လက္နက္ခဲယမ္းႏွင့္ မူးယစ္ေဆးဝါး အေျမာက္အမ်ား ရန္ကုန္မွာ ဖမ္းမိ


 မသကၤာဖြယ္ေတြ႕ရွိသည့္ကားအား လွည့္ကင္းေဆာင္႐ြက္ေနသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးရာမွ လက္နက္ခဲယမ္းႏွင့္ မူးယစ္ေဆးဝါးမ်ား သိမ္းဆည္းရမိ

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၂၈

ရန္ကုန္တိုင္းေဒသႀကီး တာေမြၿမိဳ႕နယ္ တာေမြၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ားသည္ ေဖေဖာ္ဝါရီ ၆ ရက္ နံနက္ ၂ နာရီ ၂၀ မိနစ္တြင္ သက္ေသမ်ားႏွင့္အတူ လွည့္ကင္း ေဆာင္႐ြက္ေနစဥ္ နတ္ေမာက္ရပ္ကြက္ ဦးထြန္းျမတ္လမ္း၊ Victor International School ေရွ႕အေရာက္ မီးဖြင့္ၿပီး စက္ႏႈိးရပ္ထားေသာ Toyota Hilux Vigo ယာဥ္အား မသကၤာဖြယ္ေတြ႕ရွိသျဖင့္ စစ္ေဆးခဲ့ရာ အလုံၿမိဳ႕နယ္ ေထာ္လီေကြ႕ ေစာရန္ပိုင္အေနာက္ရပ္ကြက္ ႏြယ္သာကီလမ္းေန Arakan Army(AA) အဖြဲ႕မွ ဒုတိယဗိုလ္မႉးႀကီးအဆင့္ရွိ ေအာင္ျမတ္ေက်ာ္(ခ) ညီညီစိုး(ခ) မင္းခန္႔ (ခ) ညီညီ(၂၆) ႏွစ္အား ယာဥ္ေပၚမွ Austria ႏိုင္ငံလုပ္ GNP-190 နံပါတ္ပါ 9MM သံကိုယ္ထည္ အနက္ေရာင္ ပစၥတို (၁)လက္ႏွင့္ ဆက္စပ္ပစၥည္း(၁၄)မ်ိဳးအားေတြ႕ရွိသျဖင့္ တာေမြၿမိဳ႕မရဲစခန္းတြင္ လက္နက္မ်ား အက္ဥပေဒပုဒ္မျဖင့္ အမႈဖြင့္စစ္ေဆးခဲ့သည္။

စစ္ေဆးခ်က္အရ ၎သည္ ေဝသာထြန္း(ခ)မ်ိဳးေဇာ္(၃၃)ႏွစ္ႏွင့္အတူ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ (၄၂)ရပ္ကြက္တြင္ ငွားရမ္းေနထိုင္ေၾကာင္းသိရွိရသျဖင့္ သြားေရာက္ ရွာေဖြရာ ေဝသာထြန္း(ခ)မ်ိဳးေဇာ္အား မေတြ႕ရွိေသာ္လည္း လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ဝင္ေရာက္ရွာေဖြခဲ့ရာ ေနအိမ္ အတြင္းမွ စစ္သုံးအီေကြးမင့္(၄၂)ခု၊ အစိမ္းေရာင္ေျပာက္ၾကား ေက်ာပိုးအိတ္(၈၀)အိတ္၊ အစိမ္းေရာင္စစ္ေဘးလြယ္အိတ္(၇၀)လုံး၊ ၎ႀကိဳး(၆၀)၊ Bushnell စာတန္းပါ ညၾကည့္မွန္ေျပာင္း(၅)ခု၊ ICOM IC-V8 စာတန္းပါ အစိမ္းေရာင္ စကားေျပာစက္(၂၁)လုံး၊ Compass စာတန္းပါသံလိုက္အိမ္ေျမႇာင္(၉)လုံး၊ GARMIN စာတန္းပါ GPS(၁)လုံး၊ စစ္သုံးအစိမ္းေရာင္ ပလတ္စတစ္ေျမယာခင္း(၈၉)ထည္၊ လက္လုပ္ မိုင္း၊ လက္ပစ္ဗုံး၊ ေျမျမႇဳပ္ဗုံးမ်ားျပဳလုပ္ရာတြင္ အသုံးျပဳသည့္ ပလတ္စတစ္ေကာ္ပိုက္ (အမာ)အပိုင္းအစမ်ား၊ သံျပား(၄)ျပား၊ ေကာ္ျပား(၁)ျပား၊ ယာဥ္နံပါတ္ျပား(၁)ခုတို႔အား သိမ္းဆည္းရမိခဲ့ၿပီး ယင္းေန႔ မြန္းလြဲ ၃ နာရီ မိနစ္ ၅၀ တြင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (စ်)ရပ္ကြက္၊ ဘုမၼာလမ္းသြယ္တြင္ ေဝသာထြန္း(ခ)မ်ိဳးေဇာ္အား ဖမ္းဆီးရမိခဲ့သျဖင့္ ၎တို႔ ႏွစ္ဦးအား ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ၿမိဳ႕မရဲစခန္းတြင္ ျပည္သူပိုင္ပစၥည္း ကာကြယ္ေရး အက္ဥပေဒ၊ ဆက္သြယ္ေရးဥပေဒပုဒ္မတို႔ျဖင့္ အမႈဖြင့္အေရးယူခဲ့သည္။

