တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ပင္စင္သက္တမ္း ၆၅ ႏွစ္သတ္မွတ္ရန္ တပ္မေတာ္ေလးလပတ္ အစည္းအေ၀းတြင္ ဆုံးျဖတ္


 တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ပင္စင္သက္တမ္းကို ၆၅ ႏွစ္ သတ္မွတ္ရန္ တနလၤာေန႔က ၿပီးဆုံးခဲ့သည့္ တပ္မေတာ္ေလးလပတ္ အစည္းအေ၀းတြင္ ဆုံးျဖတ္လိုက္ေၾကာင္း တပ္မေတာ္ အရာရွိတစ္ဦးက ေဖေဖာ္၀ါရီ ၁၁ ရက္တြင္ The Ladies သို႔ အတည္ျပဳေျပာသည္။

"ကာကြယ္ေရးဦးစီးခ်ဳပ္က သူကေတာ့ ၆၅ မွာ ပင္စင္ယူမွာေလ။ ဒါေပမဲ့ ေျပာလို႔မရေသးဘူးေပါ့။ ဒီၾကားထဲ ေျပာင္းရင္လည္း ေျပာင္းမယ္၊ မေျပာင္းရင္လည္း မေျပာင္းဘူးေပါ့" ဟု အဆိုပါအရာရွိက The Ladies သို႔ ေျပာသည္။

ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဒုတိယ ကာကြယ္ေရးဦးစီးခ်ဳပ္တို႔ ႏွစ္ဦး၏ ပင္စင္သက္တမ္းကို ၆၅ ႏွစ္ သတ္မွတ္ရန္ တနလၤာေန႔က ၿပီးဆုံးခဲ့သည့္ တပ္မေတာ္ ၄ လပတ္ အစည္းအေ၀းတြင္ ဆုံးျဖတ္လိုက္ေၾကာင္း စစ္တပ္ႏွင့္နီးစပ္သည့္ အသိုင္းအ၀ိုင္းက ေျပာၾကားသည္ဟု BBC ျမန္မာပိုင္း သတင္းဌာန၏ ေဖေဖာ္၀ါရီ ၁၀ ရက္ ဗုဒၵဟူးေန႔ ညပိုင္းတင္ဆက္ေသာ သတင္းအက်ဥ္းခ်ဳပ္တြင္လည္း ထုတ္လႊင့္ခဲ့သည္။

တပ္မေတာ္သားမ်ား အပါအ၀င္ ႏိုင္ငံ့၀န္ထမ္းမ်ား အသက္ေျခာက္ဆယ္ ျပည့္လွ်င္ အၿငိမ္းစားယူသည့္ စနစ္ကို ဆက္လက္ထားရွိရန္ ၂၀၁၅ ခုႏွစ္ ဇူလိုင္ ၈ ရက္က ျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတ္ာ အစည္းအေ၀းတြင္ လြိဳင္ေကာ္မဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ညိဳက အေရးႀကီးအဆို အျဖစ္ တင္သြင္းခဲ့ေသးသည္။ သို႔ေသာ္ ေအာင္ျမင္မႈ မရခဲ့ေပ။ လက္ရိွ တာ၀န္ ထမ္းေဆာင္ေနသည့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္မွာ ၂၀၁၆ ခုနစ္တြင္ အသက္ ၆၀ ျပည့္မည္ ျဖစ္သည္။

“အခုလို လုပ္တာ အေျခခံဥပေဒပါ ျပ႒ာန္းခ်က္နဲ႔ အညီပါပဲ” ဟု ႏိုင္ငံေတာ္သမၼတ႐ံုးမွ ညႊန္ၾကားေရးမွဴး ဦးေဇာ္ေဌးက ေျပာသည္။

အေျခခံ ဥပေဒပုဒ္မ ၂၉၁ တြင္ ႏိုင္ငံ့၀န္ထမ္းျဖစ္သည့္ တပ္မေတာ္သားမ်ား၏ လုပ္ငန္းသဘာ၀သည္ ထူးျခားမႈရိွသည့္ အေလ်ာက္ တပ္မေတာ္သားမ်ားအတြက္ တပ္မေတာ္ဆိုင္ရာ ဥပေဒမ်ားႏွင့္အညီ ေဆာင္ရြက္ရမည္ဟု ပါရိွသည္။

သတင္း - ေဇာ္မင္းထြန္း
The Ladies News
https://www.facebook.com/News.TheLadies
.............


 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပင်စင်သက်တမ်းကို ၆၅ နှစ် သတ်မှတ်ရန် တနင်္လာနေ့က ပြီးဆုံးခဲ့သည့် တပ်မတော်လေးလပတ် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း တပ်မတော် အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၁ ရက်တွင် The Ladies သို့ အတည်ပြုပြောသည်။

"ကာကွယ်ရေးဦးစီးချုပ်က သူကတော့ ၆၅ မှာ ပင်စင်ယူမှာလေ။ ဒါပေမဲ့ ပြောလို့မရသေးဘူးပေါ့။ ဒီကြားထဲ ပြောင်းရင်လည်း ပြောင်းမယ်၊ မပြောင်းရင်လည်း မပြောင်းဘူးပေါ့" ဟု အဆိုပါအရာရှိက The Ladies သို့ ပြောသည်။

ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်တို့ နှစ်ဦး၏ ပင်စင်သက်တမ်းကို ၆၅ နှစ် သတ်မှတ်ရန် တနင်္လာနေ့က ပြီးဆုံးခဲ့သည့် တပ်မတော် ၄ လပတ် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း စစ်တပ်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ပြောကြားသည်ဟု BBC မြန်မာပိုင်း သတင်းဌာန၏ ဖေဖော်ဝါရီ ၁၀ ရက် ဗုဒ္ဒဟူးနေ့ ညပိုင်းတင်ဆက်သော သတင်းအကျဉ်းချုပ်တွင်လည်း ထုတ်လွှင့်ခဲ့သည်။

တပ်မတော်သားများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများ အသက်ခြောက်ဆယ် ပြည့်လျှင် အငြိမ်းစားယူသည့် စနစ်ကို ဆက်လက်ထားရှိရန် ၂၀၁၅ ခုနှစ် ဇူလိုင် ၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တေ်ာ အစည်းအဝေးတွင် လွိုင်ကော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ညိုက အရေးကြီးအဆို အဖြစ် တင်သွင်းခဲ့သေးသည်။ သို့သော် အောင်မြင်မှု မရခဲ့ပေ။ လက်ရှိ တာဝန် ထမ်းဆောင်နေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ၂၀၁၆ ခုနစ်တွင် အသက် ၆၀ ပြည့်မည် ဖြစ်သည်။

“အခုလို လုပ်တာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ အညီပါပဲ” ဟု နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။

အခြေခံ ဥပဒေပုဒ်မ ၂၉၁ တွင် နိုင်ငံ့ဝန်ထမ်းဖြစ်သည့် တပ်မတော်သားများ၏ လုပ်ငန်းသဘာဝသည် ထူးခြားမှုရှိသည့် အလျောက် တပ်မတော်သားများအတွက် တပ်မတော်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဟု ပါရှိသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)