ကခ်င္ ဘိန္းခင္းတုိက္ဖ်က္ေရး လႊတ္ေတာ္တင္မည္


ကခ်င္ ဘိန္းခင္းဖ်က္ဆီးေရးအဖြဲ႔၀င္မ်ား ( သတင္းဓါတ္ပံု-Jade Land Kachin Facebook) 
ကခ်င္ျပည္နယ္တြင္း ဘိန္းခင္းဖ်က္ဆီးတိုက္ဖ်က္ေရးမွာ အစိုးရက ျပည္သူနဲ႔အတူ လက္တြဲေဆာင္ရြက္ဖို႔ လႊတ္ေတာ္မွာ အဆို တင္သြင္းဖို႔ရွိတယ္လို႔ ကခ်င္ႏုိင္ငံေရးပါတီတခုက ဥကၠ႒က ေျပာဆိုလိုက္ပါတယ္။ ဘိန္းခင္းဖ်က္ဖို႔သြားတဲ့ ေထာင္နဲ႔ခ်ီတဲ့လူေတြ ခ်ီေဖြလမ္းခြဲမွာ သီတင္းတပတ္နီးပါး ၾကာေအာင္ ပိတ္ဆို႔တားဆီးခံထားရခ်ိန္မွာပဲ အခုလိုေျပာလိုက္တာပါ။ ဒီကေန႔မွာေတာ့ Pat Jasan ဘိန္းခင္းဖ်က္ဆီးေရး ကခ်င္လူထုအဖြဲ႔နဲ႔ ကခ်င္ျပည္နယ္တြင္း ၿမိဳ႕အသီးသီးက ကခ်င္လူထု ေထာင္ခ်ီ ပူးေပါင္းပါဝင္ၿပီး အဲဒီတားဆီးခံထားရတဲ့ေနရာမွာ ဝတ္ျပဳဆုေတာင္းပြဲ လုပ္ၾကပါတယ္။ ဘိန္းခင္းဖ်က္ဆီးေရး ကခ်င္လူထုရဲ႕ ႀကိဳးပမ္းမႈ အဟန္႔အတားျဖစ္ေနရတဲ့ ေနာက္ဆံုး အေျခအေနကိုကေတာ့ မဆုမြန္က စုစည္းတင္ျပေပးထားပါတယ္။

မူးယစ္အႏၱရာယ္ႀကီးမားေနတဲ့ ကခ်င္ျပည္နယ္တြင္း ဘိန္းဖ်က္လုပ္ငန္းေတြကို ေဒသခံျပည္သူလူထုက ဦးေဆာင္ၿပီး ေဆာင္ရြက္ေနတာကို အစိုးရနဲ႔သက္ဆုိင္ရာတာဝန္ရွိသူေတြကပါ ျပည္သူလူထုနဲ႔အတူ လက္တြဲပူးေပါင္းပါဝင္ၾကဖို႔ အဆိုကို လႊတ္ေတာ္ထဲမွာ ေရွ႕သီတင္းပတ္ထဲ တင္သြင္းႏုိင္ေျခရွိတယ္လို႔ ကခ်င္ႏိုင္ငံေရးပါတီ ျဖစ္တဲ့ ကခ်င္ျပည္နယ္ စည္းလံုးညီညြတ္ေရးနဲ႔ ဒီမိုကေရစီပါတီ ဥကၠ႒ ဦးခက္ထိန္နန္ကေျပာပါတယ္။

“လႊတ္ေတာ္အသစ္မွာလည္းပဲ အခု မနက္ျဖန္၊ တပတ္ခါေလာက္မွာတင္မယ့္အေနအထား ၾကားသိရတယ္။ ေဆာင္ရြက္တဲ့ေနရာမွာျပည္သူလူထုနဲ႔ အစိုးရ နဲ႔ လက္တြဲၿပီးေဆာင္ရြက္သင့္တယ္။ အားလံုးရဲ႕ အႏၱရာယ္ျဖစ္ေနတဲ့အတြက္ေၾကာင့္ဆိုတဲ့ဟာမ်ိဳးကို အဆိုတင္မယ္ဆိုတဲ့ဟာမ်ိဳးကို ၾကားသိရတယ္။

