လႈိင္သာယာတြင္ တစ္ေန႔တည္းႏွစ္ႀကိမ္မီးေလာင္မႈျဖစ္


ရန္ကုန္ ေဖေဖာ္ဝါရီ ၁ဝ

ႏွစ္စဥ္လူဦးေရမ်ားလာေသာ လႈိင္သာယာၿမိဳ႕နယ္တြင္ ယခုႏွစ္ရာသီအတြက္ မီးေဘးအႏၲရာယ္ႀကိဳတင္ကာကြယ္ ေရး လုပ္ေဆာင္မႈလိုအပ္လ်က္ရွိရာ ယေန႔နံနက္ ၁ဝနာရီ ခြဲက အမွတ္(၅)ရပ္ကြက္ ဒဂုံေရႊမွ်ားလမ္းႏွင့္ မဟာေဆြ (၈)လမ္းေထာင့္တြင္ရွိေသာ အိမ္အမွတ္(၁ဝ၆၈/ဂ)အေဆာင္တြင္ လွ်ပ္စစ္ေပါင္းအိုးတည္ထားရာမွ အပူလြန္ ကဲၿပီး မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါလမ္းေထာင့္ရွိ အေဆာင္အေပၚထပ္ ဒုတိယခန္းမွ အေဆာင္ေနအမ်ဳိးသမီးက ေပါင္းအိုးျဖင့္ စြပ္ျပဳတ္တည္ထားစဥ္ အရည္မ်ားခန္းေျခာက္ၿပီး ေပါင္း အိုးေအာ္တိုခလုတ္ျပန္မတက္ေသာေၾကာင့္ အပူလြန္ကဲ ၍ မီးေလာင္ခဲ့ျခင္းျဖစ္သည္။ အေဆာင္ အေပၚထပ္တြင္ ၁ဝ ခန္း၊ ေအာက္ထပ္တြင္ ၁ဝ ခန္းရွိၿပီး ပ်ဥ္ေထာင္၊ သြပ္မိုး၊ ႀကိတ္သားျပားျဖင့္ ကာထားေသာအေဆာင္ျဖစ္ ရာ အခန္း ၂ဝ ႏွင့္ ေခါင္းရင္းဘက္ရွိ အိမ္ႏွစ္လုံး မီးေလာင္ခဲ့သည့္အတြက္ အိမ္ေထာင္စု ၂ဝ၊ လူဦးေရ ၅၁ ဦး အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့သည္။

မီးေလာင္ရာသို႔ ရန္ကုန္တိုင္းေဒသႀကီး မီးသတ္ ဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴး ဦးေသာ္ဒါႏွင့္ မီးသတ္ ယာဥ္ ကိုးစီး၊ အေထာက္အကူျပဳယာဥ္သံုးစီး၊ အုပ္ခ်ဳပ္ မႈယာဥ္တစ္စီး၊ မီးသတ္တပ္ဖြဲ႕ဝင္ ၅ဝ၊ အရန္မီးသတ္ ၆ဝ၊ ၾကက္ေျခနီ ၁ဝ ဦး၊ ၿမိဳ႕နယ္ျပည္သူ႔ရဲတပ္ဖြဲ႕ဝင္ ႏွင့္ ရပ္ကြက္ျပည္သူမ်ား ပူးေပါင္းၿငိႇမ္းသတ္မႈေၾကာင့္ ပတ္ဝန္းက်င္သို႔ မီးကူးစက္ေလာင္ကြၽမ္းႏိုင္မႈကို တားဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။

 အလားတူ ယင္းေန႔ နံနက္ ၁ နာရီ ၄၅ မိနစ္ကလည္း အမွတ္(၃)ရပ္ကြက္ နဝေဒးလမ္းရွိ က်ဴးေက်ာ္တဲမ်ားမွ ေဒၚျမင့္ေနသည့္ အိပ္ခန္းအတြင္း ျခင္ေဆးထြန္းရာမွ ခန္းဆီးကို မီး စတင္ကူးစက္ေလာင္ကြၽမ္းခဲ့သျဖင့္ အိမ္တစ္လုံးႏွင့္ တစ္ျခမ္းမီးေလာင္ခဲ့ၿပီး ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္ ရပ္ ကြက္ျပည္သူတို႔ စုေပါင္းအားျဖင့္ မီးကူးစက္ေလာင္ ကြၽမ္းႏိုင္မႈကို ကာကြယ္ႏိုင္ခဲ့ရာ ယင္းေန႔တစ္ရက္တည္း တြင္ ႏွစ္ႀကိမ္မီးေလာင္မႈျဖစ္ေပၚခဲ့သည္။ က်ဴးေက်ာ္တဲ တြင္ေနထိုင္ေသာ ေဒၚျမင့္ (၄၃ႏွစ္)ႏွင့္ အမွတ္(၅)ရပ္ကြက္ မဟာေဆြ(၈)လမ္းေထာင့္ရွိ အေဆာင္မွ မဝါဝါ (၂၆ ႏွစ္) တို႔အား ၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူေဆာင္ရြက္ ေၾကာင္း သိရသည္။

သန္းထိုက္(လႈိင္သာယာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
.........


