ဥပေဒေရးရာႏွင့္အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သုံးသပ္ေရး ေကာ္မရွင္သည္ ႏိုင္ငံေတာ္ ႏွင့္ ႏိုင္ငံသား အက်ဳိးစီးပြား အတြက္ကိုသာ အဓိကထား ေဆာင္ရြက္သြားမည္ဟုဆုိ


ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္ သုံးသပ္ေရး ေကာ္မရွင္၏ လုပ္ငန္း ေဆာင္ရြက္ခ်က္မ်ားအား ရွင္းလင္း တင္ျပေနစဥ္(ဓာတ္ပုံ-Thura U Shwe Mann Facebook)
    ရန္ကုန္ ၊ ေဖေဖာ္၀ါရီ ၁၈ ရက္(ဆင္ဟြာ)

    ဥပေဒေရးရာႏွင့္အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သုံးသပ္ေရး ေကာ္မရွင္သည္ ႏိုင္ငံေတာ္ ႏွင့္ ႏိုင္ငံသား အက်ဳိးစီးပြား အတြက္ကိုသာ အဓိကထား ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ေကာ္မရွင္ ဥကၠ႒ သူရဦးေရႊမန္းက ယေန ့ေဖေဖာ္၀ါရီ ၁၈ ရက္တြင္ ေနျပည္ေတာ္၌ ေကာ္မရွင္၏ လုပ္ငန္း ေဆာင္ရြက္ခ်က္ မ်ားအား သက္ဆုိင္ရာ ပုဂၢဳိလ္မ်ားသုိ ့ရွင္းလင္း တင္ျပရာတြင္ ထည့္သြင္း ေျပာၾကားခဲ့သည္။

ယေန႔အခ်ိန္အခါႏွင့္အေျခအေနသည္ မိမိအက်ဳိး ၊ မိမိပါတီအဖြဲ႔အစည္း အက်ဳိးစီးပြားထက္ ႏိုင္ငံေတာ္ ႏွင့္ ႏိုင္ငံသား အက်ဳိးစီးပြားအတြက္ ေဆာင္ရြက္ရမည့္ အခ်ိန္ ျဖစ္ေၾကာင္း ထုိ ့အတြက္ အားလုံးပါ၀င္ေပးၾကပါရန္ ၊ အႀကံဥာဏ္ႏွင့္ အကူအညီမ်ားေပးၾကပါရန္ ေကာ္မရွင္ ဥကၠ႒ သူရဦးေရႊမန္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဥပေဒေရးရာႏွင့္အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သုံးသပ္ေရး ေကာ္မရွင္၏ လုပ္ငန္း ေဆာင္ရြက္ခ်က္မ်ားအား ရွင္းလင္း တင္ျပေနစဥ္(ဓာတ္ပုံ-Thura U Shwe Mann Facebook)
“ေကာ္မရွင္ ဖြဲ ့စည္းၿပီးတဲ့ အခ်ိန္က စၿပီး ႏုိင္ငံေတာ္နဲ ့ႏုိင္ငံသား အတြက္ပဲ အဓိကထား ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။လႊတ္ေတာ္ရဲ ့လုပ္ငန္းေတြ ေအာင္ျမင္ဖုိ ့အတြက္ အကူအညီေတြ ေပးသြားမယ္ ဆုိတဲ့ အေၾကာင္း ရွင္းျပတာပါ။တခ်ဳိ ့အျပင္မွာ သတင္းထြက္ေနသလုိ အျပစ္ေျပာမယ္။ဥပေဒေတြ ျပင္မယ္။ အေရးယူမယ္ ဆုိတဲ့ ဟာမ်ဳိးေတြ မဟုတ္တဲ့ အေၾကာင္း ရွင္းျပတာပါ။အခုေတာ့ ေကာ္မရွင္က ျပည္တြင္း အခြန္ အေကာက္ နဲ ့သက္ဆုိင္တဲ့ ဥပေဒေတြ ၊ ေနာက္ၿပီး ျပင္ဆင္ ပယ္ဖ်က္ အသစ္ ျပဌာန္းရန္ ဆုိတဲ့ ဥပေဒေတြကုိ စိစစ္ေနပါတယ္။”ဟု ေကာ္မရွင္ အဖြဲ ့၀င္ ဦးေစာလွထြန္းက ဆင္ဟြာသုိ ့ေျပာသည္။

