မြိတ်တွင် ဆိုင်ကယ်အစီး ၃၀ ကျော် လိမ်လည်မှု ဖြစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ် မြို့တွင် အမျိုးသမီး ၂ ဦးက မော်တော် ဆိုင်ကယ် အစီး ၃၀ ကျော်ကို လိမ်လည် ငှားရမ်းပြီး ပေါင်နှံမှုတစ်ခု ဖြစ်ပွားခဲ့ ကြောင်း မြိတ်မြို့မ ရဲစခန်းမှ သိရသည်။
မော်တော်ဆိုင်ကယ် ငှားရမ်းသူများ နှင့် အုံနာပေးသူများထံမှ အဆိုပါ အမျိုး သမီး ၂ ဦးက ကျောင်းသူ ကျောင်းသား များကို ပြန်လည်ငှားပေးရန်အတွက်ဟု ဆိုကာ လိမ်လည်၍ ငှားရမ်း
သွားခဲ့ခြင်း ဖြစ်ကြောင်း မြိတ်တက္ကသိုလ်အတွင်း နေထိုင်သည့် လိမ်ခံရသည့် ဆိုင်ကယ်ပိုင်ရှင်တစ်ဦးဖြစ်သူ အသက် ၄၀ နှစ်ကျော် အမျိုးသားတစ်ဦးက ရှင်းပြသည်။

မော်တော်ဆိုင်ကယ်များကို ငှား ရမ်းပေါင်နှံခဲ့သည့် အမျိုးသမီး ၂ ဦး အနက် အသက် ၃၀ ကျော်အရွယ် ၁ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေပြီး၊ မြိတ်တက္ကသိုလ်အနီးတွင် နေထိုင်သည့်

“လိမ်လည်ပြီးတော့ ဒီအမျိုးသမီး ၂ယောက်က ဆိုင်ကယ်အစီးရေ ၃၀ ကျော်နီးပါးကို သူတို့နဲ့ ရင်းနှီးသူများ ထံမှာ သွားရောက် ပေါင်နှံခဲ့ပါတယ်” ဟု မြိတ်မြို့မရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြား
သည်။

ဆိုင်ကယ်ပိုင်ရှင်တချို့က ကနဦး တွင် လာရောက်တိုင်တန်းပြီး ဆိုင်ကယ် ပြန်ရချိန်တွင် အမှုမဖွင့်ကြသူများရှိသဖြင့်လက်ရှိတွင်ဆိုင်ကယ် ၃ စီးအတွက်သာ အမှုဖွင့်ထားကြောင်းအထက်ပါ
တာဝန် ကျ ရဲတပ်ဖွဲ့ဝင်က ပြောသည်။

Dawei Watch
........................
မြိတ်တွင် ဆိုင််ကယ်အစီး ၃၀ ကျော် လိမ်လည်မှုု ဖြစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ် မြို့တွင် အမျိုးသမီး ၂ ဦးက မော်တော် ဆိုင််ကယ် အစီး ၃၀ ကျော်ကို လိမ်လည် ငှားရမ်းပြီး ပေါင်နှံမှုတစ်ခု ဖြစ်ပွားခဲ့ ကြောင်း မြိတ်မြို့မ ရဲစခန်းမှ သိရသည်။
မော်တော်ဆိုင််ကယ် ငှားရမ်းသူများ နှင့် အုံနာပေးသူများထံမှ အဆိုပါ အမျိုး သမီး ၂ ဦးက ကျောင်းသူ ကျောင်းသား များကို ပြန်လည်ငှားပေးရန်အတွက်ဟု ဆိုကာ လိမ်လည်၍ ငှားရမ်း
သွားခဲ့ခြင်း ဖြစ်ကြောင်း မြိတ်တက္ကသိုလ်အတွင်း နေထိုင််သည့် လိမ်ခံရသည့် ဆိုင််ကယ်ပိုင််ရှင််တစ်ဦးဖြစ်သူ အသက် ၄၀ နှစ်ကျော် အမျိုးသားတစ်ဦးက ရှင်းပြသည်။

မော်တော်ဆိုင််ကယ်များကို ငှား ရမ်းပေါင်နှံခဲ့သည့် အမျိုးသမီး ၂ ဦး အနက် အသက် ၃၀ ကျော်အရွယ် ၁ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေပြီး၊ မြိတ်တက္ကသိုလ်အနီးတွင် နေထိုင််သည့်
အသက် ၄၅နှစ်အရွယ် အမျိုးသမီး ကိုမူဖမ်းဆီး အရေးယူထားကြောင်း မြို့မရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“လိမ်လည်ပြီးတော့ ဒီအမျိုးသမီး ၂ယောက်က ဆိုင််ကယ်အစီးရေ ၃၀ ကျော်နီးပါးကို သူတို့နဲ့ ရင်းနှီးသူများ ထံမှာ သွားရောက် ပေါင်နှံခဲ့ပါတယ်” ဟု မြိတ်မြို့မရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြား
သည်။

ဆိုင််ကယ်ပိုင််ရှင််တချို့က ကနဦး တွင် လာရောက်တိုင််တန်းပြီး ဆိုင််ကယ် ပြန််ရချိန်တွင် အမှုမဖွင့်ကြသူများရှိသဖြင့်လက််ရှိတွင်ဆိုင််ကယ် ၃ စီးအတွက်သာ အမှုဖွင့်ထားကြောင်းအထက်ပါ
တာဝန် ကျ ရဲတပ်ဖွဲ့ဝင််က ပြောသည်။

မော်တော်ဆိုင်ကယ်များကို ငှားရမ်း လိမ်လည်၍ ပေါင်နှံထားသူ အမျိုးသမီး ၂ ဦးကို (ပ) ၄၇/ ၂၀၁၆၊ ပြစ်မှု
ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။
Dawei Watch
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)