အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ် ၉ ခု ဖွင့်မယ်

(Credit: Reuters)






ABC Radio Australia
...............
 (Credit: Reuters)

မြန်မာနိုင်ငံနဲ့ ​ကုန်သွယ်ရေး ​တိုးမြင့်နိုင်ဖို့အတွက် ​အိန္ဒိယ ​အစိုးရက ​အိန္ဒိယ ​မြန်မာ ​နယ်စပ်မှာ ​ကုန်သွယ်ရေး ​ဂိတ် ​၉ ​ခု ​ဖွင့်လှစ်သွားမယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံနဲ့ ​ထိစပ်နေတဲ့ ​Arunachal ​Pradesh ​ပြည်နယ်၊ ​Nagaland ​ပြည်နယ်၊ ​မဏိပူရ ​ပြည်နယ်နဲ့ ​မီဇိုရမ် ​ပြည်နယ်မှာ ​နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ​ဖွင့်လှစ်မှာ ​ဖြစ်ပြီး ​ဒီကိစ္စကို ​၂၀၁၂ ​ခုနှစ်တုန်းက ​မြန်မာ ​အစိုးရနဲ့ ​သဘောတူခဲ့တာလို့ ​The ​Statesman ​သတင်းမှာ ​ဖော်ပြထား ​ပါတယ်။

အိန္ဒိယ ​အစိုးရအတွက် ​အာဆီယံ ​အသင်းဝင် ​နိုင်ငံတွေနဲ့ ​ကုန်သွယ်ရေးတိုးမြင့်မှုဟာ ​အိန္ဒိယအတွက် ​ဦးစားပေး ​လုပ်ငန်း ​တခုဖြစ်ပြီး ​အခုလောလောဆယ် ​အာဆီယံအသင်းဟာ ​အိန္ဒိယရဲ့ ​စတုတ္ထအကြီးမားဆုံး ​ကုန်သွယ်ဘက် ​ဖြစ်တယ်လို့လည်း ​သိရပါတယ်။

အိန္ဒိယ၊ ​မြန်မာနဲ့ ​ထိုင်းနိုင်ငံကို ​ဆက်သွယ်ပေးမယ့် ​ဟိုင်းဝေးလမ်းမ ​တည်ဆောက်ရေး ​စီမံကိန်းလည်း ​တိုးတက်မှုတွေရှိနေပြီး ​၂၀၁၈ ​ခုနှစ်မှာ ​အဲဒီလမ်းကို ​စတင်အသုံးပြုနိုင်ဖို့ ​စီစဉ်နေကြပါတယ်။

အဲဒီလမ်းမက ​ကီလိုမီတာ ​၃၂၀၀ ​ရှည်တဲ့ ​လမ်းမ ​ဖြစ်ပြီး ​အိန္ဒိယ ​နိုင်ငံ ​မိုရယ်မြို့ကို ​မန္တလေးမြို့နဲ့ ​ဆက်သွယ်ပေးမှာ ​ဖြစ်သလို ​မန္တလေး ​ကနေတဆင့် ​ထိုင်းနိုင်ငံ ​မဲဆောက်မြို့ကို ​ဆက်သွယ်ပေးမှာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)