Latest News

Saturday, February 13, 2016

တစ်ပူးသို့

၂၀၀၈ ဖေ့ဘွတ်သုံးချိန်က စပြီး နိုင်ငံသားတစ်ယောက်အနေနဲ့ စစ်အစိုးရရဲ့ အုပ်ချုပ်မှုတွေထဲက ကိုယ်မကြိုက်တဲ့ အရာတွေကို စိုက်လိုက်မတ်တပ် ဝေဖန်လာခဲ့တယ်။

ဘာခြိမ်းခြောက်မှု၊ ဘာတရားစွဲမှုမှ မခံရဖူးဘူး။ အကောင့်ကို report ထုတာတောင် မခံဖူးဘူး။ သတင်းမှားတွေ၊ လုပ်ကြံပြင်ဆင်ထားတဲ့ photoshop တွေကို အဆဲပို့စ်တွေကို လုံးဝမတင်တာလည်း ပါမှာပေါ့။

အခု တစ်ပူးကို ဝေဖန်တဲ့ ပို့စ် လေးငါးခုပဲ ရေးရသေးတယ်။ တရားစွဲထားသတဲ့။

ကဲ! အခု အဲဒီ တရားစွဲတဲ့ တစ်ပူးနဲ့ အစွဲခံ ကျွန်တော့်ရဲ့ ပတ်သက်ပုံလေးတွေကို ပြန်ကြည့်ရအောင်။

ပထမဆုံး သူတို့က မှောင်ထဲက ခဲနဲ့ပစ်တဲ့သူ၊ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့သူလို့ စွပ်စွဲထားတဲ့၊ အင်မတန်ယုတ်မာပက်စက်တဲ့ Myanmar Express နဲ့ ပြည်သူ့အာဏာ page တွေက သူတွေနဲ့ အတူတူပဲလို့ အပုတ်ချတဲ့ ကျွန်တော့်အကြောင်းက စကြတာပေါ့။

တစ်နိုင်ငံလုံးကို ဖြန့်တဲ့သတင်းစာကနေ ဒီလို မဟုတ်မတရားရေးလိုက်တဲ့ အတွက် ဖေ့ဘွတ်က ကျွန်တော့်သူငယ်ချင်း လက်တစ်ဆုပ်စာကလွဲရင် ကျန်တဲ့ ဖတ်မိသူတွေ အားလုံး ကျွန်တော့်ကို အကောင့်တုနဲ့ရေးတဲ့ အာဏာရှင် လက်ကိုင်တုတ်တစ်ယောက်လို့ မြင်ခံရတော့မှာပါ။ ဒါမှမဟုတ် ဖုန်းလေးတစ်လုံးနဲ့ လျှောက်ဆဲနေတဲ့ ကလေကဝလို့ လူအထက်သေးခံရစရာ ဖြစ်နေပါတယ်။

ဒီတော့ ကိုယ့်အကြောင်း သေချာပြောမှ ဖြစ်မယ်။ ကျွန်တော် ငယ်ငယ်ကတည်းက ဘာသာရေးကို မိရိုးဖလာ မဟုတ်ဘဲ အတွင်းကျကျ လေ့လာလိုက်စားခဲ့တယ်။အခြေခံပညာရေးကို နှစ်စဉ်နီးပါး ထိပ်ဆုံး ၃ နေရာအတွင်းက အောင်မြင်ခဲ့တယ်။ တက္ကသိုလ်ဝင်တန်းကို ၆ ဘာသာဂုဏ်ထူးနဲ့ အောင်ပြီး RIT ရောက်ခဲ့တယ်။ Civil engineering မေဂျာကိုယူပြီး Roll No. 1 နဲ့ ဘွဲ့ရခဲ့တယ်။ Japan မှာကျောင်းတက်ဖို့ scholarship ရလို့ M. Eng နဲ့ D. Eng ဘွဲ့တွေယူပြီး post doctoral researcher အဖြစ် ၂ နှစ်လုပ်ကိုင်ခဲ့တယ်။

အဲဒီအတွင်း ကျွန်တော်ဖတ်တဲ့ တစ်ခုတည်းသော ဂျာနယ်တိုက်က တစ်ပူးပဲ။ သူ့ဆီက ဘောလုံးဂျာနယ် ၂ စောင်နဲ့ သတင်းဂျာနယ် ၂ စောင်ကို အပတ်စဉ်ဖတ်တယ်။ သတင်းဂျာနယ် ၂စောင်ဟာ စစ်အစိုးရကို တောက်လျှောက် ထောက်ပြလာခဲ့တယ်။ အဲဒီအချိန် ကျွန်တော်ကလည်း အွန်လိုင်းမှာနည်းနည်း စရေးနေပြီ။ ဒီဂျာနယ် ၂ စောင်ရဲ့ တက်ကျနိမ့်မြင့်တွေမှာ ကျွန်တော်တို့ အတူစီးမျောပြီး စာဖတ်သူ ပရိသတ်သက်သက် အနေနဲ့ မဟုတ်ဘဲ (သူတို့ မသိပေမယ့်) ဂျာနယ်ဘက်က ရပ်တည်တဲ့ အပြောတွေ အရေးတွေနဲ့ ချီတက်လာခဲ့ကြတယ်။

၂၀၁၃ ကနေစပြီး နိုင်ငံရေးပို့စ်တွေ ပိုရေးဖြစ်လာတယ်။ ဒီအချိန်မှာ သူတို့လည်း ပိုအောင်မြင်လာတယ်။ သတင်းစာပါ ထပ်ထုတ်တယ်။ ဒီတော့ ထပ်အားပေးတယ်။ ဝယ်ဖတ်တယ်။

သူတို့နဲ့ အစိုးရဘက်က အမျိုးမျိုးသော ပုဂ္ဂိုလ်တွေနဲ့ ပြဿနာတက်တာတွေ၊ အပြန်အလှန် တရားစွဲတာတွေ ပိုများလာလည်း ကျွန်တော်တို့ဟာ သူတို့ပြောတဲ့ အမှောင်လောကဆိုတဲ့ အွန်လိုင်းကနေတဆင့် ထောက်ခံအားပေးလာခဲ့ကြတယ်။ ဂျာနယ်ချင်း၊ ဆောင်းပါးရေးသူချင်း ပြဿနာတက်တယ်။ ကျွန်တော် သူတို့ဘက်ကပဲ။

အသိသာဆုံး ဥပမာပြရရင် အကျယ်အကျယ် ဖြစ်သွားတဲ့ ဒေါက်တာဦးမြင့်နဲ့ ကိစ္စမှာ ကျွန်တော့်ရဲ့ researcher အတွေ့အကြုံအရ ဦးမြင့်ဟာ အကြောင်းအရာပိုင်းထက် အပေါ်ယံ English fluency နဲ့ တင်ပြပုံတွေလောက်သာ လျှောက်ပြောနေတယ်ဆိုပြီး အိတ်ဖွင့်ပေးစာ သဘောမျိုး တစ်ပူးဘက်က ရပ်တည်ပြီး ရေးဖူးတယ်။

ဒီတော့ ရွေးကောက်ပွဲအထိက ကျွန်တော်တို့လို မတရားမှုကို မခံချင်လို့ အွန်လိုင်းက ရေးသူတွေနဲ့ တစ်ပူးဟာ တစ်လှေတည်းစီးနေခဲ့သူတွေပဲ။

ရွေးကောက်ပွဲ အပြီးမှာ သူတို့ရဲ့ NLD နဲ့ ဒေါ်စုကို သုံးသပ်ဝေဖန်မှု အချို့ကို ကျွန်တော်အပါအဝင် အွန်လိုင်းရေးသူအများအပြား လက်မခံနိုင်ကြပါဘူး။ ဒီတော့ တန်ပြန်ရေးသားကြပါတယ်။ ဥပမာ တစ်သက်လုံး နိုင်ငံအတွက်လုပ်လာခဲ့တဲ့ ဦးဝင်းထိန်ကို အပြောမတတ်တာလေး အတွက်နဲ့ သတင်းစာကနေ တိုင်းသိပြည်သိ ဝေဖန်ပါတယ်။ ဒီတော့ ကျွန်တော်တို့လည်း တသက်လုံး ထောက်ခံလာတဲ့ ဂျာနယ်လစ်တွေပေမယ့် အဲဒီ ဆောင်းပါးအတွက် ပြန်ရေးပါတယ်။ Printed Media နဲ့ online မှာ ရေးတဲ့ tone ချင်းကတော့ မတူနိုင်ပါ။ ကျွန်တော်တို့က နည်းနည်း harsh ပိုဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် တချိန်လုံး ဆဲဆိုနေတဲ့ အကောင့်တုတွေတော့ လုံးဝမဟုတ်ပါဘူး။ အမြဲ ချက်ကျလက်ကျနဲ့ တရားမျှမျှတတ ကျွန်တော် ရေးပါတယ်။ ဒါကို ကျွန်တော် report မထိခြင်းက သက်သေခံပါလိမ့်မယ်။

