တုတ္ျဖင့္ရိုက္ကာ လုယက္မႈက်ဴးလြန္သူကို ဖမ္းဆီးရမိ


 မရမ္းကုန္းၿမိဳ႕နယ္တြင္ တုတ္ျဖင့္ရိုက္ကာ လုယက္မႈက်ဴးလြန္သူကို ဖမ္းဆီးရမိ အေရးယူ

ရန္ကုန္၊ ေဖေဖာ္၀ါရီ ၅

၂၀.၁.၂၀၁၆ ရက္ေန႔ ၀၄၀၀ အခ်ိန္တြင္ လိႈင္ၿမိဳ႕နယ္ေန ဦးေအာင္တင္သည္ မရမ္းကုန္းၿမိဳ႕နယ္၊ ဘုရင့္ေနာင္ပြဲရံု၀င္းရွိ ဆိုင္သို႔သြားေရာက္ရန္အတြက္ ေက်ာပိုးအိတ္အတြင္း ေငြက်ပ္သိန္း(၁၇၀)ခန္႔ ထည့္ကာ ၎ပိုင္ကားျဖင့္ ေနအိမ္မွထြက္လာခဲ့ေၾကာင္း၊ ၀၄၃၀ အခ်ိန္ခန္႔တြင္ ဘုရင့္ေနာင္ပဲြရံု၀င္း ေရတမာလမ္းရွိ ဆိုင္သို႔ေရာက္ရွိၿပီး ကားေပၚမွဆင္း၍ ေက်ာပိုးအိတ္အား လြယ္ကာ ဆိုင္းခန္းတံခါးေသာ့ အားဖြင့္ေနစဥ္ အမ်ိဳးသားတစ္ဦးက ေနာက္ဘက္မွေန၍ တုတ္ျဖင့္ရိုက္သျဖင့္ ၃မိနစ္ခန္႔ သတိေမ့လဲက်သြားၿပီး သတိျပန္ရစဥ္ ေငြမ်ားထည့္ထားေသာေက်ာပိုးအိတ္မွာ ေပ်ာက္ဆံုးေနေၾကာင္း၊ အရိုက္ခံရသျဖင့္ ၎၏ဦးေခါင္းထိပ္ေပါက္ၿပဲ၊ ယာေနာက္ေစ့ေပါက္ၿပဲ၊ ယာပါးပြန္း၊ေအာက္ေမးေစ့ပြန္း၊ ယာပုခံုးပြန္းဒဏ္ရာမ်ားရရွိခဲ့သျဖင့္ အင္းစိန္
ေဆးရံုသို႔ ေဆးကုသခဲ့ရေၾကာင္း တိုင္တန္းခ်က္အရ မရမ္းကုန္းၿမိဳ႕နယ္၊ ဘုရင္ေနာင္နယ္ေျမ ရဲစခန္း (ပ)၆၂/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၉၄ျဖင့္ အမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရး စံုစမ္းေဆာင္ရြက္ခဲ့ပါသည္။

အမႈမွျပစ္မႈက်ဴးလြန္သူအား ေဖာ္ထုတ္ႏိုင္ေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖဲြ႕၊ အေနာက္ပိုင္းခရိုင္ရဲတပ္ဖဲြ႕မွဴးရံုး၊ အထူးမႈခင္းႏွိမ္နင္းေရးဌာနစုမွ တပ္ဖဲြ႕၀င္မ်ားက စံုစမ္းေဆာင္ရြက္ခဲ့ရာ ဘုရင့္ေနာင္ပဲြရံု၌ အလုပ္သမား အျဖစ္လုပ္ကိုင္သူ ဘခက္(ခ)၀င္းကိုကိုမွာ ေရႊထည္ပစၥည္းမ်ား ၀ယ္ယူထာေၾကာင္း သတင္းရရွိသျဖင့္ မသကၤာသူ အျဖစ္သတ္မွတ္၍ ဖမ္းဆီးရမိေရး ေဆာင္ရြက္ခဲ့ရာ ၂.၂.၂၀၁၆ရက္ေန႔ ၀၀၃၀ အခ်ိန္တြင္ လိႈင္သာယာၿမိဳ႕နယ္ေန ဘခက္(ခ)၀င္းကိုကို (၂၄)ႏွစ္အား ဖမ္းဆီးရမိခဲ့ပါသည္။