အထူးသျဖင့္ က်ေနာ္တို႔ျပည္နယ္ဘက္မွာ ခံစားေနရတဲ့ မူးယစ္ေဆး၀ါး အႏၱရာယ္ေပါ့ေလ။ အဲဒါနဲ႔ ပတ္သက္တာကို အစိုးရအေနနဲ႔ တက္ႏိုင္သမွ် ႀကိဳးစားေနေပမယ့္လို႔လဲ၊ တဖက္က ေရာင္းတာ၊၀ယ္တာ၊သံုးစြဲတာ ပိုပိုမ်ားလာတဲ့အတြက္ေၾကာင့္ ျပည္သူလူထုေတြလည္း ကိုယ္တိုင္ပါ၀င္ၿပီးေတာ့ ဒါ မႈးယစ္ေဆး၀ါးဆန္႔က်င္တိုက္ဖ်က္ေရးကို ေဆာင္ရြက္သင့္တယ္။ အစိုးရနဲ႔ လက္တြဲၿပီးေတာ့ မူးယစ္ေဆး၀ါး ဆန္႔က်င္တိုက္ဖ်က္ေရးကို ေဆာင္ရြက္သင့္တယ္ ဆိုတဲ့ အဆိုကို တင္ၿပီးေတာ့ လႊတ္ေတာ္ကေတာ့ အတည္ျပဳၿပီးျဖစ္ပါတယ္။ ျပည္သူလူထုလည္း ပါ၀င္ၿပီးေတာ့ တိုက္ဖ်က္ဖို႔ဆိုတဲ့ ဥစၥာ၊ က်ေနာ္တို႔လႊတ္ေတာ္ပိုင္းမွာ ပါ၀င္ခဲ့တဲ့ဟာေပါ့။

ထိုနည္းတူစြာ ျပည္သူ႔လႊတ္ေတာ္ဘက္ကလည္း အဲလိုအဆိုတင္သြင္းၿပီးေတာ့ အတည္ျပဳထားတဲ့အခ်က္ေတြလည္းရွိခဲ့တယ္။ ဆိုေတာ့ လႊတ္ေတာ္ပိုင္းကလည္း တက္ႏိုင္သမွ် ေတာ့ ေဆာင္ရြက္ခဲ့တာေပါ့ေလ။”

ကခ်င္ျပည္နယ္တြင္း ဘိန္းခင္းအမ်ားဆံုးစိုက္ပ်ိဳးရာ ေဒသေတြျဖစ္တဲ့ ကဒံုးနဲ႔ ကန္ပိုင္တီေဒသေတြဆီကို သြားေနၾကတဲ့ Pat Jasan လို႔ေခၚတဲ့ ကခ်င္လူထု ဘိန္းခင္းဖ်က္ဆီးေရးအဖြဲ႔ကို ဘိန္းခင္းပုိင္ရွင္ေတြနဲ႔ ထိပ္တိုက္ရင္ဆုိင္မႈ ျဖစ္မွာစိုးတဲ့ လံုျခံဳေရးအေၾကာင္းျပခ်က္နဲ႔ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁၆ရက္ေန႔ကစလို႔စစ္တပ္နဲ႔ နယ္ေျမရဲလံုျခံဳေရးေတြဘက္က ပိတ္ၿပီး တားဆီးခဲ့တဲ့အတြက္ ေရာက္ရာေနရာျဖစ္တဲ့ ခ်ီေဖြ-ဆဒံုးလမ္းခြဲ လမ္းမႀကီးေပၚမွာ ေခတၱ ရပ္ဆိုင္းလိုက္ရၿပီးတဲ့ေနာက္ ဘိန္းဖ်က္အဖြဲ႔ေတြဟာ လမ္းမေတြေပၚမွာပဲ ရြက္ဖ်င္တဲေတြ ထိုးၿပီး ျဖစ္သလိုေနေနၾကဆဲျဖစ္ပါတယ္။

သီတင္းတပတ္ၾကာ ပိတ္ဆို႔ခံထားရလို႔ အခက္အခဲေတြ မ်ားစြာနဲ႔ ႀကံဳေနရတဲ့ Pat Jasan မူးယစ္တုိက္ဖ်က္ေရးအဖြဲ႔အေနနဲ႔ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔အထိ ေစာင့္ဆိုင္းေနခဲ့ၿပီး ဒီကေန႔မွာေတာ့ တပ္မေတာ္နဲ႔ ရဲဘက္က သက္ဆိုင္ရာလံုျခံဳေရးတာဝန္ရွိသူေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့ခ်ိန္ မွာေတာ့ ကခ်င္အဖြဲ႔ေတြဘက္က လုိက္ပါသြားတဲ့ လူငယ္ေတြ သတင္းမွတ္တမ္းရယူမႈနဲ႔ ပတ္သက္ၿပီး ႏွစ္ဘက္ အေျခအတင္ျဖစ္ခဲ့တယ္လိ ု႔ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႔ခ်ဳပ္က ကိုထြယ္ေအာင္က ေျပာျပပါတယ္။