ကျွန်တော့်အကောင့်ထဲမှာ မဘသ၊ မွတ်စလင်၊ စစ်အစိုးရလူ စသဖြင့်ရှိနေပေမယ့် သက်ဆိုင်ရာ နယ်ပယ်တွေကို ကျွန်တော်ဝေဖန်တဲ့ ပို့စ်တွေတင်ရင် (အွန်လိုင်းရဲ့ စံနဲ့ဆိုရင်) အစွန်းမရောက်တာမို့ ဘယ်သူမှလည်း လာမဆဲ report တင်တာမျိုးလည်း မလုပ်ပါ။

စကားပြန်ဆက်ရရင် တစ်သက်လုံးက ဆောင်းပါးတစ်ပုဒ် အွန်လိုင်းတင်တိုင်း ထောက်ခံ အားပေးချီးကျူးတဲ့ ကော်မန့်တွေသာ ရလေ့ရှိတဲ့ ဂျာနယ်ဟာ ဒေါ်စုနဲ့ NLD ကိုဝေဖန်တော့ အဆဲတွေရော၊ ချက်ကျလက်ကျ ပြန်ပက်တာတွေရော feedback ပြန်လာတယ်လို့ အခြားသူတွေက ပြောပါတယ်။ အဲဒီကော်မန့်တွေကို ဖျက်ပစ်၊ ထပ်ရေးမရအောင် block ထားလို့ မီဒီယာ အာဏာရှင်လို့ စွပ်စွဲခံရတာတွေလည်း ပြန်ကြားသိရပါတယ်။

ဦးဝင်းထိန်ကိစ္စဖြစ်တော့ ပိုဆိုးလာပါတယ်။ ဒါနဲ့ပဲ အွန်လိုင်းက နာမည်ကြီး အကောင့်တွေကို သိမ်းကြုံးပြီး Myanmar Express နဲ့နှိုင်းယုံမက၊ သူတို့ အင်မတန်မုန်းတဲ့ ကျွန်တော်အပါအဝင် ပြည်သူတွေလည်း မုန်းတဲ့ ဆိတ်ဖွားအကောင့်နဲ့ပါ နှိုင်းပြီး NLD ဆိတ်ဖွားတွေ၊ အမှောင်ထဲက ခဲနဲ့ပေါက်တဲ့ အကောင့်တုတွေ၊ ဦးဝင်းထိန်နဲ့ပါ ပတ်သက်နေတယ်လို့ ယူဆရမလို ဖြသ်နေတယ် စသည် အခြေအမြစ်မရှိ တိုင်းသိပြည်သိ အပုတ်ချ၊ သိက္ခာချပါတော့တယ်။ အချို့ဟာ profile မမှန်တာဟုတ်ပါတယ်။ ဒါဟာ ခဏခဏ report ထိလို့ ဖြစ်ရတာပါ။

ကျွန်တော်တို့ကတော့ တစ်ခုတည်းသော အကောင့်အစစ်ကို စစ်အစိုးရလက်ထက်ကတည်းက ထောင်နှုတ်ခမ်းနင်းပြီး ရေးလာတာပါ။ ကျွန်တော်ရထားတဲ့ဘွဲ့တွေ၊ အဆင်ပြေတဲ့ မိသားစုဘဝ၊ ပြေလည်တဲ့ စီးပွားရေး၊ ပျော်စရာသူငယ်ချင်း ဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့ ကိုယ့်ဘဝကိုယ် သာသာယာယာ ဖြတ်သန်းလို့ ရပါလျက်နဲ့ တစ်ပြားမှ မရဘဲ ငွေကုန်ခံ၊ အညောင်းမိ၊ အချိန်ကုန်ခံ၊ မျက်စိပျက်ခံပြီး မတရားတာတွေ့ရင် မနေနိုင်တဲ့ စိတ်တစ်ခုတည်းနဲ့ ရေးနေတာပါ။

အခုကိစ္စမှာ ဦးဝင်းထိန်အရေးခံရတာ သူပေးဆပ်ခဲ့သမျှနဲ့စာရင် မတန်ဘူး၊ မတရားဘူး၊ စစ်အစိုးရလက်ကနေ ရုန်းထွက်နိုင်ဖို့ NLD ကိုအတူတူ ဝန်းရံခဲ့တဲ့ အွန်လိုင်းရေးသူတွေကို အစိုးရလူ ဒါမှမဟုတ် NLD ဆိတ်ဖွားတွေလို့ ရည်ရွယ်ချက်ရှိရှိ ပြည်သူနဲ့ လှည့်တိုက်တာဟာ လွန်ကျူးလွန်းတယ်လို့ ယူဆလို့ ကျွန်တော်လည်း freedom of speech အရ ပြန်ပြောပါတယ်။

ကျွန်တော် print media ကနေပြောရင် ဒီလေမျိုး ဖြစ်မှာ မဟုတ်ပေမယ့်၊ ဖေ့ဘွတ်ဖြစ်တဲ့ အတွက်၊ ကိုယ်တွေကို တစ်ပြည်လုံးက မကောင်းတဲ့ကောင်တွေလို့ အထင်မှားအောင် ရေးခံရတဲ့ အတွက် ပြန်ပြောတဲ့ လေသံပြင်းပါတယ်။

ဒါပေမယ့် ဒီလို စဉ်းစားရအောင်။ ကျွန်တော်ရေးတာ တစ်ပူးဂုဏ်သိက္ခာကျစရာ ပါတယ်ဆိုရင် ပြန့်နှံ့လှ ကျွန်တော့်ကို like လုပ်တဲ့ လူတစ်ရာကျော်ရယ် (၂၀၀ ပဲထားပါ)၊ ရှယ်သွားလို့ ဖတ်ရမယ့် နောက် ရာဂဏန်းလောက်ရယ်ပါ။

တစ်ပူးကရေးလို့ ကျွန်တော်တို့ သိက္ခာကျ ထိခိုက်ရတာက နိုင်ငံလုံးနဲ့ချီပြီး ပြန့်သွားတာမို့ ဘယ်သူက ပိုနစ်နာပြီး ဘယ်သူက တရားစွဲသင့်တာလဲ ပြန်စဉ်းစားပါ။

ဒီလို တရားစွဲထားတာကို နာမည်တပ်ပြီး သတင်းစာထဲထည့်တယ် ဆိုတာ သွယ်ဝိုပ် ခြိမ်းခြောက်ခြင်းလို့ ယူဆပါတယ်။ အဲလို ခြိမ်းခြောက်ပြီး ပြန်တောင်းပန်ခိုင်းလို့ မိဘ ယောက္ခမ လူကြီးသူမတွေကို ထောက်ပြီး အညံ့ခံလိုက်ရတဲ့သူတွေ ရှိကြောင်းသိထားပါတယ်။ ကျွန်တော်ကတော့ သတ်မယ်လို့ ကြွေးကြော်ပြီး ပြန်တောင်းပန်တဲ့ အစားထဲ မပါပါဘူး။