ဥပေဒေရးရာႏွင့္အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သုံးသပ္ေရး ေကာ္မရွင္မွ ေဆာင္ရြက္ခ်က္မ်ားအား ရွင္းလင္း တင္ျပျခင္းမ်ား ျပဳလုပ္ရာတြင္ ျပည္ေထာင္စု လႊတ္ေတာ္ နာယက ၊ အမ်ဳိးသား လႊတ္ေတာ္ ဥကၠ႒ ဦးမန္း၀င္းခုိင္သန္း ၊ ျပည္သူ ့လႊတ္ေတာ္ ဥကၠ႒ ဦး၀င္းျမင့္ ႏွင့္ အမ်ဳိးသား ဒီမုိကေရစီ အဖြဲ ့ခ်ဳပ္(NLD) ဥကၠ႒ ၊ ျပည္သူ ့လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ ေကာ္မရွင္ အဖြဲ ့၀င္မ်ား တတ္ေရာက္ခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
..............

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြနေစဉ်(ဓာတ်ပုံ-Thura U Shwe Mann Facebook)
    ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

    ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်သည် နိုင်ငံတော် နှင့် နိုင်ငံသား အကျိုးစီးပွား အတွက်ကိုသာ အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ ့ဖေဖော်ဝါရီ ၁၈ ရက်တွင် နေပြည်တော်၌ ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ချက် များအား သက်ဆိုင်ရာ ပုဂ္ဂိုလ်များသို ့ရှင်းလင်း တင်ပြရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယနေ့အချိန်အခါနှင့်အခြေအနေသည် မိမိအကျိုး ၊ မိမိပါတီအဖွဲ့အစည်း အကျိုးစီးပွားထက် နိုင်ငံတော် နှင့် နိုင်ငံသား အကျိုးစီးပွားအတွက် ဆောင်ရွက်ရမည့် အချိန် ဖြစ်ကြောင်း ထို ့အတွက် အားလုံးပါ၀င်ပေးကြပါရန် ၊ အကြံဉာဏ်နှင့် အကူအညီများပေးကြပါရန် ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ကြောင်း သိရသည်။
ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြနေစဉ်(ဓာတ်ပုံ-Thura U Shwe Mann Facebook)
“ကော်မရှင် ဖွဲ ့စည်းပြီးတဲ့ အချိန်က စပြီး နိုင်ငံတော်နဲ ့နိုင်ငံသား အတွက်ပဲ အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။လွှတ်တော်ရဲ ့လုပ်ငန်းတွေ အောင်မြင်ဖို ့အတွက် အကူအညီတွေ ပေးသွားမယ် ဆိုတဲ့ အကြောင်း ရှင်းပြတာပါ။တချို ့အပြင်မှာ သတင်းထွက်နေသလို အပြစ်ပြောမယ်။ဥပဒေတွေ ပြင်မယ်။ အရေးယူမယ် ဆိုတဲ့ ဟာမျိုးတွေ မဟုတ်တဲ့ အကြောင်း ရှင်းပြတာပါ။အခုတော့ ကော်မရှင်က ပြည်တွင်း အခွန် အကောက် နဲ ့သက်ဆိုင်တဲ့ ဥပဒေတွေ ၊ နောက်ပြီး ပြင်ဆင် ပယ်ဖျက် အသစ် ပြဌာန်းရန် ဆိုတဲ့ ဥပဒေတွေကို စိစစ်နေပါတယ်။”ဟု ကော်မရှင် အဖွဲ ့ဝင် ဦးစောလှထွန်းက ဆင်ဟွာသို ့ပြောသည်။

ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှ ဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြခြင်းများ ပြုလုပ်ရာတွင် ပြည်ထောင်စု လွှတ်တော် နာယက ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း ၊ ပြည်သူ ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ်(NLD) ဥက္ကဋ္ဌ ၊ ပြည်သူ ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကော်မရှင် အဖွဲ ့ဝင်များ တတ်ရောက်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)