ေရႊျပည္သာ စက္မႈဇုန္ (၁) အထည္ခ်ဳပ္စက္႐ံုမီးေလာင္


ရန္ကုန္ ေဖေဖာ္ဝါရီ ၂၁

ရန္ကုန္တိုင္းေဒသႀကီး ေရႊျပည္သာၿမဳိ႕နယ္ ဘူတာအနီး စက္မႈဇုန္ (၁) အင္းၾကင္းၿမိဳင္လမ္း အမွတ္ ၄၂/၃၄-၄ဝ ရွားေပးအာရွ (SUPREME ASIA GAR MENT FACTORY LIMITED ) အထည္ခ်ဳပ္စက္႐ုံအတြင္း ယေန႔ နံနက္ ၅ နာရီခြဲက မီးေလာင္မႈျဖစ္ပြားသည္။

ျဖစ္စဥ္မွာ ''အမႈိက္ပံုးအတြင္း ေဆးလိပ္တိုမီးစြန္႔ပစ္ရာမွ အထည္အလိပ္ ျဖတ္စညႇပ္စ စုပံုထားရွိရာသို႔ မီးစတင္ကူးစက္ေလာင္ကြၽမ္းျခင္းျဖစ္ေၾကာင္း၊ အထည္ခ်ဳပ္စက္႐ံုတာဝန္ခံမန္ေနဂ်ာ ေဒၚထက္ထက္က ေျပာျပသည္။

''မီးစတင္ေလာင္တာကေတာ့ နံနက္ ၅ နာရီခန္႔ျဖစ္ပါတယ္။ မီးသတ္ တပ္ဖြဲ႕ အေနနဲ႔ သတင္းစရတာကေတာ့ နံနက္ ၅ နာရီ ၅ မိနစ္မွာပါ။ ေလာင္ေနတဲ့မီးအား ကို ၅ နာရီ ၃၅ မိနစ္မွာ ထိန္းႏုိင္ခဲ့တယ္။ ၅ နာရီ ၄၅ မိနစ္က်ေတာ့ စိတ္ခ်လက္ခ် ၿငိမ္းသြားၿပီ''ဟု နယ္ေျမမီးသတ္ဦးစီးမွဴးက မီဒီယာမ်ား ေမးသည္ကို ေျဖၾကားသည္။

မီးေလာင္ရာသို႔ ရန္ကုန္တိုင္း မီးသတ္ဦးစီးဌာန ၫႊန္ၾကားေရးမွဴး ဦးေက်ာ္သူရ ဦးေဆာင္ေသာ မီးၿငိႇမ္းသတ္ယာဥ္ ၂၄ စီး၊ ကြပ္ကဲအုပ္ခ်ဳပ္မႈ ယာဥ္ေလးစီး၊ အေထာက္အကူ ျပဳယာဥ္တစ္စီး၊ ထိုင္းၾကက္ေျခနီယာဥ္တစ္စီး၊ သေႏၶမီးသတ္ ၁၇ဝ ဦး ၊ အရန္မီးသတ္
၉ဝ ၊ ၾကက္ေျခနီ ၂ဝ ၊ အင္အားျဖင့္ ၿငိႇမ္းသတ္ခဲ့ရေၾကာင္း သိရသည္။ ဆံုး႐ံႈးမႈတန္ဖိုးမွာ ႏွစ္သိန္းခြဲဟု သိရသည္။

အဆိုပါ စက္႐ံုမန္ေနဂ်ာ ေဒၚထက္ထက္ (၃၄ႏွစ္) အားသက္ဆိုင္ရာမွ ထပ္မံစစ္ေဆးေဆာင္ရြက္လ်က္ရွိသည္။

မ်ဳိးမင္းသိန္း(မရမ္းကုန္း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
.......


ရန်ကုန် ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဘူတာအနီး စက်မှုဇုန် (၁) အင်းကြင်းမြိုင်လမ်း အမှတ် ၄၂/၃၄-၄ဝ ရှားပေးအာရှ (SUPREME ASIA GAR MENT FACTORY LIMITED ) အထည်ချုပ်စက်ရုံအတွင်း ယနေ့ နံနက် ၅ နာရီခွဲက မီးလောင်မှုဖြစ်ပွားသည်။

ဖြစ်စဉ်မှာ ''အမှိုက်ပုံးအတွင်း ဆေးလိပ်တိုမီးစွန့်ပစ်ရာမှ အထည်အလိပ် ဖြတ်စညှပ်စ စုပုံထားရှိရာသို့ မီးစတင်ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ အထည်ချုပ်စက်ရုံတာဝန်ခံမန်နေဂျာ ဒေါ်ထက်ထက်က ပြောပြသည်။

''မီးစတင်လောင်တာကတော့ နံနက် ၅ နာရီခန့်ဖြစ်ပါတယ်။ မီးသတ် တပ်ဖွဲ့ အနေနဲ့ သတင်းစရတာကတော့ နံနက် ၅ နာရီ ၅ မိနစ်မှာပါ။ လောင်နေတဲ့မီးအား ကို ၅ နာရီ ၃၅ မိနစ်မှာ ထိန်းနိုင်ခဲ့တယ်။ ၅ နာရီ ၄၅ မိနစ်ကျတော့ စိတ်ချလက်ချ ငြိမ်းသွားပြီ''ဟု နယ်မြေမီးသတ်ဦးစီးမှူးက မီဒီယာများ မေးသည်ကို ဖြေကြားသည်။

မီးလောင်ရာသို့ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူရ ဦးဆောင်သော မီးငြိှမ်းသတ်ယာဉ် ၂၄ စီး၊ ကွပ်ကဲအုပ်ချုပ်မှု ယာဉ်လေးစီး၊ အထောက်အကူ ပြုယာဉ်တစ်စီး၊ ထိုင်းကြက်ခြေနီယာဉ်တစ်စီး၊ သန္ဓေမီးသတ် ၁၇ဝ ဦး ၊ အရန်မီးသတ်
၉ဝ ၊ ကြက်ခြေနီ ၂ဝ ၊ အင်အားဖြင့် ငြိှမ်းသတ်ခဲ့ရကြောင်း သိရသည်။ ဆုံးရှုံးမှုတန်ဖိုးမှာ နှစ်သိန်းခွဲဟု သိရသည်။

အဆိုပါ စက်ရုံမန်နေဂျာ ဒေါ်ထက်ထက် (၃၄နှစ်) အားသက်ဆိုင်ရာမှ ထပ်မံစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

မျိုးမင်းသိန်း(မရမ်းကုန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)