၂၀၁၅/၂၀၁၆ ခုႏွစ္တြင္ ျဖစ္ပြားေနသည့္ အယ္နီညဳိ ရာသီဥတုမွာ ႏွစ္ေပါင္း ၅၀၀ အတြင္း အားအေကာင္းဆုံး ျဖစ္ဟု မုိးေလဝသ ပညာရွင္ ေဒါက္တာထြန္းလြင္ ေျပာၾကား

မုိးေလဝသ ပညာရွင္ ေဒါက္တာထြန္းလြင္ကို ဆင္ဟြာသတင္းဌာနမွ ေတြ႔ဆံုေမးျမန္းစဥ္ (ဆင္ဟြာ)
    ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၂၇ ရက္ (ဆင္ဟြာ)

    အယ္နီညဳိ ရာသီဥတုမွာ မွတ္တမ္းမ်ားအရ ၁၅ ရာစုႏွစ္မွ စတင္ခဲ့ၿပီး ၂၀၁၅/၂၀၁၆ ခုႏွစ္တြင္ ျဖစ္ပြားေနသည့္ အယ္နီညဳိ ရာသီဥတုမွာ ႏွစ္ေပါင္း ၅၀၀ အတြင္း အားအေကာင္းဆုံး ျဖစ္ကာ ေနာက္ဆုံး တုိင္းတာခ်က္အရ ဆက္လက္ အားေကာင္းေနဆဲ ျဖစ္ၿပီး လာမည့္ ဇြန္လအထိ အယ္နီညဳိ ရာသီဥတု သက္တမ္း ရွိေနမည္ ျဖစ္ေၾကာင္း မုိးေလဝသ ပညာရွင္ ေဒါက္တာ ထြန္းလြင္က ဆင္ဟြာ သတင္းဌာနႏွင့္ သီးသန္ ့အင္တာဗ်ဴးတြင္ ေျပာၾကားခဲ့သည္။

“လက္ရွိ အယ္နီညဳိက ၂၀၁၅ ခုႏွစ္ ဇြန္လထဲက စၿပီးေတာ့ အားအေကာင္းဆုံးက ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလမွာ အျမင့္ဆုံးကုိ ေရာက္ခဲ့ပါတယ္။ အယ္နီညဳိရဲ  ့ပထမ ၆ လက ၂၀၁၅ ခုႏွစ္ရဲ ့ဒုတိယ ၆ လေပါ့။ အခု အယ္နီညဳိရဲ႕ ဒုတိယ ၆ လ က ၂၀၁၆ ရဲ ့ဒုတိယ ၆ လ ေပါ့။ လက္ရွိ အယ္နီညဳိ အင္အား ဘယ္ေလာက္ ရွိတယ္ဆုိတာ ေဖေဖာ္ဝါရီလ ၂၀ ရက္တုန္းက ေနာက္ဆုံး တုိင္းခဲ့တာ အယ္နီညဳိဟာ ဆက္လက္ ျဖစ္ေနဆဲ ျဖစ္တယ္။ အားလဲ ေကာင္းေနဆဲ ျဖစ္တယ္။ အယ္နီညဳိဟာ ဒီႏွစ္ ႏွစ္ဝက္ အထိ ျဖစ္ႏုိင္တယ္။ လာမယ့္ ဇြန္လ အထိ ျဖစ္ႏုိင္ တယ္လုိ ့ ကြ်န္ေတာ္ ေတြ ့ရပါတယ္”ဟု မုိးေလဝသ ပညာရွင္ ေဒါက္တာထြန္းလြင္က ေျပာၾကားခဲ့သည္။

ျမန္မာႏုိင္ငံ၌ ယခု ျဖစ္ပြားေနသည့္ အယ္နီညဳိ ရာသီဥတုဒဏ္မွာ ယခင္ျဖစ္ပြားခဲ့ၿပီးေသာ မွတ္တမ္း မ်ားထက္ ပုိမုိ ျပင္းထန္ႏုိင္သျဖင့္ အပူခ်ိန္ စံခ်ိန္က်ဳိး ေက်ာ္လြန္ႏုိင္ၿပီး ေႏြရာသီတြင္ ခရမ္းလြန္ ေရာင္ျခည္ ညႊန္းကိန္းမွာ လြန္ကဲသည့္ အဆင့္သုိ ့ေရာက္ရွိႏုိင္ေၾကာင္း ေဒါက္တာထြန္းလြင္က ဆက္လက္ ေျပာၾကားခဲ့သည္။

