တပ္မ ၅၅ လက္ေအာက္ခံ တပ္ရင္း(၇)ရင္း တပ္ျပန္ဆုတ္

ဓါတ္ပံု - Poe Thar Facebook
တပ္မ ၅၅ တပ္ရင္းေအာက္ ၊ ဗ်ဴဟာ(၂)ခု မွ ကယား(ကရင္နီ)ျပည္နယ္တြင္း လႈပ္ရွားေနသည့္ တပ္ရင္း ၇ ရင္းသည္ ျပည္နယ္အတြင္းမွ တပ္စခန္းမ်ား တျဖည္းျဖည္း စတင္ဆုတ္ခြာေနၿပီဟု ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ ဆက္ဆံေရး KNPP မွ လြိဳင္ေကာ္ဆက္ဆံေရး တာဝန္ခံ ဦးေညးရယ္က ေဖေဖာ္ဝါရီလ ၅ရက္ေန႔က ေျပာသည္။

“ ဒီတစ္ရက္ႏွစ္ရက္အတြင္း သူတို႕ဆုတ္မယ္လို႕ ေျပာပါတယ္။ ဒီေန႕ေတာ့ ေဒါတမႀကီးနဲ႕ ရွားေတာဘက္က စခန္းေတြ စဆုတ္ေနပါၿပီ။” ဟု ဦးေညးရယ္က ေျပာသည္။

ထိုသို႔ တပ္ရင္းမ်ားကို ျပန္ဆုတ္ရန္ ေကအန္ပီပီအေနျဖင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ျပည္ေထာင္စုအဆင့္ ေဆြးေႏြးပြဲတိုင္းတြင္ တင္ျပေတာင္းဆိုခဲ့ၿပီး ယခုတြင္လည္း ျပည္နယ္တြင္ ၿငိမ္းခ်မ္းေနၿပီျဖစ္သည့္အျပင္ ယခုတပ္ရင္းမ်ားသည္ ျပင္ပမွ လာေသာ တပ္ရင္းမ်ားျဖစ္ေသာေၾကာင့္ တပ္ရင္းမ်ားကို ျပန္ဆုတ္ရန္ ေတာင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္း ဦးေညးရယ္က ဆက္ေျပာသည္။

ရွားေတာၿမိဳ႕တြင္ တပ္မ ၅၅ တပ္ရင္းေအာက္မွ ဗ်ဴဟာတစ္ခုရွိထားသည့္အတြက္ ၎တပ္မွ တပ္သားမ်ားသည္ တစ္ခါတရံတြင္ မူးယစ္ေသာအခ်ိန္တြင္ ေက်းရြာထဲတြင္း ဆူပူေအာ္ဟစ္ျခင္း ၊ ၎တို႔အတြက္ ရိကၡာမ်ားသယ္ယူေပးေနၾကရျခင္း ၊ ေဒသခံမ်ား၏ ဆိုင္ကယ္၊ ျမင္း စသည္တို႔ကို ငွားၿပီး ပ်က္စီးလွ်င္လည္း တာဝန္ယူျခင္းမရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ယခုကဲ့သို႕ ဆုတ္ခြာသြားပါက ေဒသခံျပည္သူမ်ား လုပ္ကိုင္စားေသာက္မႈအပိုင္းတြင္ ပို၍ေအးခ်မ္းလုံၿခံဳရွိႏိုင္လိမ့္ မည္ဟုေမွ်ာ္လင့္ေၾကာင္းကို ရွားေတာၿမိဳ႕ ၊ ေဒါတေနာရြာမွ ေဒသခံခူးေညးရယ္က ေျပာသည္။

၎က “ကြ်န္ေတာ္တို႔ ရြာရဲ႕အေပၚဘက္က တပ္ေတြေကာ ဆုတ္ေတာ့မယ္ဆိုရင္ေတာ့ ကြ်န္ေတာ္ေတာ့ အရမ္းေပ်ာ္တယ္၊ အဓိက အဲ့ဒီတပ္မရွိဖို႔ပဲ ” ဟု ေျပာသည္။

အခ်ိဳ႕တပ္မ်ားသည္ ေက်းရြာႏွင့္နီးေသာေၾကာင့္ ရြာသူ/သားမ်ား ေတာင္ယာမ်ားသို႔ သြားသည့္အခ်ိန္၊ သစ္ခုတ္၊ ဝါးခုတ္၊ ထင္းခုတ္သြားၾကေသာအခ်ိန္တြင္ စခန္းႏွင့္နီးေသာေၾကာင့္ မိဘမ်ားမွ သားသမီးမ်ားအတြက္ စိတ္ခ် လံုၿခံဳမွႈအတြက္ စိုးရိမ္မႈမ်ားလည္း ရွိေနခဲ့ရသည္။

