ကခ်င္မွာ ဘိန္းခင္းဖ်က္ဆီးမႈကုိ တားဆီးမႈမရွိေၾကာင္း အာဏာပုိင္ေတြေျပာ

ျမစ္ႀကီးနားၿမိဳ႕ ျပည္နယ္ရဲတပ္ဖြဲ႕ရံုးမွာ ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔က ဘိန္းခင္းဖ်က္ဆီးေရး ေဆာင္ရြက္ေနတာနဲ႔ ပတ္သက္ၿပီး သတင္းစားရွင္းလင္းပြဲျပဳလုပ္စဥ္။ Photo: Kyaw Myo Min/RFA
ကခ်င္ျပည္နယ္အတြင္း အစိုးရ႒ာနဆိုင္ရာေတြနဲ႔ ကခ်င္လူမႈအေျချပဳ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးအဖြဲ႔ေတြ ပူးေပါင္းၿပီး ဘိန္းခင္းဖ်က္ဆီးေရး လုပ္ငန္းေဆာင္ရြက္ေနတာေတြကို အစိုးရတပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႔က တားဆီးပိတ္ပင္မႈမရွိေၾကာင္း တပ္မေတာ္နဲ႔ ျပည္နယ္ရဲတပ္ဖြဲ႔ တာဝန္ရွိသူေတြက ဒီေန႔ ေျပာပါတယ္။

ဘိန္းဖ်က္ဆီးေရးနဲ႔ ပတ္သက္ၿပီး ကခ်င္ျပည္နယ္ရဲ တပ္ဖြဲ႔ရံုးမွာ ဒီကေန႔ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲ မွာ ေျမာက္ပိုင္းတိုင္းစစ္႒ာနခ်ဳပ္က ဗိုလ္မွဴး ဝင္းမ်ိဳးေအာင္က ေျပာခဲ့တာျဖစ္ပါတယ္။

"အခ်ိန္ကာလအတိုင္းအတာ ဘယ္ေလာက္ၾကာၾကာ တပ္မေတာ္ကေန ပါဝင္ၿပီးေတာ့မွ ကူညီေဆာင္ရြက္ေပး သြားမယ္ဆိုတဲ့အပို္င္းေတြ ညိွႏိႈင္းေဆြးေႏြးတာ အမ်ားႀကီးရွိပါတယ္၊ တစ္ဘက္က ဖ်က္မယ့္အဖြဲ႕၊ တစ္ဘက္က စိုက္တဲ့အဖြဲ႕ ဒီၾကားထဲမွာ ပဋိပကၡအသြင္ကို မျဖစ္ေစလိုတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ တပ္မေတာ္၊ ၿပီးေတာ့မွ ဒီဘက္က နယ္ဘက္ဌာနဆိုင္ရာ အႀကီးအကဲ ရဲတပ္ဖြဲ႕၊ ေနာက္ျပည္နယ္အစိုးရအဖြဲ႕ ဌာနဆိုင္ရာေပါင္းစံု နဲ႔ ေပါင္းစပ္ၿပီးေတာ့မွ ဝိုင္းၿပီးထိန္းသိမ္းေပးတဲ့ အေနအထားမ်ဳိးပဲရွိပါတယ္၊ အခုလည္း အႀကီးအကဲမ်ားကိုယ္တိုင္ ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့မွ ေအးေအးခ်မ္းခ်မ္း ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေလးျဖစ္သြားေအာင္ ေဆာင္ရြက္လို႔ရမယ္ဆိုတဲ့ အတိုင္းအတာအထိ ညိွႏိႈင္းေဆြးေႏြးေနတာရွိပါတယ္

ဘိန္းစိုက္ခင္းေတြမွာ ကြင္းဆင္းၿပီး ဖ်က္ဆီးခ်ိန္မွာ နားလည္မႈ လြဲမွားတာတစ္ခ်ိဳ႕ရွိခဲ့ေပမယ့္ အစိုးရတပ္မေတာ္နဲ႔ ဌာနဆိုင္ရာေတြက ပူးေပါင္းကူညီမႈေတြရွိတယ္လို႔ ဒီကေန႔ သတင္းစာရွင္းလင္းပြဲကို တက္ေရာက္လာတဲ့ ကခ်င္လူမႈအေျချပဳ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးအဖြဲ႔ တာဝန္ရွိသူေတြကေျပာပါတယ္။