“သူတို႔ဆီက လူႀကီးေတြကို က်ေနာ္တို႔ Pat Jasan အဖြဲ႔ဘက္က လူႀကီးေတြက အစည္းအေ၀းလုပ္ဖို႔ေခၚတဲ့အခ်ိန္မွာ သူတို႔ မလာဘူး ။ အဲဒါနဲ႔ က်ေနာ္တို႔ဆီက လူႀကီး ၆ ေယာက္ေလာက္က သူတို႔ဆီကို အစည္းအေ၀း သြားလုပ္မယ္ဆိုေတာ့ ဓါတ္ပံုယူဖို႔ မီဒီယာသမားလို႔ေျပာလို႔ရမွာေပါ့ Camera ကိုင္တဲ့လူ က်ေနာ္တို႔ဆီက ဓါတ္ပံုဆရာ ၄၊ ၅ ေယာက္ကို ေခၚသြားတယ္။ ေခၚသြားေတာ့ သူတို႔က တဲအထဲမွာ အစည္းအေ၀း လုပ္ေနတယ္။ က်ေနာ္တို႔ အဲဒီမွာ ရိုက္ၿပီးေတာ့ အျပင္မွာ ျပန္သြားရိုက္မယ္ေလ ဆိုၿပီးမွ အျပင္ထြက္ၿပီး ဆရာတေယာက္နဲ႔ စကားေျပာရင္းနဲ႔ ဓါတ္ပံုရိုက္ေနတဲ့အခ်ိန္မွာ စစ္သား ၂ ပြင့္ ဗိုလ္ကလာၿပီးေတာ့ ဓါတ္ပံုမရိုက္ရဘူး၊ ဘာညာေျပာၿပီးေတာ့ က်ေနာ့္ camera ကို လုတယ္ အဲလိုမ်ိဳးျဖစ္သြားတယ္။ အဲဒီအခ်ိန္မွာ ထိုးၾကတာေပါ့။ အဲ့ခါက်ေတာ့ ေသနတ္ေမာင္းခ်ိန္တာတို႔ရွိတာေပါ့၊ က်ေနာ္တို႔အဖြဲ႕ကို ၀ိုင္းလိုက္တာတို႔ ရွိတာေပါ့ ၊ ကုန္းေပၚက ဟာေတြေရာ အကုန္လံုး။”

ဒီကေန႔ တနဂၤေႏြေန႔မွာေတာ့ ကခ်င္ျပည္နယ္တြင္းက ျမစ္ႀကီးနား၊ ဗန္းေမာ္၊ ဝိုင္းေမာ္ အစရွိတဲ့ ၿမိဳ႕အသီးသီးက ကခ်င္ဘာသာေရး အဖြဲ႔အစည္းေပါင္းစံုနဲ႔ ကခ်င္ရပ္မိရပ္ဖေတြ၊ ကခ်င္ျပည္သူလူထုနဲ႔ ကခ်င္လူငယ္ေတြ ဆိုင္ကယ္ေတြ ကားေတြနဲ႔ ေထာင္ခ်ီေရာက္ရွိလာၾကၿပီး ဘိန္းခင္း သြားဖ်က္မယ့္ Pat Jasan လို႔ေခၚတဲ့ ကခ်င္လူထု ဘိန္းခင္းဖ်က္ဆီးေရးအဖြဲ႔နဲ႔ ပူးေပါင္းၿပီး ရည္ရြယ္ခ်က္ အတုိင္း ေအာင္ျမင္ေအာင္ ေဘးကင္းလံုျခံဳစြာ ေဆာင္ရြက္ႏိုင္ေရး စုေပါင္း ဆုေတာင္းဝတ္ျပဳပြဲတခု က်င္းပခဲ့ပါတယ္။

ေၾကြးေၾကာ္သံမ်ား -(ဘိန္းခင္းစိုက္သူ ဒို႔ရန္သူ၊ ဘိန္းခင္း ကာကြယ္သူ ဒို႔ရန္သူ၊ ဘိန္းခင္းစိုက္ပ်ိဳးေရး အားေပးသူဒို႔ရန္သူ၊ မူးယစ္ေဆး၀ါး ထုတ္လုပ္သူ ဒို႔ရန္သူ ဘိန္းစိုက္ပ်ိဳးသူ ကာကြယ္သူ ဒို႔ရန္သူ)

