးလြန္သူ တစ္ဦးဖမ္းမိ

ေတာင္ကုတ္ၿမိဳ႕ ကိုင္း ရွည္တံတားဦးေအာက္တြင္ အမ်ိဳးသားတစ္ဦးကို ႀကိဳးတုပ္သတ္ခဲ့သူ ႏွစ္ဦးအနက္ တစ္ဦးကို ဖမ္းဆီးမိခဲ့ ၿပီး တစ္ဦးထြက္ေျပးလြတ္ေျမာက္ ေနေၾကာင္း ေတာင္ကုတ္ ၿမိဳ႕မရဲစခန္းမွ သတင္းရရွိသည္။

ေဖေဖာ္ဝါရီ ၁၅ ရက္ နံနက္ က အသက္(၂၄)ႏွစ္အရြယ္အမ်ိဳး သားတစ္ဦး တံတားေအာက္တြင္ ႀကိဳးတုပ္အသတ္ခံရၿပီးေနာက္ အဆိုပါ ညေနက ျပစ္မႈက်ဴးလြန္သူႏွစ္ဦးအနက္ တစ္ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ေတာင္ကုတ္ ၿမိဳ႕မရဲစခန္းမွ အရာရွိက ေျပာသည္။

‘‘လူသတ္မႈျဖစ္တာကေတာ့ ေဖေဖာ္ဝါရီ ၁၄ ရက္ ညပိုင္း ေလာက္မွာျဖစ္တာပါ။ အရင္က လည္း ေငြေရးေၾကးေရးကိစၥေလး ေတြေၾကာင့္ တစ္ေယာက္နဲ႔ တစ္ ေယာက္ အဖုအထစ္ေလးေတြရွိ တယ္ဆိုတာ သိရပါတယ္။ သူတို႔ ျဖစ္ပြားခ်ိန္မွာလည္း သံုးေယာက္ စလံုး အရက္မူးၿပီး စကားမ်ားရာ ကေန ျဖစ္တယ္လို႔ ေျပာတယ္။ အမႈကိုေတာ့ ဆက္စစ္ေနၿပီး က်န္တဲ့ တစ္ေယာက္ကိုလည္း လိုက္ ဖမ္းေနပါတယ္’’ဟု အဆိုပါရဲအ ရာရွိက ေျပာသည္။

ေသဆံုးသူအမ်ိဳးသားႏွင့္ လူ သတ္မႈက်ဴးလြန္သူႏွစ္ဦးတို႔သည္ ေတာင္ကုတ္ၿမိဳ႕တြင္ ေနထုိင္သူ မ်ားျဖစ္ၿပီး အရက္ေသာက္စားရာ မွ လူသတ္မႈက်ဴးလြန္ခဲ့ျခင္းျဖစ္ သည္။

‘‘အေလာင္းေတြ႕တဲ့ ညေန ပိုင္းမွာ ကံပိုင္ရပ္ကြက္မွာေနတဲ့ စိုးမင္းေဌးကို မိပါတယ္။ သူနဲ႔အ တူ ျပစ္မႈက်ဴးလြန္တဲ့ ေအာင္ေက်ာ္မိုးကေတာ့ ထြက္ေျပးလြတ္ ေျမာက္ေနတယ္။ သူ႔ကို ဖမ္းဆီး ရမိႏုိင္ဖို႔ အတြက္လည္း လုပ္ ေဆာင္ေနပါတယ္။ ဘာလို႔ ႀကိဳး တုပ္ၿပီး သတ္ရတာလဲဆိုတာေတာ့ သူတို႔စစ္ေနတုန္းမို႔ မသိရေသးပါ ဘူး’’ဟု ေတာင္ကုတ္ၿမိဳ႕မ ရဲစခန္း မွ ရဲအရာရွိက ေျပာသည္။

လူသတ္မႈက်ဴးလြန္ခဲ့သူ စိုး မင္းေဌး(၁၉)ႏွစ္ႏွင့္ေအာင္ေက်ာ္ မိုးတို႔ကို ေတာင္ကုတ္ၿမိဳ႕မရဲစခန္း က ျပစ္မႈပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ အေရးယူထားသည္။

7Day News Journal
..........................
တောင်ကုတ်တွင် လက်ပြန်ကြိုးတုပ် လူသတ်မှုကျူးလွန်သူ တစ်ဦးဖမ်းမိ

တောင်ကုတ်မြို့ ကိုင်း ရှည်တံတားဦးအောက်တွင် အမျိုးသားတစ်ဦးကို ကြိုးတုပ်သတ်ခဲ့သူ နှစ်ဦးအနက် တစ်ဦးကို ဖမ်းဆီးမိခဲ့ ပြီး တစ်ဦးထွက်ပြေးလွတ်မြောက် နေကြောင်း တောင်ကုတ် မြို့မရဲစခန်းမှ သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၅ ရက် နံနက် က အသက်(၂၄)နှစ်အရွယ်အမျိုး သားတစ်ဦး တံတားအောက်တွင် ကြိုးတုပ်အသတ်ခံရပြီးနောက် အဆိုပါ ညနေက ပြစ်မှုကျူးလွန်သူနှစ်ဦးအနက် တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တောင်ကုတ် မြို့မရဲစခန်းမှ အရာရှိက ပြောသည်။

‘‘လူသတ်မှုဖြစ်တာကတော့ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်း လောက်မှာဖြစ်တာပါ။ အရင်က လည်း ငွေရေးကြေးရေးကိစ္စလေး တွေကြောင့် တစ်ယောက်နဲ့ တစ် ယောက် အဖုအထစ်လေးတွေရှိ တယ်ဆိုတာ သိရပါတယ်။ သူတို့ ဖြစ်ပွားချိန်မှာလည်း သုံးယောက် စလုံး အရက်မူးပြီး စကားများရာ ကနေ ဖြစ်တယ်လို့ ပြောတယ်။ အမှုကိုတော့ ဆက်စစ်နေပြီး ကျန်တဲ့ တစ်ယောက်ကိုလည်း လိုက် ဖမ်းနေပါတယ်’’ဟု အဆိုပါရဲအ ရာရှိက ပြောသည်။

သေဆုံးသူအမျိုးသားနှင့် လူ သတ်မှုကျူးလွန်သူနှစ်ဦးတို့သည် တောင်ကုတ်မြို့တွင် နေထိုင်သူ များဖြစ်ပြီး အရက်သောက်စားရာ မှ လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ် သည်။

‘‘အလောင်းတွေ့တဲ့ ညနေ ပိုင်းမှာ ကံပိုင်ရပ်ကွက်မှာနေတဲ့ စိုးမင်းဌေးကို မိပါတယ်။ သူနဲ့အ တူ ပြစ်မှုကျူးလွန်တဲ့ အောင်ကျော်မိုးကတော့ ထွက်ပြေးလွတ် မြောက်နေတယ်။ သူ့ကို ဖမ်းဆီး ရမိနိုင်ဖို့ အတွက်လည်း လုပ် ဆောင်နေပါတယ်။ ဘာလို့ ကြိုး တုပ်ပြီး သတ်ရတာလဲဆိုတာတော့ သူတို့စစ်နေတုန်းမို့ မသိရသေးပါ ဘူး’’ဟု တောင်ကုတ်မြို့မ ရဲစခန်း မှ ရဲအရာရှိက ပြောသည်။

လူသတ်မှုကျူးလွန်ခဲ့သူ စိုး မင်းဌေး(၁၉)နှစ်နှင့်အောင်ကျော် မိုးတို့ကို တောင်ကုတ်မြို့မရဲစခန်း က ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားသည်။

7Day News Journal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)