ဆက္လက္ၿပီး ေဝသာထြန္း(ခ)မ်ိဳးေဇာ္ ေနထိုင္ရာ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (စ်)ရပ္ကြက္၊ ဘုမၼာ(၂)လမ္းေနအိမ္သို႔ သြားေရာက္ရွာေဖြရာ ေလွကားအံဝွက္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား စုစုေပါင္း (၃၃၀၈၀ဝ)ျပား ဖမ္းဆီးရမိခဲ့သျဖင့္ ၎တို႔ႏွစ္ဦးအား ေျမာက္ဥကၠလာပၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါး မ်ားဆိုင္ရာဥပေဒျဖင့္ အမႈဖြင့္အေရးယူခဲ့သည္။ ထို႔ေနာက္ ေဖေဖာ္ဝါရီ(၁၀)ရက္တြင္ လြန္ခဲ့ေသာ(၆)လခန္႔က ေဝသာထြန္း(ခ)မ်ိဳးေဇာ္ ငွားရမ္းေနထိုင္ခဲ့သည့္ လႈိင္သာယာၿမိဳ႕နယ္၊ အတြင္းပဒံ႐ြာ၊ ေ႐ႊကမ္းသာယာအိမ္ရာ ေနအိမ္သို႔ သြားေရာက္ရွာေဖြရာ AK က်ည္ေဘာက္ (၁၉)ခု၊ AK က်ည္(၇၀၄၀)ေတာင့္၊ 12.7 ေလယာဥ္ပစ္ စက္ေသနတ္ က်ည္(၄၄၀)ေတာင့္၊ RTA47 စက္လတ္က်ည္(ခါးပတ္ ၁၃ တြဲက်ည္ပါ) ၁၀၀၀ ေတာင့္၊ AK ေလ့က်င့္ေရးက်ည္ (၁၉၅)ေတာင့္၊ စက္လတ္က်ည္အိမ္ဝိုင္း(၂)ခု၊ M34 မီးခိုးဗုံး (၄)လုံး၊ လက္နက္ႀကီးပို႔က်ည္ (၁၂)လုံး၊ TNT ယမ္းထုပ္(၂၀၀ ဂရမ္စီပါ) (၅၆)ထုပ္၊ မီး႐ႈိ႕စနက္တံႀကိဳး(႐ိုး႐ိုး) ၉၄ ေပ၊ ၆ လက္မ ၊ မီး႐ႈိ႕စနက္တံေခ်ာင္း(၁၉၅)ေခ်ာင္းႏွင့္ RTA 74 စက္လတ္က်ည္ခါးပတ္(၂)ခုတို႔ သိမ္းဆည္းရမိသျဖင့္ ၎တို႔ႏွစ္ဦးအျပင္ ေနအိမ္တြင္ေနထိုင္သည့္ ေက်ာ္စိန္(စိစစ္ဆဲ)၊ ေအးခ်မ္း(စိစစ္ဆဲ)တို႔အား ေသာင္ႀကီးနယ္ေျမ ရဲစခန္း(ပ)၈၀/၂၀၁၆၊ လက္နက္မ်ားအက္ ဥပေဒပုဒ္မ ၁၉(စ) ျဖင့္ အမႈဖြင့္အေရးယူခဲ့သည္။


