စစ္ေရးေလ့က်င့္ေနသည့္ ကိုကိုးကၽြန္းအနီး အမည္မသိ ေလယာဥ္ ၃စီး ၀င္ေရာက္ျပန္သန္းခဲ့ (စစ်ရေးလေ့ကျင့်နေသည့် ကိုကိုးကျွန်းအနီး အမည်မသိ လေယာဉ် ၃စီး ၀င်ရောက်ပြန်သန်းခဲ့ )

စစ္ေရးေလ့က်င့္ေနစဥ္ ။ ဓာတ္ပံု-တပ္မေတာ္ေရ
 စစ္ေရယာဥ္တပ္ေပါင္းစု ပင္လယ္ျပင္ စစ္ဆင္မႈ ေလ့က်င့္ခန္း ေလ့က်င့္ေဆာင္ရြက္မည့္ ေနရာသို႔ အမ်ိဳးအစားစိစစ္ဆဲ ျမန္ႏႈန္းျမင့္ ေလယာဥ္ ၃ စီး ၀င္ေရာက္ ပ်ံသန္းခဲ့ေၾကာင္း တပ္မေတ္ာ ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုးက သတင္းထုတ္ျပန္ခဲ့သည္။

ယင္းေလ့က်င့္ခန္း ေဆာင္ရြက္ေနစဥ္ ၂၀၁၆ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၅ ရက္ေန႔ ၁၆၂၈ နာရီမွ ၁၆၃၇ နာရီအတြင္း ေျမာက္လတီၱတြဒ္ ၁၄ ဒီဂရီ ၁၃.၄ မိနစ္၊ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၄ ဒီဂရီ ၁၄.၅၄ မိနစ္၊ ေျမာက္လတီၱတြဒ္ ၁၄ ဒီဂရီ ၅၂.၃ မိနစ္၊ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၃ ဒီဂရီ ၀၄ မိနစ္ ေနရာမ်ားသုိ႔ အမ်ိဳးအစားစိစစ္ဆဲ ျမန္ႏႈန္းျမင့္ ေလယာဥ္ ၃ စီး ေျမာက္ဘက္အရပ္မွ ေတာင္ဘက္အရပ္သုိ႔ ၀င္ေရာက္ပ်ံသန္းခဲ့ေၾကာင္း အဆုိပါ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ Sea Shield 2016 ေလ့က်င့္ခန္း အစီအစဥ္မ်ားအား ေရတပ္သားမ်ားႏွင့္ အတူလိုက္ပါ၍ ၾကည့္ရွဳစစ္ေဆးေနသည္။


ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ား ၾကည့္ရွဳစစ္ေဆးေနစဥ္
တပ္မေတာ္(ေရ) စစ္ေရယာဥ္တပ္ေပါင္းစု ပင္လယ္ျပင္စစ္ဆင္မႈေလ့က်င့္ခန္း (Combined Fleet Exercise- Sea Shield 2016) ကို ၂၀၁၆ခုႏွစ္၊ ေဖေဖာ္၀ါရီလ ၂၂ ရက္မွ မတ္လ ၂ ရက္ေန႔အထိ သတ္မွတ္ဧရိယာ ေဖာ္ျပ၍ ေလ့က်င့္ မည္ျဖစ္သည္။

တပ္မေတာ္(ေရ) ေလ့က်င့္ခန္းေဆာင္ရြက္ရာတြင္ အေျမာက္၊ ဒံုးပ်ံ ပစ္ခတ္ေလ့က်င့္မႈမ်ား ပါရွိသျဖင့္ မလုိလားအပ္ေသာ ျဖစ္စဥ္မ်ား မျဖစ္ေပၚေစေရး ထပ္မံ အသိေပးေၾကာင္းၾကားမႈမ်ား ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုးက သတင္းထုတ္ျပန္ထားသည္။


by သစ္ထူးလြင္ 
............
 စစ်ရေးလေ့ကျင့်နေစဉ် ။ ဓာတ်ပုံ-တပ်မတော်ရေ
 စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း လေ့ကျင့်ဆောင်ရွက်မည့် နေရာသို့ အမျိုးအစားစိစစ်ဆဲ မြန်နှုန်းမြင့် လေယာဉ် ၃ စီး ၀င်ရောက် ပျံသန်းခဲ့ကြောင်း တပ်မတေ်ာ ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ယင်းလေ့ကျင့်ခန်း ဆောင်ရွက်နေစဉ် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ၁၆၂၈ နာရီမှ ၁၆၃၇ နာရီအတွင်း မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၃.၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၄.၅၄ မိနစ်၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၂.၃ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၀၄ မိနစ် နေရာများသို့ အမျိုးအစားစိစစ်ဆဲ မြန်နှုန်းမြင့် လေယာဉ် ၃ စီး မြောက်ဘက်အရပ်မှ တောင်ဘက်အရပ်သို့ ၀င်ရောက်ပျံသန်းခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Sea Shield 2016 လေ့ကျင့်ခန်း အစီအစဉ်များအား ရေတပ်သားများနှင့် အတူလိုက်ပါ၍ ကြည့်ရှုစစ်ဆေးနေသည်။

ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးနေစဉ်
တပ်မတော်(ရေ) စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) ကို ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၂ ရက်နေ့အထိ သတ်မှတ်ဧရိယာ ဖော်ပြ၍ လေ့ကျင့် မည်ဖြစ်သည်။

တပ်မတော်(ရေ) လေ့ကျင့်ခန်းဆောင်ရွက်ရာတွင် အမြောက်၊ ဒုံးပျံ ပစ်ခတ်လေ့ကျင့်မှုများ ပါရှိသဖြင့် မလိုလားအပ်သော ဖြစ်စဉ်များ မဖြစ်ပေါ်စေရေး ထပ်မံ အသိပေးကြောင်းကြားမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

by သစ်ထူးလွင် 
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)