ပုသိမ္-ေခ်ာင္းသာလမ္း ခရီးသည္တင္ မွန္လံုယာဥ္တိမ္ေမွာက္


ပုသိမ္ ေဖေဖာ္ဝါရီ ၁၂

ပုသိမ္ၿမိဳ႕ အမွတ္(၂)နယ္ေျမ ေခ်ာင္းသာကားဂိတ္မွ ယေန႔ မြန္းတည့္ ၁၂ နာရီက ယာဥ္ေမာင္း ေအာင္မင္းႏုိင္ (၄ဝႏွစ္) ေမာင္းႏွင္ေသာ သီဟမွန္လုံယာဥ္ AYY-4B/--ယာဥ္သည္ ခရီးသည္ ၅၁ ဦး တင္ေဆာင္၍ ေခ်ာင္းသာလမ္းအတုိင္း ပုသိမ္ငဝန္ျမစ္ကူးႀကိဳးတံတားကုိ ျဖတ္ေက်ာ္ေမာင္းႏွင္လာစဥ္ မုိင္တုိင္အမွတ္ (၄/၇)ႏွင့္ (၄/၆) ၾကား သျပဳေခ်ာင္းတံတားအေရာက္ မ်က္ႏွာခ်င္းဆုိင္မွ ယာဥ္ေမာင္း ထြန္းေဇာ္ဦး (၄ဝ ႏွစ္) ရန္ကုန္ၿမိဳ႕ ေနသူ ေမာင္းႏွင္လာေသာ ယႏၲရားကုန္တင္ယာဥ္ႏွင့္ ခ်ိတ္မိရာ မွန္လုံယာဥ္မွာ တိမ္းေမွာက္သြားသည္။

ယႏၲရား ကုန္တင္ယာဥ္မွာလည္း သျပဳေခ်ာင္းတံတားအလြန္ ဝဲဘက္ေခ်ာက္ထဲသုိ႔ ထုိးက်သြားသည္။

အဆုိပါ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ သီဟမွန္လုံယာဥ္ျဖင့္ လုိက္ပါလာသည့္ ခရီးသည္ ၅၁ ဦးအနက္ ၂၇ ဦးမွာ ဒဏ္ရာျပင္းထန္စြာ ရရွိသြားသျဖင့္ ပုသိမ္ၿမိဳ႕ေပၚရွိ လူမႈကူညီေရးအသင္းမ်ားက ျပည္သူ႔ေဆး႐ုံသုိ႔ တင္ပုိ႔ကုသေပးခဲ့ သည္။

 ျဖစ္စဥ္ႏွင့္ပတ္သက္၍ ပုသိမ္ၿမိဳ႕နယ္ သေဘၤာက်ဥ္းရဲစခန္းက အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

လွၾကည္(ပုသိမ္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
........


ပုသိမ် ဖေဖော်ဝါရီ ၁၂

ပုသိမ်မြို့ အမှတ်(၂)နယ်မြေ ချောင်းသာကားဂိတ်မှ ယနေ့ မွန်းတည့် ၁၂ နာရီက ယာဉ်မောင်း အောင်မင်းနိုင် (၄ဝနှစ်) မောင်းနှင်သော သီဟမှန်လုံယာဉ် AYY-4B/--ယာဉ်သည် ခရီးသည် ၅၁ ဦး တင်ဆောင်၍ ချောင်းသာလမ်းအတိုင်း ပုသိမ်ငဝန်မြစ်ကူးကြိုးတံတားကို ဖြတ်ကျော်မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၄/၇)နှင့် (၄/၆) ကြား သပြုချောင်းတံတားအရောက် မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း ထွန်းဇော်ဦး (၄ဝ နှစ်) ရန်ကုန်မြို့ နေသူ မောင်းနှင်လာသော ယန္တရားကုန်တင်ယာဉ်နှင့် ချိတ်မိရာ မှန်လုံယာဉ်မှာ တိမ်းမှောက်သွားသည်။

ယန္တရား ကုန်တင်ယာဉ်မှာလည်း သပြုချောင်းတံတားအလွန် ဝဲဘက်ချောက်ထဲသို့ ထိုးကျသွားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် သီဟမှန်လုံယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည် ၅၁ ဦးအနက် ၂၇ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသဖြင့် ပုသိမ်မြို့ပေါ်ရှိ လူမှုကူညီရေးအသင်းများက ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသပေးခဲ့ သည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ပုသိမ်မြို့နယ် သင်္ဘောကျဉ်းရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

လှကြည်(ပုသိမ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)