ထို႔ေၾကာင့္ ထိုသို႔ ၇ြာသားမ်ားအတြက္ ဝန္ထုတ္ဝန္ပိုးျဖစ္ေစေသာ တပ္မ်ားကို ျပန္လည္ဆုတ္ခြာေပးရန္ ေတာင္းဆိုျခင္းျဖစ္ေၾကာင္း သိရသည္။

တပ္မ ၅၅ သည္ ရွမ္းျပည္နယ္တပ္ရင္းျဖစ္ၿပီး ကယား(ကရင္နီ)ျပည္နယ္သို႔ ၂၀၁၂ ႏွစ္ဦးပိုင္းတြင္ ေရာက္ရွိလာၿပီး KNPP တပ္ဖြဲ႔၏ လႈပ္ရွားမႈမ်ားကို ေစာင့္ၾကည့္ကာ လိုက္လံလႈပ္ရွားေနေသာ တပ္ျဖစ္သည္။

သို႔ေသာ္ ၂၀၁၂ခု ၊ မတ္လတြင္ ေကအန္ပီပီတပ္မွ အပစ္ခတ္ရပ္စဲေရး ယူလိုက္ေသာေၾကာင့္ ယခုကဲ့သို႔ ေသနတ္သံ မၾကားရေတာ့ေသာေၾကာင့္ တပ္မ်ား ျပန္ဆုတ္မည္ျဖစ္ေၾကာင္း သိရသည္။

တပ္မ ၅၅ လက္ေအာက္မွ ဗ်ဴဟာ ၂ခုမွာ ရွားေတာၿမိဳ႕နယ္တြင္ တစ္ခုႏွင့္ မယ္စဲ့ၿမိဳ႕တြင္ တစ္ခုအေျခခ်ထားေၾကာင္း သိရသည္။

တပ္ရင္းမ်ားမွာ ခလရ(၇)၊ ခမရ(၁၈)၊ခမရ(၅၀၈)တပ္ရင္းႏွင့္ တပ္ရင္း ၄ရင္း စသည္တို႔ျဖစ္ေၾကာင္း သိရသည္။

ျပည္နယ္အတြင္းတြင္ အေျခခ်တပ္ရင္းမ်ားမွာ ေဒသကြပ္ကဲေရးစစ္ဌာနခ်ဴပ္ (ဒကစ)လက္ေအာက္ခံ တပ္ရင္း ၁၀ ရင္း ၊ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ စကခလက္ေအာက္ခံတပ္ရင္း ၄ ရင္းႏွင့္ နယ္ျခားေစာင့္တပ္ ၁၀၀၄ ၊ ၁၀၀၅ တပ္ဆို ၂ ရင္းတို႕ျဖစ္သည္။

Written by မူအက္စတာ
ကႏၱာရ၀တီတုိင္း(မ္)
http://www.ktimes.org/
...........
 ဓါတ်ပုံ - Poe Thar Facebook
တပ်မ ၅၅ တပ်ရင်းအောက် ၊ ဗျူဟာ(၂)ခု မှ ကယား(ကရင်နီ)ပြည်နယ်တွင်း လှုပ်ရှားနေသည့် တပ်ရင်း ရ ရင်းသည် ပြည်နယ်အတွင်းမှ တပ်စခန်းများ တဖြည်းဖြည်း စတင်ဆုတ်ခွာနေပြီဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဆက်ဆံရေး KNPP မှ လွိုင်ကော်ဆက်ဆံရေး တာဝန်ခံ ဦးညေးရယ်က ဖေဖော်ဝါရီလ ၅ရက်နေ့က ပြောသည်။

“ ဒီတစ်ရက်နှစ်ရက်အတွင်း သူတို့ဆုတ်မယ်လို့ ပြောပါတယ်။ ဒီနေ့တော့ ဒေါတမကြီးနဲ့ ရှားတောဘက်က စခန်းတွေ စဆုတ်နေပါပြီ။” ဟု ဦးညေးရယ်က ပြောသည်။

ထိုသို့ တပ်ရင်းများကို ပြန်ဆုတ်ရန် ကေအန်ပီပီအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတိုင်းတွင် တင်ပြတောင်းဆိုခဲ့ပြီး ယခုတွင်လည်း ပြည်နယ်တွင် ငြိမ်းချမ်းနေပြီဖြစ်သည့်အပြင် ယခုတပ်ရင်းများသည် ပြင်ပမှ လာသော တပ်ရင်းများဖြစ်သောကြောင့် တပ်ရင်းများကို ပြန်ဆုတ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဦးညေးရယ်က ဆက်ပြောသည်။