ကခ်င္မိသားစုတုိင္းမွာ မူးယစ္ေဆးဝါးသံုးစြဲသူေတြ ရွိလာေနလို႔ အနာဂတ္ ကခ်င္လူငယ္မ်ိဳးဆက္ ေတြအတြက္ အရမ္းကို အႏၱရာယ္မ်ားလာေနၿပီ ျဖစ္တဲ့အတြက္ မူးယစ္တုိက္ဖ်က္ေရးမွာ ကခ်င္လူငယ္ေတြပါ ပူးေပါင္းပါဝင္ၿပီး လုပ္ေဆာင္ေနၾကတာျဖစ္တယ္လို႔ ဒီကေန႔ ျပဳလုပ္တဲ့ ဝတ္ျပဳဆုေတာင္းပြဲမွာ ပူးေပါင္းပါဝင္ခဲ့တဲ့ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႔ခ်ဳပ္က ကိုထြယ္ေအာင္က ေျပာပါတယ္။

“က်ေနာ္တို႔ ကခ်င္လူငယ္ေတာ္ေတာ္မ်ားမ်ား ၈၀ ရာခိုင္ႏွဳန္းေလာက္က ဘိန္းစားေတြႀကီးဘဲ။ ဘိန္းစိုက္တဲ့လူေတြက က်ေနာ္တို႔ကခ်င္ေတြ မဟုတ္ဘူး။ တရုတ္သူေဌးေတြ လာစိုက္တယ္။ အဲဒီမွာမွ ကခ်င္လူငယ္ေတြက ပိုက္ဆံရွာတာေပါ့ အဲေလာက္ အဆင့္ပဲရွိတယ္။ က်ေနာ္တို႔ ကခ်င္ေတြက စိုက္တာေတာ့ မရွိဘူးေပါ့ ။ အဲလိုဆိုေတာ့ ဘိန္းစားက မ်ားတယ္ဆိုေတာ့ ဒီဟာကို တိုက္ဖ်က္ရမယ္ဆိုတဲ့ စိတ္ေတာ့ရွိတယ္။ အခု ဒီဟာကို ပါ၀င္ တက္ၾကြလွဳပ္ရွားသူေတြထဲမွာ ကခ်င္လူငယ္ေတြ အမ်ားႀကီးပါ၀င္တယ္။”

ကခ်င္ျပည္နယ္တြင္း လူငယ္ေတြနဲ႔ျပည္သူေတြၾကား အထူးစိုးရိမ္စရာအေနအထားကို ေရာက္ေနတဲ့ မူးယစ္ေဆးဝါးအႏၱရာယ္ တုိက္ဖ်က္ေရး အတြက္ ဘာသာေရးအဖြဲ႔ေတြက ဦးေဆာင္တဲ့ ေဒသခံလူထုအင္အား ေထာင္ခ်ီ ပါဝင္တဲ့ ကခ်င္လူထု ဘိန္းခင္းဖ်က္ဆီးေရးအဖြဲ႔ ဘိန္းခင္းေတြကို ဘိန္းျခစ္ ရာသီအမီ သြားေရာက္ ဖ်က္ဆီးၾကဖို႔အေရးႀကိဳးစားေနၾကတာျဖစ္တယ္လို႔လည္း ဦးခက္ထိန္နန္ကေျပာပါတယ္။

“ မိသားစုေသာ္လည္းေကာင္း၊ ညီအစ္ကိုေသာ္လည္းေကာင္း အကုန္လံုးက မူးယစ္ေဆးဝါးရဲ႕သားေကာင္ေတြျဖစ္ကုန္ေတာ့ မိသားစုတုိုင္းက မခံစားႏုိင္ေတာ့လြန္းလို႔ ဒါကို သူတို႔ တိုက္ဖ်က္လာတာ။ ဧကသံုးေထာင္ေက်ာ္ေလာက္ေတာ့ ဖ်က္ဆီးႏုိင္ခဲ့ၿပီ။ ပန္ဝါေဒသဘက္မွာက ဧက တစ္ေသာင္းေက်ာ္ေလာက္ က်န္ေသးတယ္။ အခုက ဘိန္းျခစ္တဲ့ရာသီေရာက္လာၿပီ တခ်ိဳ႕ကလည္း စျခစ္ေနၿပီဆိုေတာ့ အခ်ိန္မွီဖ်က္ဆီးႏုိင္မွ ထိေရာက္မွာျဖစ္တဲ့အတြက္ မရမက သြားၿပီး ဖ်က္ဆီးႏုိင္မွ မျဖစ္မေနဆိုတဲ့ အေနအထားအရ သူတို႔လည္း ႀကိဳးစားေနတဲ့ အေနအထား ေတြ႔ရတယ္။”

