ေက်ာင္းသားသပိတ္ ကူညီခဲ့သူ ၃ ဦးကုိ တရားစြဲဆုိ


ဗိုလ္မွဴးႀကီးေဟာင္း ဦးေနမ်ိဳးဇင္ ကို ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔က တရားရံုးထုတ္လာစဥ္။ Photo: Nay Myo Zin Facebook
လြန္ခဲ့တဲ့ ၂၀၁၄ ခုနွစ္က အမ်ိဳးသားပညာေရးဥပေဒကို သပိတ္ေမွာက္ခဲ့တဲ့ ေက်ာင္းသား ေက်ာင္းသူေတြကို အကူအညီ ေပးခဲ့တဲ့ ၈၈ မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႔အစည္းက မမီးမီး၊ ဗိုလ္မွဴးႀကီးေဟာင္း ဦးေနမ်ိဳးဇင္ နဲ႔ ေက်ာင္းသားေခါင္းေဆာင္ ကိုေက်ာ္ကိုကိုတုိ႔ ၃ ဦး ကို မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္ ရဲစခန္းက ပုဒ္မ ၁၈ နဲ႔ အမႈဖြင့္ထားၿပီး တရားရံုးမွာ အမႈရင္ဆုိင္ဖို႔ အေၾကာင္းၾကားထားတယ္လို႔ သိရပါတယ္။

လာမယ့္ ေဖေဖာ္၀ါရီလ ၂၄ ရက္ေန႔ မွာ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္ တရားရံုးမွာ ရံုးခ်ိန္းရွိေၾကာင္း စခန္းမွဴးက ဒီကေန႔မနက္က အေၾကာင္းၾကားလာတယ္လို႔ ၈၈ မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႔အစည္းက မမီးမီးက ေျပာပါတယ္။

"ဒီေန႔ စခန္းမွဴးကေနၿပီးေတာ့ အေၾကာင္းၾကားစာက ဒီညေရာက္မယ္ေပါ့၊ ပထမေတာ့ သူကႏႈတ္နဲ႔ အေၾကာင္းၾကားတာေပါ့၊ ၃ ႀကိမ္ ဖုန္းနဲ႔ အေၾကာင္းၾကားတာေပါ့၊ ေက်ာင္းသားေတြ ပညာေရးဥပေဒကို ဆန္႔က်င္ဆႏၵျပတဲ့ ၂ဝ၁၄ ခုႏွစ္က ရန္ကုန္ၿမိဳ႕မွာလုပ္တဲ့ ဆႏၵျပပြဲနဲ႔ ပတ္သက္ၿပီးေတာ့ က်မရယ္၊ ကိုေနမ်ဳိးဇင္ရယ္၊ ကိုေက်ာ္ကိုကိုရယ္ ၃ ေယာက္ မဂၤလာေတာင္ညြန္႔ စခန္းကေနၿပီးေတာ့ ပုဒ္မ ၁၈ နဲ႔ အမႈဖြင့္ၿပီးေတာ့ ၂၄.၂.၂ဝ၁၆ ရက္မွာ မဂၤလာေတာင္ညြန္႔ တရားရံုးမွာ တရားလာရင္ဆိုင္ဖို႔ အေၾကာငး္ၾကားတာပါ"

အဲဒီအမႈနဲ႔ ပတ္သက္ၿပီး အာမခံေပးမယ္ဆိုရင္ေတာင္ အာမခံယူမွာမဟုတ္သလို ေရွ႕ေနငွားၿပီး အမႈရင္ဆိုင္ ေျဖရွင္းသြားမွာမဟုတ္ေၾကာင္းလည္း မမီးမီိး က ေျပာပါတယ္။

၂၀၁၄ ခုနွစ္ နို၀င္ဘာလ ၁၄ ရက္ေန႔ကစလုိ႔ ရန္ကုန္ၿမိဳ႕မွာ အမ်ိဳးသားပညာေရးဥပေဒကို ၄ ရက္ၾကာ သပိတ္ေမွာက္ခဲ့ရာ ပထမေန႔နဲ႔ ေနာက္ဆံုးေန႔ ႏွစ္ရက္မွာ မမီးမီးတို႔က သပိတ္စစ္ေၾကာင္းကို ေရသန္႔ဘူးနဲ႔ အစားအေသာက္ေတြ ေ၀ငွခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese

....................................



ဗိုလ်မှူးကြီးဟောင်း ဦးနေမျိုးဇင် ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တရားရုံးထုတ်လာစဉ်။ Photo: Nay Myo Zin Facebook
လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေကို အကူအညီ ပေးခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီး၊ ဗိုလ်မှူးကြီးဟောင်း ဦးနေမျိုးဇင် နဲ့ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုတို့ ၃ ဦး ကို မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပြီး တရားရုံးမှာ အမှုရင်ဆိုင်ဖို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မှာ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးမှာ ရုံးချိန်းရှိကြောင်း စခန်းမှူးက ဒီကနေ့မနက်က အကြောင်းကြားလာတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးက ပြောပါတယ်။

"ဒီနေ့ စခန်းမှူးကနေပြီးတော့ အကြောင်းကြားစာက ဒီညရောက်မယ်ပေါ့၊ ပထမတော့ သူကနှုတ်နဲ့ အကြောင်းကြားတာပေါ့၊ ၃ ကြိမ် ဖုန်းနဲ့ အကြောင်းကြားတာပေါ့၊ ကျောင်းသားတွေ ပညာရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြတဲ့ ၂ဝ၁၄ ခုနှစ်က ရန်ကုန်မြို့မှာလုပ်တဲ့ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီးတော့ ကျမရယ်၊ ကိုနေမျိုးဇင်ရယ်၊ ကိုကျော်ကိုကိုရယ် ၃ ယောက် မင်္ဂလာတောင်ညွန့် စခန်းကနေပြီးတော့ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ပြီးတော့ ၂၄.၂.၂ဝ၁၆ ရက်မှာ မင်္ဂလာတောင်ညွန့် တရားရုံးမှာ တရားလာရင်ဆိုင်ဖို့ အကြောငး်ကြားတာပါ"

အဲဒီအမှုနဲ့ ပတ်သက်ပြီး အာမခံပေးမယ်ဆိုရင်တောင် အာမခံယူမှာမဟုတ်သလို ရှေ့နေငှားပြီး အမှုရင်ဆိုင် ဖြေရှင်းသွားမှာမဟုတ်ကြောင်းလည်း မမီးမီိး က ပြောပါတယ်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ကစလို့ ရန်ကုန်မြို့မှာ အမျိုးသားပညာရေးဥပဒေကို ၄ ရက်ကြာ သပိတ်မှောက်ခဲ့ရာ ပထမနေ့နဲ့ နောက်ဆုံးနေ့ နှစ်ရက်မှာ မမီးမီးတို့က သပိတ်စစ်ကြောင်းကို ရေသန့်ဘူးနဲ့ အစားအသောက်တွေ ဝေငှခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)