သံလမ္းျဖတ္ေမာင္းႏွင္သည့္ကား ပုသိမ္ေလာ္ကယ္ရထားႏွင့္တုိက္မႈျဖစ္ပြား


By ဧရာ၀တီ | February 8, 2016 |
 သံလမ္းျဖတ္ေမာင္းႏွင္သည့္ကား ပုသိမ္ေလာ္ကယ္ရထားႏွင့္တုိက္မႈျဖစ္ပြား သံလမ္းျဖတ္ေမာင္းႏွင္သည့္ကား ပုသိမ္ေလာ္ကယ္ရထားႏွင့္တုိက္မႈျဖစ္ပြား
အိႏိၵယႏိုင္ငံသား ၂ ဦးကို တင္ေဆာင္ကာ ကုိရဲလင္းထြဋ္ဆုိသူ ေမာင္းလာႏွင္လာေသာ Hilux Surf အမ်ဳိးအစား ယာဥ္အမွတ္ 7E – 6294 သည္ ပုသိမ္ၿမိဳ႕၊ ဒိုက္ထူေက်းရြာ အနီးရွိ မီးရထားသံလမ္းကို ျဖတ္ေမာင္းစဥ္ ပုသိမ္ဘူတာမွ ထြက္ခြာလာသည့္ ေလာ္ကယ္ရထားႏွင့္ ယေန႔ ေန႔လည္ ၂ နာရီခဲြ၀န္းက်င္က တိုက္မႈျဖစ္ပြားခဲ့သည္။

“ကားေမာင္းသူက မီးရထားလာတာကို မျမင္ဘဲ သံလမ္းကိုျဖတ္ေမာင္းတဲ့အခ်ိန္ ရထားနဲ႔ တိုက္မိၿပီး ေပ ၅၀ ေလာက္ ရထားနဲ႔ ခ်ိတ္ၿပီးပါသြားတယ္။ ကားေဘးညာျခမ္းေတာ့ ပိန္ခ်ိဳင့္သြားေပမယ့္ ကားေပၚပါတဲ့ လူေတြကေတာ့ ဘာမွထိခိုက္ဒဏ္ရာရတာ မရွိပါဘူး”ဟု ပုသိမ္ၿမိဳ႕၊ အမွတ္ ၂ ရဲစခန္းမွ တာ၀န္မွဴး ရဲအုပ္ ၀င္းဘိုက ဧရာ၀တီကို ေျပာသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သတ္၍ ပုသိမ္မီးရထားရံုပိုင္ႀကီးက တိုင္စာေပးပို႔တုိင္တန္းမႈ ျပဳလုပ္ပါက ယာဥ္ေမာင္းသူ ကိုရဲလင္းထြဋ္အား အမႈဖြင့္၍ အေရးယူေပးသြားမည္ျဖစ္ေၾကာင္း ရဲတပ္ဖဲြ႔က ေျပာသည္။

ဆလုိင္းသန္႔စင္ေပးပုိ႔သည္။
Irrawaddy
...........
သံလမ်းဖြတ်မောင်းနှင်သည့်ကား ပုသိမ်လော်ကယ်ရထားနှင့်တိုက်မှုဖြစ်ပွား
By ဧရာဝတီ | February 8, 2016 |
 သံလမ်းဖြတ်မောင်းနှင်သည့်ကား ပုသိမ်လော်ကယ်ရထားနှင့်တိုက်မှုဖြစ်ပွား သံလမ်းဖြတ်မောင်းနှင်သည့်ကား ပုသိမ်လော်ကယ်ရထားနှင့်တိုက်မှုဖြစ်ပွား
အိန္ဒိယနိုင်ငံသား ၂ ဦးကို တင်ဆောင်ကာ ကိုရဲလင်းထွဋ်ဆိုသူ မောင်းလာနှင်လာသော Hilux Surf အမျိုးအစား ယာဉ်အမှတ် 7E – 6294 သည် ပုသိမ်မြို့၊ ဒိုက်ထူကျေးရွာ အနီးရှိ မီးရထားသံလမ်းကို ဖြတ်မောင်းစဉ် ပုသိမ်ဘူတာမှ ထွက်ခွာလာသည့် လော်ကယ်ရထားနှင့် ယနေ့ နေ့လည် ၂ နာရီခွဲဝန်းကျင်က တိုက်မှုဖြစ်ပွားခဲ့သည်။

“ကားမောင်းသူက မီးရထားလာတာကို မမြင်ဘဲ သံလမ်းကိုဖြတ်မောင်းတဲ့အချိန် ရထားနဲ့ တိုက်မိပြီး ပေ ၅၀ လောက် ရထားနဲ့ ချိတ်ပြီးပါသွားတယ်။ ကားဘေးညာခြမ်းတော့ ပိန်ချိုင့်သွားပေမယ့် ကားပေါ်ပါတဲ့ လူတွေကတော့ ဘာမှထိခိုက်ဒဏ်ရာရတာ မရှိပါဘူး”ဟု ပုသိမ်မြို့၊ အမှတ် ၂ ရဲစခန်းမှ တာဝန်မှူး ရဲအုပ် ၀င်းဘိုက ဧရာဝတီကို ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်၍ ပုသိမ်မီးရထားရုံပိုင်ကြီးက တိုင်စာပေးပို့တိုင်တန်းမှု ပြုလုပ်ပါက ယာဉ်မောင်းသူ ကိုရဲလင်းထွဋ်အား အမှုဖွင့်၍ အရေးယူပေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဆလိုင်းသန့်စင်ပေးပို့သည်။
Irrawaddy
...........
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)