မူးယစ္ေဆးဝါး ထုတ္လုပ္ေရးနဲ႔ ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈေတြကို က်ယ္က်ယ္ျပန္႔ျပန္႔လုပ္ေဆာင္ေနတဲ့ ကခ်င္ျပည္နယ္တြင္း မူးယစ္ေဆးဝါးျပႆနာက ကခ်င္ျပည္သူလူထုနဲ႔ လူငယ္ေတြၾကားမွာ အေတာ္ေလးကို အႏၱရာယ္ႀကီးမားေနတာျဖစ္ပါတယ္။ လူငယ္ေတြရဲ႕ အနာဂတ္နဲ႔ ပတ္ဝန္းက်င္ လူမႈစီးပြားေတြအတြက္ အထူးစိုးရိမ္စရာအေနအထားျဖစ္လာေနတဲ့အတြက္ ကခ်င္ျပည္နယ္တြင္း ၿမိဳ႕နယ္ေပါင္းစံု၊ သာသနာေရးက ခရစ္ယာန္ အသင္းေတာ္ဂိုဏ္းေပါင္းစံုနဲ႔ လူမႈအဖြဲ႔အစည္းေတြ ေဒသခံ ျပည္သူလူထုေတြ ပူးေပါင္းပါဝင္တဲ့ လူအင္အား ေထာင္ခ်ီ ပါဝင္တဲ့ ကခ်င္လူထု ဘိန္းခင္းတိုက္ဖ်က္ေရးအဖြဲ႔ႀကီးက ဦးေဆာင္ၿပီး ကခ်င္ျပည္နယ္တြင္း ဘိန္းခင္းဧက အမ်ားဆံုး စိုက္ပ်ိဳးထားတဲ့ ေဒသေတြက ဘိန္းခင္းေတြကို သြားဖ်က္ဖို႔ႀကိဳးစားေနတာလည္းျဖစ္ပါတယ္။

မဆုမြန္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
........
 ကချင် ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ဝင်များ ( သတင်းဓါတ်ပုံ-Jade Land Kachin Facebook)
ကချင်ပြည်နယ်တွင်း ဘိန်းခင်းဖျက်ဆီးတိုက်ဖျက်ရေးမှာ အစိုးရက ပြည်သူနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ လွှတ်တော်မှာ အဆို တင်သွင်းဖို့ရှိတယ်လို့ ကချင်နိုင်ငံရေးပါတီတခုက ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ ဘိန်းခင်းဖျက်ဖို့သွားတဲ့ ထောင်နဲ့ချီတဲ့လူတွေ ချီဖွေလမ်းခွဲမှာ သီတင်းတပတ်နီးပါး ကြာအောင် ပိတ်ဆို့တားဆီးခံထားရချိန်မှာပဲ အခုလိုပြောလိုက်တာပါ။ ဒီကနေ့မှာတော့ Pat Jasan ဘိန်းခင်းဖျက်ဆီးရေး ကချင်လူထုအဖွဲ့နဲ့ ကချင်ပြည်နယ်တွင်း မြို့အသီးသီးက ကချင်လူထု ထောင်ချီ ပူးပေါင်းပါဝင်ပြီး အဲဒီတားဆီးခံထားရတဲ့နေရာမှာ ဝတ်ပြုဆုတောင်းပွဲ လုပ်ကြပါတယ်။ ဘိန်းခင်းဖျက်ဆီးရေး ကချင်လူထုရဲ့ ကြိုးပမ်းမှု အဟန့်အတားဖြစ်နေရတဲ့ နောက်ဆုံး အခြေအနေကိုကတော့ မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

မူးယစ်အန္တရာယ်ကြီးမားနေတဲ့ ကချင်ပြည်နယ်တွင်း ဘိန်းဖျက်လုပ်ငန်းတွေကို ဒေသခံပြည်သူလူထုက ဦးဆောင်ပြီး ဆောင်ရွက်နေတာကို အစိုးရနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကပါ ပြည်သူလူထုနဲ့အတူ လက်တွဲပူးပေါင်းပါဝင်ကြဖို့ အဆိုကို လွှတ်တော်ထဲမှာ ရှေ့သီတင်းပတ်ထဲ တင်သွင်းနိုင်ခြေရှိတယ်လို့ ကချင်နိုင်ငံရေးပါတီ ဖြစ်တဲ့ ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်ကပြောပါတယ်။

