ဖြဲ႔စည္းပံုနဲ႔အညီ ဥပေဒျပဳျပင္၊ ျပ႒ာန္းျခင္းမ်ား ျပဳလုပ္ရန္ လႊတ္ေတာ္သစ္ကို ဦးသိန္းစိန္ သတိေပး


သတင္း  ျပည္တြင္း
မဇၩိမ


ဥပေဒမ်ား ျပဳျပင္ေျပာင္းလဲျခင္း၊ ျပ႒ာန္းျခင္းမ်ားကို အေျခခံဥပေဒအတိုင္း ေလးစာလိုက္နာၿပီးျပဳလုပ္ဖို႔ မတ္လ ၃၁ရက္တြင္ သက္တမ္းကုန္မည့္ သမၼတဦးသိန္းစိန္က ေဖေဖာ္၀ါရီ ၈ရက္ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္သစ္သို႔ သ၀ဏ္လႊာေပးပို႔ အသိေပးခဲ့သည္။

ယေန႔ေပးပို႔သည့္ သ၀ဏ္လႊာသည္ လႊတ္ေတာ္အသစ္သို႔ သမၼတဦးသိန္းစိန္၏ ပထမဆံုးေပးပို႔သည့္ သ၀ဏ္လႊာလည္းျဖစ္သည္။
ပုဒ္မ ၅၉(စ) ကို ဆိုင္းငံ့မည္ဟု အႏိုင္ရပါတီဖက္မွ ေျပာဆိုမႈမ်ား ေပၚထြက္လာအၿပီး သမၼတဦးသိန္းစိန္က ယခုကဲ့သို႔ သ၀ဏ္လႊာေပးပို႔ အသိေပးခဲ့ျခင္းလည္းျဖစ္သည္။

ျပည္ေထာင္စု လႊတ္ေတာ္ အေနျဖင့္ ဥပေဒမ်ားအား ျပ႒ာန္း၊ ျပင္ဆင္၊ ႐ုပ္သိမ္းမႈမ်ား ေဆာင္ရြက္ရာတြင္ "ဖြဲ႕စည္းပံု အေျခခံဥပေဒကို ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ၿပီး ႏုိင္ငံေတာ္၏ ဥပေဒမ်ားကိုလည္း လိုက္နာပါမည္ဟု ကတိသစၥာ ျပဳထားသည့္ အေလ်ာက္ ဖြဲ႕စည္းပံု အေျခခံဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္ ညီညြတ္မႈ ရေစရန္" အေလးထားေဆာင္ရြက္မည္ဟု ေမွ်ာ္လင့္မိေၾကာင္း သမၼတက သဝဏ္လႊာတြင္ ဆုိထားသည္။

သဝဏ္လႊာတြင္ လက္ရွိဖြဲ႕စည္းပံုအေျခခံဥပေဒကို ရည္ညႊန္းၿပီး "ဖြဲ႕စည္းပံုအေျခခံဥပေဒႏွင့္အညီ ဖြဲ႕စည္းေဆာင္ရြက္ခဲ့သည့္ ၿပီးခဲ့ေသာ ငါးႏွစ္တာကာတအတြင္း ေအာင္ျမင္မႈမ်ားေၾကာင့္ လက္ရွိ အေျခအေနတြင္ ႏိုင္ငံေတာ္ ႏွင့္ ႏုိင္ငံသားမ်ားအတြက္ ေကာင္းမြန္ေသာ အေျခခံအုတ္ျမစ္မ်ား ခ်မွတ္ႏုိင္ခဲ့ၿပီး ဒီမုိကေရစီထြန္းကားေရး ႏွင့္ ႏုိင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေက်နပ္အားရဖြယ္ရာ အလားအလာေကာင္းမ်ားျဖင့္ လမ္းေၾကာင္းမွန္ေပၚ ေရာက္ရွိေနၿပီ" ဟု ဆုိထားသည္။