ကျွန်တော့်ရဲ့ ဘာသာရေးအသိ၊ သင်ထာူတဲ့ ပညာတွေနဲ့ ကိုက်ညီစွာ ဆင်ဆင်ခြင်ခြင် ရေးလေ့ရှိပေမယ့် ကိုယ်ကြည်ညိုသူကို မလုပ်လောက်ဘူး ထင်ထားတဲ့ ကိုယ်ကြိုက်ခဲ့တဲ့ မီဒီယာက ဖဲ့တယ်လို့ ခံစားရတဲ့အခါ သာမန်ထက်ပိုတဲ့ တုန့်ပြန်မှု ဖြစ်သွားရုံပါ။ ဒီတော့ ကိုယ့်ထက် ပက်ပက်စက်စက်ဆဲ ပက်ပက်စက်စက်ရေးနေသူတွေ အများကြီးရှိပါလျက် ကိုယ့်ကိုမှ ရွေးပြီး (အရင်က စစ်အစိုးရက ဒီမို ဘက်တော်သားတွေကို ဖိနှိပ်ချင်လို့ မတရားထုတ်ထာူတဲ့ ပုဒ်မလို့ ဝေဖန်ခဲ့ဖူးတဲ့ အီလက်ထရောနစ်ပုဒ်မနဲ့) တရားစွဲရုံမက သတင်းစာမျက်နှာပေါ်တင်ပြီး ရဲတပ်ဖွဲ့ကိုပါ ဖိအားပေးရင်း တိုင်းကျော်ပြည်ကျော် ဖွထားတာမို့ နှစ်ဦးနှစ်ဖက် လွန်တာကိုယ်စီရှိတာမို့ တောင်းပန်မှာ လုံးဝ မဟုတ်ပါ။

အချုပ်ပြန်ပြောရရင်...
၁) ကျွန်တော် တပ်ဘက်က မဟုတ်သလို NLD ကမွေးထားတဲ့သူ မဟုတ်ပါ။

၂) အခြေမဲ့အနေမဲ့ အွန်လိုက်းမှာ ပတ်ဆဲနေတဲ့ ကလေကဝ မဟုတ်ပါ။

၃) ဆိတ်ဖွားလို့ ပြောရလောက်တဲ့ အပြုအမူ မလုပ်ဖူးပါ။

၎) အကောင့်အစစ် တစ်ခုတည်းကို နှစ်ရှည်လများ သုံးလာတဲ့ အင်ဂျင်နီယာတစ်ယောက် ဖြစ်ပါတယ်။

ဒီတော့ နှစ်ဘက်လုံးက ဒီမို အရေးကို စွန့်ပြီးလုပ်လာခဲ့သူချင်းမို့ ကျွန်တော့်ဘက်က အလိုက်လျောဆုံး လုပ်ပေးနိုင်တာက တစ်ပူးမီဒီယာနဲ့ ပတ်သက်ပြီး နောက်ကို ဘာမှ မရေးတော့ဘဲ ဥပေက္ခာပြုထားဖို့နဲ့

ကျွန်တော့်ဘက်က တောင်းဆိုလိုတာက ဝါးလုံးရှည်နဲ့ သိမ်းကြုံးရမ်းပြီး ကျွန်တော်တို့ကို ဆိတ်ဖွားနာမည်တပ်ပြီး ဆောင်းပါး မရေးတော့ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မကောင်းကြောင်း ရေးပြီးခဲ့တဲ့ ဆောင်းပါးတွေအတွက် ပြန်တောင်းပန်ခိုင်းဖို့ ကျွန်တော် တစ်ယောက်တည်း အနေနဲ့တော့ ဆန္ဒမရှိပါဘူး။

ဒီတော့ အာဏာလွှဲပြောင်းရေးအတွက် အရေးကြီးနေချိန်မှာ အရင်က ကျောချင်းကပ်ခဲ့ကြဖူးတဲ့ သူအချင်းချင်း တိုက်ခိုက်မနေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်နိုင်ဖို့ တိုက်တွန်းပါတယ်။

ရှေ့ဆက်တိုးမယ်ဆိုရင်တော့ ကျွန်တော့်မှာ အပေါဆုံးက အချိန်၊ ငွေနဲ့ အပေါင်းအသင်း အသိုင်းအဝိုင်း ဖြစ်တာမို့ လုံးဝ ဂရုမစိုက်ပါ။

နောက်ပြီး ဒီလို ကိုယ့်အကြောင်းပြောတာ ကြွားတာမဟုတ်ဘဲ အွန်လိုင်းက နာမည်မဖော်ဝံ့တဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာ သိစေလိုလို့ဖြစ်တယ်။

ပြီးတော့ ဒီပို့စ်ဟာ စိန်ခေါ်တဲ့ သဘောမဟုတ်ပေမယ့် အများသိ မီဒီယာရဲ့ သတင်းစာမျက်နှာ အားကိုးနဲ့ အနိုင်ကျင့်တာကို ငုံ့ခံနေမှာ မဟုတ်ကြောင်း message ပေးလိုရင်း ဖြစ်တယ်။
Swe Yu