ရန်ကုန် ဖေဖော်ဝါရီ ၁ဝ

နှစ်စဉ်လူဦးရေများလာသော လှိုင်သာယာမြို့နယ်တွင် ယခုနှစ်ရာသီအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေး လုပ်ဆောင်မှုလိုအပ်လျက်ရှိရာ ယနေ့နံနက် ၁ဝနာရီ ခွဲက အမှတ်(၅)ရပ်ကွက် ဒဂုံရွှေမျှားလမ်းနှင့် မဟာဆွေ (၈)လမ်းထောင့်တွင်ရှိသော အိမ်အမှတ်(၁ဝ၆၈/ဂ)အဆောင်တွင် လျှပ်စစ်ပေါင်းအိုးတည်ထားရာမှ အပူလွန် ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းထောင့်ရှိ အဆောင်အပေါ်ထပ် ဒုတိယခန်းမှ အဆောင်နေအမျိုးသမီးက ပေါင်းအိုးဖြင့် စွပ်ပြုတ်တည်ထားစဉ် အရည်များခန်းခြောက်ပြီး ပေါင်း အိုးအော်တိုခလုတ်ပြန်မတက်သောကြောင့် အပူလွန်ကဲ ၍ မီးလောင်ခဲ့ခြင်းဖြစ်သည်။ အဆောင် အပေါ်ထပ်တွင် ၁ဝ ခန်း၊ အောက်ထပ်တွင် ၁ဝ ခန်းရှိပြီး ပျဉ်ထောင်၊ သွပ်မိုး၊ ကြိတ်သားပြားဖြင့် ကာထားသောအဆောင်ဖြစ် ရာ အခန်း ၂ဝ နှင့် ခေါင်းရင်းဘက်ရှိ အိမ်နှစ်လုံး မီးလောင်ခဲ့သည့်အတွက် အိမ်ထောင်စု ၂ဝ၊ လူဦးရေ ၅၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။

မီးလောင်ရာသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသော်ဒါနှင့် မီးသတ် ယာဉ် ကိုးစီး၊ အထောက်အကူပြုယာဉ်သုံးစီး၊ အုပ်ချုပ် မှုယာဉ်တစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၅ဝ၊ အရန်မီးသတ် ၆ဝ၊ ကြက်ခြေနီ ၁ဝ ဦး၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ဝင် နှင့် ရပ်ကွက်ပြည်သူများ ပူးပေါင်းငြိှမ်းသတ်မှုကြောင့် ပတ်ဝန်းကျင်သို့ မီးကူးစက်လောင်ကျွမ်းနိုင်မှုကို တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

 အလားတူ ယင်းနေ့ နံနက် ၁ နာရီ ၄၅ မိနစ်ကလည်း အမှတ်(၃)ရပ်ကွက် နဝဒေးလမ်းရှိ ကျူးကျော်တဲများမှ ဒေါ်မြင့်နေသည့် အိပ်ခန်းအတွင်း ခြင်ဆေးထွန်းရာမှ ခန်းဆီးကို မီး စတင်ကူးစက်လောင်ကျွမ်းခဲ့သဖြင့် အိမ်တစ်လုံးနှင့် တစ်ခြမ်းမီးလောင်ခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရပ် ကွက်ပြည်သူတို့ စုပေါင်းအားဖြင့် မီးကူးစက်လောင် ကျွမ်းနိုင်မှုကို ကာကွယ်နိုင်ခဲ့ရာ ယင်းနေ့တစ်ရက်တည်း တွင် နှစ်ကြိမ်မီးလောင်မှုဖြစ်ပေါ်ခဲ့သည်။ ကျူးကျော်တဲ တွင်နေထိုင်သော ဒေါ်မြင့် (၄၃နှစ်)နှင့် အမှတ်(၅)ရပ်ကွက် မဟာဆွေ(၈)လမ်းထောင့်ရှိ အဆောင်မှ မဝါဝါ (၂၆ နှစ်) တို့အား မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက် ကြောင်း သိရသည်။

သန်းထိုက်(လှိုင်သာယာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)