ယခုႏွစ္တြင္ ျမန္မာႏုိင္ငံ အလယ္ပုိင္းေဒသမ်ား ျဖစ္သည့္ စစ္ကုိင္းတုိင္း ေဒသႀကီး ၊ မႏၱေလးတုိင္း ေဒသႀကီး ၊ မေကြးတုိင္း ေဒသႀကီးတုိ ့တြင္ အပူခ်ိန္သည္ အနည္းဆုံး ၄၅ ဒီဂရီ စင္တီဂရိတ္ထိ ရွိမည္ ျဖစ္ၿပီး ရန္ကုန္တုိင္း ေဒသႀကီး၌ အနည္းဆုံး ၄၁ ဒီဂရီ စင္တီဂရိတ္ထိ ရွိႏုိင္မည္ ျဖစ္ေၾကာင္း ၊ ယင္းခန္ ့မွန္းခ်က္ မ်ားထက္ ေက်ာ္လြန္ သြားရန္သာ ရွိၿပီး စံခ်ိန္က်ဳိးသည္မွာလည္း ျဖစ္သြားႏုိင္ေၾကာင္း မုိးေလဝသ ပညာရွင္ ေဒါက္တာ ထြန္းလြင္က ခန္ ့မွန္းထားသည္။

ယခုခ်ိန္တြင္ အယ္နီညဳိ ရာသီဥတုေၾကာင့္ အပူခ်ိန္ႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္ ခရမ္းလြန္ ေရာင္ျခည္မွာ အလြန္ ျမင့္တက္ ေနၿပီး ေႏြရာသီ၌ လြန္ကဲသည့္ အဆင့္သုိ ့ေရာက္ရွိႏုိင္ေၾကာင္း ထုိေၾကာင့္ အပူခ်ိန္ စံခ်ိန္တင္ ျမင့္တက္ ျခင္းမ်ား ျဖစ္ႏုိင္ၿပီး အပူခ်ိန္ ျမင့္မားမႈ ၊ အပူလြန္ကဲမႈ ၊ အပူ ညႊန္းကိန္း ၊ ခရမ္းလြန္ေရာင္ျခည္ ညႊန္းကိန္းမ်ားေၾကာင့္ လူ၏ က်န္းမာေရး ထိခုိက္ႏုိင္ေၾကာင္း ၄င္းက သုံးသပ္ ေျပာၾကားခဲ့သည္။

ထုိ ့ျပင္ အယ္နီညဳိေၾကာင့္ မုတ္သုံရာသီ ဝင္ေရာက္မႈမွာ ယခုႏွစ္တြင္ ေနာက္က်ႏုိင္ၿပီး ျမန္မာႏုိင္ငံ ေတာင္ပုိင္း တနသၤာရီ တုိင္းႏွင့္ မြန္ျပည္နယ္တုိ ့တြင္ မုတ္သုံသည္ ေမ ၂၀ ရက္မွ ဝင္ေရာက္ႏုိင္မည္ ျဖစ္ၿပီး ျမစ္ဝ ကြ်န္းေပၚ ေဒသတြင္ ေမလ ၂၅ ရက္မွ ဝင္ေရာက္ႏုိင္မည္ ျဖစ္ေၾကာင္း ၊ အဆုိးဆုံးမွာ ျမန္မာႏုိင္ငံ အလယ္ပုိင္း ျဖစ္ေၾကာင္း မုတ္သုံ ဝင္ေရာက္မည့္ ရက္မွာ ပီပီျပင္ျပင္ မရွိဘဲ ျမန္မာႏုိင္ငံ ေျမာက္ပုိင္းတြင္ ဇြန္လ ၁ ရက္မွ ဝင္ေရာက္မည္ဟု ခန္ ့မွန္းထားသည္။