ဖမ္းဆီးရမိသူအားစစ္ေဆးရာ ၎သည္ ၁၉.၁.၂၀၁၆ ရက္ေန႔ညေနပိုင္းတြင္ ဟန္လင္းေအာင္၊ ေက်ာ္သူ၊ ဇင္မင္းသူတို႔(၃)ဦးႏွင့္ျပစ္မႈက်ဴးလြန္ရန္ တိုင္ပင္ခဲ့ၾကၿပီး ၂၀.၁.၂၀၁၆ ရက္ေန႔ ၀၃၃၀ အခ်ိန္ခန္႔တြင္ လိႈင္သာယာၿမိဳ႕နယ္မွ အခင္းျဖစ္ေနရာသို႔ လိုင္းကားျဖင့္ လာေရာက္ခဲ့ၾကေၾကာင္း၊ ၀၄၃၀ အခ်ိန္ခန္႔တြင္ ေမာ္ေတာ္ယာဥ္တစ္စီးျဖင့္ အမ်ိဳးသားတစ္ဦး ေရာက္ရွိလာကာ ဆိုင္ခန္းတံခါး အားဖြင့္ေနစဥ္ ဟန္လင္းေအာင္မွ အဆိုပါအမ်ိဳးသားအား သစ္သားတုတ္ျဖင့္ ရိုက္ႏွက္ခဲ့ၿပီး လဲက်သြားစဥ္ ၎တို႔မွ အဆိုပါအမ်ိဳးသား
၏ေက်ာပိုးအိတ္(၂)လံုးအားယူ၍ ထြက္ေျပးခဲ့ၿပီး အငွားယာဥ္ျဖင့္ ၎တို႔ေနထိုင္ရာ လိႈင္သာယာၿမိဳ႕နယ္ရွိ အေဆာင္သို႔ျပန္ခဲ့ၾကေၾကာင္း၊ အေဆာင္မေရာက္မီလမ္းမတြင္ အငွားယာဥ္ေပၚမွဆင္း၍လမ္းေလွ်ာက္လာစဥ္ လုယူရရွိခဲ့ေသာ ေက်ာပိုးအိတ္(၂)လံုးအားဖြင့္၍စစ္ေဆးရာ ေငြမ်ားမပါရွိသည့္ ေက်ာပိုးအိတ္အား လမ္းေဘးရွိကၽြန္းေတာထဲတြင္ လြင့္ပစ္ခဲ့ကာ ေငြမ်ားပါရွိသည့္ ေက်ာပိုးအိတ္အား အေဆာင္သို႔ယူေဆာင္ခဲ့ေၾကာင္း၊ ယင္းေန႔၀၈၀၀အခ်ိန္တြင္ လုယူရရွိခဲ့ေသာ ေက်ာပိုးအိတ္အား စစ္ေဆးရာ ေငြက်ပ္သိန္း(၁၃၀)ေက်ာ္ခန္႔ ပါရွိသည္ကိုသိရွိရေၾကာင္း၊ ၎တို႔(၄)ဦးေငြမ်ားအား ေ၀စုခဲြၾကရာ ၎မွေငြက်ပ္သိန္း(၄၀)ခန္႔ရရွိခဲ့ေၾကာင္း၊ ၂၂.၁.၂၀၁၆ရက္ေန႔တြင္ အဆိုပါေငြျဖင့္ ေက်ာက္ျဖဴပါလက္စြပ္(၁)ကြင္းအား ေငြက်ပ္(၁၉၅၀၀၀၀)၊ ေက်ာက္တစ္လံုးပါေရႊလက္စြပ္(၁)ကြင္းအား ေငြက်ပ္(၁၄၀၀၀၀)ျဖင့္၀ယ္ယူခဲ့ေၾကာင္း၊ ထို႔ေနာက္ ေက်ာက္တစ္လံုးပါေရႊလက္စြပ္ကို ရည္စားျဖစ္သူအား ေပးအပ္ခဲ့ေၾကာင္းႏွင့္ ၎ထံတြင္ေငြက်ပ္ (၁၅၉၆၀၀၀)က်န္ရွိေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါသည္။