“လွှတ်တော်အသစ်မှာလည်းပဲ အခု မနက်ဖြန်၊ တပတ်ခါလောက်မှာတင်မယ့်အနေအထား ကြားသိရတယ်။ ဆောင်ရွက်တဲ့နေရာမှာပြည်သူလူထုနဲ့ အစိုးရ နဲ့ လက်တွဲပြီးဆောင်ရွက်သင့်တယ်။ အားလုံးရဲ့ အန္တရာယ်ဖြစ်နေတဲ့အတွက်ကြောင့်ဆိုတဲ့ဟာမျိုးကို အဆိုတင်မယ်ဆိုတဲ့ဟာမျိုးကို ကြားသိရတယ်။

အထူးသဖြင့် ကျနော်တို့ပြည်နယ်ဘက်မှာ ခံစားနေရတဲ့ မူးယစ်ဆေးဝါး အန္တရာယ်ပေါ့လေ။ အဲဒါနဲ့ ပတ်သက်တာကို အစိုးရအနေနဲ့ တက်နိုင်သမျှ ကြိုးစားနေပေမယ့်လို့လဲ၊ တဖက်က ရောင်းတာ၊၀ယ်တာ၊သုံးစွဲတာ ပိုပိုများလာတဲ့အတွက်ကြောင့် ပြည်သူလူထုတွေလည်း ကိုယ်တိုင်ပါ၀င်ပြီးတော့ ဒါ မှုးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးကို ဆောင်ရွက်သင့်တယ်။ အစိုးရနဲ့ လက်တွဲပြီးတော့ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးကို ဆောင်ရွက်သင့်တယ် ဆိုတဲ့ အဆိုကို တင်ပြီးတော့ လွှတ်တော်ကတော့ အတည်ပြုပြီးဖြစ်ပါတယ်။ ပြည်သူလူထုလည်း ပါ၀င်ပြီးတော့ တိုက်ဖျက်ဖို့ဆိုတဲ့ ဥစ္စာ၊ ကျနော်တို့လွှတ်တော်ပိုင်းမှာ ပါ၀င်ခဲ့တဲ့ဟာပေါ့။

ထိုနည်းတူစွာ ပြည်သူ့လွှတ်တော်ဘက်ကလည်း အဲလိုအဆိုတင်သွင်းပြီးတော့ အတည်ပြုထားတဲ့အချက်တွေလည်းရှိခဲ့တယ်။ ဆိုတော့ လွှတ်တော်ပိုင်းကလည်း တက်နိုင်သမျှ တော့ ဆောင်ရွက်ခဲ့တာပေါ့လေ။”

ကချင်ပြည်နယ်တွင်း ဘိန်းခင်းအများဆုံးစိုက်ပျိုးရာ ဒေသတွေဖြစ်တဲ့ ကဒုံးနဲ့ ကန်ပိုင်တီဒေသတွေဆီကို သွားနေကြတဲ့ Pat Jasan လို့ခေါ်တဲ့ ကချင်လူထု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ကို ဘိန်းခင်းပိုင်ရှင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်မှာစိုးတဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ရက်နေ့ကစလို့စစ်တပ်နဲ့ နယ်မြေရဲလုံခြံုရေးတွေဘက်က ပိတ်ပြီး တားဆီးခဲ့တဲ့အတွက် ရောက်ရာနေရာဖြစ်တဲ့ ချီဖွေ-ဆဒုံးလမ်းခွဲ လမ်းမကြီးပေါ်မှာ ခေတ္တ ရပ်ဆိုင်းလိုက်ရပြီးတဲ့နောက် ဘိန်းဖျက်အဖွဲ့တွေဟာ လမ်းမတွေပေါ်မှာပဲ ရွက်ဖျင်တဲတွေ ထိုးပြီး ဖြစ်သလိုနေနေကြဆဲဖြစ်ပါတယ်။

သီတင်းတပတ်ကြာ ပိတ်ဆို့ခံထားရလို့ အခက်အခဲတွေ များစွာနဲ့ ကြံုနေရတဲ့ Pat Jasan မူးယစ်တိုက်ဖျက်ရေးအဖွဲ့အနေနဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ စောင့်ဆိုင်းနေခဲ့ပြီး ဒီကနေ့မှာတော့ တပ်မတော်နဲ့ ရဲဘက်က သက်ဆိုင်ရာလုံခြံုရေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ချိန် မှာတော့ ကချင်အဖွဲ့တွေဘက်က လိုက်ပါသွားတဲ့ လူငယ်တွေ သတင်းမှတ်တမ်းရယူမှုနဲ့ ပတ်သက်ပြီး နှစ်ဘက် အခြေအတင်ဖြစ်ခဲ့တယ်လိ ု့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ကိုထွယ်အောင်က ပြောပြပါတယ်။