ေႏြရာသီ ကာလမ်ား ျဖစ္သည့္ မတ္လ ၊ ဧၿပီလ ႏွင့္ ေမလတို႔ တြင္ အယ္နီညိဳ ျဖစ္စဥ္၏ သက္ေရာက္မႈမ်ား ေၾကာင့္ မိုး႐ြာသြန္းမႈ ေလ်ာ့နည္းျခင္း၊ ေႏြရာသီတြင္ အပူခ်ိန္ ျမင့္မားျခင္းစသည့္ ရာသီဥတု အ‌ေျခအေနမ်ား ျဖစ္ေပၚလာႏိုင္ၿပီး ပူျပင္း ေျခာက္ေသြ႕ျခင္း၊ ေရရွားပါးျခင္းႏွင့္ အပူေၾကာင့္ ျဖစ္ေပၚႏိုင္သည့္ က်န္းမာေရးဆိုင္ရာ ျပႆနာ ႀကဳံေတြ႕ရႏိုင္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံ၌ အယ္နီညဳိ ရာသီဥတု ျပင္းထန္စြာ ျဖစ္ပြားခဲ့သည့္ ၁၉၉၇-၉၈ ခုႏွစ္တြင္ အပူခ်ိန္ စံခ်ိန္တင္ ျမင့္တက္ ခဲ့ၿပီးေနာက္ ျမန္မာႏုိင္ငံ အလယ္ပုိင္းတြင္ ၄၇.၂ ဒီဂရီ စင္တီဂရိတ္ အထိ ရွိခဲ့ၿပီး ရန္ကုန္၌ ၄၂.၅ ဒီဂရီ စင္တီဂရိတ္ အထိ ျမင့္တက္ခဲ့ေၾကာင္း သိရသည္။

ယခုအခ်ိန္တြင္ သမုိင္းတစ္ေလ်ာက္ အျပင္းထန္ဆုံး ႀကဳံေတြ ့ရႏုိင္သည့္ အယ္နီီညဳိ ရာသီဥတုဒဏ္ႏွင့္ ပတ္သက္၍ ျမန္မာႏုိင္ငံတြင္ သက္ဆုိင္ရာ ဝန္ႀကီးဌာနမ်ားအလုိက္ အယ္နီညိဳ ရာသီဥတု အက်ဳိး သက္ေရာက္မႈ မ်ားေၾကာင့္ စိုက္ပ်ဳိးေရႏွင့္ ေသာက္သံုးေရအခက္အခဲမ်ား ၊ အပူဒဏ္ ကာကြယ္ေရး လုပ္ငန္းမ်ား ၊ မီးေဘးႀကိဳတင္ ကာကြယ္ေရး လုပ္ငန္းမ်ား အေပၚ ႀကိဳတင္ျပင္ ဆင္ ထားရွိမႈ ေဆာင္ရြက္ထားရွိထားေၾကာင္း သိရသည္။

စိုက္ပ်ိဳးေရး ၊ အစားအစာ ဖူလုံေရး ၊ စိုက္ပ်ိဳးေရ ရရွိေရး ၊ ေရေပးေဝေရး ၊ ေသာက္သုံးေရ ဖူလုံေရး ၊ လွ်ပ္စစ္မီး ရရွိေရး ၊ က်န္းမာေရး ၊ ငါးလုပ္ငန္း ၊ ေရေၾကာင္း သြားလာေရး ၊ ခရီးသြား လုပ္ငန္းမ်ား စသည့္ သက္ဆိုင္ရာ က႑မ်ားတြင္ သက္ေရာက္မႈမ်ား ရွိႏိုင္သည့္အတြက္ ႀကိဳတင္ ျပင္ဆင္ႏိုင္ၾကရန္ မုိးေလဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမႈ ဦးစီးဌာနမွ ထုတ္ျပန္ ႏႈိးေဆာ္ထားသည္။

ထုိ ့ျပင္ ေႏြရာသီႏွင့္ ရာသီဥတု ပူျပင္းေသာ အခ်ိန္ကာလမ်ားတြင္ အပူဒဏ္ေၾကာင့္ အသက္ အႏၱရာယ္ စိုးရိမ္ရေသာ အေျခအေန အထိ ျဖစ္တတ္ေၾကာင္း က်န္းမာေရး ဝန္ႀကီးဌာနမွ အပူဒဏ္ အႏၱရာယ္ ကာကြယ္ေရး ႏိႈးေဆာ္ခ်က္ ထုတ္ျပန္ထားသည္။