ေပၚေပါက္ခ်က္မ်ားအရ လုယူရရွိသည့္ေငြျဖင့္၀ယ္ယူထားေသာ ေရႊရည္(၁၅)ပဲ အေလးခ်ိန္(၆)မူးသားခန္႔ရွိ ေက်ာက္ျဖဴ(၉)လံုးပါလက္စြပ္(၁)ကြင္းႏွင့္ေငြက်ပ္(၁၅၉၆၀၀၀)တို႔အား ျပန္လည္ သိမ္းဆည္းႏိုင္ခဲ့ၿပီး အမႈျဖင့္အေရးယူေဆာင္ရြက္လ်က္ရွိကာ ျပစ္မႈက်ဴးလြန္ရာတြင္ပါ၀င္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူ ဟန္လင္းေအာင္၊ ေက်ာ္သူရႏွင့္ ဇင္မင္းသူတို႔(၃)ဦးအား ဖမ္းဆီးရမိေရးေဆာင္ရြက္လ်က္ရွိေၾကာင္းႏွင့္က်န္သက္ေသခံပစၥည္းမ်ားသိမ္းဆည္းႏိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

Yangon Police
https://www.facebook.com/yangonpolice
...........


 မရမ်းကုန်းမြို့နယ်တွင် တုတ်ဖြင့်ရိုက်ကာ လုယက်မှုကျူးလွန်သူကို ဖမ်းဆီးရမိ အရေးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

