ေမြးကင္းစကေလးအေလာင္းစြန္႔ပစ္သူအား ဖမ္းမိေရးေဆာင္ရြက္( မွေးကင်းစကလေးအလောင်းစွန့်ပစ်သူအား ဖမ်းမိရေးဆောင်ရွက်)


Saturday, 27 February 2016

မႏၲေလးျမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ ကမ္းနားလမ္း၂၉လမ္းႏွင့္ လမ္း၃ဝၾကား ဧရာဝတီျမစ္ကမ္းစပ္တြင္ ေမြးကင္းစကေလးငယ္ အေလာင္း တစ္ေလာင္း ျမစ္ကမ္းေဘးတြင္ေမ်ာလာေၾကာင္း သတင္း အရ အမွတ္(၆)နယ္ေျမရဲစခန္းမွ ရဲအုပ္ခင္သန္းႏွင့္အဖြဲ႕က သြား ေရာက္စစ္ေဆးရာ ေဘာဂႀကီးဆိပ္ကမ္းတြင္ ခ်က္ႀကိဳးတန္းလန္းျဖင့္ ေမြးဖြားျပီးစမိန္းကေလးငယ္အား ေတြ႕ရသျဖင့္ မႏၲေလးေဆး႐ုံႀကီး သို႕ပို႕အပ္ခဲ့သည္။

 ထို႔ေနာက္ အမွတ္(၆)နယ္ေျမရဲစခန္းက (ပ)၄၆/ ၂ဝ၁၆ ျပစ္မႈပုဒ္မ ၃၁၈အရ အမႈဖြင့္ၿပီး ကေလးအေလာင္းစြန္႔ပစ္သူ အား ဖမ္းဆီးရမိေရး စုံစမ္းေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ေမာင္ျပည္သူ(မႏၲေလး)
The Union Daily
http://uniondaily.net
..........


Saturday, 27 February 2016

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ကမ်းနားလမ်း၂၉လမ်းနှင့် လမ်း၃ဝကြား ဧရာဝတီမြစ်ကမ်းစပ်တွင် မွေးကင်းစကလေးငယ် အလောင်း တစ်လောင်း မြစ်ကမ်းဘေးတွင်မျောလာကြောင်း သတင်း အရ အမှတ်(၆)နယ်မြေရဲစခန်းမှ ရဲအုပ်ခင်သန်းနှင့်အဖွဲ့က သွား ရောက်စစ်ဆေးရာ ဘောဂကြီးဆိပ်ကမ်းတွင် ချက်ကြိုးတန်းလန်းဖြင့် မွေးဖွားပြီးစမိန်းကလေးငယ်အား တွေ့ရသဖြင့် မန္တလေးဆေးရုံကြီး သို့ပို့အပ်ခဲ့သည်။

 ထို့နောက် အမှတ်(၆)နယ်မြေရဲစခန်းက (ပ)၄၆/ ၂ဝ၁၆ ပြစ်မှုပုဒ်မ ၃၁၈အရ အမှုဖွင့်ပြီး ကလေးအလောင်းစွန့်ပစ်သူ အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)
The Union Daily
http://uniondaily.net
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)