သူတစ်ပါး အမှားကို ဝေဖန်ချင်တာ လူ့သဘာဝပဲ။ ဒါပေမယ့် "To err is human" ဆိုသလို လူဆိုတာ အမြဲလိုလို တစ်ခါမဟုတ် တစ်ခါ မှားမှာပါပဲ။ ဒါကို မျက်စိဒေါက်ထောက်ပြီး တိုင်းပြည်အတွက် ထိခိုက်လောက်တဲ့ ကိစ္စမဟုတ်ဘဲ NLD ရဲ့ လှုပ်ရှားမှု အသေးအမွှားတွေတိုင်းကို လိုက်လိုက်ပြီးပြောနေ ဝေဖန်နေရအောင် NLD ဟာ စစ်အာဏာရှင်မဟုတ်ဘူး ဆိုတာလောက်တော့ ဂျာနယ်လစ်ဇင်နဲ့လုပ်စားနေတဲ့သူတွေ သိရမယ်။ အခုခေတ် ဂျာနယ်လစ်တွေဆိုတာ သောက်ဆင့်မရှိတဲ့၊ သတင်းခေါင်းစဉ်တောင် အဆင်ပြေအောင် မတပ်တတ်ဘဲ၊ စာလုံးပေါင်းသတ်ပုံတောင် မှန်အောင် မရေးနိုင်ဘဲ၊ ဝါကျတစ်ကြောင်းကို စာချောအောင် မရေးတတ်ဘဲ၊ သတင်းခေါင်းစဉ်၊ သတင်းရဲ့ အပျိုးနဲ့ သတင်းကို အကျယ်တင်ပြချက်တွေဟာ စာတစ်ကြောင်းတည်းကိုသာ အခေါက်ခေါက်အခါခါပြန်သုံးထားတဲ့ စဉ်းစားမရလောက်အောင် နုံချာစုတ်ပဲ့တဲ့၊ သရော်စာရေးတာ အွန်လိုင်းက အလကားမတ်တင်း တစ်ပြားမှမရဘဲ အပျော်တမ်းရေးနေတဲ့သူတွေလောက်တောင် သောက်ဆင့်မရှိတဲ့၊ ကိုယ့်သက်ဆိုင်ရာနယ်ပယ်အကြောင်းကိုတောင် တိတိပပမသိဘဲ ဆောင်းပါးနဲ့ သတင်းဝေဖန်ချက်တွေရေးနေတဲ့၊ ကျင့်ဝတ်နဲ့ ညီသူရှာမှရှားလှတဲ့၊ တတ်လို့မဟုတ် ငတ်လို့လုပ်နေတဲ့ ဂျာနယ်လစ်တွေဆိုတာ လူတိုင်းသိတယ်။ မယုံရင် အခုခေတ်မှာ လက်တစ်ဆုပ်စာကလွဲရင် ကျန်တဲ့ ဘယ်သတင်းစာသမား၊ ဂျာနယ်လစ်ကို လူလေးစား လူသိများသလဲ ဖြေကြည့်ပါ။
ကဲထားပါ။ ဒါက တစ်ပိုင်း။ ပြောချင်တာက အစိုးရကို ဆော်ရင် ဂျာနယ်လစ်လို့ ခံယူထားတဲ့ ဘုရားစူး ဂျာနယ်လစ်တွေက "ဒို့တာဝန်က ဘယ်ဘက်ကိုမဆို ကျောသားရင်သားမခွဲ ထိန်းကျောင်းရမယ်" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမြီးမှန်းမသိ ခေါင်းမှန်းမသိ၊ ဖအေနဲ့ ပထွေးမကွဲပြားဘဲ၊ အခြေအနေနဲ့ အချိန်အခါကို သုံးသပ်နိုင်စွမ်းမရှိဘဲ ဖင်ဝင်ဝင်ယားနေတာကိုပဲ။ ဂျာနယ်လစ်တွေဟာ ကိုယ်က တကယ့်ကို အဆင့်တစ်ခုရှိမှ သူတစ်ပါးကို ဝေဖန်တာက ကောင်းတယ်။
အရင်က ဂျာနယ်လစ်တွေ စစ်အစိုးရကို ခြေလှုပ်ခြေ၊ လက်လှုပ်လက် ဝေဖန်ခဲ့ကြတုန်းက သူတို့ရဲ့ အဝေဖန်ခံရတာက သူတို့လောက်မှ သောက်ဆင့်မရှိ၊ ပြည်သူကို အကျိုးမပြုတဲ့ စစ်အာဏာရှင်တွေနဲ့ အောက်ဆွဲဘောမတွေ၊ ခရိုနီတွေ၊ အကျင့်ပျက်ဝန်ထမ်းတွေဆိုတော့ ကြီးကြီးမားမားအပြစ်ရော၊ အသေးအမွှားကိစ္စလေးတွေကိုပါ လိုက်ပြော ဖောင်းထုတာ ဘောင်ဝင်တယ်။ ကြည့်ကောင်းတယ်။ ပြီးတော့ အဲဒီလူတွေဟာ ပြောရလောက်အောင်ကို သေတပန်သက်တဆုံး မိုက်ရိုင်းယုတ်မာပက်စက် တိုင်းပြည်ဖျက်ခဲ့ကြတဲ့ လူစားတွေမို့လည်း ပြည်သူတွေက ဂျာနယ်လစ်ဆိုသူတွေ ပြောဆိုဝေဖန်နေသမျှတွေကို ထောက်ခံခဲ့ကြတာ။ လက်ခုပ်တီးခဲ့ကြတာ။
အခုကတော့ "နည်းနည်းလေးတောင် ထောက်ပြဝေဖန်လို့မရတော့ဘူးလား" ဆိုတဲ့ စကားကို အကာအကွယ်ယူပြီး အခုလို နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အရပ်သားအစိုးရဆီကို တစ်နည်းပြောရရင် ပြည်သူတွေဆီကို အာဏာပြန်လွှဲပြောင်းနိုင်ဖို့အတွက် သံသယနဲ့ အာဃာတသိပ်ကြီးတဲ့ စစ်တပ်နဲ့ ခက်ခက်ခဲခဲ အကြိတ်အနယ်ဆွေးနွေးညှိနှိုင်းနေရတဲ့ အင်မတန်အရေးကြီးနေတဲ့ အချိန်မှာ
"ဟ တီခွန်မြတ်ဟာ ဘိန်းဘုရင်ကွ၊ NLD ဘာလဲဘယ်လဲ" တို့၊
"ဟ မီဒီယာသမားကို လာချုပ်တာ အာဏာရှင်နဲ့အတူတူဘဲ" တို့၊
"မင်းတို့ပါတီကို နည်းနည်းမှ ထိမရရင် မင်းတို့က NLD ဆိတ်ဖွားတွေပဲ" တို့ စသည်စသည် ထထဖွနေတာဟာ နိုင်ငံတည်ငြိမ်အေးချမ်းစွာ အာဏာလွှဲနိုင်ဖို့ စစ်တပ်ကို နည်းမျိုးစုံနဲ့ ချဉ်းကပ်ညှိနှိုင်းနေရချိန်မှာ ကိုယ့်ဒီမိုဘက်က အားရှိအောင် တွန်းအားမပေးဘဲ အာဏာမလွှဲချင်လွှဲချင်ဖြစ်နေတဲ့ တဘက်လူတွေ အကြိုက်တွေ့အောင်၊ ဂယက်ထအောင် ကိုယ့်ဘက်ကိုယ်ကို အောက်လုံးလိုက်ထိုးသလို၊ မုဒိမ်းသမား စိတ်ကြိုက်ဖြစ်အောင် ကိုယ့်နှမကိုယ် ကြိုးနဲ့တုပ်ပေးနေသလို ဖြစ်နေပြီ။
အခုခေတ် မြန်မာ့မီဒီယာသမားတွေဟာ အဆင့်သိပ်ရှိတာမဟုတ်မှန်းကတော့ ပညာတတ်သူတိုင်း သိပြီးသား။ ဂျာနယ်တွေအများစုဟာ စစ်တပ်အသိုင်းအဝိုင်းကကောင်တွေရဲ့ ကျောထောက်နောက်ခံနဲ့ချည်းသာ ဖြစ်ပြီး ပါးပါးလေးပုတ်ပြီး မှိုင်းတိုက်ဖို့ သို့မဟုတ် လုပ်စားဖို့အတွက် စစ်အစိုးရနဲ့ အဆင်ပြေတဲ့အကပ်အကိုးရှိလို့ ထုတ်ခွင့်ရခဲ့ကြတဲ့သူတွေက အများစု။ ဥပမာ The Voice နေဝင်းမောင်၊ တစ်ပူး စီအီးအို တို့ရဲ့ အဖေတွေ ဘာကောင်တွေလဲ လူတိုင်းသိတယ်။ ဒါပေမယ့် အဆိုးဆုံး စစ်အာဏာရှင်ကို တိုက်ဖို့အတွက် မြန်မာမီဒီယာကို လူတွေက Lesser of two evils ဆိုပြီး မီဒီယာဘက်ကရပ်တည်ခဲ့ကြတာ။ ဒီတော့ စစ်အစိုးရတုန်းက မီဒီယာကို ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရလို့ ကန့်သတ်ချက်တွေ ထုတ်ရင် လူတွေက မီဒီယာဘက်ကနေ ကူဆဲပေးတယ်။ ဖိအားကူပေးတယ်။
