တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္တို႔ တတိယအၾကိမ္ ေတြ႕ဆံုမႈ

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္တို႔ တတိယအၾကိမ္ ေတြ႕ဆံုမႈတြင္ တရားဥပေဒစိုးမိုးေရးဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္ ဆက္လက္ေဆာင္ရြက္ရမည့္ ကိစၥရပ္မ်ားကို ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကေၾကာင္း ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္၏ Facebook စာမ်က္ႏွာတြင္ ေရးသား ေဖာ္ျပခဲ့ပါသည္။

၎တို႔ ႏွစ္ဦးသည္ ယေန႔ (ေဖေဖာ္၀ါရီ ၁၇ ရက္) ေန႔လည္ ၁ နာရီ ၃၀ မိနစ္မွ ၂ နာရီ ၄၀ မိနစ္ အခ်ိန္အထိ ေနျပည္ေတာ္တိုင္း စစ္႒ာနခ်ဳပ္ ေပါင္းေလာင္း ရိပ္သာ ခမ္းမေဆာင္၌ ေတြ႕ဆံုခဲ့ျခင္း ျဖစ္ျပီး ေတြ႔ဆံုပြဲသို႔ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုး(ၾကည္း)မွ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး ႏွင့္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္တို႔ တက္ေရာက္ၾကၿပီး အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ႏွင့္အတူ ဦးေဇာ္ျမင့္ေမာင္ႏွင့္ ေဒါက္တာ တင္မ်ိဳး၀င္းတို႔ တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။
Eleven Media Group
..........

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ် တွေ့ဆုံမှုတွင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ Facebook စာမျက်နှာတွင် ရေးသား ဖော်ပြခဲ့ပါသည်။

၎င်းတို့ နှစ်ဦးသည် ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) နေ့လည် ၁ နာရီ ၃၀ မိနစ်မှ ၂ နာရီ ၄၀ မိနစ် အချိန်အထိ နေပြည်တော်တိုင်း စစ်ဋ္ဌာနချုပ် ပေါင်းလောင်း ရိပ်သာ ခမ်းမဆောင်၌ တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ကြပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အတူ ဦးဇော်မြင့်မောင်နှင့် ဒေါက်တာ တင်မျိုးဝင်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Eleven Media Group


Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)