ၿမိတ္ ေက်ာက္ကာရြာ မီးေလာင္မႈ ေနအိမ္ ၆ဝဝ ေက်ာ္ ဆံုးရံႈး

တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ခရိုင္ ပုေလာၿမိဳ႕နယ္ ေက်ာက္ကာေက်းရြာမွာ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔က မီးေလာင္ကၽြမ္းေနစဥ္။ Photo: Kyaw Lwin Oo/RFA
တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ခရိုင္ ပုေလာၿမိဳ႕နယ္ ေက်ာက္ကာေက်းရြာမွာ ဒီေန႔ မီးေလာင္ကၽြမ္းခဲ့တာေၾကာင့္ ရပ္ကြက္ ၃ ခုက ေနအိမ္အလံုး ၆ဝဝ ေလာက္ မီးထဲပါသြားတယ္လို႔ ေက်ာက္ကာေက်းရြာသား ဦးခင္ဟုန္ က ေျပာပါတယ္။

ေက်ာက္ကာေက်းရြာဟာ ရြာႀကီးျဖစ္တဲ႔အတြက္ ရပ္ကြက္ ၄ ခု နဲ႔ အိမ္ေျခ ၉ဝဝ ေက်ာ္တို႔ ေနထိုင္ၾကတာျဖစ္ၿပီး အမွတ္ ၂၊ ၃ နဲ႔ ၄ ရပ္ကြက္ သံုးခုတို႔  မီးထဲပါသြားသလို အထက္တန္းေက်ာင္း တစ္ေက်ာင္းလည္း မီးထဲပါသြား တယ္လို႔ ေျပာပါတယ္။

ဒီကေန႔ မနက္ ၈ နာရီ ေရက်ခ်ိန္မွာ မီးစတင္ေလာင္ခဲ့တာျဖစ္ၿပီး ေန႔လယ္ ၁ နာရီေလာက္မွာ မီးၿငိမ္းသတ္ႏုိင္ ခဲ့ပါတယ္။

မီးေလာင္တဲ့ေနရာဟာ ကုန္းေျမမဟုတ္ပဲ တံငါသည္ေတြေနထိုင္တဲ့ ကၽြန္းရြာျဖစ္တာေၾကာင့္ မီးသတ္ကားေတြ သြားလို႔မရပဲ ၿမိတ္၊ ပုေလာၿမိဳ႕ေတြက မီးသတ္ေရယာဥ္ေတြက ေရထဲကေန မီးၿငိမ္းသတ္ခဲ့ၾကရပါတယ္။

ေရက်ခ်ိန္ျဖစ္ေနတဲ့အတြက္ မီးကိုထိန္းခ်ဳပ္ၿငိမ္းသတ္ဖို႔ အခက္အခဲရွိခဲ့တာေၾကာင့္ မီးေလာင္ခ်ိန္ဟာ အခုလို ၾကာသြားရတယ္လို႔ ေျပာပါတယ္။

မီးေလာင္တဲ့ေနရာကို ၿမိတ္နဲ႔ ပုေလာၿမိဳ႕ေတြက ေဒသခံေတြစုေပါင္းကာ ကယ္ဆယ္ေရးလုပ္ေနၿပီး မီးေလာင္တဲ့ထဲ မပါတဲ့ အမွတ္ ၁ ရပ္ကြက္က ေနအိမ္ေတြမွာ ယာယီသြားေရာက္ေနထိုင္ၾကတယ္လို႔ ေျပာပါတယ္။

ရပ္ကြက္ ၂ ေနအိမ္တစ္လံုးက လွ်ပ္စစ္မီး ဝါယာေရွာ့ခ္ျဖစ္ရာကေန မီးစတင္ေလာင္ရတာလို႔ သိရၿပီး မီးေဘးသင့္ သူအေရအတြက္ကုိ စာရင္းေကာက္ေနဆဲျဖစ္ေၾကာင္း ေဒသအေျခစုိက္ လူမႈေရးအဖြဲ႔အစည္းေတြက ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese
...............
 တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ကျောက်ကာကျေးရွာမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မီးလောင်ကျွမ်းနေစဉ်။ Photo: Kyaw Lwin Oo/RFA
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ကျောက်ကာကျေးရွာမှာ ဒီနေ့ မီးလောင်ကျွမ်းခဲ့တာကြောင့် ရပ်ကွက် ၃ ခုက နေအိမ်အလုံး ၆ဝဝ လောက် မီးထဲပါသွားတယ်လို့ ကျောက်ကာကျေးရွာသား ဦးခင်ဟုန် က ပြောပါတယ်။

ကျောက်ကာကျေးရွာဟာ ရွာကြီးဖြစ်တဲ့အတွက် ရပ်ကွက် ၄ ခု နဲ့ အိမ်ခြေ ၉ဝဝ ကျော်တို့ နေထိုင်ကြတာဖြစ်ပြီး အမှတ် ၂၊ ၃ နဲ့ ၄ ရပ်ကွက် သုံးခုတို့  မီးထဲပါသွားသလို အထက်တန်းကျောင်း တစ်ကျောင်းလည်း မီးထဲပါသွား တယ်လို့ ပြောပါတယ်။

ဒီကနေ့ မနက် ၈ နာရီ ရေကျချိန်မှာ မီးစတင်လောင်ခဲ့တာဖြစ်ပြီး နေ့လယ် ၁ နာရီလောက်မှာ မီးငြိမ်းသတ်နိုင် ခဲ့ပါတယ်။

မီးလောင်တဲ့နေရာဟာ ကုန်းမြေမဟုတ်ပဲ တံငါသည်တွေနေထိုင်တဲ့ ကျွန်းရွာဖြစ်တာကြောင့် မီးသတ်ကားတွေ သွားလို့မရပဲ မြိတ်၊ ပုလောမြို့တွေက မီးသတ်ရေယာဉ်တွေက ရေထဲကနေ မီးငြိမ်းသတ်ခဲ့ကြရပါတယ်။

ရေကျချိန်ဖြစ်နေတဲ့အတွက် မီးကိုထိန်းချုပ်ငြိမ်းသတ်ဖို့ အခက်အခဲရှိခဲ့တာကြောင့် မီးလောင်ချိန်ဟာ အခုလို ကြာသွားရတယ်လို့ ပြောပါတယ်။

မီးလောင်တဲ့နေရာကို မြိတ်နဲ့ ပုလောမြို့တွေက ဒေသခံတွေစုပေါင်းကာ ကယ်ဆယ်ရေးလုပ်နေပြီး မီးလောင်တဲ့ထဲ မပါတဲ့ အမှတ် ၁ ရပ်ကွက်က နေအိမ်တွေမှာ ယာယီသွားရောက်နေထိုင်ကြတယ်လို့ ပြောပါတယ်။

ရပ်ကွက် ၂ နေအိမ်တစ်လုံးက လျှပ်စစ်မီး ဝါယာရှော့ခ်ဖြစ်ရာကနေ မီးစတင်လောင်ရတာလို့ သိရပြီး မီးဘေးသင့် သူအရေအတွက်ကို စာရင်းကောက်နေဆဲဖြစ်ကြောင်း ဒေသအခြေစိုက် လူမှုရေးအဖွဲ့အစည်းတွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)