အခု ဒီချုပ်အစိုးရ၊ ဒီချုပ်လွှတ်တော်လက်ထက်မှာ မီဒီယာကို ကန့်သတ်မယ်ဆိုရင် လိုအပ်လို့ကို လုပ်တာပဲလို့ ယူဆပြီး မီဒီယာဘက်မှာ ဘယ်သူမှမရပ်ဘူး။ ဧရာဝတီအပါအဝင် ဂျာနယ်လစ်တွေ အားလုံး ကျီးကန်းတွေလို ဖင်ကုန်းအော်တိုင်း ကန့်ကွက်နေတိုင်း မီဒီယာဘက်က မှန်တယ်လို့ ပြောလို့မရဘူး။ ဒီလို ကန့်သတ်တာ (လို့ သူတို့ပြောနေတဲ့ အချက်တွေဟာ) အရင်ကလို စစ်အစိုးရလည်းမဟုတ်ဘူး။ ကြိုက်သလိုအော် ဒီအချိန်မှာ မီဒီယာဘက်မှာ မီဒီယာသမားကလွဲရင် ဘယ်သူမှမရှိဘူး။ ဘာလို့ဆို ဒင်းတို့ရင်ဆိုင်နေတာက ပြည်သူအားလုံးနီးပါး ထောက်ခံတဲ့၊ ဒင်းတို့ကိုယ်တိုင်တောင် အဲဒီလူတွေရဲ့ သတင်းတွေရေးပြီး စိန်နားကပ်ရောင်နဲ့ ပါးပြောင်ခဲ့ကြရတဲ့ ဒေါ်စုနဲ့ ဒီချုပ်မို့ပဲ။ ပြီးတော့ စစ်အစိုးရထဲက လူတွေထက်တော့ မီဒီယာသမားတွေက သာကောင်းသာပေမယ့် ဒီချုပ်က လူတွေနဲ့ယှဉ်ရင်တော့ မီဒီယာသမားတွေက သူတို့ထက် ကောင်းတာ သာတာ ဘယ်နေရာမှမရှိဘူး။ ဒီချုပ်အမတ်တွေ၊ ပါတီဝင်တွေ၊ စီအီးစီတွေ အဆင့်မမီဘူးဆိုရင် မီဒီယာလောကသားတွေ အဆင့်မရှိတာက အများကြီးပိုဆိုးတယ်။ သူတို့အကြောင်း သူတို့လောက အကြောင်း သူတို့မီဒီယာသမား ဂျာနယ်လစ်တွေအသိဆုံးပဲ။ ပြီးတော့ မီဒီယာသမားတွေ အဆင့်မမီတာ၊ ဘာစရိုက်တွေလဲဆိုတာ ဒေါ်စုကိုယ်တိုင်လည်း ကောင်းကောင်းသိတယ်။ ဒါကြောင့်အရင် အတိုက်အခံဘဝမှာတုန်းကတောင် သူ့ဘက်ကိုရေးပေးနေရက်နဲ့တောင် မီဒီယာတွေ အဆင့်ရှိရှိရေးဖို့ သူပြောခဲ့သေးတာပေါ့။
နောက်ဆုံးအချုပ်ပြောရရင် ဒီချုပ်အစိုးရတက်လာပြီးမှ အုပ်ချုပ်ပုံ သောက်သုံးမကျရင်၊ ခြစားရင်၊ တိုင်းပြည်ရောင်းစားရင် အဲဒီတော့မှ တမုန်းဝေဖန် ထောက်ပြပေတော့။ အဲဒီအချိန်ကျရင် ပြည်သူတွေလည်း မီဒီယာဘက်ကို ရပ်လိမ့်မယ်။ အခုအချိန်မှာ ပြည်သူတွေ အမြင်ချင်၊ အကြားချင်၊ အဖြစ်ချင်ဆုံးကိစ္စက အနှစ်နှစ်အလလက စောင့်စားခဲ့ရတဲ့ ဒေါ်စုနဲ့ ဒီချုပ်လက်ထဲ အာဏာရောက်ရေးပဲ။ အဲဒါမရမချင်း ဘယ်ဘိန်းဘုရင်ကိုပဲ ရာထူးပေးပေး၊ ဘယ် မီဒီယာကိုပဲ ကန့်သတ်ကန့်သတ် ပြည်သူက သောက်ဂရုကို မစိုက်တာ။ ဂရုမစိုက်တဲ့အပြင် အာဏာလွှဲပြောင်းရေးကို ထိခိုက်စေတဲ့ ဘယ်အရေးအသားကိုမှ ဒီအချိန်မှာ ပြည်သူကလက်မခံဘူး။
နောက်ဆုံးအနေနဲ့ ရှင်းအောင် ဒဲ့ပြောရရင်...
မင်းတို့ပြောချင်တာကို... ပြည်သူတွေက ပြောနေတာ၊
မင်းတို့သိချင်တာ၊ သတင်းရေးပြီး လုပ်စားချင်တာကို... ပြည်သူတွေက သိချင်တာ၊
မင်းတို့ကို ကန့်သတ်တာကို... ပြည်သူရဲ့ သတင်းသိပိုင်ခွင့်ကို ကန့်သတ်တာ စသဖြင့်ရန်တိုက်ပေးနေတာကိုလည်း ဘယ်ပြည်သူကမှ မယုံဘူး။
မင်းတို့ဟာ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွေက တစ်လှည့်စီ အာဏာရနေကြတဲ့၊ တိုင်းပြည်အကျိုးကိုပဲ ဦးထိပ်ထားပြီးလုပ်ပေးတဲ့ ပါတီကြီး ၂ ခု ကို တစ်လှည့်စီ ဝေဖန်ထိန်းကျောင်းနေတဲ့ အသားကျပြီးနေတဲ့ စမတ်ကျတဲ့ မီဒီယာတွေအဆင့်မဟုတ်ဘူး။ မင်းတို့ကို မရှိသုံး သုံးနေတာ။ ဟိုနိုင်ငံတွေက ပေမီဒေါက်မီ မီဒီယာတွေက ဘက်ညီတဲ့ ပါတီ ၂ ခုကို ဝေဖန်ထိန်းကျောင်းတာကို အားကျတာပဲသိပြီး သောင်မှန်းကမ်းမှန်းမသိ ချီးဘရိန်းနဲ့ အတုခိုးပြီး ဒီနိုင်ငံမှာ စစ်အာဏာရှင်နဲ့ ဒီချုပ်ကို တန်းတူထားပြီး ဝေဖန်လို့မရဘူး။ ဟိုလူယုတ်မာတွေက အဘက်ဘက်က အသာစီးယူထားတာ။ ဒီချုပ်ကို မကူချင်ရင်တောင် နှောက်ယှက်တဲ့ အရေးအသားတွေ ဒီအချိန်မှာ ရှောင်သင့်တယ်။
ထမင်းတစ်လုပ်အတွက်နဲ့၊ အာဏာချဲ့ထွင်ချင်တာအတွက်နဲ့ ကိုယ့်ထမင်းလုပ်ကိုယ်ပုတ်ချပြီး ကိုယ့်သေတွင်းကိုယ်မတူးနဲ့။
"ကိုယ့်သေတွင်းကိုယ်မတူးနဲ့" ဆိုလို့ ရဲလွင်မြင့်အမှုလို ဆွေဥဖောင်းက မီဒီယာသမားတွေကို သတ်ဖို့ ခြိမ်းခြောက်ပါတယ်လို့ ပလိစိချောက်ချက်တွေလုပ်ပြီး တရားစွဲဖို့ မစဉ်းစားနဲ့ဦးနော်။ ရှင်းပြမယ်။ မင်းတို့ဂျာနယ်တွေကို ဝယ်ဖတ်နေတာက အရေးအသားတင်ပြပုံ၊ သုံးသပ်ပုံ အဆင့်အတန်းရှိလို့မဟုတ်ဘူး၊ ပြည်သူတွေက သူတို့မုန်းတဲ့သူကို ဆော်ပေးလို့ အောင့်အီးပြီးဖတ်နေတာ။ အခုသူတို့ချစ်တဲ့သူကို စော်ကားတာတွေ၊ ယုတ်မာတာတွေ လွန်လွန်းလာရင် ပြည်သူတွေက မင်းတို့ ဂျာနယ်တွေကို ဝယ်မဖတ်တော့လို့ ထမင်းငတ်သေနေဦးမယ်လို့ပြောတာ။
စာကြွင်း။ ။
အချုပ်ပြောရရင် ဒီချုပ်အစိုးရတက်လာပြီးမှ အုပ်ချုပ်ပုံ သောက်သုံးမကျရင်၊ ခြစားရင်၊ တိုင်းပြည်ရောင်းစားရင် အဲဒီတော့မှ တမုန်းဝေဖန် ထောက်ပြပေတော့။ အဲဒီအချိန်ကျရင် ပြည်သူတွေလည်း မီဒီယာဘက်ကို ရပ်လိမ့်မယ်။ အခုအချိန်မှာ ပြည်သူတွေ အမြင်ချင်၊ အကြားချင်၊ အဖြစ်ချင်ဆုံးကိစ္စက အနှစ်နှစ်အလလက စောင့်စားခဲ့ရတဲ့ ဒေါ်စုနဲ့ ဒီချုပ်လက်ထဲ အာဏာရောက်ရေးပဲ။ အဲဒါမရမချင်း ဘယ်ဘိန်းဘုရင်ကိုပဲ ရာထူးပေးပေး၊ ဘယ် မီဒီယာကိုပဲ ကန့်သတ်ကန့်သတ် ပြည်သူက သောက်ဂရုကို မစိုက်တာ။ ဂရုမစိုက်တဲ့အပြင် အာဏာလွှဲပြောင်းရေးကို ထိခိုက်စေတဲ့ ဘယ်အရေးအသားကိုမှ ဒီအချိန်မှာ ပြည်သူကလက်မခံဘူး။


