တန္းတူအခြင့္ အေရးေတာင္းဆုိမယ္လုိ႔ ရွမ္းနီေခါင္းေဆာင္ေတြ ေျပာၾကား


ကခ်င္ျပည္နယ္ မိုးညွင္းၿမိဳ႕ အေရွ႕ေက်ာင္းပရိယတၱိစာသင္တိုက္မွာ ျပဳလုပ္တဲ႔ ရွမ္းနီ ( တိုင္းလိုင္ ) အမ်ိဳးသားညီလာခံကို ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔ကေတြ႔ရစဥ္။ Photo: Sai Chit
တိုင္းရင္းသားေတြရဲ႕ အေျခခံရပိုင္ခြင့္ျဖစ္တဲ့ တန္းတူညီမွ် အခြင့္အေရးေတြကို မဆံုးရံႈးေစဖို႔ လာမယ့္အစိုးရ သစ္လက္ထက္မွာ ျပဳလုပ္မယ့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံမွာ တင္ျပသြားမယ္လို႔ ရွမ္းနီ (တိုင္းလိုင္) တိုင္းရင္းသားေခါင္းေဆာင္ေတြက ေျပာပါတယ္။

ဒီကေန႔ ကခ်င္ျပည္နယ္ မိုးညွင္းၿမိဳ႕ အေရွ႕ေက်ာင္းပရိယတၱိစာသင္တိုက္ သာသနာ႔ဗိမၺာန္မွာ က်င္းပေနတဲ့ ပထမအႀကိမ္ ျပည္နယ္လံုးဆိုင္ရာ ရွမ္းနီ (တိုင္းလိုင္) အမ်ိဳးသားညီလာခံမွာ ညီလာခံျဖစ္ေျမာက္ေရးေကာ္မတီ အေထြေထြအတြင္းေရးမွဴး ဦးစိုင္းခ်စ္ေငြက ေျပာပါတယ္။

"တိုင္းရင္းသား တန္းတူရည္တူအခြင့္အေရးေတာ့ ရခ်င္တာေပါ့ဗ်ာ အားလံုးပဲ၊ အဲ့ဒီအတြက္ေတာ့ က်ေနာ္ တို႔ ေျပာစရာမရွိပါဘူး၊ တန္းတူရည္မွ်အခြင့္အေရးနဲ႔ၾကည့္ရင္ေတာ့ တိုင္းရင္းသားေတြအားလံုး ျပည္နယ္ တစ္ခုေပးလိုက္တာနဲ႔ ကိုယ့္ကိုယ္ပိုင္ျဖစ္ၿပီးမွ အိမ္ရွင္ကဧည့္သည္ျဖစ္၊ ဧည့္သည္ကအိမ္ရွင္ျဖစ္သလိုမိ်ဳး ခံစားေနရတာေပါ့ အားလံုးကို၊ ဒါ က်ေနာ္တို႔ သမိုင္းအေထာက္အထားအရ အားလံုးရွိတာပဲေလ၊ အဲ့ဒီအတြက္ေၾကာင့္မို႔ တန္းတူရည္တူ မရဘူးဆိုတာ တြက္ဆလို႔ရတာပဲေလ၊ ျပည္နယ္အစိုးရအဖြဲ႔မွာ ၾကည့္လိုက္ရင္သိပါတယ္၊ အခုဖြဲ႔ထားတာဥစၥာ က်ေနာ္တို႔မသိေသးပါဘူး၊ ဘယ္လူမ်ိဳးက ဘယ္ေလာက္ ပါတယ္၊ ဘယ္လူမ်ိဳးက ရာခိုင္ႏႈန္း ဘယ္ေလာက္ပါတယ္ဆိုတာ၊ အဲ့ဒီမွာ ၾကည့္လိုက္တာနဲ႔ တိုင္းရင္းသား တန္းတူရည္တူ အခြင့္အေရးမရွိဘူးဆိုတာ ထင္ရွားေနတာေပါ့၊ ဒီလို ညီလာခံေတြ ခဏခဏ က်င္းပျခင္းအားျဖင့္ က်ေနာ္တို႔ လူမ်ိဳးေတြရဲ႕ ႏိုင္ငံေရးအားနည္းခ်က္ေတြ အားသာခ်က္ေတြသိလာရင္ တစ္ေန႔ေန႔က်ရင္ အဲ့ဒါျဖစ္လာမယ္လို႔ေမွ်ာ္မွန္းတာေပါ့"

