ေရျဖဴၿမိဳ႕နယ္၊ ေပါက္ပင္ကြင္းေက်းရြာလုံးကၽြတ္ ျပန္ေပးဆက္ေၾကးေငြေပးေဆာင္ခဲ့ရ


 တနသာရႌတိုင္းေဒသႀကီး၊ ေရျဖဴၿမိဳ႕နယ္တြင္ရွိ ေပါက္ပင္ကြင္းေက်းရြာတြင္ အလြန္၊ အေဆာင္းဦးစီးသည့္ လက္နက္ကိုင္အဖြဲ႕က ျပန္ေပးဆက္ေၾကးေငြမ်ား အတင္းအဓမၼေတာင္းခံခဲ့ရာ ရြာလုံးကၽြတ္ေပးေဆာင္ခဲ့ရသည္ဟု ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။

ေဖေဖာ္ဝါရီလ ၁ရ ရက္ နံနက္ပိုင္းအခ်ိန္တြင္ ၿခံမ်ားသို႔သြားေရာက္စဥ္ ေပါက္ပင္ကြင္းရြားသား ၈၀ ဦးခန႔္အား ယင္းလက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးထိန္းသိမ္းၿပီး ဆက္ေၾကးေငြမ်ား ေတာင္းခံခဲ့သည္ဟု ေဖေဖာ္ဝါရီ (၁၉) ရက္တြင္ မြန္သတင္းေအဂ်င္စီသို႔ ေဒသခံတစ္ဦးက ဖုန္းျဖင့္ ေျပာၾကားခဲ့သည္။

“ရြာမွာက်န္ခဲ့တဲ့လူေတြကို ေငြလာေပးဖို႔ သူတို႔အေၾကာင္းၾကားတယ္၊ သြားမေပးလို႔ရွိရင္ အသက္အႏၲရာယ္ ၿခိမ္းေျခာက္တဲ့ ပုံစံမ်ိဳးနဲ႔ေျပာလာေတာ့ အားလုံးသြားေပးရတာေပါ့၊ ရြာမွာ အိမ္ေျခဘယ္ေလာက္ရွိတယ္၊ လူဦး ေရ ဘယ္ေလာက္ရွိတယ္ ဆိုတာကို စာရင္းနဲ႔ သူတို႔ျပဳစုထားေတာ့ ဘယ္သူမွမလြတ္ဘူး” ဟု အဆိုပါေဒသ ခံက ေျပာသည္။

ေပါက္ပင္ကြင္းေက်းရြာသည္ အိမ္ေျခစုစုေပါင္း (၄၃၀) ေက်ာ္ခန႔္ရွိၿပီး တစ္မိသားစုလွ်င္ က်ပ္ေငြငါးေသာင္းမွ ႏွစ္သိန္းခြဲအထိ ဆက္ေၾကးေငြမ်ား ေပးေဆာင္ခဲ့ရသည္ဟု ေဒသခံမ်ားက မြန္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယင္းဆက္ေၾကးေငြေတာင္းေသာ အလြန္၊ အေဆာင္း ဦးေဆာင္သည့္ လက္နက္ကိုင္တပ္ဖြဲ႕တြင္ အဖြဲ႕ဝင္အင္း အား (၂၀) ဦးခန႔္ရွိၿပီး ေျပာင္းတိုေျပာင္းရွည္ေသနတ္အသစ္စက္စက္မ်ား ကိုင္ေဆာင္ထားၾကသည္ဟု မ်က္ျမင္ ေတြ႕ရွိခဲ့ေသာ ေဒသခံမ်ားက ေျပာသည္။

ေပါက္ပင္ကြင္းေက်းရြာ ေဒသခံတစ္ဦးက “ဒီေန႔ (ေဖေဖာ္ဝါရီ ၁၉ ရက္) မနက္မွာပဲ ေက်းရြာဥကၠ႒မွ ရြာျပင္သို႔ မထြက္ဖို႔ စစ္တပ္ (ခမရ-၂၈၀) ကေန အမိန႔္ထုတ္ထားတယ္ဆိုၿပီး ေတာပိတ္တဲ့အေၾကာင္းကို ရြာမွာ လိုက္ေျပာ ေနတယ္” ဟု ေျပာျပသည္။

ထိုအျပင္ ၿပီးခဲ့သည့္ ဇန္နဝါရီလတြင္လည္း အဆိုပါေက်းရြာတြင္ မြန္အမ်ိဳးသားေစာင့္ေရွာက္ ေရးတပ္ဖြဲ႕အမည္ျဖင့္ မြန္ခ်မ္းဦးစီးသည့္အဖြဲ႕မွ ဆက္ေၾကးေငြမ်ား အတင္းအဓမၼေကာက္ခံခဲ့မွုမ်ား ရွိခဲ့သည္ဟု ဆိုသည္။

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ေတာင္ပိုင္းႏွင့္ နယ္ေျမဆက္စပ္လၽွက္ရွိသည့္ ေရျဖဴၿမိဳ႕နယ္တို႔တြင္ မြန္လူမ်ိဳးအမ်ားစုေနထိုင္သည့္ေက်းရြာမ်ားအနီးတဝိုက္၌ ၂၀၀၀ ခုႏွစ္ေနာက္ပိုင္းမွစတင္၍ မြန္ခြဲထြက္အမည္ခံ ျပန္ေပး-ဓါးျပအဖြဲ႕မ်ားေပၚေပါက္ခဲ့ၿပီး ဆက္ေၾကးေငြေကာက္ခံ လွုပ္ရွားလွ်က္ရွိေနသည္။

ေရးသားသူ: မင္းပိုင္
မြန္သတင္းေအဂ်င္စီ
http://burmese.monnews.org

.................