Blog Archive

Shwe Hmone Yati

Tags

၊ ဇရစ်ချောင်ကျေးရွာ ၊ သထုံမြို့နယ် ၊ အင်းတိုင်စုကျေးရွာ ၀က်လက် ၀တ္တု ၀တ်မှုံရွှေရည် ၀မ်းတွင်း ၀မ့်ဟိုင်း ၀ါးခယ်မ ၀ိုင်းစုခိုင်သိန်း ၀ိုင်းမော် ၀ိုင်းစုခိုင်သိန်း ၅၉(စ) 7 July 8888 88gens AA ABSDF accident ad advice Afghan Africa AI ALD ALP amaze America America's Got Talent Angelina jolie Anonymous ANP arak Arakan Archaelogy Argentina Army art article Astronomy attakyaw Aung San Suu Kyi Australia Austria Bagan Bago Bangladesh Bank BCP beau beauty Belgium BGF Bingali Bobby Soxer (ထက်ထက်) Bogyoke Aung San Bomb book Border Bosnia Botswana Brazil British Brunei buddhi Buddhism Buddhist Burmese Movieclips Trailers Burundi business Butan c Cambodia camera Cameroon Canada car cartoon celebs Chicken Soup Chile Chin China chinese Christian CIA city City Life Buffalo cival war CNF Colombia Congo Cook couple CPB crime Criticism Crony CRPP cssu Cuba Daily Popular Dailymotion dance DASSK Days Denmark dhamma DKBA Donation DPNS DR.Tint Swe Dutch earth Ecuador Education Egypt EindraKyawZin ele Election ElSalvador Embassy Eng England entertainment environment essay Ethiopia Ethnic EU eurpoe Exile Facebook News fashion fashion show fb FDA feature FIFA Fiji for sale Foreign Affairs France Free Burma Rangers(FBR) funny Gambia game GandaWin gay general general knowledge Generation Wave Georgia Germany Ghana ghost story go gossip column Gov greece Guatemala Gwa health herbal Heritage Hindu History HIV Hluttaw Hong Kong Htet Htet Moe Oo htun koko HumanRight Hungary ICC Iceland IMF India Indonesia interview Iran Iraq Ireland Irrawaddy ISIS Islam Israel Italy Ivory Coast Japan Jewellery JMC job Jobs joke Jordan ju justin bieber Kachin KAF Karen Kayah Kazakhstan KBC Keanu Reeves Kenya khaingHninWai KhinLayNwe) KHRG KIA KIO KNDO KNPC KNPP KNSO KNU KPP KSDP Kuwait Labadawn Ladyboy learning english Lebanon LEBT letter Libya Liechtenstein lifestyle link LNDP london lottery love Luxembourg M Seng Lu Ma Millar Hniang mafia magic Magway mal Malaysia Mali mandalay Manny Pacquiao Maths Maungdaw Mauritania MCDF MDCF Me N Ma Girls medel media medicine Memory Mexico MFOCN MH 370 miss Miss People MissAmerica MissButtBrazil MissGrandInternational MissInternational MissInternationalQueen MissSupranational MissTourismInternational MissUniverse MissUniversityMyanmar MissWorld MissWorldMuslimah MisterInternationalMyanmar MMCG MNDAA model Model Contest Mon money Monthly Popular Morocco movie MP4YOU TUBE MPC MPT MPU MSF MSM music muslim myanmar Myanmar Idol MyaThanTint myint myat NATO nature NCA NCCT ND-Burma NDF NED Nepal new new year newgens news Newzeland NGO Niagara Falls Nicki Minaj nicky Niger Nigeria NLD NMSP NNER NorthKorea Norway Nothern Novel Number obama OIC Opinion osama binladin pagoda Pakistan Palestine Paraguay Party People Peru Phillipines Philosophy photo phyu phyu kyaw thein PJS PoDarli poem Poland Police Politic Political Prisoner PopularPost pp programmer Project PSLF/TNLA Puerto Rico QandA Qatar Quote R.ဇာနည် rates RCSS/SSA Real Estate RebcaWin Records Refugee Religious report Research Riot RNDP Rohingya Romania RSO Russia Rwanda Rဇာနည် Saffron Satire Saudi Science Science & Tech scotland SEA Game Serbia sexeducation Shakira Shan show Shwe Dagon Siberia Sierra Leone Singapore singer SNDP SNLD Soe soldier Somalia song sound SouthAfrica SouthKorea Spain Speech sport Sri Lanka SSA SSPP stock Store story Sudan suu foundation Sweden Switzerland Syria Taipei Taiwan Tanzania tatto tech terrorist Thailand ThaZin ThinGyan ThinZarWintKyaw Tibet Tips TNLA tourism Trailer Travel Traverse America true story Tunisia Turkey Turkmenistan U Ko Ni U Thant UAE UEC Uganda Ukrain UN UNA Unesco UNFC UNHCR UNICEF UNODC UPWC Uruguay USAID USDP UWSA UWSP Venezuela vi video vietnam vn War way weather Wedding WFP WHO wonder worker world accident World Bank world celebs world crime World Heritage world history world singer WorldNews yangon YCDC Yemen YHT YIT yoon yoon YunMiOo Zimbabwe က၀ ကချင် ကချင်ပြည်နယ် ကနီ ကန့် ဘလူ ကန်ပိုက်တီး ကန်ကြီးထောင့် ကံမ ကမန် ကမာရွတ် ကယန်း ကယား ကယားပြည်နယ် ကရင် ကရင်နီ ကရင်ပြည်နယ် ကရင်ပြည်သူ့ ပါတီ ကွတ်ခိုင် ကွတ်ခိုင်မြို့နယ် ကွမ်းခြံကုန်း ကွမ်းလုံ ကျွန်းစု ကျွန်းလှ ကျွဲပွဲ ကလလတ ကသာ ကာမိုင်း ကာရံချို ကားမောင်းသူတွေအတွက် ကိုးကန့်  ကိုကိုးကျွန်း ကိုထက် ကိုမြအေး ကိုအံ့ကြီး ကိုဝေလု ကိုးကန့်  ကူမဲ ကလေး ကလေးဝ ကလော ကျန်းမာရေး ကျိုက်ထို ကျိုက်ထီးရိုး ကျိုက်မရော ကျိုက်လတ် ကျိုင်းတုံ ကျုံထော် ကျုံပျော် ကျုံဒိုး ခင်ညွန့်  ခင်ဘုဏ်း ခင်ဝင့်ဝါ ခင်သဇင် ခင်ဦး ခန့် စည်သူ ခရစ်ဆီ ၀ဏ္ဏ ခရမ်း ခိုင်သင်းကြည် ခိုင်သဇင်ငုဝါ ခိုလမ် ခူမီး ခမောက်ကြီး ချင်း ချင်းတွင်းမြစ် ချင်းပြည်နယ် ချင်းရွှေဟော် ချစ်စနိုးဦး ချစ်သုဝေ ချစ်ဦးညို ချစ်ဗေဒင် ချမ်းချမ်း ချမ်းမြသာစည် ချမ်းမြသာစည်မြို့နယ် ချမ်းအေးသာစံ ချီဗွေ ခန္တီး ဂန့် ဂေါ ဂမ္ဘီရ ဂုတ်ထိပ် ဂျင်မီ ဂျီလတ် ဂျူး ငပုတော ငဖဲ ငါန်းဇွန် ငါးသိုင်းချောင်း ငါ့သရောက် စကု စက်စဲ စင်္ကာပူ စစ်ကိုင်း စစ်ကိုင်းတိုင်း စစ်တွေ စတီဗင်ဦး စနဲမြို့  စမ်းချောင်း စမ်းချောင်း စံရတီမိုးမြင့် စွမ်းအားရှင် စလင်း စဥ့်ကိုင် စဥ့်ကူး စာပေဟောပြောပွဲ စိုက်ပျိုးရေး စိုင်းစိုင်းခမ်းလှိုင် စိုးစန္ဒာထွန်း စိုးပြည့်သဇင် စိုးမြတ်နန္ဒာ စိုးမြတ်သူဇာ စိုးသူ စီးပွားရေး စုစုနွေး စလေ စန္ဒီမြင့်လွင် ဆင်ဘို ဆင်ပေါင်ဝဲ ဆွမ်ပရာဘွမ် ဆွာမြို့ ဆားလင်းကြီး ဆိပ်ဖြူ ဆိုတေး ဆီဆိုင် ဆီရာလီယွန်း ဆုပန်ထွာ ဇင်ဝိုင်း ဇန်နူး ဇဗ္ဗူသီိရိ ဇမ္ဗူသီရိ ဇွန်သင်ဇာ ဇွန်သံစဉ် ဇလွန် ဇာဂနာ ဇာနည်ထူးထူး ဇိုမီး တကသ တင်ဇာမော် တင့်တင့်ထွန်း တင်းတိတ် တစည တံတားဦး တနင်္သာရီ တနင်္သာရီတိုင်း တန့် ဆည် တန့် ယန်း တပ်ကုန်း တမူး တရား တွန်းဇံ တွံတေး တလုပ် တအာင်း(ပလောင်) တာချီလိတ် တာမွေ တာလေ တိုက်ကြီး တီကျစ် တီးတိန် တိုက်ကြီး တူနီးရှား တနိုင်း တနိုင်း ထက်ထက်ဝင့် ထက်ထက်မိုးဦး ထန်းကုန်း ထန်းတပင် ထန်းပင်ကုန်း ထွန်းထွန်း ထွန်းအိန္ဒြာဗို ထားထက်ထက် ထားဝယ် ထီးချိုင့် ထီးလင်း ထုံးတပိုကျေးရွာ ထူးဆန်းထွေလာ ထူးကြီး ဒက္ခိဏသီရိ ဒဂုံ ဒဂုံဆိပ်ကမ်း ဒဂုံမြို့ သစ် ဒလ ဒလိုင်းလားမား ဒါးက ဒါရိုက်တာဝိုင်း ဒါရိုက်တာမိုက်တီး ဒိုက်ဦး ဒီပဲယင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဒီမောဆို ဓနုဖြူ နတ္တလင်း နတ်တလင်း နတ်မောက် နန်းခင်ဇေယျာ နန်ဆန့်  နန်းဆုရတီစိုး နမ္မတီး နမ္မတူ နမ့်ခမ်း နမ့်စမ် နမ့်ဆမ် နမ့်လန် နယ်သာလန် နာဂ နားဟိုင်းလုံ နာရေး နာရေးကူညီမှုအသင်း နီနီခင်ဇော် နန္ဒာလှိုင် ပက်ထရစ်ရှာ ပခုက္ကူ ပင်းတယ ပင်လည်ဘူး ပင်လုံ ပင်လောင်း ပန်ဝါ ပန်ဆိုင်း ပန်းတနော် ပန်းဘဲတန်း ပန်းတောင်း ပွင့်နဒီမောင် ပွင့်ဖြူ ပလက်ဝ ပလိပ် ပိုင်ကျုံ ပိုလန် ပီကင်း ပုဂံ ပုဇွန်တောင် ပုဏ္ဏားကျွန်း ပုပ္ပါး ပုံပါကျင် ပုဗ္ဗသီရိ ပုလဲ ပုသိမ် ပုသိမ်ခရိုင် ပုသိမ်ကြီး ပုလောမြို့  ပူတာအို ပလောင် ပဲခူး ပဲခူးတိုင်း ပျဉ်းမနား ဖယ်ခုံ ဖရူဆို ဖွာထောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖလမ်း ဖားကန့်  ဖာပွန် ဖားဆောင်း ဖုန်ကြားရှင်း ဖျာပုံ ကြက်ယက် ကျေးရွာ ကြံခင်း ကြည်ဖြူ သျှင် ကြည့်မြင်တိုင် ကြည့်မြင်တိုင် ကြာအင်းဆိပ်ကြီး ကြို့ ပင်ကောက် ကြူကုတ် ဗကပ ဗကသ ဗန်းမောက် ဗန်းမော် ဗဟန်း ဗိုလ်ချုပ် ဂွမ်မော် ဗိုလ်ချုပ်ဟောင်းထွန်းကြည် ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်တထောင် ဗိုလ်ကြင်မောင် ဗိုလ်မှူးကြီးစောဆန်းအောင် ဗိဿ နိုး ဗီယက်နမ် မြိုင်မြို့ မြိုင်ကြီးငူဆရာတော် ဘင်္ဂါလီ ဘယ်လ်ဂျီယံ ဘားအံ ဘားအံမြို့နယ် ဘိုကလေး ဘီးလင်း ဘုတလင် ဘုတ်ပြင်း ဘုရားကြီး ဘုရားသုံးဆူ ဘိုကလေး ဘူးသီးတောင် မက္ကဆီကို မကွေးတိုင်း မချမ်းဘော့ မင်္ဂလာဒုံ မင်္ဂလာပွဲ မင်္ဂလာတောင်ညွန့်  မင်းကင်း မင်းကွန်း မင်းကိုနိုင် မင်းတပ် မင်းတုန်း မင်းဘူး မင်းပြား မင်းလှ မင်းအုပ်စိုး မင်းမော်ကွန်း မင်းသွေးသစ် မင်းအောင်လှိုင် မင်းအောင်လှိုင် မတၱရာ မတူပီ မထက္ မန္စီ မန္တလေးတိုင်း မန်းဂျော်နီ မဘသ မဘိမ်း မယ်စဲ့ မယ်လ မယ်လိုဒီ မရမ်းကုန်း မွန် မွန်ပြည်နယ် မွန်ပြည်သစ် မွန်အမျိုးသားပါတီ မွန်းအောင် မလှိုင် မလွှကုန်း မွန်ပြည်နယ် မွဲ ့ မဟာအောင်မြေ မအီ မအူပင် မာန်အောင် မာယာလူမျိုး အကြောင်း မာရီနာ မာရီလင်မွန်ရိုး မိစန္ဒီ မိတ္ထီလာ မိတီ်္ထလာ မိတ္ထီလာ မိတ်ကပ် မိန့် ခွန်း မိုးကုတ် မိုင်းကိုင် မိုင်းခတ်မြို့နယ် မိုင်းခုတ် မိုင်းဆတ် မိုင်းတုံ မိုင်းထား မိုင်းပန် မိုင်းပွန် မိုင်းယန်း မိုင်းပြင်း မိုင်းဖြတ် မိုင်းရှူး မိုင်းလား မိုင်းနောင် မိုင်းယောင်း မိုးညှင်း မိုးညို မိုးနဲ မိုးမိတ် မိုးယုစံ မိုးဗြဲ မိုးသီးဇွန် မိုးကောင်း မိုးဇေညိမ်း မိုးမောက် မိုးဟေကို မိုးအောင်ရင် မုံးကိုး မုဏ်း မုဒုံ မုန်းဝန်း မုန်းကို မုံရွာ မုံရွာမြို့ မိုင်းခတ်မြို့နယ် မိုးညှင်းမြို့နယ် မူဆယ် မကွေး မကွေးတိုင်း မလေးရှား မျိုးစောင့်ဥပဒေ မန္တလေး မန္တလေးတိုင်း ယင်းမာပင် ယန်ဟီးလီ ယမုံမိုး ယွန်းယွန်း ယီမင် ယုသန္တာတင် ယူကရိန်း ပြင်သစ် ပြင်ဦးလွင် ပြဇာတ် ပြည် ပြည်ခိုင်ဖြိုး ပြည်ကြီးတံခွန် ပြည်ကြီးတံခွန် ပြည်သူ့ ဂုဏ်ရည် ပြွန်တန်ဆာ ဖြိုးကြီး ဖြိုးဖြိုးအောင် ဖြိုးငွေစိုး