အလႊဲအေျပာင္းကာလ နိုင္ငံတြင္းမွာပဲ ဦးသိန္းစိန္ ေနလို


 ျမန္မာနိုင္ငံမွာ ၂၀၁၄ က က်င္းပတဲ့ အေရွ႕အာရွ ထိပ္သီးေဆြးေႏြးပြဲကို သမၼတ အိုဘာမား တက္ေရာက္ခဲ့
ျမန္မာ နိုင္ငံမွာ အစိုးရသစ္ကို တာဝန္လႊဲေျပာင္းဖို႔ ျပင္ဆင္ေနတဲ့ အသြင္ ကူးေျပာင္းေရး ကာလမွာ နိုင္ငံတြင္းမွာ ရွိေနသင့္တယ္လို႔ ယူဆတဲ့ အတြက္ သမၼတ ဦးသိန္းစိန္က ထိပ္သီးေဆြးေႏြးပြဲ မသြားဖို႔ ဆုံးျဖတ္တယ္လို႔ သမၼတရဲ့ ေျပာခြင့္ရ ပုဂၢိဳလ္ ျပန္ၾကားေရး ဝန္ႀကီး ဦးရဲထြဋ္က ဘီဘီစီကို ေျပာပါတယ္။

လာမယ့္ ေဖေဖာ္ဝါရီ ၁၅ နဲ႔ ၁၆ မွာ အေမရိကန္ျပည္ေထာင္စု ကယ္လီဖိုးနီးယား ျပည္နယ္ ဆန္းနီးလန္းမွာ က်င္းပမယ့္ အေမရိကန္ အာဆီယံ အထူး ထိပ္သီး ေဆြးေႏြးပြဲကို ဒုတိယ သမၼတ ဦးဉာဏ္ထြန္းပဲ တက္မွာလို႔ အစိုးရ ဘက္က သတင္း ထုတ္ျပန္ထားပါတယ္။

အခုလို ကာလမွာ နိုင္ငံေရး တည္ၿငိမ္မွုနဲ႔ လူထု တည္ၿငိမ္မွုကို ထိခိုက္ေအာင္ လုပ္လာနိုင္တယ္ ဆိုတဲ့ သတင္းေတြ မွန္းဆခ်က္ေတြ ေတြ႕ေနရတာေၾကာင့္ ထိပ္သီး ေဆြးေႏြးပြဲ သြားတက္ တာထက္ နိုင္ငံတြင္းမွာ ရွိေနဖို႔က ပိုအေရးႀကီးလို႔ မသြားတာလို႔ ဦးရဲထြဋ္က ေျပာပါတယ္။

ဒါေပမဲ့ တည္ၿငိမ္မွုကို ထိခိုက္ေအာင္ လုပ္နိုင္တယ္ ဆိုတာဘယ္လိုလဲ ဘယ္သူေတြကလုပ္နိုင္တာလဲ ဆိုတာကိုေတာ့ သူက အေသးစိတ္ မေျပာပါဘူး။

အခု ခရီးစဥ္မွာ ဒုတိယ သမၼတ ဦးဉာဏ္ထြန္းနဲ႔ အတူ နိုင္ငံျခားေရး ဝန္ႀကီး ဦးဝဏၰေမာင္လြင္၊ အာဆီယံ စီးပြားေရး အသိုက္အဝန္းကို ကိုယ္စားျပဳတဲ့ အေနနဲ႔ ဝန္ႀကီး ဦးကံေဇာ္၊ ျပန္ၾကားေရး ဝန္ႀကီး ဦးရဲထြဋ္တို႔ လိုက္ပါသြားမွာ ျဖစ္ပါတယ္။

ကမၻာ့ေခါင္းေဆာင္ေတြနဲ႔ ေတြ႕တဲ့ အခါ ျမန္မာနိုင္ငံမွာ ျပဳျပင္ေျပာင္းလဲေရး ေဆာင္ရြက္မွုေတြကို ရွင္းျပၿပီး ျမန္မာနဲ႔ အေမရိကန္ ဆက္ဆံေရး တိုးျမႇင့္ဖို႔ ကိစၥ၊ အာဆီယံနဲ႔ အေမရိကန္ ဆက္ဆံေရးက တဆင့္ အာရွ ေဒသမွာ တည္ၿငိမ္မွုနဲ႔ စီးပြား ဖြံ့ၿဖိဳးမွု ေဖာ္ေဆာင္နိုင္ေရး ေတြကို ေဆြးေႏြးၾကမယ္လို႔ ဦးရဲထြဋ္က ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese
.................

 မြန်မာနိုင်ငံမှာ ၂၀၁၄ က ကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို သမ္မတ အိုဘာမား တက်ရောက်ခဲ့
မြန်မာ နိုင်ငံမှာ အစိုးရသစ်ကို တာဝန်လွှဲပြောင်းဖို့ ပြင်ဆင်နေတဲ့ အသွင် ကူးပြောင်းရေး ကာလမှာ နိုင်ငံတွင်းမှာ ရှိနေသင့်တယ်လို့ ယူဆတဲ့ အတွက် သမ္မတ ဦးသိန်းစိန်က ထိပ်သီးဆွေးနွေးပွဲ မသွားဖို့ ဆုံးဖြတ်တယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၁၅ နဲ့ ၁၆ မှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဆန်းနီးလန်းမှာ ကျင်းပမယ့် အမေရိကန် အာဆီယံ အထူး ထိပ်သီး ဆွေးနွေးပွဲကို ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းပဲ တက်မှာလို့ အစိုးရ ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

အခုလို ကာလမှာ နိုင်ငံရေး တည်ငြိမ်မှုနဲ့ လူထု တည်ငြိမ်မှုကို ထိခိုက်အောင် လုပ်လာနိုင်တယ် ဆိုတဲ့ သတင်းတွေ မှန်းဆချက်တွေ တွေ့နေရတာကြောင့် ထိပ်သီး ဆွေးနွေးပွဲ သွားတက် တာထက် နိုင်ငံတွင်းမှာ ရှိနေဖို့က ပိုအရေးကြီးလို့ မသွားတာလို့ ဦးရဲထွဋ်က ပြောပါတယ်။

ဒါပေမဲ့ တည်ငြိမ်မှုကို ထိခိုက်အောင် လုပ်နိုင်တယ် ဆိုတာဘယ်လိုလဲ ဘယ်သူတွေကလုပ်နိုင်တာလဲ ဆိုတာကိုတော့ သူက အသေးစိတ် မပြောပါဘူး။

အခု ခရီးစဉ်မှာ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနဲ့ အတူ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အာဆီယံ စီးပွားရေး အသိုက်အဝန်းကို ကိုယ်စားပြုတဲ့ အနေနဲ့ ဝန်ကြီး ဦးကံဇော်၊ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်တို့ လိုက်ပါသွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တွေ့တဲ့ အခါ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုတွေကို ရှင်းပြပြီး မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး တိုးမြှင့်ဖို့ ကိစ္စ၊ အာဆီယံနဲ့ အမေရိကန် ဆက်ဆံရေးက တဆင့် အာရှ ဒေသမှာ တည်ငြိမ်မှုနဲ့ စီးပွား ဖွံ့ဖြိုးမှု ဖော်ဆောင်နိုင်ရေး တွေကို ဆွေးနွေးကြမယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)