အဆိုပါတရားခံ၏ စစ္ေဆးေပၚေပါက္ခ်က္အရ ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴခ႐ိုင္၊ ရမ္းၿဗဲၿမိဳ႕နယ္၊ ရမ္းသစ္ႀကီးေက်း႐ြာ အုပ္စုရွိ Arakan Army (AA)အဖြဲ႕၏ ပုဇြန္ကန္ အေဆာက္အဦးအနီးတြင္ တူးေဖာ္ရွာေဖြခဲ့ရာ RPG (၆)လက္၊ ပါရီ(၇)လက္၊ စႏိုက္ပါ (၄)လက္၊ RPG ဗုံးသီး(၃၉)လုံး၊ RPG ပို႔က်ည္ (၅၀)ေတာင့္၊ က်ည္အိမ္(၇၀)ခု၊ က်ည္ (၁၁၁၉၇)ေတာင့္၊ TNT ယမ္းတုံး(၄၅)တုံး၊ စနက္တံ (၂၅၄)ခု၊ ယမ္းႀကိဳး ထုပ္ (၁၀)ထုပ္၊ မွန္ေျပာင္း(၂)ခု၊ ဓါတ္ခဲ(၁၄)လုံး၊ ဒီတိုေနတာ(၄)ခု၊ Laser Scope (၁)ခု တို႔အား သိမ္းဆည္းရမိသည္။

ထို႔အျပင္ အဆိုပါတရားခံမ်ားသည္ လက္နက္/ခဲယမ္းမ်ားအား၂၀၁၄ ခုႏွစ္အတြင္း ျပင္ဦးလြင္ လမ္းေၾကာင္းမွ (၂)ႀကိမ္၊ ၂၀၁၅ ခုႏွစ္တြင္ ျပင္ဦးလြင္ လမ္းေၾကာင္းမွ(၆)ႀကိမ္၊ ဘားအံလမ္းေၾကာင္းမွ (၁၀)ႀကိမ္၊ စုစုေပါင္း(၁၈)ႀကိမ္ ရန္ကုန္ၿမိဳ႕သို႔ ကိုယ္ပိုင္ ေမာ္ေတာ္ ယာဥ္ျဖင့္ သယ္ေဆာင္ခဲ့ေၾကာင္း၊ ဆက္လက္၍ ရန္ကုန္ၿမိဳ႕တြင္ ျပန္လည္ထုပ္ပိုးၿပီး လိုင္းကားျဖင့္(၃)ႀကိမ္၊ ကိုယ္ပိုင္ေမာ္ေတာ္ယာဥ္ျဖင့္ (၁၁)ႀကိမ္၊ စုစုေပါင္း(၁၄)ႀကိမ္ခြဲ၍ စစ္ေတြ ၿမိဳ႕သို႔ ပို႔ေဆာင္ခဲ့ေၾကာင္း၊ ၂၀၁၄ ႏွင့္ ၂၀၁၅ ခုႏွစ္အတြင္း စစ္ေတြၿမိဳ႕သို႔ ပို႔ေဆာင္ခဲ့ေသာ လက္နက္/ခဲယမ္း အေရအတြက္ စုစုေပါင္းမွာ လက္နက္ငယ္(၃၄၅)လက္၊ လက္နက္ငယ္က်ည္ မ်ိဳးစုံ(၈၀,၂၀၀)ေတာင့္၊ RPG(၁၆)လက္၊ RPG ဗုံးသီး(၂၁၃)လုံး၊ လက္ပစ္ဗုံး (၃၀၀)လုံး၊ TNT ယမ္း(၇၅၀)ေတာင့္၊ မိုင္း(၄၀)လုံး၊ ဆက္သြယ္ေရး အထိုင္စက္(၂)လုံး၊ လမ္းေလၽွာက္ စကားေျပာစက္(၃၃)လုံး၊ ခ်ပ္၀တ္(၁၅၀)စုံႏွင့္ အျခားဆက္စပ္ပစၥည္းမ်ိဳးစုံျဖစ္ေၾကာင္း သိရသည္။