ဖြူး ဖြူဖြူကျော်သိန်း မြ၀တီ မြင်းမူ မြင်းခြံ မြင့်မြတ် မြစ်ကျိုး မြစ်ဆုံ မြစ်ကြီးနား မြစ်သား မြတ်ကေသီအောင် မြန်မာမလေးများ မြန်မာမလေးများvideo မြန်မာ့ရိုးးရာ ပန်းးပုပညာ မြန်အောင် မြဝတီ မြသန်းစံ မြိတ်ထားဝယ် မြို့ သစ် မြိုင် မြိုင်ကြီးငူ ရခိုင်ပြည်နယ် ရခိုင်အမျိုးသားပါတီ ရခိုင်အမျိုးသားပါတီ ရတနာမိုင် ရတာနာ ရန်ကင်း ရန်ကုန် ရန်ကုန်စက်မှုတက္ကသိုလ် ရန်ကုန်တိုင်း ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက် ရန်ကုန်တိုင်း ရပ်စောက် ရမည်းသင်း ရမ်းဗြဲ ရွာငံ ရှင်ဆန္ဒာဓိက ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ရှမ်းနီ ရှမ်းပြည်နယ် ရှားတော ရှီဘုယဇာနည ရုရှား ရသေ့တောင် ရဲတိုက် ရဲထွဋ် ရဲလေး လက်ပံတန်း လက်ပံတောင်း လက်ဝှေ့  လင်းခေး လပွတ္တာ လမ်းမတော် လယ်သမား လယ်သိမ်းမြေသိမ်း လယ်ဝေး လွယ်လင် လွိုင်လင် လွိုင်ကော် လှည်းကူး လှည်းတန်း လွှတ်တော် လှာကာကျေးရွာ လှိုင်သာယာ လသာ လဟယ် လားရှိုး လာအို လွိုင်လင် လွိုင်ကော် လှိုင် လှိုင်းဘွဲ လှိုင်သာယာ လိုင်ဇာ လှိုင်းဘွဲ့မြို့နယ် လီဆူ လုံးခင်း လုလုအောင် လူမင်း လူပျောက်ကြော်ငြာ လဲချား လွှတ်တော် ဝတ်မှုန်ရွှေရည် ဝိုင်းစုခိုင်သိန်း ဝိုင်းမော် ဝိုင်းလေး ဝီရသူ ကြည့်မြင်တိုင် သက္ကလ သက်မွန်မြင့် သခင်တင်မြ သံဃာ သင်္ဃန်းကျွန်း သင်ဇာဝင့်ကျော် သင်ဇာနွယ်ဝင်း သဇင် သံတွဲ သတိပေးချက် သထုံ သထုံ သနပ်ပင် သန်လျင် သန်းရွှေ သပိတ်ကျင်း သံဖြူဇရပ် သင်္ကြန် သံဖြူဇရပ် သရက် သံလျင် သဉ္ဖာနွယ်ဝင်း သာစည် သားညီ သာယာဝတီ သာကေတ သာပေါငး သာပေါင်းမြို့ နယ် သိန်းစိန် သိန်းနီ သိန္နီ သီတဂူဆရာတော် သီဟ၀င်းတင် သီပေါ သုဝဏ္ဏ သုဝဏ္ဏ၀တီ သုံးခွ သုံးဆယ် သူရဦးတင်ဦး သူရဦးရွှေမန်း သူရဦးအောင်ကို သူရရွှေမန်း သူရဲကောင်း သံတောင်ကြီးမြို့  သရော်စာ သဲကုန်း သဉ္ဇာနွယ်ဝင်း ဟန်ဝင်းအောင် ဟန်ထူးလွင် ဟန်သီ ဟင်္သာတ ဟားခါး ဟာသ ဟိုင်းကြီးကျွန်း ဟိုပုံး ဟိုယာဒေသ ဟုမ္မလင်း ဟိုပန် ဟဲဟိုး အကယ်ဒမီ အကယ်ဒမီ၂၀၁၂ အင်္ဂပူ အင်ဂျလီနာ ဂျိုလီ အင်းစိန် အင်းတကော် အင်လုံရွာ အင်းတော် အင်းတော်ကြီး အင်းလေး အစ္စရေး အဆိုအမိန့်  အမရပူရ အမ်း အမျိုးသမီးပါတီ အမျိုးသားကွန်ဂရက်ပါတီ အမျိုးသားဒီမိုကရေစီပါတီသစ် အမျိုးသားပါတီ အမြန်လမ်း အရာတော် အရိုင်း အလှပြင်မယ် အလုံ အာဆီယံ အာဇာနည်နေ့  အိမ်မဲ အိချောပို အိန္ဒိယ အီရန် အီသီယိုးပီးယား အုတ်တွင်း အကောက်တောင် အဖျောက် အမေရိကန် အခြေခံဥပဒေ အလောင်းတော်ကဿ ပ ဥတ္တရသီရိ ဦးဝင်းတင် ဦးဝီရသူ ဦးဂမ္ဘီရ ဦးထင်လင်းဦး ဦးထင်ကျော် ဦးထင်ကျော် ဦးနု ဦးပိုင် ဦးဖိုးကျား ဦးမြင့်ဆွေ ဦးဝင်းချို ဦးဝင်းတင် ဦးဝင်းထိန် ဦးသန့်  ဦးတေဇ ဦးနေ၀င်း ဧရာဝတီ ဧရာဝတီတိုင်း ဧရာဝတီ ဧဝရတ်တောင် ဝေဠုကျော် ဝေါ ကေတုမတီ ကေအိုင်အို ကော့ကရိတ် ကောင်းပြည့် ကော့မှူး ကောလင်း ကော့သောင်း ကော်နီ ကျေးသီးမြို့  ကျောက်ဆည် ကျောက်တံခါး ကျောက်တံတား ကျောက်တန်း ကျောက်ပန်းတောင်း ကျောက်ပန်းတောင်းမြို့နယ် ကျောက်ကြီး ကျောက်မဲ ကျောက်ဖြူ ကျောက်တော် ကျောက်မြောင်း ကျောင်းကုန်း ကျောင်းသားလှုပ်ရှားမှု ကျောင်းသားသပိတ် ကျော်ကိုကို ကျော်သူ ကျော်ဟိန်း ကျော်ကျော်ဗို ချောက် ချောင်းဆုံ ချောင်းသာ ချောင်းဦး ချောရတနာ ဂျေညီညီ ဂျောက်ဂျက် ငွေမှုန်ရတီ ငွေဆောင် စေတုတ္တရာ စောဘွဲ့မှူး ဆော ဆော့လော် ဇေယျဝတီ ဇေယျာသီရိ ဇေရဲထက် ဇော်ဝင်းထွဋ် ဇော်သက်ထွေး ညောင်တုန်း ညောင်ဦး ညောင်ခြေထောက် ညောင်ရွှေ ညောင်လေးပင် တောကျွဲအင်း တောင်ကုတ် တောင်ငူ တောင်တွင်းကြီး တောင်ဒဂုံ တောင်ကြီး တောင်ပြိုလက်ဝဲ တောင်ပြုံး တောင်သမန် တောင်သာ တောင်ဥက္ကလာ ထောက်ကြန့်  ဒေါ်ကြိုင်ကြိုင် ဒေါ်အောင်ဆန်းစုကြည် ဒေးဒရဲ ဒေါက်တာညိုညိုသင်း ဒေါက်တာတင့်ဆွေ ဒေါက်တာထွန်းလွင် ဒေါက်တာမြင့်ထွေး ဒေါက်တာရန်မျိုးသိမ်း ဒေါက်တာလှကျော်ဇော ဒေါက်တာသန်းထွန်း ဒေါပုံ နေတိုး နေမျိုးဇင် နေမျိုးဝေ နေပြည်တော် နောင်ချို နောင်ဒွန်းကျေးရွာ နောင်လုံး အုပ်စု နော်အုန်းလှ ပေးစာ ပေးစာ - ဗိုလ်ချုပ်မြ၀င်း (သို့) ဗိုလ်မြ၀ါး ပေါက် ပေါက်ခေါင်း ပေါက်တော ပေါင် ပေါင်းတည် ပျော်ဘွယ် ဖွေးဖွေး ဖောင်ကြီး ဖောင်းပြင် ကြေးမုံဦးသောင်း ကြော်ငြာ ဗေဒင် ဗေလုဝ ဘောလခဲ မေ မေခလာ မေစံပယ်ညို မှော်ဘီ မေသက်ခိုင် မေသန်းနု မောက်မယ် မောချီး မောင်ဆောင်းခ မောင်တော မောင်မောင်ဝမ်း မော့စ် မော်ချီး မော်လမြိုင် မော်လိုက် မော်လ်ဒိုဗာ ပြေတီဦး မြေပုံ မြောက်ဒဂုံ မြောက်ဥက္ကလာ မြောက်ဦး မြောင် မြောင်းမြ ရေး ရေစကြို ရေစကြိုမြို့နယ် ရေတာရှည် ရေနီ ရေနံချောင်း ရေကြည် ရေဖြူ ရွှေဘိုမြို့  ရွှေမှုန်ရတီ ရွှေပြည်သာ ရေဦး ရွှေဝါရောင် ရွှေကူ ရွှေကျင် ရွှေစက်တော် ရွှေည၀ါဆရာတော် ရွှေတိဂုံ ရွှေဘို ရွှေမှုန်ရတီ ရွှေပြည်သာ ရွှေလီ ရွှေညောင် ရွှေတောင် ရွှေပေါက္ကံ ရွှေသောင်ယံ လေးမျက်နှာ လေးဖြူ လှော်ကား လောက်ကိုင် လောင်းလုံ လောပိတ ဝေါမြို့နယ် အေးချမ်းမြတ်မိုး အေးမြတ်သူ အေသင်ချိုဆွေ အောင်ဆန်းဦး အောင်ပန်း အောင်မင်း အောင်ရဲလင်း အောင်လံ အောင်မြေသာစံ အောင်သောင်း အော်စကာ နွားထိုးကြီး နိုင်ငံရေးအကျဉ်းသား နိုင်မွန်ချမ်း

Labels

Recent Post