ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တပ္မေတာ္ၾကား အခက္ႀကံဳေန

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္နဲ႔ အမ်ိဳးသားဒီမိုုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုုၾကည္ တိုု႔ ဒီဇင္ဘာလ ၂ ရက္ေန႔ ေန႔လယ္ ၂ နာရီက ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္မွာ ေတြ႕ဆံုုၾကစဥ္။ Photo: Myo Thant Khaing/RFA
ေဒၚေအာင္ဆန္းစုၾကည္ကုိ သမၼတရာထူး တာဝန္ယူခြင့္ျပဳေရးအတြက္ ျမန္မာ့တပ္မေတာ္ ေခါင္းေဆာင္ေတြနဲ႔  အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္အၾကား အာဏာခြဲေဝေရး ေဆြးေႏြးပြဲေတြျပဳလုပ္ေနရာမွာ အခက္အခဲတခ်ဳိ႕ ႀကဳံေတြ႔ေနရတယ္လုိ႔ သတင္းရပါတယ္။

တပ္မေတာ္ဘက္က ရခုိင္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္နဲ႔ ရန္ကုန္တုိင္း ဝန္ႀကီးခ်ဳပ္ရာထူးေတြကုိ သူတုိ႔စိတ္ႀကိဳက္ခန္႔ဖုိ႔ ေတာင္းဆုိေနေၾကာင္း မေန႔ကေန႔စြဲနဲ႔ ေနျပည္ေတာ္ကလာတဲ့ ရုိက္တာသတင္းမွာ ပါရွိပါတယ္။

ဒါ့အျပင္ သူရ ဦးေရႊမန္းကုိ ၿပီးခဲ့တဲ့ အပတ္က ျပည္သူ႔လႊတ္ေတာ္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာသုံးသပ္ေရး ေကာ္မရွင္ ဥကၠဌအျဖစ္ ခန္႔အပ္လုိက္တဲ့ကိစၥကုိလည္း လက္ရွိသမၼတ ဦးသိန္းစိန္ အစုိးရအဖြဲ႔မွာ ပါဝင္ခဲ့သူအားလုံးဟာ စုိးရိမ္ထိတ္လန္႔ေနဟန္ရွိတယ္လုိ႔  ႀကံ႕ခုိင္ဖြံ႔ၿဖိဳးေရးပါတီက လြတ္ေတာ္ကိုယ္စားလွယ္ေဟာင္း  တစ္ဦးကေျပာဆုိေၾကာင္း သတင္းမွာ ေဖၚျပထားပါတယ္။

အာဏာႀကီးမားတဲ့ အဲ့ဒီေကာ္မရွင္အေနနဲ႔ အစုိးရေဟာင္း ခ်ဳပ္ဆုိခဲ့တဲ့ စာခ်ဳပ္ေတြကုိ ျပန္လည္ဆန္းစစ္ႏုိင္သလုိ ဥပေဒေတြကုိ ျပင္ဆင္ႏုိင္ပါတယ္။  ဦးေရႊမန္းနဲ႔အတူ အဲ့ဒီေကာ္မရွင္မွာ ပါဝင္သူေတြဟာ ဦးသိန္းစိန္အစုိးရမွာ ပါဝင္ခဲ့သူေတြရဲ႕ေနာက္ေၾကာင္း အတြင္းသိေတြျဖစ္တဲ့အတြက္ အစုိးရအဖြဲ႔ဝင္ေဟာင္းေတြဟာ သူတုိ႔ကုိ အစုိးရသစ္ အေရးယူခံရမယ့္ေဘးက အကာအကြယ္ေပးဖုိ႔ စစ္တပ္ကုိ အားကုိးေနၾကတယ္လုိ႔ ဆုိပါတယ္။

ဥပေဒအရ သမၼတေဟာင္းကုိသာ အကာအကြယ္ေပးထားၿပီး ဝန္ႀကီးေဟာင္းေတြကေတာ့ အကာအကြယ္မဲ့ေနတယ္လုိ႔လည္း ဦးေရႊမန္းေခါင္းေဆာင္တဲ့ အ့ဲဒီအဖြဲ႔မွာပါဝင္သူ ႀကံ႕ခုိင္ဖြံ႔ၿဖိဳးေရး ေခါင္းေဆာင္ေဟာင္းတစ္ဦးက ေျပာပါတယ္။

ဒါေပမယ့္လည္း ဗုိလ္ခ်ဳပ္မွဴးႀကီးေဟာင္း သန္းေရႊနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တုိ႔ ဒီဇင္ဘာလက ေတြ႔ဆုံရာမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္က အတိတ္ကအျဖစ္ေတြကုိ NLD အေနနဲ႔ ေနာက္ေၾကာင္းလွန္ေနမွာ မဟုတ္ေၾကာင္း ကတိျပဳခဲ့ၿပီး အျပန္အလွန္အားျဖင့္ ဦးသန္းေရႊက ေဒၚေအာင္ဆန္းစုၾကည္ကုိ အနာဂတ္ ႏုိင္င့ံေခါင္းေဆာင္အျဖစ္ အသိအမွတ္ျပဳခဲ့တယ္လုိ႔ သိရပါတယ္။