ထိုကဲ့သို႔ ဖမ္းဆီးထိန္းသိမ္းထားေသာ ေအာင္ျမတ္ေက်ာ္(ခ)ညီညီစိုးသည္ Arakan Army (AA) မွ စစ္ဦးစီးခ်ဳပ္၊ ဗိုလ္မႉးခ်ဳပ္ အဆင့္ရွိ ထြန္းျမတ္ႏိုင္၏ တပည့္ျဖစ္ေၾကာင္း၊ ၎မွ ဒုတိယဗိုလ္မႉးႀကီးအဆင့္ ရာထူးတိုးျမႇင့္ေပး၍ လက္နက္မ်ား၀ယ္ယူရန္ တာ၀န္ေပးအပ္ ခဲ့ေၾကာင္း၊ ၂၀၁၄ ခုႏွစ္၊ ေမလမွစတင္၍ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိခဲ့ၿပီး လက္နက္/ခဲယမ္းမ်ား ၀ယ္ယူသယ္ေဆာင္မႈမ်ား ေဆာင္႐ြက္ေနခဲ့ရာမွ ေဖေဖၚဝါရီ(၆)ရက္တြင္ ဖမ္းဆီးခံရျခင္း ျဖစ္ေၾကာင္း Arakan Army (AA) မွ ဗိုလ္မႉးခ်ဳပ္အဆင့္ရွိ ထြန္းျမတ္ႏိုင္သည္ ရခိုင္အမ်ိဳးသား ပါတီမွ ဦးစံေက်ာ္လွ၏ သမီးျဖစ္သူ မဇာဇာ(ႏွင္းဇာျဖဴ)ႏွင့္လက္ထပ္ထားေၾကာင္း ထြက္ဆိုခ်က္ မ်ားအရသိရ သည္။

အဆိုပါဖမ္းဆီးရမိေသာ တရားခံမ်ား၏ ထြက္ဆိုခ်က္မ်ားအရ Arakan Army (AA)မွ ဗိုလ္မႉးခ်ဳပ္အဆင့္ရွိ ထြန္းျမတ္ႏိုင္သည္ AA အဖြဲ႕အတြက္ လက္နက္/ခဲယမ္း၊ အသုံးအေဆာင္ပစၥည္းမ်ားဝယ္ယူရန္ မူးယစ္ကုန္သည္ႏွင့္ ခ်ိတ္ဆက္ကာ စစ္ေတြသို႔ မူးယစ္ ေဆးဝါးမ်ား ပို႔ေဆာင္ေရာင္းခ်ခဲ့ေၾကာင္း၊ မူးယစ္ေဆးဝါးေရာင္းခ်ရရွိေငြမ်ားအား AA ဌာနခ်ဳပ္သို႔ေပးပို႔ရၿပီး AA ဌာနခ်ဳပ္၏ အစီအစဥ္ျဖင့္ လက္နက္/ခဲယမ္းမ်ား ဝယ္ယူ၍ပို႔ေဆာင္ ေပးခဲ့ရေၾကာင္းသိရွိရသျဖင့္ Arakan Army (AA)အဖြဲ႕၏ မူးယစ္ေဆးဝါးေရာင္း၀ယ္မႈ၊ လက္နက္/ခဲယမ္းမ်ား တရားမ၀င္ေရာင္း၀ယ္မႈမ်ားႏွင့္ ပါဝင္ပတ္သက္သူမ်ားအား ဆက္လက္ စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ သတင္းရရွိသည္။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
.................