 တနသာင်္ရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင်ရှိ ပေါက်ပင်ကွင်းကျေးရွာတွင် အလွန်၊ အဆောင်းဦးစီးသည့် လက်နက်ကိုင်အဖွဲ့က ပြန်ပေးဆက်ကြေးငွေများ အတင်းအဓမ္မတောင်းခံခဲ့ရာ ရွာလုံးကျွတ်ပေးဆောင်ခဲ့ရသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၁ရ ရက် နံနက်ပိုင်းအချိန်တွင် ခြံများသို့သွားရောက်စဉ် ပေါက်ပင်ကွင်းရွားသား ၈၀ ဦးခန့်အား ယင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းပြီး ဆက်ကြေးငွေများ တောင်းခံခဲ့သည်ဟု ဖေဖော်ဝါရီ (၁၉) ရက်တွင် မွန်သတင်းအေဂျင်စီသို့ ဒေသခံတစ်ဦးက ဖုန်းဖြင့် ပြောကြားခဲ့သည်။

“ရွာမှာကျန်ခဲ့တဲ့လူတွေကို ငွေလာပေးဖို့ သူတို့အကြောင်းကြားတယ်၊ သွားမပေးလို့ရှိရင် အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ ပုံစံမျိုးနဲ့ပြောလာတော့ အားလုံးသွားပေးရတာပေါ့၊ ရွာမှာ အိမ်ခြေဘယ်လောက်ရှိတယ်၊ လူဦး ရေ ဘယ်လောက်ရှိတယ် ဆိုတာကို စာရင်းနဲ့ သူတို့ပြုစုထားတော့ ဘယ်သူမှမလွတ်ဘူး” ဟု အဆိုပါဒေသ ခံက ပြောသည်။

ပေါက်ပင်ကွင်းကျေးရွာသည် အိမ်ခြေစုစုပေါင်း (၄၃၀) ကျော်ခန့်ရှိပြီး တစ်မိသားစုလျှင် ကျပ်ငွေငါးသောင်းမှ နှစ်သိန်းခွဲအထိ ဆက်ကြေးငွေများ ပေးဆောင်ခဲ့ရသည်ဟု ဒေသခံများက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းဆက်ကြေးငွေတောင်းသော အလွန်၊ အဆောင်း ဦးဆောင်သည့် လက်နက်ကိုင်တပ်ဖွဲ့တွင် အဖွဲ့ဝင်အင်း အား (၂၀) ဦးခန့်ရှိပြီး ပြောင်းတိုပြောင်းရှည်သေနတ်အသစ်စက်စက်များ ကိုင်ဆောင်ထားကြသည်ဟု မျက်မြင် တွေ့ရှိခဲ့သော ဒေသခံများက ပြောသည်။

ပေါက်ပင်ကွင်းကျေးရွာ ဒေသခံတစ်ဦးက “ဒီနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) မနက်မှာပဲ ကျေးရွာဥက္ကဋ္ဌမှ ရွာပြင်သို့ မထွက်ဖို့ စစ်တပ် (ခမရ-၂၈၀) ကနေ အမိန့်ထုတ်ထားတယ်ဆိုပြီး တောပိတ်တဲ့အကြောင်းကို ရွာမှာ လိုက်ပြော နေတယ်” ဟု ပြောပြသည်။

ထိုအပြင် ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း အဆိုပါကျေးရွာတွင် မွန်အမျိုးသားစောင့်ရှောက် ရေးတပ်ဖွဲ့အမည်ဖြင့် မွန်ချမ်းဦးစီးသည့်အဖွဲ့မှ ဆက်ကြေးငွေများ အတင်းအဓမ္မကောက်ခံခဲ့မှုများ ရှိခဲ့သည်ဟု ဆိုသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းနှင့် နယ်မြေဆက်စပ်လျှက်ရှိသည့် ရေဖြူမြို့နယ်တို့တွင် မွန်လူမျိုးအများစုနေထိုင်သည့်ကျေးရွာများအနီးတဝိုက်၌ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှစတင်၍ မွန်ခွဲထွက်အမည်ခံ ပြန်ပေး-ဓါးပြအဖွဲ့များပေါ်ပေါက်ခဲ့ပြီး ဆက်ကြေးငွေကောက်ခံ လှုပ်ရှားလျှက်ရှိနေသည်။

ရေးသားသူ: မင်းပိုင်
မွန်သတင်းအေဂျင်စီ
http://burmese.monnews.org

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)