ဒီအေတာအတြင္း တရုတ္အစုိးရကလည္း မဟာဗ်ဴဟာအရ အေရးပါတဲ့ ျမန္မာျပည္က သူတုိ႔ အက်ဳိးစီးပြားေတြကုိ ကာကြယ္ဖုိ႔အတြက္ NLD အစုိးရသစ္ေဆာင္ရြက္မယ့္ အစီအစဥ္ေတြကုိ  အထူးစိတ္ဝင္စားေနတယ္လုိ႔ ဆုိပါတယ္။

တရုတ္အစုိးရ ကုိယ္စားလွယ္ေတြနဲ႔ တရုတ္စီးပြားေရးသမားေတြဟာ သူတုိ႔ထံကုိလာၿပီး သမၼတသစ္အေၾကာင္းနဲ႔ စီးပြားေရးစာခ်ဳပ္ေတြအေၾကာင္း တခ်ိန္လုံးလုိလုိ ေမးျမန္းေနၾကတယ္လုိ႔ NLD ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ဦးဝင္းထိန္ကေျပာဆုိေၾကာင္းလည္း Reuters  သတင္းမွာ ေဖၚျပထားပါတယ္။

RFA Burmese
http://www.rfa.org/burmese
..........
 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အမျိုးသားဒီမိုုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုုကြည် တိုု့ ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လယ် ၂ နာရီက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုုံကြစဉ်။ Photo: Myo Thant Khaing/RFA
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူး တာဝန်ယူခွင့်ပြုရေးအတွက် မြန်မာ့တပ်မတော် ခေါင်းဆောင်တွေနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား အာဏာခွဲဝေရေး ဆွေးနွေးပွဲတွေပြုလုပ်နေရာမှာ အခက်အခဲတချို့ ကြုံတွေ့နေရတယ်လို့ သတင်းရပါတယ်။

တပ်မတော်ဘက်က ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရာထူးတွေကို သူတို့စိတ်ကြိုက်ခန့်ဖို့ တောင်းဆိုနေကြောင်း မနေ့ကနေ့စွဲနဲ့ နေပြည်တော်ကလာတဲ့ ရိုက်တာသတင်းမှာ ပါရှိပါတယ်။

ဒါ့အပြင် သူရ ဦးရွှေမန်းကို ပြီးခဲ့တဲ့ အပတ်က ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် ဥက္ကဌအဖြစ် ခန့်အပ်လိုက်တဲ့ကိစ္စကိုလည်း လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့မှာ ပါဝင်ခဲ့သူအားလုံးဟာ စိုးရိမ်ထိတ်လန့်နေဟန်ရှိတယ်လို့  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွတ်တော်ကိုယ်စားလှယ်ဟောင်း  တစ်ဦးကပြောဆိုကြောင်း သတင်းမှာ ဖေါ်ပြထားပါတယ်။

အာဏာကြီးမားတဲ့ အဲ့ဒီကော်မရှင်အနေနဲ့ အစိုးရဟောင်း ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ပြန်လည်ဆန်းစစ်နိုင်သလို ဥပဒေတွေကို ပြင်ဆင်နိုင်ပါတယ်။  ဦးရွှေမန်းနဲ့အတူ အဲ့ဒီကော်မရှင်မှာ ပါဝင်သူတွေဟာ ဦးသိန်းစိန်အစိုးရမှာ ပါဝင်ခဲ့သူတွေရဲ့နောက်ကြောင်း အတွင်းသိတွေဖြစ်တဲ့အတွက် အစိုးရအဖွဲ့ဝင်ဟောင်းတွေဟာ သူတို့ကို အစိုးရသစ် အရေးယူခံရမယ့်ဘေးက အကာအကွယ်ပေးဖို့ စစ်တပ်ကို အားကိုးနေကြတယ်လို့ ဆိုပါတယ်။

ဥပဒေအရ သမ္မတဟောင်းကိုသာ အကာအကွယ်ပေးထားပြီး ဝန်ကြီးဟောင်းတွေကတော့ အကာအကွယ်မဲ့နေတယ်လို့လည်း ဦးရွှေမန်းခေါင်းဆောင်တဲ့ အဲ့ဒီအဖွဲ့မှာပါဝင်သူ ကြံ့ခိုင်ဖွံ့ဖြိုးရေး ခေါင်းဆောင်ဟောင်းတစ်ဦးက ပြောပါတယ်။

ဒါပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာလက တွေ့ဆုံရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အတိတ်ကအဖြစ်တွေကို NLD အနေနဲ့ နောက်ကြောင်းလှန်နေမှာ မဟုတ်ကြောင်း ကတိပြုခဲ့ပြီး အပြန်အလှန်အားဖြင့် ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အနာဂတ် နိုင်င့ံခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခဲ့တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း တရုတ်အစိုးရကလည်း မဟာဗျူဟာအရ အရေးပါတဲ့ မြန်မာပြည်က သူတို့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် NLD အစိုးရသစ်ဆောင်ရွက်မယ့် အစီအစဉ်တွေကို  အထူးစိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရ ကိုယ်စားလှယ်တွေနဲ့ တရုတ်စီးပွားရေးသမားတွေဟာ သူတို့ထံကိုလာပြီး သမ္မတသစ်အကြောင်းနဲ့ စီးပွားရေးစာချုပ်တွေအကြောင်း တချိန်လုံးလိုလို မေးမြန်းနေကြတယ်လို့ NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ကပြောဆိုကြောင်းလည်း Reuters  သတင်းမှာ ဖေါ်ပြထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)