အုပ္စုဖြဲံ႕၍ ခိုက္ရန္ျဖစ္ပြားသူမ်ားအနက္ လူငါးဦးအား ဖမ္းဆီးထားသည္ဟုဆို


မံုရြာ၊ ေဖေဖာ္၀ါရီ ၁၅

စစ္ကိုင္းတိုင္းေဒသၾကီး၊ မံုရြာျမိဳ႕၊ ထန္းေတာရပ္ကြက္ႏွင္႔ နႏၷ၀န္ရပ္ကြက္အၾကား ေရႊ၀ါေရာင္ေရတြင္းလမ္း(ေခၚ) အင္းျဖတ္လမ္း၏တစ္ေနရာတြင္ ယခုလ ၁၂ ရက္ည ၁၀ နာရီအခ်ိန္က အုပ္စုဖြဲ႔ ရမ္းကားမႈမ်ားေၾကာင္႔ လမ္းသြားလမ္းလာ ျပည္သူမ်ား ထိခိုက္ဒဏ္ရာရကာ ယာဥ္အခ်ိဳ႕ ပ်က္စီးခဲ႔ရသည္႔ ျဖစ္စဥ္၌ ပါ၀င္သူမ်ားဟုယူဆရသူ လူငါးဦးကို မံုရြာနယ္ေျမရဲစခန္းက ယခုလ ၁၄ ရက္ေန႔က ေဖာ္ထုတ္ဖမ္းဆီးလိုက္ေၾကာင္း သိရသည္။

`` ငါးေယာက္ဖမ္းထားပါတယ္ ..။ ျပစ္ခ်က္ေဟာင္းရွိတဲ႔ သူေတြလည္းပါ၀င္ေနပါတယ္..´´ ဟု ၎ရဲစခန္း၏ နယ္ထိန္းရဲအရာရွိ ဒုရဲအုပ္ စိုင္းမင္းမင္းေဇာ္က ေျပာသည္။

မံုရြာျမိဳ႕ေပၚတြင္ ညအခ်ိန္၌ သြားလာလ်က္ရွိသည္႔ ယာဥ္အခ်ိဳ႕မွာ ေလာက္ေလးခြျဖင္႔ ပစ္ခတ္ခံရသည္႔ ျဖစ္စဥ္မ်ား အမ်ားအျပားျဖစ္ပြားခဲ႔သည္။ သို႔ေသာ္ သက္ဆိုင္ရာမွ ေဖာ္ထုတ္ဖမ္းဆီးနိုင္ျခင္း မရွိေသးေၾကာင္း သိရသည္။

သတင္း+ ဓာတ္ပံု = ကိုတိုးၾကီး
https://www.facebook.com/KoToeChinDween
...............


မုံရွာ၊ ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်နှင့် နန္နဝန်ရပ်ကွက်အကြား ရွှေဝါရောင်ရေတွင်းလမ်း(ခေါ်) အင်းဖြတ်လမ်း၏တစ်နေရာတွင် ယခုလ ၁၂ ရက်ည ၁၀ နာရီအချိန်က အုပ်စုဖွဲ့ ရမ်းကားမှုများကြောင့် လမ်းသွားလမ်းလာ ပြည်သူများ ထိခိုက်ဒဏ်ရာရကာ ယာဉ်အချို့ ပျက်စီးခဲ့ရသည့် ဖြစ်စဉ်၌ ပါ၀င်သူများဟုယူဆရသူ လူငါးဦးကို မုံရွာနယ်မြေရဲစခန်းက ယခုလ ၁၄ ရက်နေ့က ဖော်ထုတ်ဖမ်းဆီးလိုက်ကြောင်း သိရသည်။

`` ငါးယောက်ဖမ်းထားပါတယ် ..။ ပြစ်ချက်ဟောင်းရှိတဲ့ သူတွေလည်းပါ၀င်နေပါတယ်..´´ ဟု ၎င်းရဲစခန်း၏ နယ်ထိန်းရဲအရာရှိ ဒုရဲအုပ် စိုင်းမင်းမင်းဇော်က ပြောသည်။

မုံရွာမြို့ပေါ်တွင် ညအချိန်၌ သွားလာလျက်ရှိသည့် ယာဉ်အချို့မှာ လောက်လေးခွဖြင့် ပစ်ခတ်ခံရသည့် ဖြစ်စဉ်များ အများအပြားဖြစ်ပွားခဲ့သည်။ သို့သော် သက်ဆိုင်ရာမှ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

သတင်း+ ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)