အလွဴခံအဖြဲ႕စီးနင္းလိုက္ပါလာသည့္ ေထာ္္လာဂ်ီယာဥ္ စစ္ေတာင္းျမစ္အတြင္းထိုးက် (အလှူခံအဖွဲ့စီးနင်းလိုက်ပါလာသည့် ထော််လာဂျီယာဉ် စစ်တောင်းမြစ်အတွင်းထိုးကျ )



ထန္းတပင္ ေဖေဖာ္ဝါရီ ၂၈

ပဲခူးတိုင္းေဒသႀကီး ေတာင္ငူခ႐ိုင္ ထန္းတပင္ၿမိဳ႕နယ္ ဇရပ္ႀကီးနယ္ေျမရဲစခန္းအပိုင္ အေနာက္ဘက္ ခုနစ္မိုင္ခန္႔အကြာရွိ ၿမိဳ႕စိုးေက်းရြာအုပ္စု စစ္ေတာင္းျမစ္ယာယီျမစ္ကူးတံတားေပၚမွ အလွဴခံအဖြဲ႕ စီးနင္းလာသည့္ ေထာ္လာဂ်ီယာဥ္မွာ စစ္ေတာင္းျမစ္အတြင္း ထိုးက်တိမ္းေမွာက္သြားခဲ့ရာ အမ်ဳိးသမီးတစ္ဦး ေပ်ာက္ဆံုးေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ အုတ္တြင္းၿမိဳ႕နယ္ ေျမေစး အုပ္စု ရြာသစ္ေက်းရြာ ဘုန္းေတာ္ႀကီး ေက်ာင္း တရားစခန္းပြဲအတြက္ အလွဴ ခံရန္ စစ္ေတာင္းျမစ္ကူးယာယီတံတား ေပၚမွ ျဖတ္သန္းေမာင္းႏွင္စဥ္ ၿမိဳ႕စိုး ေက်းရြာဘက္ျခမ္း ၁၅ ေပခန္႔အေရာက္ တံတားေပၚမွ ျမစ္အတြင္းသို႔ ထိုးက် တိမ္းေမွာက္သြားခဲ့သည္။

 ယာဥ္တိမ္း ေမွာက္သြားေၾကာင္းသိသိခ်င္း ၿမိဳ႕စိုး ေက်းရြာေဒသခံမ်ားက ျမစ္အတြင္းသို႔ ဆင္း၍ ယာဥ္ေမာင္းအပါအဝင္ အမ်ဳိးသား ငါးဦး၊ အမ်ဳိးသမီးရွစ္ဦးတို႔ အား ဆယ္ယူခဲ့ရာ ေဒၚခ်ဳိ(၄ဝ)ႏွစ္ ရြာသစ္ေက်းရြာေနသူမွာ ေပ်ာက္ဆံုး လ်က္ရွိၿပီး ယင္းေန႔ ည ၈ နာရီ ၄၅ မိနစ္တြင္ အုတ္တြင္းၿမိဳ႕နယ္ ေညာင္ေျခ ေထာက္နယ္ေျမရဲစခန္းအပိုင္ ေလွဆြဲ ေျမာင္းေက်းရြာအနီး စစ္ေတာင္းျမစ္ အတြင္းမွအေလာင္းအား ျပန္လည္ ေတြ႕ရွိရ၍ ဇရပ္ႀကီးနယ္ေျမရဲစခန္းမွ အမႈဖြင့္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရ သည္။

ကိုလြင္(ဆြာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
..................


ထန်းတပင် ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီးနယ်မြေရဲစခန်းအပိုင် အနောက်ဘက် ခုနစ်မိုင်ခန့်အကွာရှိ မြို့စိုးကျေးရွာအုပ်စု စစ်တောင်းမြစ်ယာယီမြစ်ကူးတံတားပေါ်မှ အလှူခံအဖွဲ့ စီးနင်းလာသည့် ထော်လာဂျီယာဉ်မှာ စစ်တောင်းမြစ်အတွင်း ထိုးကျတိမ်းမှောက်သွားခဲ့ရာ အမျိုးသမီးတစ်ဦး ပျောက်ဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ အုတ်တွင်းမြို့နယ် မြေစေး အုပ်စု ရွာသစ်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း တရားစခန်းပွဲအတွက် အလှူ ခံရန် စစ်တောင်းမြစ်ကူးယာယီတံတား ပေါ်မှ ဖြတ်သန်းမောင်းနှင်စဉ် မြို့စိုး ကျေးရွာဘက်ခြမ်း ၁၅ ပေခန့်အရောက် တံတားပေါ်မှ မြစ်အတွင်းသို့ ထိုးကျ တိမ်းမှောက်သွားခဲ့သည်။

 ယာဉ်တိမ်း မှောက်သွားကြောင်းသိသိချင်း မြို့စိုး ကျေးရွာဒေသခံများက မြစ်အတွင်းသို့ ဆင်း၍ ယာဉ်မောင်းအပါအဝင် အမျိုးသား ငါးဦး၊ အမျိုးသမီးရှစ်ဦးတို့ အား ဆယ်ယူခဲ့ရာ ဒေါ်ချို(၄ဝ)နှစ် ရွာသစ်ကျေးရွာနေသူမှာ ပျောက်ဆုံး လျက်ရှိပြီး ယင်းနေ့ ည ၈ နာရီ ၄၅ မိနစ်တွင် အုတ်တွင်းမြို့နယ် ညောင်ခြေ ထောက်နယ်မြေရဲစခန်းအပိုင် လှေဆွဲ မြောင်းကျေးရွာအနီး စစ်တောင်းမြစ် အတွင်းမှအလောင်းအား ပြန်လည် တွေ့ရှိရ၍ ဇရပ်ကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ကိုလွင်(ဆွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)