စစ္ကိုင္းတိုင္း လႊတ္ေတာ္ ေရးရာေကာ္မတီေတြ ဖြဲ႕စည္း

ဒုတိယအႀကိမ္ စစ္ကိုင္းတိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးကို ေဖေဖာ္ဝါရီလ ၈ ရက္ေန႔က စတင္က်င္းပစဥ္။ Photo: Nay Thiha Facebook
ဒီေန႔ က်င္းပတဲ့ စစ္ကိုင္းတိုင္းေဒသႀကီး လႊတ္ေတာ္ ဒုတိယေန႔ အစည္းအေ၀းမွာ လႊတ္ေတာ္ေရးရာေကာ္မတီ ၃ ခုကို ဖြဲ႔စည္းခဲ့ၿပီး လႊတ္ေတာ္အစည္းအေ၀းေတြကို တစ္လေက်ာ္ၾကာ ရပ္နားထားမွာျဖစ္တယ္လို႔ သိရပါတယ္။

စစ္ကိုင္းတုိင္းေဒသႀကီး လႊတ္ေတာ္အစည္းအေ၀း ဒုတိယေန႔မွာ ေကာ္မတီ ၃ခု ဖဲြ႔စည္းတာနဲ႔ လႊတ္ေတာ္ရပ္နားမယ့္ ကိစၥကို ေရႊဘိုၿမိဳ႕နယ္၊ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမိုးေက်ာ္သူ က အခုလိုေျပာပါတယ္။

"ဒီေန႔ လႊတ္ေတာ္မွာ အၿမဲတမ္းေကာ္မတီေပါ့ အေရးပါတဲ့ေကာ္မတီ သံုးရပ္ေပါ့၊ တိုင္းရင္းသား လူမ်ဳိးေရးရာေကာ္ မတီတစ္ခု၊ ဥပေဒၾကမ္းေကာ္မတီတစ္ခု၊ လႊတ္ေတာ္ကိုယ္စားလွယ္ စိစစ္ေရးေကာ္မတီတစ္ခု ဖြဲ႕တယ္၊ ေကာ္ မတီတစ္ခုမွာ ၉ ေယာက္ဖြဲ႕ထားတယ္၊ ဒီေန႔ အဲ့ဒီေကာ္မတီ ဘယ္သူေတြဆိုတဲ့ နာမည္ေတြကို အဆိုျပဳတာေပါ့၊ မနက္ျဖန္က်ရင္ အဲ့ေကာ္မတီဝင္ေတြကို လႊတ္ေတာ္ကေန အတည္ျပဳၿပီးဆိုရင္ က်ေနာ္တို႔နားမွာေပါ့၊ ရက္အတိ အက် ျပန္သတ္မွတ္ဖို႔အတြက္က မေသခ်ာဘူးခင္ဗ်၊ ျပည္ေထာင္စုအဆင့္က သမၼတေရြးခ်ယ္ၿပီးၿပီဆိုမွ အဲ့သမၼတ ကေန တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ကို ခန္႔တဲ့အခါက်ေတာ့ အဲ့ေတာ့မွ က်ေနာ္တို႔က လႊတ္ေတာ္ကေန အတည္ျပဳေပးရတယ္၊ အဲ့ဘက္ကဟာေတြၿပီးမွ ဒီဘက္က ဆက္လုပ္လို႔ရမယ္"

စစ္ကိုင္းတိုင္းလႊတ္ေတာ္မွာ ကိုယ္စားလွယ္ ၁၀၁ ဦးရွိၿပီး အန္အယ္လ္ဒီပါတီက ၇၀ ဦး၊ ၾကံ့ခိုင္ဖြံ႔ၿဖိဳးေရးပါတီက ၄ ဦး၊ ရွမ္းတိုင္းရင္းသားနဲ႔ ခ်င္းတုိင္းရင္းသားေရးရာ ကိုယ္စားလွယ္ ၂ ဦးနဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္ ၂၅ ဦး ပါ၀င္ပါတယ္။

တိုင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္ေတြမွာ ဥပေဒၾကမ္းေကာ္မတီ၊ တုိင္းရင္းသား လူမ်ဳိးေရးရာေကာ္မတီ ၊ ေတာင္သူလယ္သမားေရးရာ ေကာ္မတီစတဲ့ လႊတ္ေတာ္ေရးရာေကာ္မတီ ၉ ခုကို ဖြဲ႔စည္းရမွာျဖစ္ၿပီး တခ်ိဳ႕ တိုင္း/ျပည္နယ္ေတြမွာ ဖြဲ႔စည္းၿပီးျဖစ္ေပမယ့္ တစ္ခ်ိဳ႕တုိင္း/ျပည္နယ္လႊတ္ေတာ္ေတြမွာ စတင္ဖြဲ႔စည္းေနၿပီ ျဖစ္ ပါတယ္။