“သူတို့ဆီက လူကြီးတွေကို ကျနော်တို့ Pat Jasan အဖွဲ့ဘက်က လူကြီးတွေက အစည်းအဝေးလုပ်ဖို့ခေါ်တဲ့အချိန်မှာ သူတို့ မလာဘူး ။ အဲဒါနဲ့ ကျနော်တို့ဆီက လူကြီး ၆ ယောက်လောက်က သူတို့ဆီကို အစည်းအဝေး သွားလုပ်မယ်ဆိုတော့ ဓါတ်ပုံယူဖို့ မီဒီယာသမားလို့ပြောလို့ရမှာပေါ့ Camera ကိုင်တဲ့လူ ကျနော်တို့ဆီက ဓါတ်ပုံဆရာ ၄၊ ၅ ယောက်ကို ခေါ်သွားတယ်။ ခေါ်သွားတော့ သူတို့က တဲအထဲမှာ အစည်းအဝေး လုပ်နေတယ်။ ကျနော်တို့ အဲဒီမှာ ရိုက်ပြီးတော့ အပြင်မှာ ပြန်သွားရိုက်မယ်လေ ဆိုပြီးမှ အပြင်ထွက်ပြီး ဆရာတယောက်နဲ့ စကားပြောရင်းနဲ့ ဓါတ်ပုံရိုက်နေတဲ့အချိန်မှာ စစ်သား ၂ ပွင့် ဗိုလ်ကလာပြီးတော့ ဓါတ်ပုံမရိုက်ရဘူး၊ ဘာညာပြောပြီးတော့ ကျနော့် camera ကို လုတယ် အဲလိုမျိုးဖြစ်သွားတယ်။ အဲဒီအချိန်မှာ ထိုးကြတာပေါ့။ အဲ့ခါကျတော့ သေနတ်မောင်းချိန်တာတို့ရှိတာပေါ့၊ ကျနော်တို့အဖွဲ့ကို ၀ိုင်းလိုက်တာတို့ ရှိတာပေါ့ ၊ ကုန်းပေါ်က ဟာတွေရော အကုန်လုံး။”

ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ကချင်ပြည်နယ်တွင်းက မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော် အစရှိတဲ့ မြို့အသီးသီးက ကချင်ဘာသာရေး အဖွဲ့အစည်းပေါင်းစုံနဲ့ ကချင်ရပ်မိရပ်ဖတွေ၊ ကချင်ပြည်သူလူထုနဲ့ ကချင်လူငယ်တွေ ဆိုင်ကယ်တွေ ကားတွေနဲ့ ထောင်ချီရောက်ရှိလာကြပြီး ဘိန်းခင်း သွားဖျက်မယ့် Pat Jasan လို့ခေါ်တဲ့ ကချင်လူထု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ရည်ရွယ်ချက် အတိုင်း အောင်မြင်အောင် ဘေးကင်းလုံခြံုစွာ ဆောင်ရွက်နိုင်ရေး စုပေါင်း ဆုတောင်းဝတ်ပြုပွဲတခု ကျင်းပခဲ့ပါတယ်။

ကြွေးကြော်သံများ -(ဘိန်းခင်းစိုက်သူ ဒို့ရန်သူ၊ ဘိန်းခင်း ကာကွယ်သူ ဒို့ရန်သူ၊ ဘိန်းခင်းစိုက်ပျိုးရေး အားပေးသူဒို့ရန်သူ၊ မူးယစ်ဆေးဝါး ထုတ်လုပ်သူ ဒို့ရန်သူ ဘိန်းစိုက်ပျိုးသူ ကာကွယ်သူ ဒို့ရန်သူ)

ကချင်မိသားစုတိုင်းမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ရှိလာနေလို့ အနာဂတ် ကချင်လူငယ်မျိုးဆက် တွေအတွက် အရမ်းကို အန္တရာယ်များလာနေပြီ ဖြစ်တဲ့အတွက် မူးယစ်တိုက်ဖျက်ရေးမှာ ကချင်လူငယ်တွေပါ ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်နေကြတာဖြစ်တယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ကိုထွယ်အောင်က ပြောပါတယ်။