ႏိုင္ငံေရးနဲ႔ လံုၿခံဳေရး၊ စီးပြားေရး၊ လူမႈေရး၊ လယ္ယာေျမနဲ႔ သဘာဝပတ္ဝန္းက်င္ ဆိုင္ရာ စတဲ့ မူေဘာင္ ငါးခ်က္ကို အေျခခံၿပီး ေဆြးေႏြးေနၾကတာျဖစ္ၿပီး စာတမ္းျပဳစုထားမွာျဖစ္ပါတယ္။

ေဆြးေႏြးၿပီးရရွိလာတဲ႔ စာတမ္းေတြကို ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံနဲ႔ NLD ပါတီ အစိုးရလက္ထက္ မွာ ျပဳလုပ္ဖို႔ရွိတဲ့ ညီလာခံမွာ တင္သြင္းသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

ရွမ္းနီတိုင္းရင္းသားေတြကို တိုင္းလိုင္၊ တိုင္းလ်န္၊ တိုင္းႏုိင္း၊ ရွမ္းဗမာ၊ ေျမလတ္ရွမ္း၊ ရွမ္းကေလး စသျဖင့္ အမည္မ်ိဳးစံုနဲ႔ ေခၚဆိုေနၾကတာပါ။

ရွမ္းနီလူမ်ိဳးေတြဟာ ရွမ္းျပည္နယ္ေျမာက္ပိုင္း မဘိမ္းၿမိဳ႕နယ္၊ ကခ်င္ျပည္နယ္မွာ ဗန္ေမာ္၊ မိုးညွင္း၊ ျမစ္ႀကီးနား၊ စတဲ့ ခရိုင္သံုးခုနဲ႔ စစ္ကိုင္းတိုင္းေဒသႀကီးထဲက အင္းေတာ္၊ ကသာ၊ ဟုမၼလင္း၊ ခႏၱီး၊ ေမာ္လိုက္ စတဲ့ေဒသေတြအပါအဝင္ ျမန္မာတစ္ႏိုင္ငံလံုးမွာ ပ်ံ႕ႏွံ႔ေနထိုင္ၾကၿပီး စုစုေပါင္း လူဦးေရ ႏွစ္သန္းဝန္းက်င္ေလာက္ ရွိပါတယ္။

ဒီကေန႔ကေန စတင္ၿပီး ႏွစ္ရက္ၾကာျပဳလုပ္ေနတဲ့ ညီလာခံကို ကခ်င္ျပည္နယ္အတြင္းက ျမစ္ႀကီးနား၊ ဝိုင္းေမာ္၊ ဗန္းေမာ္၊ မန္စီ၊ ဖားကန္႔၊ ဟိုပင္၊ မိုးညွင္း၊ မိုးေကာင္း၊ အင္းေတာ္ႀကီး စတဲ့ ေဒသေတြက ရွမ္းတိုင္းရင္းသား ၁ဝဝဝ ေက်ာ္ တက္ေရာက္ေနၾကတာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
...................

ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်တဲ့ ရှမ်းနီ ( တိုင်းလိုင် ) အမျိုးသားညီလာခံကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ကတွေ့ရစဉ်။ Photo: Sai Chit
တိုင်းရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ တန်းတူညီမျှ အခွင့်အရေးတွေကို မဆုံးရှုံးစေဖို့ လာမယ့်အစိုးရ သစ်လက်ထက်မှာ ပြုလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တင်ပြသွားမယ်လို့ ရှမ်းနီ (တိုင်းလိုင်) တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

ဒီကနေ့ ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့ကျောင်းပရိယတ္တိစာသင်တိုက် သာသနာ့ဗိမ္ဗာန်မှာ ကျင်းပနေတဲ့ ပထမအကြိမ် ပြည်နယ်လုံးဆိုင်ရာ ရှမ်းနီ (တိုင်းလိုင်) အမျိုးသားညီလာခံမှာ ညီလာခံဖြစ်မြောက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းချစ်ငွေက ပြောပါတယ်။