ဒါ႔အျပင္ လတ္တေလာမွာ ျပည္နယ္အတြင္း ဘိန္းခင္းေတြကို ဆက္လက္ဖ်က္ဆီးႏိုင္ေရးအတြက္ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္နဲ႔ ေျမာက္ပိုင္းတိုင္း စစ္႒ာနခ်ဳပ္တိုင္းမွဴးတို႔က ေဆြးေႏြးညွိႏိႈင္းေနတယ္လို႔ သိရပါတယ္။

ကခ်င္ျပည္နယ္က ခရိုင္သံုးခုအတြင္း ၿမိဳ႕နယ္ရွစ္ခုမွာ ၿပီးခဲ႔တဲ႔ ဇန္နဝါရီလဆန္းပိုင္းကေန ဒီကေန႔အထိ အစိုးရ တပ္မေတာ္၊ ရဲတပ္ဖြဲ႔နဲ႔ ဌာနဆိုင္ရာေတြအပါအဝင္ ကခ်င္လူမႈအေျချပဳ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးအဖြဲ႔ေတြက ဘိန္းစိုက္ဧက သံုးေထာင္ေက်ာ္ကို ဖ်က္ဆီးႏိုင္ခဲ႔တယ္လို႔သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
............
 မြစ်ကြီးနားမြို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဘိန်းခင်းဖျက်ဆီးရေး ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး သတင်းစားရှင်းလင်းပွဲပြုလုပ်စဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ်အတွင်း အစိုးရဋ္ဌာနဆိုင်ရာတွေနဲ့ ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ဘိန်းခင်းဖျက်ဆီးရေး လုပ်ငန်းဆောင်ရွက်နေတာတွေကို အစိုးရတပ်မတော်နဲ့ ရဲတပ်ဖွဲ့က တားဆီးပိတ်ပင်မှုမရှိကြောင်း တပ်မတော်နဲ့ ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။

ဘိန်းဖျက်ဆီးရေးနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်ရဲ တပ်ဖွဲ့ရုံးမှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က ဗိုလ်မှူး ဝင်းမျိုးအောင်က ပြောခဲ့တာဖြစ်ပါတယ်။

"အချိန်ကာလအတိုင်းအတာ ဘယ်လောက်ကြာကြာ တပ်မတော်ကနေ ပါဝင်ပြီးတော့မှ ကူညီဆောင်ရွက်ပေး သွားမယ်ဆိုတဲ့အပို်င်းတွေ ညှိနှိုင်းဆွေးနွေးတာ အများကြီးရှိပါတယ်၊ တစ်ဘက်က ဖျက်မယ့်အဖွဲ့၊ တစ်ဘက်က စိုက်တဲ့အဖွဲ့ ဒီကြားထဲမှာ ပဋိပက္ခအသွင်ကို မဖြစ်စေလိုတဲ့အတွက်ကြောင့် ကျနော်တို့ တပ်မတော်၊ ပြီးတော့မှ ဒီဘက်က နယ်ဘက်ဌာနဆိုင်ရာ အကြီးအကဲ ရဲတပ်ဖွဲ့၊ နောက်ပြည်နယ်အစိုးရအဖွဲ့ ဌာနဆိုင်ရာပေါင်းစုံ နဲ့ ပေါင်းစပ်ပြီးတော့မှ ဝိုင်းပြီးထိန်းသိမ်းပေးတဲ့ အနေအထားမျိုးပဲရှိပါတယ်၊ အခုလည်း အကြီးအကဲများကိုယ်တိုင် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းလေးဖြစ်သွားအောင် ဆောင်ရွက်လို့ရမယ်ဆိုတဲ့ အတိုင်းအတာအထိ ညှိနှိုင်းဆွေးနွေးနေတာရှိပါတယ်

ဘိန်းစိုက်ခင်းတွေမှာ ကွင်းဆင်းပြီး ဖျက်ဆီးချိန်မှာ နားလည်မှု လွဲမှားတာတစ်ချို့ရှိခဲ့ပေမယ့် အစိုးရတပ်မတော်နဲ့ ဌာနဆိုင်ရာတွေက ပူးပေါင်းကူညီမှုတွေရှိတယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

ဒါ့အပြင် လတ်တလောမှာ ပြည်နယ်အတွင်း ဘိန်းခင်းတွေကို ဆက်လက်ဖျက်ဆီးနိုင်ရေးအတွက် ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူးတို့က ဆွေးနွေးညှိနှိုင်းနေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်က ခရိုင်သုံးခုအတွင်း မြို့နယ်ရှစ်ခုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကနေ ဒီကနေ့အထိ အစိုးရ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေအပါအဝင် ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေက ဘိန်းစိုက်ဧက သုံးထောင်ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)