 မသင်္ကာဖွယ်တွေ့ရှိသည့်ကားအား လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာမှ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၆ ရက် နံနက် ၂ နာရီ ၂၀ မိနစ်တွင် သက်သေများနှင့်အတူ လှည့်ကင်း ဆောင်ရွက်နေစဉ် နတ်မောက်ရပ်ကွက် ဦးထွန်းမြတ်လမ်း၊ Victor International School ရှေ့အရောက် မီးဖွင့်ပြီး စက်နှိုးရပ်ထားသော Toyota Hilux Vigo ယာဉ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ အလုံမြို့နယ် ထော်လီကွေ့ စောရန်ပိုင်အနောက်ရပ်ကွက် နွယ်သာကီလမ်းနေ Arakan Army(AA) အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ အောင်မြတ်ကျော်(ခ) ညီညီစိုး(ခ) မင်းခန့် (ခ) ညီညီ(၂၆) နှစ်အား ယာဉ်ပေါ်မှ Austria နိုင်ငံလုပ် GNP-190 နံပါတ်ပါ 9MM သံကိုယ်ထည် အနက်ရောင် ပစ္စတို (၁)လက်နှင့် ဆက်စပ်ပစ္စည်း(၁၄)မျိုးအားတွေ့ရှိသဖြင့် တာမွေမြို့မရဲစခန်းတွင် လက်နက်များ အက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ၎င်းသည် ဝေသာထွန်း(ခ)မျိုးဇော်(၃၃)နှစ်နှင့်အတူ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်တွင် ငှားရမ်းနေထိုင်ကြောင်းသိရှိရသဖြင့် သွားရောက် ရှာဖွေရာ ဝေသာထွန်း(ခ)မျိုးဇော်အား မတွေ့ရှိသော်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ် အတွင်းမှ စစ်သုံးအီကွေးမင့်(၄၂)ခု၊ အစိမ်းရောင်ပြောက်ကြား ကျောပိုးအိတ်(၈၀)အိတ်၊ အစိမ်းရောင်စစ်ဘေးလွယ်အိတ်(၇၀)လုံး၊ ၎င်းကြိုး(၆၀)၊ Bushnell စာတန်းပါ ညကြည့်မှန်ပြောင်း(၅)ခု၊ ICOM IC-V8 စာတန်းပါ အစိမ်းရောင် စကားပြောစက်(၂၁)လုံး၊ Compass စာတန်းပါသံလိုက်အိမ်မြှောင်(၉)လုံး၊ GARMIN စာတန်းပါ GPS(၁)လုံး၊ စစ်သုံးအစိမ်းရောင် ပလတ်စတစ်မြေယာခင်း(၈၉)ထည်၊ လက်လုပ် မိုင်း၊ လက်ပစ်ဗုံး၊ မြေမြှုပ်ဗုံးများပြုလုပ်ရာတွင် အသုံးပြုသည့် ပလတ်စတစ်ကော်ပိုက် (အမာ)အပိုင်းအစများ၊ သံပြား(၄)ပြား၊ ကော်ပြား(၁)ပြား၊ ယာဉ်နံပါတ်ပြား(၁)ခုတို့အား သိမ်းဆည်းရမိခဲ့ပြီး ယင်းနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၅၀ တွင် မြောက်ဥက္ကလာပမြို့နယ်၊ (စျ)ရပ်ကွက်၊ ဘုမ္မာလမ်းသွယ်တွင် ဝေသာထွန်း(ခ)မျိုးဇော်အား ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ နှစ်ဦးအား ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းတွင် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေပုဒ်မတို့ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

