လုပ္သားျပည္သူမ်ားႏွင့္ ေတာင္သူ လယ္သမားမ်ား ေႏြရာသီတြင္ အယ္နီညဳိ ရာသီဥတု ျဖစ္ေပၚႏုိင္မႈေၾကာင့္ လုိက္နာေဆာင္ရြက္ရန္ ႏႈိးေဆာ္ခ်က္မ်ား ထုတ္ျပန္

ေတာင္သူ လယ္သမားမ်ား စပါး စုိက္ပ်ဳိးမႈအား ေတြ ့ရစဥ္(ဆင္ဟြာ)
    ရန္ကုန္ ၊ ေဖေဖာ္၀ါရီ ၁၄ ရက္(ဆင္ဟြာ)

    ျမန္မာႏုိင္ငံအေနျဖင့္ ယခုႏွစ္ ေႏြရာသီတြင္ အယ္နီညိဳ သက္ေရာက္မႈ (ElNino Effect) ရွိႏုိင္ၿပီး အပူခ်ိန္ ျမင့္မားျခင္း၊ ေျခာက္ေသြ႕ ျခင္း၊ ေရရွားပါးျခင္းမ်ားႀကံဳေတြ႕ႏုိင္သျဖင့္ လုပ္သားျပည္သူ မ်ားႏွင့္ ေတာင္သူ လယ္သမားမ်ား လုိက္နာေဆာင္ရြက္ၾကရန္ အထူးတိုက္တြန္းႏႈိးေဆာ္ခ်က္မ်ားအား လယ္ယာ စုိက္ပ်ဳိးေရး ႏွင့္ ဆည္ေျမာင္း ၀န္ႀကီးဌာနမွ ထုတ္ျပန္ခဲ့သည္။

ေႏြရာသီတြင္ အယ္နီညဳိ ရာသီဥတု ျဖစ္ေပၚႏုိင္ျခင္းေၾကာင့္ လုိက္နာ ေဆာင္ရြက္ရန္ အခ်က္ ၉ ခ်က္ ျဖစ္သည့္ ေသာက္သုံးေရႏွင့္စိုက္ပ်ဳိးေရကို စနစ္တက်ေခြၽတာသုံးစြဲရန္ ၊ ေႏြစပါးစိုက္ပ်ဳိးရာတြင္ ေရလိုအပ္ခ်က္ နည္းသည့္ သက္တမ္းတို အထြက္ေကာင္းမ်ဳိးမ်ားျဖစ္သည့္ ေရႊသြယ္ရင္၊ သီးထပ္ရင္၊ ပုလဲသြယ္၊ ရက္(၉ဝ) စေသာ စပါးမ်ဳိးမ်ား ေရြးခ်ယ္ အသုံးျပဳ စိုက္ပ်ဳိးရန္ ၊ သက္လတ္၊ သက္ႀကီးစပါး မ်ဳိးမ်ားအသုံးမျပဳရန္ ၊ ပ်ဳိးသက္မွန္စိုက္ပ်ဳိးႏိုင္ေရးအေလးထားေဆာင္ရြက္ရန္ ၊ ေႏြစပါး စိုက္ပ်ဳိးရာတြင္လုိက္နာေဆာင္ရြက္သင့္ေသာ စိုက္ပ်ဳိးေရး ဆုိင္ရာ အေလ့အက်င့္ေကာင္း (GAP) ၁၄ ခ်က္ကို အတတ္ႏုိင္ဆုံး လုိက္နာက်င့္သုံးရန္၊ စိုက္ပ်ဳိးေရေလလြင့္ဆုံး႐ႈံးမႈမရွိေအာင္ လယ္ၾကားေျမာင္းစနစ္ ေကာင္းမြန္ေရး လယ္သမားအခ်င္းခ်င္း ပူးေပါင္းညိႇႏႈိင္းေဆာင္ရြက္ရန္၊ လယ္ကန္သင္းမ်ားတြင္ စိမ့္ေပါက္၊ ယိုေပါက္မရွိေစေရး အၿမဲကြင္းဆင္းစစ္ေဆးေဆာင္ရြက္ရန္၊ ေႏြစပါးခင္းမ်ားတြင္ ေပါင္းျမက္ကင္းရွင္းေအာင္ေဆာင္ရြက္ရန္၊ ေရရရွိႏုိင္မႈနည္းပါးေသာ ဧရိယာမ်ားတြင္ ေႏြႏွမ္း၊ ပဲတီစိမ္းတို႔ကို သီးႏွံေျပာင္းလဲစိုက္ပ်ဳိးရန္၊ လုိအပ္ခ်က္မ်ားရွိပါက သက္ဆုိင္ရာစိုက္ပ်ဳိးေရးညႇိႏႈိင္းမႈ အဖဲြ႕ဝင္ မ်ားျဖစ္ေသာ စိုက္ပ်ဳိးေရးဦးစီးဌာန၊ ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈ စီမံခန္႔ခြဲေရးဦးစီးဌာနသို႔ ဆက္သြယ္ညိႇႏႈိင္းေဆာင္ရြက္ရန္ တုိ ့ျဖစ္ေၾကာင္း  သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
.........
 တောင်သူ လယ်သမားများ စပါး စိုက်ပျိုးမှုအား တွေ ့ရစဉ်(ဆင်ဟွာ)
    ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

    မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် နွေရာသီတွင် အယ်နီညို သက်ရောက်မှု (ElNino Effect) ရှိနိုင်ပြီး အပူချိန် မြင့်မားခြင်း၊ ခြောက်သွေ့ ခြင်း၊ ရေရှားပါးခြင်းများကြုံတွေ့နိုင်သဖြင့် လုပ်သားပြည်သူ များနှင့် တောင်သူ လယ်သမားများ လိုက်နာဆောင်ရွက်ကြရန် အထူးတိုက်တွန်းနှိုးဆော်ချက်များအား လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

နွေရာသီတွင် အယ်နီညို ရာသီဥတု ဖြစ်ပေါ်နိုင်ခြင်းကြောင့် လိုက်နာ ဆောင်ရွက်ရန် အချက် ၉ ချက် ဖြစ်သည့် သောက်သုံးရေနှင့်စိုက်ပျိုးရေကို စနစ်တကျချွေတာသုံးစွဲရန် ၊ နွေစပါးစိုက်ပျိုးရာတွင် ရေလိုအပ်ချက် နည်းသည့် သက်တမ်းတို အထွက်ကောင်းမျိုးများဖြစ်သည့် ရွှေသွယ်ရင်၊ သီးထပ်ရင်၊ ပုလဲသွယ်၊ ရက်(၉ဝ) စသော စပါးမျိုးများ ရွေးချယ် အသုံးပြု စိုက်ပျိုးရန် ၊ သက်လတ်၊ သက်ကြီးစပါး မျိုးများအသုံးမပြုရန် ၊ ပျိုးသက်မှန်စိုက်ပျိုးနိုင်ရေးအလေးထားဆောင်ရွက်ရန် ၊ နွေစပါး စိုက်ပျိုးရာတွင်လိုက်နာဆောင်ရွက်သင့်သော စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်း (GAP) ၁၄ ချက်ကို အတတ်နိုင်ဆုံး လိုက်နာကျင့်သုံးရန်၊ စိုက်ပျိုးရေလေလွင့်ဆုံးရှုံးမှုမရှိအောင် လယ်ကြားမြောင်းစနစ် ကောင်းမွန်ရေး လယ်သမားအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်၊ လယ်ကန်သင်းများတွင် စိမ့်ပေါက်၊ ယိုပေါက်မရှိစေရေး အမြဲကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန်၊ နွေစပါးခင်းများတွင် ပေါင်းမြက်ကင်းရှင်းအောင်ဆောင်ရွက်ရန်၊ ရေရရှိနိုင်မှုနည်းပါးသော ဧရိယာများတွင် နွေနှမ်း၊ ပဲတီစိမ်းတို့ကို သီးနှံပြောင်းလဲစိုက်ပျိုးရန်၊ လိုအပ်ချက်များရှိပါက သက်ဆိုင်ရာစိုက်ပျိုးရေးညှိနှိုင်းမှု အဖွဲ့ဝင် များဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနသို့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရန် တို ့ဖြစ်ကြောင်း  သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)