ကမာၻ ့ရာသီဥတု ေျပာင္းလဲျခင္း ႏွင့္ အယ္္နီညဳိ (EL Nino) အက်ဳိး သက္ေရာက္ မႈေၾကာင့္ ၂၀၁၆ ခုႏွစ္တြင္ ျမန္မာႏုိင္ငံ တစ္ဝန္း ျဖစ္ေပၚလာႏုိင္ေသာ သဘာဝ ေဘးအႏၱရာယ္မ်ားေၾကာင့္ ျပည္သူလူထု ႀကဳံေတြ ့ ခံစားရမည့္ ေရရွားပါးမႈ ၊ အပူခ်ိန္ ျပင္းထန္မႈ ၊ ေသာက္သုံးေရ ရွားပါးမႈ ၊ က်န္းမာေရး ျပႆနာမ်ား ၊ စားေရရိကၡာ ျပႆနာမ်ား ၊ မီးေဘး အႏၱရာယ္ ႀကဳိတင္ ကာကြယ္ စီမံ ေဆာင္ရြက္ရန္အတြက္ သက္ဆုိင္ရာ ဝန္ႀကီးဌာနမ်ား ၊ ျပည္တြင္းျပည္ပမွ အစုိးရ မဟုတ္ေသာ အဖြဲ ့အစည္းမ်ား ပူးေပါင္းပါဝင္ ေဆာင္ရြက္ေရးကုိ ျပည္ေထာင္စု အစုိးရသုိ ့တုိက္တြန္းေၾကာင္း အေရးႀကီး အဆုိတစ္ရပ္ အား လႊတ္ေတာ္၌ ေဆြးေႏြး အတည္ျပဳထားသည္။

ၿပီးခဲ့သည္႔ ၂၀၁၅ ခုႏွစ္တြင္  ျပင္းထန္သည္႔ အယ္နီညိဳ ရာသီဥတုေၾကာင့္ တရုတ္၊ အေမရိကန္ ၊ အိႏၵိိယ၊ ဖိလစ္ပိုင္၊ အင္ဒိုနီးရွားႏိုင္ငံမ်ားတြင္ အပူခ်ိန္မ်ား စံခ်ိန္တင္ ျမင့္တက္ခဲ့ရာ ရာသီဥတု ျပင္းထန္မႈေၾကာင့္ လူေပါင္း ၂၂ ,၇၃၁ ဦး အသက္ဆံုးရံႈးခဲ့ရၿပီး ေငြေၾကး ဆံုးရံႈးရမႈမွာ အေမရိကန္ေဒၚလာ ၆၆.၅ ဘီလီယံ အထိ ရွိခဲ့သကဲ့သုိ ့ ျမန္မာႏိုင္ငံအတြင္း၌ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့ၿပီး ပ်က္စီး ဆုံးရႈံးမႈ အမ်ားအျပား ျဖစ္ေပၚခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
..........
 မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်ကို ဆင်ဟွာသတင်းဌာနမှ တွေ့ဆုံမေးမြန်းစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

    အယ်နီညို ရာသီဥတုမှာ မှတ်တမ်းများအရ ၁၅ ရာစုနှစ်မှ စတင်ခဲ့ပြီး ၂၀၁၅/၂၀၁၆ ခုနှစ်တွင် ဖြစ်ပွားနေသည့် အယ်နီညို ရာသီဥတုမှာ နှစ်ပေါင်း ၅၀၀ အတွင်း အားအကောင်းဆုံး ဖြစ်ကာ နောက်ဆုံး တိုင်းတာချက်အရ ဆက်လက် အားကောင်းနေဆဲ ဖြစ်ပြီး လာမည့် ဇွန်လအထိ အယ်နီညို ရာသီဥတု သက်တမ်း ရှိနေမည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆင်ဟွာ သတင်းဌာနနှင့် သီးသန် ့အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“လက်ရှိ အယ်နီညိုက ၂၀၁၅ ခုနှစ် ဇွန်လထဲက စပြီးတော့ အားအကောင်းဆုံးက ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။ အယ်နီညိုရဲ  ့ပထမ ၆ လက ၂၀၁၅ ခုနှစ်ရဲ ့ဒုတိယ ၆ လပေါ့။ အခု အယ်နီညိုရဲ့ ဒုတိယ ၆ လ က ၂၀၁၆ ရဲ ့ဒုတိယ ၆ လ ပေါ့။ လက်ရှိ အယ်နီညို အင်အား ဘယ်လောက် ရှိတယ်ဆိုတာ ဖေဖော်ဝါရီလ ၂၀ ရက်တုန်းက နောက်ဆုံး တိုင်းခဲ့တာ အယ်နီညိုဟာ ဆက်လက် ဖြစ်နေဆဲ ဖြစ်တယ်။ အားလဲ ကောင်းနေဆဲ ဖြစ်တယ်။ အယ်နီညိုဟာ ဒီနှစ် နှစ်ဝက် အထိ ဖြစ်နိုင်တယ်။ လာမယ့် ဇွန်လ အထိ ဖြစ်နိုင် တယ်လို ့ ကျွန်တော် တွေ ့ရပါတယ်”ဟု မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ယခု ဖြစ်ပွားနေသည့် အယ်နီညို ရာသီဥတုဒဏ်မှာ ယခင်ဖြစ်ပွားခဲ့ပြီးသော မှတ်တမ်း များထက် ပိုမို ပြင်းထန်နိုင်သဖြင့် အပူချိန် စံချိန်ကျိုး ကျော်လွန်နိုင်ပြီး နွေရာသီတွင် ခရမ်းလွန် ရောင်ခြည် ညွှန်းကိန်းမှာ လွန်ကဲသည့် အဆင့်သို ့ရောက်ရှိနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ဆက်လက် ပြောကြားခဲ့သည်။

ယခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ ဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး ၊ မကွေးတိုင်း ဒေသကြီးတို ့တွင် အပူချိန်သည် အနည်းဆုံး ၄၅ ဒီဂရီ စင်တီဂရိတ်ထိ ရှိမည် ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး၌ အနည်းဆုံး ၄၁ ဒီဂရီ စင်တီဂရိတ်ထိ ရှိနိုင်မည် ဖြစ်ကြောင်း ၊ ယင်းခန် ့မှန်းချက် များထက် ကျော်လွန် သွားရန်သာ ရှိပြီး စံချိန်ကျိုးသည်မှာလည်း ဖြစ်သွားနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ခန် ့မှန်းထားသည်။

ယခုချိန်တွင် အယ်နီညို ရာသီဥတုကြောင့် အပူချိန်နှင့် ပတ်သက်၍ ပြောကြားရာတွင် ခရမ်းလွန် ရောင်ခြည်မှာ အလွန် မြင့်တက် နေပြီး နွေရာသီ၌ လွန်ကဲသည့် အဆင့်သို ့ရောက်ရှိနိုင်ကြောင်း ထိုကြောင့် အပူချိန် စံချိန်တင် မြင့်တက် ခြင်းများ ဖြစ်နိုင်ပြီး အပူချိန် မြင့်မားမှု ၊ အပူလွန်ကဲမှု ၊ အပူ ညွှန်းကိန်း ၊ ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းများကြောင့် လူ၏ ကျန်းမာရေး ထိခိုက်နိုင်ကြောင်း ၄င်းက သုံးသပ် ပြောကြားခဲ့သည်။

ထို ့ပြင် အယ်နီညိုကြောင့် မုတ်သုံရာသီ ဝင်ရောက်မှုမှာ ယခုနှစ်တွင် နောက်ကျနိုင်ပြီး မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီ တိုင်းနှင့် မွန်ပြည်နယ်တို ့တွင် မုတ်သုံသည် မေ ၂၀ ရက်မှ ဝင်ရောက်နိုင်မည် ဖြစ်ပြီး မြစ်ဝ ကျွန်းပေါ် ဒေသတွင် မေလ ၂၅ ရက်မှ ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း ၊ အဆိုးဆုံးမှာ မြန်မာနိုင်ငံ အလယ်ပိုင်း ဖြစ်ကြောင်း မုတ်သုံ ဝင်ရောက်မည့် ရက်မှာ ပီပီပြင်ပြင် မရှိဘဲ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဇွန်လ ၁ ရက်မှ ဝင်ရောက်မည်ဟု ခန် ့မှန်းထားသည်။