ယေန႔ စတင္က်င္းပသည့္ ျပည္ေထာင္စု လႊတ္ေတာ္ အစည္းအေဝးတြင္ ႏုိင္ငံေတာ္သမၼတႏွင့္ ဒုသမၼတမ်ား ေရြးခ်ယ္တင္ေျမႇာက္ႏိုင္ရန္အတြက္ သက္ဆိုင္ရာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အစုအဖြဲ႔အလိုက္ အစည္းအေဝးမ်ားကို ၂၀၁၆၊ မတ္လ ၁၇ရက္တြင္ စတင္ျပဳလုပ္ၾကရန္ ျပည္ေထာင္စုလႊတ္ေတာ္နာယက မန္းဝင္းခိုင္သန္းက ၫႊန္ၾကားထားသည္။

- See more at: http://mizzimaburmese.com/article/10901#sthash.GYOwW7tG.dpuf
.......................
ဖွဲ့စည်းပုံနဲ့အညီ ဥပဒေပြုပြင်၊ ပြဋ္ဌာန်းခြင်းများ ပြုလုပ်ရန် လွှတ်တော်သစ်ကို ဦးသိန်းစိန် သတိပေး
သတင်း  ပြည်တွင်း
မဇ္ဈိမ


ဥပဒေများ ပြုပြင်ပြောင်းလဲခြင်း၊ ပြဋ္ဌာန်းခြင်းများကို အခြေခံဥပဒေအတိုင်း လေးစာလိုက်နာပြီးပြုလုပ်ဖို့ မတ်လ ၃၁ရက်တွင် သက်တမ်းကုန်မည့် သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၈ရက်ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သစ်သို့ သဝဏ်လွှာပေးပို့ အသိပေးခဲ့သည်။

ယနေ့ပေးပို့သည့် သဝဏ်လွှာသည် လွှတ်တော်အသစ်သို့ သမ္မတဦးသိန်းစိန်၏ ပထမဆုံးပေးပို့သည့် သဝဏ်လွှာလည်းဖြစ်သည်။
ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့မည်ဟု အနိုင်ရပါတီဖက်မှ ပြောဆိုမှုများ ပေါ်ထွက်လာအပြီး သမ္မတဦးသိန်းစိန်က ယခုကဲ့သို့ သဝဏ်လွှာပေးပို့ အသိပေးခဲ့ခြင်းလည်းဖြစ်သည်။

ပြည်ထောင်စု လွှတ်တော် အနေဖြင့် ဥပဒေများအား ပြဋ္ဌာန်း၊ ပြင်ဆင်၊ ရုပ်သိမ်းမှုများ ဆောင်ရွက်ရာတွင် "ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်ဟု ကတိသစ္စာ ပြုထားသည့် အလျောက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု ရစေရန်" အလေးထားဆောင်ရွက်မည်ဟု မျှော်လင့်မိကြောင်း သမ္မတက သဝဏ်လွှာတွင် ဆိုထားသည်။

သဝဏ်လွှာတွင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ရည်ညွှန်းပြီး "ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် ပြီးခဲ့သော ငါးနှစ်တာကာတအတွင်း အောင်မြင်မှုများကြောင့် လက်ရှိ အခြေအနေတွင် နိုင်ငံတော် နှင့် နိုင်ငံသားများအတွက် ကောင်းမွန်သော အခြေခံအုတ်မြစ်များ ချမှတ်နိုင်ခဲ့ပြီး ဒီမိုကရေစီထွန်းကားရေး နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေနပ်အားရဖွယ်ရာ အလားအလာကောင်းများဖြင့် လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီ" ဟု ဆိုထားသည်။

ယနေ့ စတင်ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများကို ၂၀၁၆၊ မတ်လ ၁၇ရက်တွင် စတင်ပြုလုပ်ကြရန် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ညွှန်ကြားထားသည်။

- See more at: http://mizzimaburmese.com/article/10901#sthash.GYOwW7tG.dpuf
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)