၂၀.၁.၂၀၁၆ ရက်နေ့ ၀၄၀၀ အချိန်တွင် လှိုင်မြို့နယ်နေ ဦးအောင်တင်သည် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံဝင်းရှိ ဆိုင်သို့သွားရောက်ရန်အတွက် ကျောပိုးအိတ်အတွင်း ငွေကျပ်သိန်း(၁၇၀)ခန့် ထည့်ကာ ၎င်းပိုင်ကားဖြင့် နေအိမ်မှထွက်လာခဲ့ကြောင်း၊ ၀၄၃၀ အချိန်ခန့်တွင် ဘုရင့်နောင်ပွဲရုံဝင်း ရေတမာလမ်းရှိ ဆိုင်သို့ရောက်ရှိပြီး ကားပေါ်မှဆင်း၍ ကျောပိုးအိတ်အား လွယ်ကာ ဆိုင်းခန်းတံခါးသော့ အားဖွင့်နေစဉ် အမျိုးသားတစ်ဦးက နောက်ဘက်မှနေ၍ တုတ်ဖြင့်ရိုက်သဖြင့် ၃မိနစ်ခန့် သတိမေ့လဲကျသွားပြီး သတိပြန်ရစဉ် ငွေများထည့်ထားသောကျောပိုးအိတ်မှာ ပျောက်ဆုံးနေကြောင်း၊ အရိုက်ခံရသဖြင့် ၎င်း၏ဦးခေါင်းထိပ်ပေါက်ပြဲ၊ ယာနောက်စေ့ပေါက်ပြဲ၊ ယာပါးပွန်း၊အောက်မေးစေ့ပွန်း၊ ယာပုခုံးပွန်းဒဏ်ရာများရရှိခဲ့သဖြင့် အင်းစိန်
ဆေးရုံသို့ ဆေးကုသခဲ့ရကြောင်း တိုင်တန်းချက်အရ မရမ်းကုန်းမြို့နယ်၊ ဘုရင်နောင်နယ်မြေ ရဲစခန်း (ပ)၆၂/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၉၄ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူအား ဖော်ထုတ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ ဘုရင့်နောင်ပွဲရုံ၌ အလုပ်သမား အဖြစ်လုပ်ကိုင်သူ ဘခက်(ခ)၀င်းကိုကိုမှာ ရွှေထည်ပစ္စည်းများ ၀ယ်ယူထာကြောင်း သတင်းရရှိသဖြင့် မသင်္ကာသူ အဖြစ်သတ်မှတ်၍ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂.၂.၂၀၁၆ရက်နေ့ ၀၀၃၀ အချိန်တွင် လှိုင်သာယာမြို့နယ်နေ ဘခက်(ခ)၀င်းကိုကို (၂၄)နှစ်အား ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူအားစစ်ဆေးရာ ၎င်းသည် ၁၉.၁.၂၀၁၆ ရက်နေ့ညနေပိုင်းတွင် ဟန်လင်းအောင်၊ ကျော်သူ၊ ဇင်မင်းသူတို့(၃)ဦးနှင့်ပြစ်မှုကျူးလွန်ရန် တိုင်ပင်ခဲ့ကြပြီး ၂၀.၁.၂၀၁၆ ရက်နေ့ ၀၃၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်မှ အခင်းဖြစ်နေရာသို့ လိုင်းကားဖြင့် လာရောက်ခဲ့ကြကြောင်း၊ ၀၄၃၀ အချိန်ခန့်တွင် မော်တော်ယာဉ်တစ်စီးဖြင့် အမျိုးသားတစ်ဦး ရောက်ရှိလာကာ ဆိုင်ခန်းတံခါး အားဖွင့်နေစဉ် ဟန်လင်းအောင်မှ အဆိုပါအမျိုးသားအား သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့ပြီး လဲကျသွားစဉ် ၎င်းတို့မှ အဆိုပါအမျိုးသား
၏ကျောပိုးအိတ်(၂)လုံးအားယူ၍ ထွက်ပြေးခဲ့ပြီး အငှားယာဉ်ဖြင့် ၎င်းတို့နေထိုင်ရာ လှိုင်သာယာမြို့နယ်ရှိ အဆောင်သို့ပြန်ခဲ့ကြကြောင်း၊ အဆောင်မရောက်မီလမ်းမတွင် အငှားယာဉ်ပေါ်မှဆင်း၍လမ်းလျှောက်လာစဉ် လုယူရရှိခဲ့သော ကျောပိုးအိတ်(၂)လုံးအားဖွင့်၍စစ်ဆေးရာ ငွေများမပါရှိသည့် ကျောပိုးအိတ်အား လမ်းဘေးရှိကျွန်းတောထဲတွင် လွင့်ပစ်ခဲ့ကာ ငွေများပါရှိသည့် ကျောပိုးအိတ်အား အဆောင်သို့ယူဆောင်ခဲ့ကြောင်း၊ ယင်းနေ့ဝ၈၀၀အချိန်တွင် လုယူရရှိခဲ့သော ကျောပိုးအိတ်အား စစ်ဆေးရာ ငွေကျပ်သိန်း(၁၃၀)ကျော်ခန့် ပါရှိသည်ကိုသိရှိရကြောင်း၊ ၎င်းတို့(၄)ဦးငွေများအား ဝေစုခွဲကြရာ ၎င်းမှငွေကျပ်သိန်း(၄၀)ခန့်ရရှိခဲ့ကြောင်း၊ ၂၂.၁.၂၀၁၆ရက်နေ့တွင် အဆိုပါငွေဖြင့် ကျောက်ဖြူပါလက်စွပ်(၁)ကွင်းအား ငွေကျပ်(၁၉၅၀၀၀၀)၊ ကျောက်တစ်လုံးပါရွှေလက်စွပ်(၁)ကွင်းအား ငွေကျပ်(၁၄၀၀၀၀)ဖြင့်ဝယ်ယူခဲ့ကြောင်း၊ ထို့နောက် ကျောက်တစ်လုံးပါရွှေလက်စွပ်ကို ရည်စားဖြစ်သူအား ပေးအပ်ခဲ့ကြောင်းနှင့် ၎င်းထံတွင်ငွေကျပ် (၁၅၉၆၀၀၀)ကျန်ရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ လုယူရရှိသည့်ငွေဖြင့်ဝယ်ယူထားသော ရွှေရည်(၁၅)ပဲ အလေးချိန်(၆)မူးသားခန့်ရှိ ကျောက်ဖြူ(၉)လုံးပါလက်စွပ်(၁)ကွင်းနှင့်ငွေကျပ်(၁၅၉၆၀၀၀)တို့အား ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပြီး အမှုဖြင့်အရေးယူဆောင်ရွက်လျက်ရှိကာ ပြစ်မှုကျူးလွန်ရာတွင်ပါ၀င်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဟန်လင်းအောင်၊ ကျော်သူရနှင့် ဇင်မင်းသူတို့(၃)ဦးအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်းနှင့်ကျန်သက်သေခံပစ္စည်းများသိမ်းဆည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)