နွေရာသီ ကာလများ ဖြစ်သည့် မတ်လ ၊ ဧပြီလ နှင့် မေလတို့ တွင် အယ်နီညို ဖြစ်စဉ်၏ သက်ရောက်မှုများ ကြောင့် မိုးရွာသွန်းမှု လျော့နည်းခြင်း၊ နွေရာသီတွင် အပူချိန် မြင့်မားခြင်းစသည့် ရာသီဥတု အ‌ခြေအနေများ ဖြစ်ပေါ်လာနိုင်ပြီး ပူပြင်း ခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်းနှင့် အပူကြောင့် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာ ကြုံတွေ့ရနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အယ်နီညို ရာသီဥတု ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ၁၉၉၇-၉၈ ခုနှစ်တွင် အပူချိန် စံချိန်တင် မြင့်တက် ခဲ့ပြီးနောက် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ၄၇.၂ ဒီဂရီ စင်တီဂရိတ် အထိ ရှိခဲ့ပြီး ရန်ကုန်၌ ၄၂.၅ ဒီဂရီ စင်တီဂရိတ် အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ယခုအချိန်တွင် သမိုင်းတစ်လျောက် အပြင်းထန်ဆုံး ကြုံတွေ ့ရနိုင်သည့် အယ်နီီညို ရာသီဥတုဒဏ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် အယ်နီညို ရာသီဥတု အကျိုး သက်ရောက်မှု များကြောင့် စိုက်ပျိုးရေနှင့် သောက်သုံးရေအခက်အခဲများ ၊ အပူဒဏ် ကာကွယ်ရေး လုပ်ငန်းများ ၊ မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများ အပေါ် ကြိုတင်ပြင် ဆင် ထားရှိမှု ဆောင်ရွက်ထားရှိထားကြောင်း သိရသည်။

စိုက်ပျိုးရေး ၊ အစားအစာ ဖူလုံရေး ၊ စိုက်ပျိုးရေ ရရှိရေး ၊ ရေပေးဝေရေး ၊ သောက်သုံးရေ ဖူလုံရေး ၊ လျှပ်စစ်မီး ရရှိရေး ၊ ကျန်းမာရေး ၊ ငါးလုပ်ငန်း ၊ ရေကြောင်း သွားလာရေး ၊ ခရီးသွား လုပ်ငန်းများ စသည့် သက်ဆိုင်ရာ ကဏ္ဍများတွင် သက်ရောက်မှုများ ရှိနိုင်သည့်အတွက် ကြိုတင် ပြင်ဆင်နိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန် နှိုးဆော်ထားသည်။

ထို ့ပြင် နွေရာသီနှင့် ရာသီဥတု ပူပြင်းသော အချိန်ကာလများတွင် အပူဒဏ်ကြောင့် အသက် အန္တရာယ် စိုးရိမ်ရသော အခြေအနေ အထိ ဖြစ်တတ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ အပူဒဏ် အန္တရာယ် ကာကွယ်ရေး နှိုးဆော်ချက် ထုတ်ပြန်ထားသည်။

ကမ္ဘာ ့ရာသီဥတု ပြောင်းလဲခြင်း နှင့် အယ််နီညို (EL Nino) အကျိုး သက်ရောက် မှုကြောင့် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ တစ်ဝန်း ဖြစ်ပေါ်လာနိုင်သော သဘာဝ ဘေးအန္တရာယ်များကြောင့် ပြည်သူလူထု ကြုံတွေ ့ ခံစားရမည့် ရေရှားပါးမှု ၊ အပူချိန် ပြင်းထန်မှု ၊ သောက်သုံးရေ ရှားပါးမှု ၊ ကျန်းမာရေး ပြဿနာများ ၊ စားရေရိက္ခာ ပြဿနာများ ၊ မီးဘေး အန္တရာယ် ကြိုတင် ကာကွယ် စီမံ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ၊ ပြည်တွင်းပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ ့အစည်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ရေးကို ပြည်ထောင်စု အစိုးရသို ့တိုက်တွန်းကြောင်း အရေးကြီး အဆိုတစ်ရပ် အား လွှတ်တော်၌ ဆွေးနွေး အတည်ပြုထားသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင်  ပြင်းထန်သည့် အယ်နီညို ရာသီဥတုကြောင့် တရုတ်၊ အမေရိကန် ၊ အိန္ဒိိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံများတွင် အပူချိန်များ စံချိန်တင် မြင့်တက်ခဲ့ရာ ရာသီဥတု ပြင်းထန်မှုကြောင့် လူပေါင်း ၂၂ ,၇၃၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ငွေကြေး ဆုံးရှုံးရမှုမှာ အမေရိကန်ဒေါ်လာ ၆၆.၅ ဘီလီယံ အထိ ရှိခဲ့သကဲ့သို ့ မြန်မာနိုင်ငံအတွင်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ပျက်စီး ဆုံးရှုံးမှု အများအပြား ဖြစ်ပေါ်ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)