ကယား၊ ကရင္၊ ခ်င္း၊ မြန္၊ ရခိုင္၊ ရွမ္း၊ တနသာၤရီ၊ မေကြး၊ ရန္ကုန္ စတဲ့ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ၈ ခုမွာေတာ့ လႊတ္ေတာ္ေရးရာေကာ္မတီေတြ စတင္မဖြဲ႔စည္းရေသးဘူးလို႔ သိရပါတယ္။ တခ်ဳိ႕ တုိင္းေဒသႀကီး/ ျပည္နယ္ လႊတ္ေတာ္ အစည္းအေ၀းေတြကို ဒီလကုန္ေလာက္မွာ ျပန္လည္ေခၚယူထားတယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese

.........................................................



ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်နေ့က စတင်ကျင်းပစဉ်။ Photo: Nay Thiha Facebook
ဒီနေ့ ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဒုတိယနေ့ အစည်းအဝေးမှာ လွှတ်တော်ရေးရာကော်မတီ ၃ ခုကို ဖွဲ့စည်းခဲ့ပြီး လွှတ်တော်အစည်းအဝေးတွေကို တစ်လကျော်ကြာ ရပ်နားထားမှာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ဒုတိယနေ့မှာ ကော်မတီ ၃ခု ဖွဲ့စည်းတာနဲ့ လွှတ်တော်ရပ်နားမယ့် ကိစ္စကို ရွှေဘိုမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူ က အခုလိုပြောပါတယ်။

"ဒီနေ့ လွှတ်တော်မှာ အမြဲတမ်းကော်မတီပေါ့ အရေးပါတဲ့ကော်မတီ သုံးရပ်ပေါ့၊ တိုင်းရင်းသား လူမျိုးရေးရာကော် မတီတစ်ခု၊ ဥပဒေကြမ်းကော်မတီတစ်ခု၊ လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီတစ်ခု ဖွဲ့တယ်၊ ကော် မတီတစ်ခုမှာ ၉ ယောက်ဖွဲ့ထားတယ်၊ ဒီနေ့ အဲ့ဒီကော်မတီ ဘယ်သူတွေဆိုတဲ့ နာမည်တွေကို အဆိုပြုတာပေါ့၊ မနက်ဖြန်ကျရင် အဲ့ကော်မတီဝင်တွေကို လွှတ်တော်ကနေ အတည်ပြုပြီးဆိုရင် ကျနော်တို့နားမှာပေါ့၊ ရက်အတိ အကျ ပြန်သတ်မှတ်ဖို့အတွက်က မသေချာဘူးခင်ဗျ၊ ပြည်ထောင်စုအဆင့်က သမ္မတရွေးချယ်ပြီးပြီဆိုမှ အဲ့သမ္မတ ကနေ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ခန့်တဲ့အခါကျတော့ အဲ့တော့မှ ကျနော်တို့က လွှတ်တော်ကနေ အတည်ပြုပေးရတယ်၊ အဲ့ဘက်ကဟာတွေပြီးမှ ဒီဘက်က ဆက်လုပ်လို့ရမယ်"

စစ်ကိုင်းတိုင်းလွှတ်တော်မှာ ကိုယ်စားလှယ် ၁၀၁ ဦးရှိပြီး အန်အယ်လ်ဒီပါတီက ရ၀ ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၄ ဦး၊ ရှမ်းတိုင်းရင်းသားနဲ့ ချင်းတိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ၂ ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ဦး ပါ၀င်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ ဥပဒေကြမ်းကော်မတီ၊ တိုင်းရင်းသား လူမျိုးရေးရာကော်မတီ ၊ တောင်သူလယ်သမားရေးရာ ကော်မတီစတဲ့ လွှတ်တော်ရေးရာကော်မတီ ၉ ခုကို ဖွဲ့စည်းရမှာဖြစ်ပြီး တချို့ တိုင်း/ပြည်နယ်တွေမှာ ဖွဲ့စည်းပြီးဖြစ်ပေမယ့် တစ်ချို့တိုင်း/ပြည်နယ်လွှတ်တော်တွေမှာ စတင်ဖွဲ့စည်းနေပြီ ဖြစ် ပါတယ်။

ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ တနသာင်္ရီ၊ မကွေး၊ ရန်ကုန် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုမှာတော့ လွှတ်တော်ရေးရာကော်မတီတွေ စတင်မဖွဲ့စည်းရသေးဘူးလို့ သိရပါတယ်။ တချို့ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် အစည်းအဝေးတွေကို ဒီလကုန်လောက်မှာ ပြန်လည်ခေါ်ယူထားတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)