ေတာ္၀င္စင္တာတြင္ အေရာင္း၀န္ထမ္း အမ်ဳိးသမီးအား ဓားျဖင့္ထုိးကာ ထြက္ေျပး တိမ္းေရွာင္သြားေသာသူ၏ ဓါတ္ပုံအား ရဲတပ္ဖဲြ ့မွ ထုတ္ျပန္


 ဒဂံုၿမိဳ႕နယ္၊ ေတာ္၀င္စင္တာတြင္ အေရာင္း၀န္ထမ္းအမ်ဳိးသမီးအား ဓားျဖင့္ထုိးကာ ထြက္ေျပး တိမ္းေရွာင္သြားေသာ ျပစ္မႈက်ဴးလြန္သူ အမည္မသိအမ်ဳိးသားႏွင့္ပတ္သက္၍ သိရွိပါက သတင္းေပး ကူညီႏုိင္ပါရန္ အသိေပးေဖာ္ျပျခင္း

ရန္ကုန္၊ ေဖေဖာ္၀ါရီ ၂၀

၁၉.၂.၂၀၁၆ ရက္ေန႔ ၁၆၃၀ အခ်ိန္ခန္႔တြင္ ဒဂံုၿမိဳ႕နယ္၊ ျပည္လမ္း အေနာက္ရပ္ကြက္၊ ျပည္လမ္း၊ ေတာ္၀င္စင္တာ ပထမထပ္ရွိ မ်က္မွန္ဆုိင္တြင္ အလုပ္လုပ္ကိုင္ေနေသာ စမ္းေခ်ာင္းၿမိဳ႕နယ္ေန အသက္(၂၀)ႏွစ္ခန္႔ရွိ အမ်ဳိးသမီးထံသုိ႔ ရွာထုိးဦးထုပ္အနက္၊ အက်ႌလက္ရွည္ အျဖဴ၊ နက္ျပာေရာင္ ေဘာင္းဘီရွည္၀တ္ဆင္ထားေသာ Facebook တြင္ ခင္မင္သူ အမည္မသိ၊ အသက္(၂၅)ႏွစ္ခန္႔ရွိ အမ်ဳိးသားတစ္ဦး ေရာက္ရွိလာၿပီး စကားေျပာဆုိ ေနခဲ့ၾကေၾကာင္း သိရသည္။

 ထို႔ေနာက္ အမ်ဳိးသမီးမွာ အဆုိပါ အမည္မသိ အမ်ဳိးသားႏွင့္ ေတာ္၀င္ စင္တာပထမထပ္ရွိ အထည္ဆုိင္တန္းေရွ႕အေရာက္ တစ္ေယာက္တစ္ခြန္း စကားမ်ားၾကၿပီး အမည္မသိ အမ်ဳိးသားမွ အမ်ဳိးသမီးအား လက္သီး
ျဖင့္ထုိးကာ အသင့္ယူေဆာင္ လာေသာ ေခါက္ဓားျဖင့္ထုိးၿပီး ဓားအားပစ္ခ်ကာ ထြက္ေျပးသြားခဲ့ေၾကာင္း၊ ထုိသုိ႔ျဖစ္ပြားခဲ့သျဖင့္ ဓားျဖင့္ထုိးခံရသူ အမ်ဳိးသမီးတြင္ ၀ဲပါးျပတ္ရွ၊ ၀ဲလက္ေမာင္းျပတ္ရွ၊ ၀ဲလက္ဖ်ံစုတ္ျပဲ၊ ၀ဲရင္အံုျပတ္ရွ ဒဏ္ရာမ်ားရရွိခဲ့ၿပီး ရန္ကုန္ေဆးရံုႀကီးတြင္ အတြင္းလူနာ (မစုိးရိမ္ရ)အျဖစ္ ကုသခဲ့ရပါသည္။



ယင္းသုိ႔ျပစ္မႈက်ဴးလြန္ၿပီး ထြက္ေျပးတိမ္းေရွာင္သြားသူ အမ်ဳိးသားအား စံုစမ္းအေရးယူေပးရန္ အဆုိပါ အမ်ဳိးသမီးငယ္၏ အစ္မျဖစ္သူ မျဖဴသီမွ တုိင္တန္းသျဖင့္ ဒဂံုၿမိဳ႕မရဲစခန္း(ပ)၃၇/၂၀၁၆၊ ျပစ္မႈပုဒ္မ-၃၂၆ ျဖင့္
အမႈဖြင့္လွစ္ကာ ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရး စံုစမ္းေဆာင္ရြက္လ်က္ရွိပါသည္။