ဆက်လက်ပြီး ဝေသာထွန်း(ခ)မျိုးဇော် နေထိုင်ရာ မြောက်ဥက္ကလာပမြို့နယ်၊ (စျ)ရပ်ကွက်၊ ဘုမ္မာ(၂)လမ်းနေအိမ်သို့ သွားရောက်ရှာဖွေရာ လှေကားအံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၃၃၀၈၀ဝ)ပြား ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ(၁၀)ရက်တွင် လွန်ခဲ့သော(၆)လခန့်က ဝေသာထွန်း(ခ)မျိုးဇော် ငှားရမ်းနေထိုင်ခဲ့သည့် လှိုင်သာယာမြို့နယ်၊ အတွင်းပဒံရွာ၊ ရွှေကမ်းသာယာအိမ်ရာ နေအိမ်သို့ သွားရောက်ရှာဖွေရာ AK ကျည်ဘောက် (၁၉)ခု၊ AK ကျည်(၇၀၄၀)တောင့်၊ 12.7 လေယာဉ်ပစ် စက်သေနတ် ကျည်(၄၄၀)တောင့်၊ RTA47 စက်လတ်ကျည်(ခါးပတ် ၁၃ တွဲကျည်ပါ) ၁၀၀၀ တောင့်၊ AK လေ့ကျင့်ရေးကျည် (၁၉၅)တောင့်၊ စက်လတ်ကျည်အိမ်ဝိုင်း(၂)ခု၊ M34 မီးခိုးဗုံး (၄)လုံး၊ လက်နက်ကြီးပို့ကျည် (၁၂)လုံး၊ TNT ယမ်းထုပ်(၂၀၀ ဂရမ်စီပါ) (၅၆)ထုပ်၊ မီးရှို့စနက်တံကြိုး(ရိုးရိုး) ၉၄ ပေ၊ ၆ လက်မ ၊ မီးရှို့စနက်တံချောင်း(၁၉၅)ချောင်းနှင့် RTA 74 စက်လတ်ကျည်ခါးပတ်(၂)ခုတို့ သိမ်းဆည်းရမိသဖြင့် ၎င်းတို့နှစ်ဦးအပြင် နေအိမ်တွင်နေထိုင်သည့် ကျော်စိန်(စိစစ်ဆဲ)၊ အေးချမ်း(စိစစ်ဆဲ)တို့အား သောင်ကြီးနယ်မြေ ရဲစခန်း(ပ)၈၀/၂၀၁၆၊ လက်နက်များအက် ဥပဒေပုဒ်မ ၁၉(စ) ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။


အဆိုပါတရားခံ၏ စစ်ဆေးပေါ်ပေါက်ချက်အရ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီးကျေးရွာ အုပ်စုရှိ Arakan Army (AA)အဖွဲ့၏ ပုဇွန်ကန် အဆောက်အဦးအနီးတွင် တူးဖော်ရှာဖွေခဲ့ရာ RPG (၆)လက်၊ ပါရီ(၇)လက်၊ စနိုက်ပါ (၄)လက်၊ RPG ဗုံးသီး(၃၉)လုံး၊ RPG ပို့ကျည် (၅၀)တောင့်၊ ကျည်အိမ်(၇၀)ခု၊ ကျည် (၁၁၁၉၇)တောင့်၊ TNT ယမ်းတုံး(၄၅)တုံး၊ စနက်တံ (၂၅၄)ခု၊ ယမ်းကြိုး ထုပ် (၁၀)ထုပ်၊ မှန်ပြောင်း(၂)ခု၊ ဓါတ်ခဲ(၁၄)လုံး၊ ဒီတိုနေတာ(၄)ခု၊ Laser Scope (၁)ခု တို့အား သိမ်းဆည်းရမိသည်။

