မူးယစ္ေဆးဝါးသံုးစြဲမႈ စစ္တမ္းေကာက္ယူမည္

ရန္ကုန္တုိင္းေဒသႀကီး၊ လႈိင္သာယာ ကုန္တင္ယာဥ္ရပ္နားစခန္းမွာ ၂ဝ၁၅ ခုႏွစ္ ဇြန္လ ၂၆ ရက္ေန႔က ဖမ္းဆီးရမိတဲ့ မူးယစ္ေဆးဝါးေတြကို မီးရိႈ႕ဖ်က္ဆီးစဥ္။ Photo: Aung Thain Kha/RFA
ျမန္မာႏုိင္ငံတြင္း မူးယစ္ေဆး၀ါးသံုးစြဲမႈ အေျခအေနေတြကို ျမန္မာႏုိင္ငံ မူးယစ္ေဆး၀ါး ႏွိမ္နင္းေရး ဗဟုိအဖဲြ႔နဲ႔ ကုလသမဂၢ မူးယစ္ေဆး၀ါး တိုက္ဖ်က္ေရးအဖဲြ႔ UNODC တို႔ပူးေပါင္းၿပီး တုိင္းေဒသႀကီးနဲ႔ ျပည္နယ္အသီးသီးမွာ လာမယ့္ ဇြန္လေလာက္ကစတင္ၿပီး စစ္တမ္းေကာက္ယူသြားမယ္လို႔ သိရပါတယ္။

မူးယစ္ေဆး၀ါးသံုးစြဲမႈ ျမင့္တက္ေနတဲ့အတြက္ အေျခအေနမွန္ကို သိရွိႏုိင္ေအာင္ စစ္တမ္းေကာက္ယူမွာျဖစ္ တယ္လို႔ ျမန္မာႏုိင္ငံ မူးယစ္ေဆး၀ါးႏွိမ္ႏွင္းေရး ဗဟုိအဖြဲ႔က ရဲမွဴးႀကီး ေဇာ္လင္းထြန္းက ေျပာပါတယ္။

"က်ေနာ္တို႔ႏိုင္ငံသည္ မူးယစ္ေဆးဝါး စိုက္ပ်ဳိးတဲ့ႏိုင္ငံျဖစ္တယ္၊ မူးယစ္ေဆးဝါး ထုတ္လုပ္တဲ့ႏိုင္ငံျဖစ္တယ္၊ အလားတူပဲ က်ေနာ္တို႔ ႏိုင္ငံထဲမွာလည္း သံုးစြဲမႈေတြက အထိုက္အေလ်ာက္ ျမင့္တက္လာတာေပါ့ေနာ္၊ ဒီလို အေျခအေနမွန္ကို က်ေနာ္တို႔က မသိဘူးဆိုလို႔ရွိရင္ က်ေနာ္တို႔ဘာလုပ္ရမယ္ဆိုတဲ့ လုပ္ေဆာင္ခ်က္ေတြက လြဲမွားသြားႏိုင္တယ္၊ ေလ်ာ့သြားႏိုင္တယ္၊ ပိုသြားႏိုင္တယ္၊ တကယ့္လက္ရွိ က်ေနာ္တို႔ႏိုင္ငံမွာရွိေနတဲ့ မူးယစ္ေဆးဝါးသံုးစြဲမႈ၊ ပ်ံ႕ႏွံ႔မႈ အေျခအေနမွန္ကို က်ေန္ာတို႔သိေအာင္လုပ္တာျဖစ္ပါတယ္၊ သိေအာင္လုပ္ျခင္း အားျဖင့္ လုပ္ငန္းစဥ္ေတြ ေရးဆြဲေနတာေတြ၊ မူဝါဒေရးဆြဲတဲ့ေနရာမွာ ပိုၿပီးေတာ့ေပါ့ အနာကိုသိမွ ဘယ္ေဆး နဲ႔ကုရမည္ဆိုတာကို သိမွာေပါ့"

တုိင္းေဒသႀကီးနဲ႔ ျပည္နယ္အသီးသီးက လူဦးေရ ၅ေသာင္းခဲြေလာက္ကို ေမးျမန္းၿပီး စစ္တမ္းေကာက္ယူ မွာျဖစ္တဲ့အတြက္ ေကာ္မတီေတြဖြဲ႔စည္းေနတယ္လို႔ သိရပါတယ္။

မူးယစ္ေဆး၀ါးနဲ႔ ဆက္ႏြယ္တဲ႔ ဆိုးက်ဳိးေတြ၊ ပ်ံ႕ႏွံ႔ေနတဲ႔ မူးယစ္ေဆး၀ါး အမ်ိဳးအစားေတြ၊ တုိင္းနဲ႔ ျပည္နယ္အလိုက္ ဘယ္အသက္အရြယ္ေတြမွာ အသံုးမ်ားတယ္ဆိုတာေတြကို စစ္တမ္းေကာက္ယူမွာျဖစ္ပါတယ္။