ျပစ္မႈက်ဴးလြန္သူ အမ်ဳိးသားမွာ ဓါတ္ပံုတြင္ေဖာ္ျပထားသူျဖစ္ၿပီး ၎အား ဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖြဲ႕မွစံုစမ္းေဆာင္ရြက္လ်က္ရွိရာ ျပည္သူမ်ား အေနျဖင့္လည္း ၎အမ်ဳိးသားႏွင့္ ပတ္သက္၍ သတင္း တစ္စံု တစ္ရာ ရရွိပါက ေအာက္ပါ ဖုန္းနံပါတ္မ်ားသုိ႔ ဆက္သြယ္ သတင္းေပးျခင္းျဖင့္ ပူးေပါင္းပါ၀င္ ကူညီေဆာင္ရြက္ႏုိင္ပါရန္ အသိေပးေဖာ္ျပေၾကာင္း ရန္ကုန္တုိင္း ရဲတပ္ဖဲြ ့မွ သတင္းထုတ္ျပန္ ထားပါသည္။

ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴးရံုး - ၀၁ ၂၃၀၀၇၄၇

အေနာက္ပုိင္းခရုိင္ ရဲတပ္ဖြဲ႕မွဴးရံုး - ၀၁ ၃၇၆၁၆၆

ဒဂံုၿမိဳ႕မရဲစခန္း - ၀၁ ၃၇၄၄၂၇

by သစ္ထူးလြင္
.............


 ဒဂုံမြို့နယ်၊ တော်ဝင်စင်တာတွင် အရောင်းဝန်ထမ်းအမျိုးသမီးအား ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်သွားသော ပြစ်မှုကျူးလွန်သူ အမည်မသိအမျိုးသားနှင့်ပတ်သက်၍ သိရှိပါက သတင်းပေး ကူညီနိုင်ပါရန် အသိပေးဖော်ပြခြင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

၁၉.၂.၂၀၁၆ ရက်နေ့ ၁၆၃၀ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ပြည်လမ်း အနောက်ရပ်ကွက်၊ ပြည်လမ်း၊ တော်ဝင်စင်တာ ပထမထပ်ရှိ မျက်မှန်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသော စမ်းချောင်းမြို့နယ်နေ အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသမီးထံသို့ ရှာထိုးဦးထုပ်အနက်၊ အကျႌလက်ရှည် အဖြူ၊ နက်ပြာရောင် ဘောင်းဘီရှည်ဝတ်ဆင်ထားသော Facebook တွင် ခင်မင်သူ အမည်မသိ၊ အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး စကားပြောဆို နေခဲ့ကြကြောင်း သိရသည်။

 ထို့နောက် အမျိုးသမီးမှာ အဆိုပါ အမည်မသိ အမျိုးသားနှင့် တော်ဝင် စင်တာပထမထပ်ရှိ အထည်ဆိုင်တန်းရှေ့အရောက် တစ်ယောက်တစ်ခွန်း စကားများကြပြီး အမည်မသိ အမျိုးသားမှ အမျိုးသမီးအား လက်သီး
ဖြင့်ထိုးကာ အသင့်ယူဆောင် လာသော ခေါက်ဓားဖြင့်ထိုးပြီး ဓားအားပစ်ချကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားခဲ့သဖြင့် ဓားဖြင့်ထိုးခံရသူ အမျိုးသမီးတွင် ၀ဲပါးပြတ်ရှ၊ ၀ဲလက်မောင်းပြတ်ရှ၊ ၀ဲလက်ဖျံစုတ်ပြဲ၊ ၀ဲရင်အုံပြတ်ရှ ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရပါသည်။


ယင်းသို့ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ အမျိုးသားအား စုံစမ်းအရေးယူပေးရန် အဆိုပါ အမျိုးသမီးငယ်၏ အစ်မဖြစ်သူ မဖြူသီမှ တိုင်တန်းသဖြင့် ဒဂုံမြို့မရဲစခန်း(ပ)၃၇/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၂၆ ဖြင့်
အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။

ပြစ်မှုကျူးလွန်သူ အမျိုးသားမှာ ဓါတ်ပုံတွင်ဖော်ပြထားသူဖြစ်ပြီး ၎င်းအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှစုံစမ်းဆောင်ရွက်လျက်ရှိရာ ပြည်သူများ အနေဖြင့်လည်း ၎င်းအမျိုးသားနှင့် ပတ်သက်၍ သတင်း တစ်စုံ တစ်ရာ ရရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် သတင်းပေးခြင်းဖြင့် ပူးပေါင်းပါ၀င် ကူညီဆောင်ရွက်နိုင်ပါရန် အသိပေးဖော်ပြကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ ့မှ သတင်းထုတ်ပြန် ထားပါသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၂၃၀၀၇၄၇

အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၃၇၆၁၆၆

ဒဂုံမြို့မရဲစခန်း - ၀၁ ၃၇၄၄၂၇

by သစ်ထူးလွင်
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)