ထို့အပြင် အဆိုပါတရားခံများသည် လက်နက်/ခဲယမ်းများအား၂၀၁၄ ခုနှစ်အတွင်း ပြင်ဦးလွင် လမ်းကြောင်းမှ (၂)ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် ပြင်ဦးလွင် လမ်းကြောင်းမှ(၆)ကြိမ်၊ ဘားအံလမ်းကြောင်းမှ (၁၀)ကြိမ်၊ စုစုပေါင်း(၁၈)ကြိမ် ရန်ကုန်မြို့သို့ ကိုယ်ပိုင် မော်တော် ယာဉ်ဖြင့် သယ်ဆောင်ခဲ့ကြောင်း၊ ဆက်လက်၍ ရန်ကုန်မြို့တွင် ပြန်လည်ထုပ်ပိုးပြီး လိုင်းကားဖြင့်(၃)ကြိမ်၊ ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် (၁၁)ကြိမ်၊ စုစုပေါင်း(၁၄)ကြိမ်ခွဲ၍ စစ်တွေ မြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်အတွင်း စစ်တွေမြို့သို့ ပို့ဆောင်ခဲ့သော လက်နက်/ခဲယမ်း အရေအတွက် စုစုပေါင်းမှာ လက်နက်ငယ်(၃၄၅)လက်၊ လက်နက်ငယ်ကျည် မျိုးစုံ(၈၀,၂၀၀)တောင့်၊ RPG(၁၆)လက်၊ RPG ဗုံးသီး(၂၁၃)လုံး၊ လက်ပစ်ဗုံး (၃၀၀)လုံး၊ TNT ယမ်း(၇၅၀)တောင့်၊ မိုင်း(၄၀)လုံး၊ ဆက်သွယ်ရေး အထိုင်စက်(၂)လုံး၊ လမ်းလျှောက် စကားပြောစက်(၃၃)လုံး၊ ချပ်ဝတ်(၁၅၀)စုံနှင့် အခြားဆက်စပ်ပစ္စည်းမျိုးစုံဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းထားသော အောင်မြတ်ကျော်(ခ)ညီညီစိုးသည် Arakan Army (AA) မှ စစ်ဦးစီးချုပ်၊ ဗိုလ်မှူးချုပ် အဆင့်ရှိ ထွန်းမြတ်နိုင်၏ တပည့်ဖြစ်ကြောင်း၊ ၎င်းမှ ဒုတိယဗိုလ်မှူးကြီးအဆင့် ရာထူးတိုးမြှင့်ပေး၍ လက်နက်များဝယ်ယူရန် တာဝန်ပေးအပ် ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်၊ မေလမှစတင်၍ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး လက်နက်/ခဲယမ်းများ ၀ယ်ယူသယ်ဆောင်မှုများ ဆောင်ရွက်နေခဲ့ရာမှ ဖေဖေါ်ဝါရီ(၆)ရက်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း Arakan Army (AA) မှ ဗိုလ်မှူးချုပ်အဆင့်ရှိ ထွန်းမြတ်နိုင်သည် ရခိုင်အမျိုးသား ပါတီမှ ဦးစံကျော်လှ၏ သမီးဖြစ်သူ မဇာဇာ(နှင်းဇာဖြူ)နှင့်လက်ထပ်ထားကြောင်း ထွက်ဆိုချက် များအရသိရ သည်။

အဆိုပါဖမ်းဆီးရမိသော တရားခံများ၏ ထွက်ဆိုချက်များအရ Arakan Army (AA)မှ ဗိုလ်မှူးချုပ်အဆင့်ရှိ ထွန်းမြတ်နိုင်သည် AA အဖွဲ့အတွက် လက်နက်/ခဲယမ်း၊ အသုံးအဆောင်ပစ္စည်းများဝယ်ယူရန် မူးယစ်ကုန်သည်နှင့် ချိတ်ဆက်ကာ စစ်တွေသို့ မူးယစ် ဆေးဝါးများ ပို့ဆောင်ရောင်းချခဲ့ကြောင်း၊ မူးယစ်ဆေးဝါးရောင်းချရရှိငွေများအား AA ဌာနချုပ်သို့ပေးပို့ရပြီး AA ဌာနချုပ်၏ အစီအစဉ်ဖြင့် လက်နက်/ခဲယမ်းများ ဝယ်ယူ၍ပို့ဆောင် ပေးခဲ့ရကြောင်းသိရှိရသဖြင့် Arakan Army (AA)အဖွဲ့၏ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လက်နက်/ခဲယမ်းများ တရားမဝင်ရောင်းဝယ်မှုများနှင့် ပါဝင်ပတ်သက်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)