အဲဒီစစ္တမ္းကေန ရရွိလာတဲ့ အခ်က္အလက္ေတြေပၚ မူတည္ၿပီး ႏုိင္ငံတြင္း မူးယစ္ေဆး၀ါးသံုးစြဲမႈ ႀကိဳတင္ကာကြယ္ေရး၊ တားဆီးႏွိမ္ႏွင္းေရး၊ ကုသေရးနဲ႔ ျပန္လည္ထူေထာင္ေရးဆုိင္ရာ လုပ္ငန္းစဥ္ေတြမွာ မူ၀ါဒခ်မွတ္တာ၊ လုပ္ငန္းစဥ္ေရးဆြဲတာေတြ ဆက္လက္ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အဲဒီစစ္တမ္းေကာက္ယူဖို႔ကို အေမရိကန္အစိုးရက ရန္ပံုေငြေထာက္ပံ႔ေပးၿပီး ကုလသမဂၢ မူးယစ္ေဆး၀ါးနဲ႔ ရာဇ၀တ္မႈတိုက္ဖ်က္ေရး႐ံုး UNODC တုိ႔က နည္းပညာပိုင္း အကူအညီေတြေပးမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
........
 ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ ကုန်တင်ယာဉ်ရပ်နားစခန်းမှာ ၂ဝ၁၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးစဉ်။ Photo: Aung Thain Kha/RFA
မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု အခြေအနေတွေကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေး ဗဟိုအဖွဲ့နဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ UNODC တို့ပူးပေါင်းပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ လာမယ့် ဇွန်လလောက်ကစတင်ပြီး စစ်တမ်းကောက်ယူသွားမယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်နေတဲ့အတွက် အခြေအနေမှန်ကို သိရှိနိုင်အောင် စစ်တမ်းကောက်ယူမှာဖြစ် တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နှင်းရေး ဗဟိုအဖွဲ့က ရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။

"ကျနော်တို့နိုင်ငံသည် မူးယစ်ဆေးဝါး စိုက်ပျိုးတဲ့နိုင်ငံဖြစ်တယ်၊ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နိုင်ငံဖြစ်တယ်၊ အလားတူပဲ ကျနော်တို့ နိုင်ငံထဲမှာလည်း သုံးစွဲမှုတွေက အထိုက်အလျောက် မြင့်တက်လာတာပေါ့နော်၊ ဒီလို အခြေအနေမှန်ကို ကျနော်တို့က မသိဘူးဆိုလို့ရှိရင် ကျနော်တို့ဘာလုပ်ရမယ်ဆိုတဲ့ လုပ်ဆောင်ချက်တွေက လွဲမှားသွားနိုင်တယ်၊ လျော့သွားနိုင်တယ်၊ ပိုသွားနိုင်တယ်၊ တကယ့်လက်ရှိ ကျနော်တို့နိုင်ငံမှာရှိနေတဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ပျံ့နှံ့မှု အခြေအနေမှန်ကို ကျနေ်ာတို့သိအောင်လုပ်တာဖြစ်ပါတယ်၊ သိအောင်လုပ်ခြင်း အားဖြင့် လုပ်ငန်းစဉ်တွေ ရေးဆွဲနေတာတွေ၊ မူဝါဒရေးဆွဲတဲ့နေရာမှာ ပိုပြီးတော့ပေါ့ အနာကိုသိမှ ဘယ်ဆေး နဲ့ကုရမည်ဆိုတာကို သိမှာပေါ့"

တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လူဦးရေ ၅သောင်းခွဲလောက်ကို မေးမြန်းပြီး စစ်တမ်းကောက်ယူ မှာဖြစ်တဲ့အတွက် ကော်မတီတွေဖွဲ့စည်းနေတယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ ဆိုးကျိုးတွေ၊ ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး အမျိုးအစားတွေ၊ တိုင်းနဲ့ ပြည်နယ်အလိုက် ဘယ်အသက်အရွယ်တွေမှာ အသုံးများတယ်ဆိုတာတွေကို စစ်တမ်းကောက်ယူမှာဖြစ်ပါတယ်။

အဲဒီစစ်တမ်းကနေ ရရှိလာတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး နိုင်ငံတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေး၊ တားဆီးနှိမ်နှင်းရေး၊ ကုသရေးနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ မူဝါဒချမှတ်တာ၊ လုပ်ငန်းစဉ်ရေးဆွဲတာတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်တမ်းကောက်ယူဖို့ကို အမေရိကန်အစိုးရက ရန်ပုံငွေထောက်ပံ့ပေးပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး UNODC တို့က နည်းပညာပိုင်း အကူအညီတွေပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)