သူရဦးေရႊမန္း ဦးေဆာင္ေကာ္မရွင္ ဥပေဒ ၂၀၀ ေက်ာ္ ျပင္ဆင္ပယ္ဖ်က္ ဖုိ႔ စိစစ္

ျပည္သူ႔လႊတ္ေတာ္၊ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သုံးသပ္ေရး ေကာ္မရွင္ရဲ႕ ေဆာင္ရြက္ခ်က္မ်ား ရွင္းလင္းတင္ျပျခင္းကို ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔ကျပဳလုပ္စဥ္။ Photo: Thura U Shwe Mann Facebook
ျပည္သူ႔လႊတ္ေတာ္ ဥကၠဌေဟာင္း သူရဦးေရႊမန္း ဥကၠဌအျဖစ္ တာ၀န္ယူထားတဲ့ ဥပေဒေရးရာနဲ႔ အထူးကိစၥရပ္ မ်ား ေလ့လာဆန္းစစ္ သုံးသပ္ေရးေကာ္မရွင္ဟာ ျပဌာန္းၿပီးသား ဥပေဒေပါင္း ၂၀၀ ေက်ာ္ကို ျပင္ဆင္ပယ္ဖ်က္ဖို႔ စိစစ္ေနတယ္လို႔ သိရပါတယ္။

ေကာ္မရွင္အေနနဲ႔ ျပန္လည္ျပင္ဆင္၊ ျပဌာန္းဖို႔ လိုအပ္မယ့္ ဥပေဒေတြကို စိစစ္ေနၿပီး ျပည္သူေတြဘက္ကလည္း အႀကံဥာဏ္ေတြေပးႏိုင္တယ္လို႔ ေကာ္မရွင္အဖြဲ႔ဝင္ ဦးေစာလွထြန္းက ေျပာပါတယ္။

"တိုင္းျပည္အတြက္ ေကာင္းမယ္ဆိုလို႔ရွိရင္ အႀကံဥာဏ္ေတြလည္း ေပးႏိုင္တယ္ဆိုတဲ့ ဟာမ်ဳိးေပါ့ေနာ္၊ အခုဟာ ကေတာ့ ျပင္ဆင္ျပဌာန္းမယ့္ ဥပေဒေတြကို လိုက္ၿပီးေတာ့ျပန္စိစစ္တယ္၊ အဲ့အဆင့္ေလာက္ပဲရွိပါေသးတယ္၊ က်န္တာဘာမွမလုပ္ရေသးဘူး၊ ႏိုင္ငံေတာ္မွာ ျပဌာန္းၿပီးသားဥပေဒေတြ ျပင္ဆင္ဖို႔ ပယ္ဖ်က္ဖို႔ အသစ္ျပဌာန္းဖို႔ ဆိုတဲ့ဟာေတြက ဘယ္ႏွစ္ခုရွိတယ္ဆိုတာ အဲ့အလုပ္ေတြပဲလုပ္ေနပါတယ္"

ေကာ္မရွင္အေနနဲ႔ လက္ရွိအခ်ိန္အထိ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒပါ ျပဌာန္းခ်က္ေတြနဲ႔ပတ္သက္ၿပီး ျပင္ ဆင္ျပဌာန္းဖို႔အတြက္ ေဆြးေႏြးတာမ်ိဳးမရွိေသးဘူးလို႔လည္း ဦးေစာလွထြန္းက ေျပာပါတယ္။

ျပည္သူ႔လႊတ္ေတာ္ ဥပေဒေရးရာနဲ႔ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သုံးသပ္ေရးေကာ္မရွင္ဟာ မေန႔ က ေနျပည္ေတာ္မွာ အစည္းအေဝးက်င္းပခဲ့ၿပီး ေကာ္မရွင္ဥကၠဌ သူရဦးေရႊမန္းအျပင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္လည္း တက္ေရာက္ခဲ့ပါတယ္။

