လူထုအျချပဳ မူးယစ္တုိက္ဖ်က္ေရးအဖြဲ႔ တုိက္ခိုက္ခံရ


ဘိန္းခင္းမ်ားကို သြားေရာက္ ဖ်က္ဆီးသည့္ လူထုအေျချပဳ မူးယစ္တုိက္ဖ်က္ေရးအဖဲြ႔မွာ ဆဒံုးေက်းရြာအေက်ာ္ မဂါးေက်းရြာတြင္ ယေန႔ ေဖေဖာ္ဝါရီ ၂၅ရက္ေန႔မနက္ ၉ နာရီခြဲအခ်ိန္ခန္႔တြင္ ဗံုးေပါက္ကြဲမႈေၾကာင့္ Pajasan အဖဲြ႔မွ အေယာက္ ၂၀ခန္႔ဒဏ္ရာရရိွခဲ့သည္။

၄င္းတုိ႔အဖဲြ႔အား ယခုကဲ့သုိ႔ တုိက္ခိုက္သူမ်ားမွာ ျပည္သူ႔စစ္မ်ား၊ ဘိန္းခင္းပိုင္ရွင္မ်ား ႏွင့္ ေၾကးစားမ်ားလည္း ျဖစ္ႏုိင္သည္ဟု Patjasan အဖဲြ႔မွ သံုးသပ္ေျပာဆိုသည္။

လူထုအေျချပဳမူးယစ္တုိက္ဖ်က္ေရးအဖဲြ႔ Pajasan အား လက္နက္ၾကီးျဖင့္ပစ္ျခင္း၊ လက္ပစ္ဗံုးျဖင့္ပစ္ျခင္းျဖင့္ တုိက္ခုိက္ခံရေသာ္လည္း လံုျခံဳေရးလုိက္ပါလာသည့္ ရဲမ်ားမွလည္း မုိင္းသံၾကားသျဖင့္ ထြက္ေျပးသြားေၾကာင္း လူထုအေျချပဳမူးယစ္တုိက္ဖ်က္ေရးအဖဲြ႔မွ ဆုိသည္။

ေဖေဖာ္ဝါရီ ၂၃ရက္ေန႔ ညေနပိုင္းတြင္ ဘိန္းခင္းဖ်က္ဆီးရန္ ထြက္ခြာသြားသည့္ Pajasan အဖဲြ႔မွာ မဂါးေက်းရြာ တြင္ တုိက္ခုိက္ခံရျခင္းျဖစ္သည္။

Kachinwaves
https://www.facebook.com/kachinwavesnews
..................


ဘိန်းခင်းများကို သွားရောက် ဖျက်ဆီးသည့် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှာ ဆဒုံးကျေးရွာအကျော် မဂါးကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီ ၂၅ရက်နေ့မနက် ၉ နာရီခွဲအချိန်ခန့်တွင် ဗုံးပေါက်ကွဲမှုကြောင့် Pajasan အဖွဲ့မှ အယောက် ၂၀ခန့်ဒဏ်ရာရရှိခဲ့သည်။

၄င်းတို့အဖွဲ့အား ယခုကဲ့သို့ တိုက်ခိုက်သူများမှာ ပြည်သူ့စစ်များ၊ ဘိန်းခင်းပိုင်ရှင်များ နှင့် ကြေးစားများလည်း ဖြစ်နိုင်သည်ဟု Patjasan အဖွဲ့မှ သုံးသပ်ပြောဆိုသည်။

လူထုအခြေပြုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ Pajasan အား လက်နက်ကြီးဖြင့်ပစ်ခြင်း၊ လက်ပစ်ဗုံးဖြင့်ပစ်ခြင်းဖြင့် တိုက်ခိုက်ခံရသော်လည်း လုံခြုံရေးလိုက်ပါလာသည့် ရဲများမှလည်း မိုင်းသံကြားသဖြင့် ထွက်ပြေးသွားကြောင်း လူထုအခြေပြုမူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ ဆိုသည်။

ဖေဖော်ဝါရီ ၂၃ရက်နေ့ ညနေပိုင်းတွင် ဘိန်းခင်းဖျက်ဆီးရန် ထွက်ခွာသွားသည့် Pajasan အဖွဲ့မှာ မဂါးကျေးရွာ တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

Kachinwaves
https://www.facebook.com/kachinwavesnews
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)