အရွိန္မထိန္းႏိုင္သျဖင့္ ကုန္မ်ိဳးစံုတင္ ယာဥ္ႀကီး တိမ္းေမွာက္



ဘားအံ ေဖေဖာ္ဝါရီ ၁၈

ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္ ၿမိဳင္ကေလးေက်းရြာ ေညာင္ပင္သာေကြ႕အနီး ဘားအံ-သထုံကားလမ္းမေဘး သို႔ ၁၂ ဘီးကုန္တင္ယာဥ္တစ္စီး ေဖေဖာ္ဝါရီ ၁၆ ရက္ မြန္းလြဲ ၂ နာရီက တိမ္းေမွာက္မႈျဖစ္ပြားခဲ့သည္။
ရန္ကုန္ၿမိဳ႕မွ ဘားအံၿမိဳ႕သို႔ ကုန္ပစၥည္းမ်ဳိးစုံႏွင့္ေဆးပစၥည္းမ်ဳိးစုံတို႔ကို တင္ေဆာင္လာေသာယာဥ္ေမာင္း ေက်ာ္ႀကီး(၂၄ ႏွစ္)ဓႏုျဖဴၿမိဳ႕ေနသူ
ေမာင္းႏွင္၍ ေအာင္မ်ဳိးဦး(၃၅ ႏွစ္) မုံရြာၿမိဳ႕ေနသူ လုိက္ပါလာသည့္ 9D/----၁၂ ဘီးယာဥ္သည္ ေညာင္ပင္သာေကြ႕အနီး မုိင္တုိင္အမွတ္ (၁/၆) ႏွင့္ (၁/၇)အၾကားအရာက္ အရွိန္မထိန္းႏိုင္ဘဲ လမ္း၏ယာဘက္လယ္ကြင္းထဲသို႔ ထုိးက်တိမ္းေမွာက္သြားခဲ့ေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ တစ္ဦးတစ္ေယာက္မွ်ထိခိုက္ဒဏ္ရာရမႈမရွိေသာ္လည္း ယာဥ္ဦးေခါင္းပုိင္းပ်က္စီး၍ ဝဲဘက္မီးလံုးကြဲ၊ ေရွ႕ေလကာမွန္ျပဳတ္ထြက္ကြဲေၾက၊ ဝဲေနာက္ၾကည့္မွန္ႏွင့္ဝဲဘက္ျခမ္းကုိယ္ထည္က်ဳိးပဲ့ပ်က္စီးခဲ့ကာ တင္ေဆာင္လာသည့္ ကုန္ပစၥည္းမ်ဳိးစံုအခ်ဳိ႕လည္း ပ်က္စီးဆံုး႐ံႈးခဲ့သျဖင့္ ယာဥ္ေမာင္းအား ဘားအံၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။ ထြန္းထြန္းေထြး(ဘားအံ)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
.....


ဘားအံ ဖေဖော်ဝါရီ ၁၈

ကရင်ပြည်နယ် ဘားအံမြို့နယ် မြိုင်ကလေးကျေးရွာ ညောင်ပင်သာကွေ့အနီး ဘားအံ-သထုံကားလမ်းမဘေး သို့ ၁၂ ဘီးကုန်တင်ယာဉ်တစ်စီး ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီက တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
ရန်ကုန်မြို့မှ ဘားအံမြို့သို့ ကုန်ပစ္စည်းမျိုးစုံနှင့်ဆေးပစ္စည်းမျိုးစုံတို့ကို တင်ဆောင်လာသောယာဉ်မောင်း ကျော်ကြီး(၂၄ နှစ်)ဓနုဖြူမြို့နေသူ
မောင်းနှင်၍ အောင်မျိုးဦး(၃၅ နှစ်) မုံရွာမြို့နေသူ လိုက်ပါလာသည့် 9D/----၁၂ ဘီးယာဉ်သည် ညောင်ပင်သာကွေ့အနီး မိုင်တိုင်အမှတ် (၁/၆) နှင့် (၁/၇)အကြားအရာက် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်လယ်ကွင်းထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် တစ်ဦးတစ်ယောက်မျှထိခိုက်ဒဏ်ရာရမှုမရှိသော်လည်း ယာဉ်ဦးခေါင်းပိုင်းပျက်စီး၍ ဝဲဘက်မီးလုံးကွဲ၊ ရှေ့လေကာမှန်ပြုတ်ထွက်ကွဲကြေ၊ ဝဲနောက်ကြည့်မှန်နှင့်ဝဲဘက်ခြမ်းကိုယ်ထည်ကျိုးပဲ့ပျက်စီးခဲ့ကာ တင်ဆောင်လာသည့် ကုန်ပစ္စည်းမျိုးစုံအချို့လည်း ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မောင်းအား ဘားအံမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ထွန်းထွန်းထွေး(ဘားအံ)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)