သထုံမြို့တွင်သိန်းပေါင်းထောင်ကျော်အကောက်ခွန်မဲ့ပစ္စည်းများကိုစခန်းမှုးနှင့်နယ်ထိန်းတို့ဖမ်းဆီးသော်လည်းမြို့နယ်မှုးခရိုင်မှုးများမှဆဲဆိုအော်ငေါက်မှုကြောင့်ပြန်လွှတ်ပေးလိုက်ရ

သထုံမြို့တွင်သိန်းပေါင်းထောင်ကျော်အကောက်ခွန်မဲ့ပစ္စည်းများကိုစခန်းမှုးနှင့်နယ်ထိန်းတို့ဖမ်းဆီးသော်လည်းမြို့နယ်မှုးခရိုင်မှုးများမှဆဲဆိုအော်ငေါက်မှုကြောင့်ပြန်လွှတ်ပေးလိုက်ရသောတရားဥပဒေမစိုးမိုးမှု
တာဝန်ရှိသူလူကြီးများ ထိုလူမဆန်အာဏာအလွဲသုံးစားလုပ်မှုကိုသိရှိကြအောင်ဝိုင်းရှယ်ပေးကြစေလိုပါ
သည်။
တာဝန်ရှိအကြီးအကဲများသိစေရန်
၆ ၀၂ ၂၀၁၆ရက်နေ့ ည၁၀နာရီဝန်းကျင်ကသထုံစခန်းမှူးနဲ့နယ်ထိန်းတပ်ဖွဲ့ဝင်တို့က
သထုံမြို့နယ် မြေနီကုန်းကျေးရွာအုပ်ချုပ်ရေးမှုးရုံးရှေ့မှာ မှန်လုံကားတစီးရပ်နေတာကြာလို့
ကျွန်တော်ရပ်ကြည့်နေမိတယ်။
နောက်ပြီးသက်သေနှစ်ယောက်နဲ့စခန်းမှူးနယ်ထိန်းအဖွဲ့ ၎င်း 6B/2555 မှန်လုံကားကို
ရဲစခန်းဘက်မောင်းခေါ်သွားတာတွေ့ရတယ်။
ကျွန်တော်လည်းစပ်စုချင်တာနဲ့ ဘောလုံးပွဲကြည့်ရင်း အဲ့ကားနောက်ကိုလိုက်လာခဲ့တယ်။
ရဲစခန်းရှေ့လည်းရောက်ရော ဒီကားကအကောက်ခွန်မဲ့ပစ္စည်းတွေတင်လာလို့
ဖမ်းတာသိလိုက်ရတယ်။ကားပေါ်မှာပါလာသော အကောက်ခွန်မဲ့တန်ဖိုးကြီးနိုင်ငံခြားအရက်ဖာတွေကို
ကင်းသမားတွေချနိုင်ဖို့ ရှာဖွေသက်သေအဖြစ်အောက်ကျင်းအုပ်ချုပ်ရေးမှုးဆိုသူလည်း
ရောက်လာတယ်။
အမှုဖွင့်ဖို့ ၎င်းပစ္စည်းတွေကိုရဲစခန်းထဲကင်းသမားတွေနဲ့ ထမ်းချကြတယ်။
ပစ္စည်းကများတော့ အောက်ကျင်းအုပ်ချုပ်ရေးမှုးဆိုသူက သူတပည့်နှစ်ယောက်ကို ပစ္စည်းကူထမ်း
ဖို့ခေါ်ပေးခဲ့တယ်။၎င်းတို့နှစ်ဦးလည်း ကင်းသမားတွေနဲ့အတူဝိုင်းကူထမ်းချခဲ့ကြတယ်။
ထမ်းချလို့လည်းပြီးခါနီးအချိန်မှာမြို့နယ်ရဲတပ်ဖွဲ့မှုးက စခန်းမှုးကိုအော်ငေါက်ပြီး
မင်းတို့ဒီတစီးပဲ ဖမ်းစရာရှိလားလို့ ခရိုင်မှုးပြောနေတယ်။ဒီပစ္စည်းပိုင်ရှင်က ငါနဲ့လည်းပက်သတ်နေတယ်။
ခရိုင်မှုးအိမ်ကိုလည်း အမြဲဝင်ထွက်ပံ့ပိုးနေတယ်။မင်းတို့မသိဘူးလားလို့ စခန်းမှုးကိုအော်ငေါက်
မာန်မဲနေပါတယ်။
ကားသမား စောဝဏ္ဏဆိုသူမှာလည်းဖုန်းတဂွီဂွီဆက်ပြီး ခရိုင်မှုးကလွှတ်ခိုင်းနေပြီ
မလွှတ်သေးဘူးလို့ပြောနေတော့စခန်းမှုးလေးမှာ ကြက်သေသေသွားပြီး
သူတပည့်ကင်းသမားတွေ သက်သေတွေဝိုင်းကူချပေးသူတွေကို တောင်းပန်ပြီး
ပစ္စည်းတွေကားပေါ်ပြန်တင်ပေးလိုက်ပါတယ်။

ကားသမားစောဝဏ္ဏဟာ စခန်းထဲကကားကိုမောင်းထွက်လာပြီး မြို့နယ်မှုး ခရိုင်မှုးတွေကို
တဘထဲအဘခေါ်ပြီး ပြုံးပျော်ရွှင်စွာထွက်လာကြတာ စခန်းမှုးမပြောနဲ့
ကြည့်နေတဲ့သူတောင် ရင်နာမိပါတယ်။
ဒီတော့ကျွန်တော်အရပ်သားအမြင်ပြောရရင်ရာထူးကြီးကြီးလူကြီးတွေရဲ့အမိန့်ကဘာလဲ။
တကယ်ပဲ တရားဥပဒေစိုးမိုးမှုမရှိပဲအာဏာကိုအလွဲသုံးစားလုပ်နေပြီး
ကိုယ်ကျိုးအတွက် သုံးနေတယ်ထင်ပါတယ်။
ဒါကြောင့် တခြားသောတပ်ဖွဲ့ဝင်များရဲ့ဂုဏ်သိက္ခာအရောင်မမှေးမှိန်ရလေအောင်
အာဏာအလွဲသုံးစားလုပ်သူ ခရိုင်မှုး မြို့နယ်မှုးနဲ့ ပိုင်ရှင်စောဝဏ္ဏတို့အား
နေပြည်တော်နှင့် အထက်လူကြီးအဆင့်ဆင့်မှခုံရုံးတင်စစ်ဆေးအရေးယူနိုင်စေရန်
တရားဥပဒေစိုးမိုးမှု အောက်ခြေပြည်သူရဲတပ်ဖွဲ့ဝင်များ၏
ဂုဏ်သိက္ခာကိုထောက်ထားစာနာသောပြည်သူတယောက်အနေနဲ့ သက်သေအထောက်အထား
ဓါတ်ပုံများနှင့်တင်ပြအပ်ပါသည်။
pho san
သထုံ နယ်စားလေး





Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)