“ကျနော်တို့ ကချင်လူငယ်တော်တော်များများ ၈၀ ရာခိုင်နှုန်းလောက်က ဘိန်းစားတွေကြီးဘဲ။ ဘိန်းစိုက်တဲ့လူတွေက ကျနော်တို့ကချင်တွေ မဟုတ်ဘူး။ တရုတ်သူဌေးတွေ လာစိုက်တယ်။ အဲဒီမှာမှ ကချင်လူငယ်တွေက ပိုက်ဆံရှာတာပေါ့ အဲလောက် အဆင့်ပဲရှိတယ်။ ကျနော်တို့ ကချင်တွေက စိုက်တာတော့ မရှိဘူးပေါ့ ။ အဲလိုဆိုတော့ ဘိန်းစားက များတယ်ဆိုတော့ ဒီဟာကို တိုက်ဖျက်ရမယ်ဆိုတဲ့ စိတ်တော့ရှိတယ်။ အခု ဒီဟာကို ပါ၀င် တက်ကြွလှုပ်ရှားသူတွေထဲမှာ ကချင်လူငယ်တွေ အများကြီးပါ၀င်တယ်။”

ကချင်ပြည်နယ်တွင်း လူငယ်တွေနဲ့ပြည်သူတွေကြား အထူးစိုးရိမ်စရာအနေအထားကို ရောက်နေတဲ့ မူးယစ်ဆေးဝါးအန္တရာယ် တိုက်ဖျက်ရေး အတွက် ဘာသာရေးအဖွဲ့တွေက ဦးဆောင်တဲ့ ဒေသခံလူထုအင်အား ထောင်ချီ ပါဝင်တဲ့ ကချင်လူထု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ ဘိန်းခင်းတွေကို ဘိန်းခြစ် ရာသီအမီ သွားရောက် ဖျက်ဆီးကြဖို့အရေးကြိုးစားနေကြတာဖြစ်တယ်လို့လည်း ဦးခက်ထိန်နန်ကပြောပါတယ်။

“ မိသားစုသော်လည်းကောင်း၊ ညီအစ်ကိုသော်လည်းကောင်း အကုန်လုံးက မူးယစ်ဆေးဝါးရဲ့သားကောင်တွေဖြစ်ကုန်တော့ မိသားစုတိုုင်းက မခံစားနိုင်တော့လွန်းလို့ ဒါကို သူတို့ တိုက်ဖျက်လာတာ။ ဧကသုံးထောင်ကျော်လောက်တော့ ဖျက်ဆီးနိုင်ခဲ့ပြီ။ ပန်ဝါဒေသဘက်မှာက ဧက တစ်သောင်းကျော်လောက် ကျန်သေးတယ်။ အခုက ဘိန်းခြစ်တဲ့ရာသီရောက်လာပြီ တချို့ကလည်း စခြစ်နေပြီဆိုတော့ အချိန်မှီဖျက်ဆီးနိုင်မှ ထိရောက်မှာဖြစ်တဲ့အတွက် မရမက သွားပြီး ဖျက်ဆီးနိုင်မှ မဖြစ်မနေဆိုတဲ့ အနေအထားအရ သူတို့လည်း ကြိုးစားနေတဲ့ အနေအထား တွေ့ရတယ်။”

မူးယစ်ဆေးဝါး ထုတ်လုပ်ရေးနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတဲ့ ကချင်ပြည်နယ်တွင်း မူးယစ်ဆေးဝါးပြဿနာက ကချင်ပြည်သူလူထုနဲ့ လူငယ်တွေကြားမှာ အတော်လေးကို အန္တရာယ်ကြီးမားနေတာဖြစ်ပါတယ်။ လူငယ်တွေရဲ့ အနာဂတ်နဲ့ ပတ်ဝန်းကျင် လူမှုစီးပွားတွေအတွက် အထူးစိုးရိမ်စရာအနေအထားဖြစ်လာနေတဲ့အတွက် ကချင်ပြည်နယ်တွင်း မြို့နယ်ပေါင်းစုံ၊ သာသနာရေးက ခရစ်ယာန် အသင်းတော်ဂိုဏ်းပေါင်းစုံနဲ့ လူမှုအဖွဲ့အစည်းတွေ ဒေသခံ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်တဲ့ လူအင်အား ထောင်ချီ ပါဝင်တဲ့ ကချင်လူထု ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ကြီးက ဦးဆောင်ပြီး ကချင်ပြည်နယ်တွင်း ဘိန်းခင်းဧက အများဆုံး စိုက်ပျိုးထားတဲ့ ဒေသတွေက ဘိန်းခင်းတွေကို သွားဖျက်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)