"တိုင်းရင်းသား တန်းတူရည်တူအခွင့်အရေးတော့ ရချင်တာပေါ့ဗျာ အားလုံးပဲ၊ အဲ့ဒီအတွက်တော့ ကျနော် တို့ ပြောစရာမရှိပါဘူး၊ တန်းတူရည်မျှအခွင့်အရေးနဲ့ကြည့်ရင်တော့ တိုင်းရင်းသားတွေအားလုံး ပြည်နယ် တစ်ခုပေးလိုက်တာနဲ့ ကိုယ့်ကိုယ်ပိုင်ဖြစ်ပြီးမှ အိမ်ရှင်ကဧည့်သည်ဖြစ်၊ ဧည့်သည်ကအိမ်ရှင်ဖြစ်သလိုမျိုး ခံစားနေရတာပေါ့ အားလုံးကို၊ ဒါ ကျနော်တို့ သမိုင်းအထောက်အထားအရ အားလုံးရှိတာပဲလေ၊ အဲ့ဒီအတွက်ကြောင့်မို့ တန်းတူရည်တူ မရဘူးဆိုတာ တွက်ဆလို့ရတာပဲလေ၊ ပြည်နယ်အစိုးရအဖွဲ့မှာ ကြည့်လိုက်ရင်သိပါတယ်၊ အခုဖွဲ့ထားတာဥစ္စာ ကျနော်တို့မသိသေးပါဘူး၊ ဘယ်လူမျိုးက ဘယ်လောက် ပါတယ်၊ ဘယ်လူမျိုးက ရာခိုင်နှုန်း ဘယ်လောက်ပါတယ်ဆိုတာ၊ အဲ့ဒီမှာ ကြည့်လိုက်တာနဲ့ တိုင်းရင်းသား တန်းတူရည်တူ အခွင့်အရေးမရှိဘူးဆိုတာ ထင်ရှားနေတာပေါ့၊ ဒီလို ညီလာခံတွေ ခဏခဏ ကျင်းပခြင်းအားဖြင့် ကျနော်တို့ လူမျိုးတွေရဲ့ နိုင်ငံရေးအားနည်းချက်တွေ အားသာချက်တွေသိလာရင် တစ်နေ့နေ့ကျရင် အဲ့ဒါဖြစ်လာမယ်လို့မျှော်မှန်းတာပေါ့"

နိုင်ငံရေးနဲ့ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ လယ်ယာမြေနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စတဲ့ မူဘောင် ငါးချက်ကို အခြေခံပြီး ဆွေးနွေးနေကြတာဖြစ်ပြီး စာတမ်းပြုစုထားမှာဖြစ်ပါတယ်။

ဆွေးနွေးပြီးရရှိလာတဲ့ စာတမ်းတွေကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနဲ့ NLD ပါတီ အစိုးရလက်ထက် မှာ ပြုလုပ်ဖို့ရှိတဲ့ ညီလာခံမှာ တင်သွင်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ရှမ်းနီတိုင်းရင်းသားတွေကို တိုင်းလိုင်၊ တိုင်းလျန်၊ တိုင်းနိုင်း၊ ရှမ်းဗမာ၊ မြေလတ်ရှမ်း၊ ရှမ်းကလေး စသဖြင့် အမည်မျိုးစုံနဲ့ ခေါ်ဆိုနေကြတာပါ။

ရှမ်းနီလူမျိုးတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်၊ ကချင်ပြည်နယ်မှာ ဗန်မော်၊ မိုးညှင်း၊ မြစ်ကြီးနား၊ စတဲ့ ခရိုင်သုံးခုနဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက အင်းတော်၊ ကသာ၊ ဟုမ္မလင်း၊ ခန္တီး၊ မော်လိုက် စတဲ့ဒေသတွေအပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ ပျံ့နှံ့နေထိုင်ကြပြီး စုစုပေါင်း လူဦးရေ နှစ်သန်းဝန်းကျင်လောက် ရှိပါတယ်။

ဒီကနေ့ကနေ စတင်ပြီး နှစ်ရက်ကြာပြုလုပ်နေတဲ့ ညီလာခံကို ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မန်စီ၊ ဖားကန့်၊ ဟိုပင်၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီး စတဲ့ ဒေသတွေက ရှမ်းတိုင်းရင်းသား ၁ဝဝဝ ကျော် တက်ရောက်နေကြတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)