အဲဒီေကာ္မရွင္ကို ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလ ၅ ရက္ေန႔က စတင္ဖဲ႔ြစည္းခဲ့တာျဖစ္ၿပီး ဥကၠဌအျဖစ္ သူရဦးေရႊမန္း၊ ဒုတိယဥကၠဌအျဖစ္ ဗိုလ္ခ်ဳပ္ေဟာင္းတစ္ဦးျဖစ္တဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးကိုကိုႏိုင္နဲ႔ အဖြဲ႔ဝင္ေတြ အျဖစ္ အၿငိမ္းစားတြဲဖက္စစ္ေထာက္ခ်ဳပ္ ဦးခင္ေမာင္ထြန္း၊ အၿငိမ္းစားညႊန္ၾကားေရးမွဴး ဦးက်င္ေဖ၊ အၿငိမ္းစား ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ျမင့္ေဖ စတဲ့ အဖဲြ႔၀င္ ၂၃ ဦးနဲ႔ ဖဲြ႔စည္းခဲ့ပါတယ္။

ပထမအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္မွာ ဥပေဒ ၂၃၂ ခုကို အတည္ျပဳႏုိင္ခဲ့ၿပီး  လက္ရွိ ဒုတိယအႀကိမ္ လႊတ္ေတာ္မွာ ေဆြးေႏြးဖို႔ ဥပေဒၾကမ္းေပါင္း ၄၀ ေလာက္ ရွိေနတယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
.........
 ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရဲ့ ဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခြင်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကပြုလုပ်စဉ်။ Photo: Thura U Shwe Mann Facebook
ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်း ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဟာ ပြဌာန်းပြီးသား ဥပဒေပေါင်း ၂၀၀ ကျော်ကို ပြင်ဆင်ပယ်ဖျက်ဖို့ စိစစ်နေတယ်လို့ သိရပါတယ်။

ကော်မရှင်အနေနဲ့ ပြန်လည်ပြင်ဆင်၊ ပြဌာန်းဖို့ လိုအပ်မယ့် ဥပဒေတွေကို စိစစ်နေပြီး ပြည်သူတွေဘက်ကလည်း အကြံဉာဏ်တွေပေးနိုင်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးစောလှထွန်းက ပြောပါတယ်။

"တိုင်းပြည်အတွက် ကောင်းမယ်ဆိုလို့ရှိရင် အကြံဉာဏ်တွေလည်း ပေးနိုင်တယ်ဆိုတဲ့ ဟာမျိုးပေါ့နော်၊ အခုဟာ ကတော့ ပြင်ဆင်ပြဌာန်းမယ့် ဥပဒေတွေကို လိုက်ပြီးတော့ပြန်စိစစ်တယ်၊ အဲ့အဆင့်လောက်ပဲရှိပါသေးတယ်၊ ကျန်တာဘာမှမလုပ်ရသေးဘူး၊ နိုင်ငံတော်မှာ ပြဌာန်းပြီးသားဥပဒေတွေ ပြင်ဆင်ဖို့ ပယ်ဖျက်ဖို့ အသစ်ပြဌာန်းဖို့ ဆိုတဲ့ဟာတွေက ဘယ်နှစ်ခုရှိတယ်ဆိုတာ အဲ့အလုပ်တွေပဲလုပ်နေပါတယ်"

ကော်မရှင်အနေနဲ့ လက်ရှိအချိန်အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ပတ်သက်ပြီး ပြင် ဆင်ပြဌာန်းဖို့အတွက် ဆွေးနွေးတာမျိုးမရှိသေးဘူးလို့လည်း ဦးစောလှထွန်းက ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဟာ မနေ့ က နေပြည်တော်မှာ အစည်းအဝေးကျင်းပခဲ့ပြီး ကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီကော်မရှင်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဥက္ကဌအဖြစ် သူရဦးရွှေမန်း၊ ဒုတိယဥက္ကဌအဖြစ် ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်နဲ့ အဖွဲ့ဝင်တွေ အဖြစ် အငြိမ်းစားတွဲဖက်စစ်ထောက်ချုပ် ဦးခင်မောင်ထွန်း၊ အငြိမ်းစားညွှန်ကြားရေးမှူး ဦးကျင်ဖေ၊ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မြင့်ဖေ စတဲ့ အဖွဲ့ဝင် ၂၃ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေ ၂၃၂ ခုကို အတည်ပြုနိုင်ခဲ့ပြီး  လက်ရှိ ဒုတိယအကြိမ် လွှတ်တော်မှာ ဆွေးနွေးဖို့ ဥပဒေကြမ်းပေါင်း ၄၀ လောက် ရှိနေတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)