ရှားတောမြို့တွင် တပ်မ ၅၅ တပ်ရင်းအောက်မှ ဗျူဟာတစ်ခုရှိထားသည့်အတွက် ၎င်းတပ်မှ တပ်သားများသည် တစ်ခါတရံတွင် မူးယစ်သောအချိန်တွင် ကျေးရွာထဲတွင်း ဆူပူအော်ဟစ်ခြင်း ၊ ၎င်းတို့အတွက် ရိက္ခာများသယ်ယူပေးနေကြရခြင်း ၊ ဒေသခံများ၏ ဆိုင်ကယ်၊ မြင်း စသည်တို့ကို ငှားပြီး ပျက်စီးလျှင်လည်း တာဝန်ယူခြင်းမရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုကဲ့သို့ ဆုတ်ခွာသွားပါက ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်မှုအပိုင်းတွင် ပို၍အေးချမ်းလုံခြုံရှိနိုင်လိမ့် မည်ဟုမျှော်လင့်ကြောင်းကို ရှားတောမြို့ ၊ ဒေါတနောရွာမှ ဒေသခံခူးညေးရယ်က ပြောသည်။

၎င်းက “ကျွန်တော်တို့ ရွာရဲ့အပေါ်ဘက်က တပ်တွေကော ဆုတ်တော့မယ်ဆိုရင်တော့ ကျွန်တော်တော့ အရမ်းပျော်တယ်၊ အဓိက အဲ့ဒီတပ်မရှိဖို့ပဲ ” ဟု ပြောသည်။

အချို့တပ်များသည် ကျေးရွာနှင့်နီးသောကြောင့် ရွာသူ/သားများ တောင်ယာများသို့ သွားသည့်အချိန်၊ သစ်ခုတ်၊ ဝါးခုတ်၊ ထင်းခုတ်သွားကြသောအချိန်တွင် စခန်းနှင့်နီးသောကြောင့် မိဘများမှ သားသမီးများအတွက် စိတ်ချ လုံခြံုမှှုအတွက် စိုးရိမ်မှုများလည်း ရှိနေခဲ့ရသည်။

ထို့ကြောင့် ထိုသို့ ရွာသားများအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေသော တပ်များကို ပြန်လည်ဆုတ်ခွာပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

တပ်မ ၅၅ သည် ရှမ်းပြည်နယ်တပ်ရင်းဖြစ်ပြီး ကယား(ကရင်နီ)ပြည်နယ်သို့ ၂၀၁၂ နှစ်ဦးပိုင်းတွင် ရောက်ရှိလာပြီး KNPP တပ်ဖွဲ့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ကာ လိုက်လံလှုပ်ရှားနေသော တပ်ဖြစ်သည်။

သို့သော် ၂၀၁၂ခု ၊ မတ်လတွင် ကေအန်ပီပီတပ်မှ အပစ်ခတ်ရပ်စဲရေး ယူလိုက်သောကြောင့် ယခုကဲ့သို့ သေနတ်သံ မကြားရတော့သောကြောင့် တပ်များ ပြန်ဆုတ်မည်ဖြစ်ကြောင်း သိရသည်။

တပ်မ ၅၅ လက်အောက်မှ ဗျူဟာ ၂ခုမှာ ရှားတောမြို့နယ်တွင် တစ်ခုနှင့် မယ်စဲ့မြို့တွင် တစ်ခုအခြေချထားကြောင်း သိရသည်။

တပ်ရင်းများမှာ ခလရ(၇)၊ ခမရ(၁၈)၊ခမရ(၅၀၈)တပ်ရင်းနှင့် တပ်ရင်း ၄ရင်း စသည်တို့ဖြစ်ကြောင်း သိရသည်။

ပြည်နယ်အတွင်းတွင် အခြေချတပ်ရင်းများမှာ ဒေသကွပ်ကဲရေးစစ်ဌာနချူပ် (ဒကစ)လက်အောက်ခံ တပ်ရင်း ၁၀ ရင်း ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခလက်အောက်ခံတပ်ရင်း ၄ ရင်းနှင့် နယ်ခြားစောင့်တပ် ၁၀၀၄ ၊ ၁၀၀၅ တပ်ဆို ၂ ရင်းတို့ဖြစ်သည်။

Written by မူအက်စတာ
ကန္တာရဝတီတိုင်း(မ်)
http://www.ktimes.org/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)