စည္းကမ္းမလိုက္နာသည္႔ ယာဥ္အစီးေရ ၆၁၁၉ စီးအား ေျခာက္လအတြင္း အေရးယူခဲ႔ၿပီးျဖစ္

ဆူးေလဘုရားအနီး ယာဥ္ေၾကာ ပိတ္ဆို႔ေနမႈအား ျမင္ေတြ႔ရစဥ္ (ဓာတ္ပံု-- ဆင္ဟြာ) 
    ရန္ကုန္၊ေဖေဖာ္ဝါရီ ၁၈ ရက္ (ဆင္ဟြာ)

    ရန္ကုန္ၿမိဳ ႔ေတာ္အတြင္းရိွ စည္းကမ္းမလိုက္နာေသာယာဥ္မ်ားအား  OCC (Online Complain Center ) သို႕တိုင္ၾကားခဲ့ရာ၂၀၁၅ ခုနွစ္ ၾသဂုတ္ ၁၂ ရက္မွ ၂၀၁၆ခုနွစ္ ေဖေဖာ္၀ါရီ ၁၃ ရက္အထိ  ေျခာက္လအတြင္း ေမာ္ေတာ္ယာဥ္ အစီးေရ ၆၁၁၉ စီးကို အေရးယူခဲ့ၿပီး ဒဏ္ေၾကးေငြ က်ပ္သိန္း ၁၈၀၀ ေက်ာ္ရရိွခဲ့ေၾကာင္းအမွတ္(၂) ယာဥ္ထိန္းရဲတပ္ဖဲြ႔မွဴးရံုးမွတာ၀န္ရိွသူတစ္ဦးကေျပာသည္။

အဆိုပါယာဥ္မ်ားကို Yangon Traffic Police Facebook စာမ်က္နွာနွင္ ့ Viber မွတစ္ဆင့္ တိုင္ၾကားမႈလက္ခံရရိွၿပီးေနာက္ေမာ္ေတာ္ယာဥ္အစီးေရ ၆၀၀၀ ေက်ာ္အား အေရးယူထားရာ လမ္းေျပာင္းျပန္ေမာင္းနွင္သည့္ေမာ္ေတာ္ယာဥ္မွာ အမ်ားဆံုးျဖစ္ေၾကာင္း သိရသည္။

စည္းကမ္းေဖာက္ဖ်က္သည္႔ ယာဥ္မ်ားအား တိုင္ၾကားရန္ ေပးထားသည္႔  Viber ႏွင္႔ တိုင္ၾကားမႈမ်ားအရ တစ္ေန႔လွ်င္  ကားအစီးေရ ၃၀၀ေက်ာ္ခန္႔္ရိွေၾကာင္း၊ တိုင္ၾကားမႈမ်ားအား ျပန္စိစစ္ၿပီး စည္းကမ္းမလိုက္နာသည္႔ ယာဥ္မ်ားအား အေရးယူခဲ႔ေၾကာင္း သိရသည္။

ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနရံုးမွ  သတ္မွတ္ေပးသည္႔ နံပါတ္အား တပ္ဆင္ျခင္းမရွိပဲ ေမာင္းႏွင္သည္႔ ယာဥ္မ်ားအားလည္း အေရးယူလ်က္ရွိေၾကာင္း  သိရသည္။

ယာဥ္စည္းကမ္းေဖာက္ဖ်က္သည့္အတြက္OCC  ျဖင့္ တိုင္ၾကားအေရးယူခဲ့ေသာ ကိုယ္ပိုင္ယာဥ္ ၂၅၇၄ စီး၊ အငွားယာဥ္ ၂၀၇၈စီး၊ ခရီးသည္တင္ယာဥ္ ၁၀၉၁ စီးနွင့္ ကုန္တင္ယာဥ္ ၃၇၆ စီးတို႔ကိုအေရးယူခဲ့ၿပီးဒဏ္ေငြျပစ္ဒဏ္အျဖစ္က်ပ္သံုးေသာင္းမွတစ္သိန္းအထိခ်မွတ္နိုင္ေၾကာင္း သိရသည္။

စည္းကမ္းေဖာက္ဖ်က္သည့္ယာဥ္မ်ားအား တိုင္ၾကားလိုပါက Yangon Traffic Police Facebook စာမ်က္နွာအျပင္+၉၅၉၇၃၀၉၃၂၂၆၊ +၉၅၉၉၇၉၁၂၀၃၂၈၊+၉၅၉၇၉၅၂၅၄၇၃၀ နွင့္ +၉၅၉၉၇၁၂၂-၀၉၅၀ စသည့္နံပါတ္မ်ားသို႔Viber  မွတစ္ဆင့္တိုင္ၾကားနိုင္ေၾကာင္း OCC (Online Complain Center ) မွ သတင္းထုတ္ျပန္သည္။

(Xinhua)
http://www.xinhuamyanmar.com
.........
 ဆူးလေဘုရားအနီး ယာဉ်ကြော ပိတ်ဆို့နေမှုအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-- ဆင်ဟွာ)
    ရန်ကုန်၊ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

    ရန်ကုန်မြို ့တော်အတွင်းရှိ စည်းကမ်းမလိုက်နာသောယာဉ်များအား  OCC (Online Complain Center ) သို့တိုင်ကြားခဲ့ရာ၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်မှ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ  ခြောက်လအတွင်း မော်တော်ယာဉ် အစီးရေ ၆၁၁၉ စီးကို အရေးယူခဲ့ပြီး ဒဏ်ကြေးငွေ ကျပ်သိန်း ၁၈၀၀ ကျော်ရရှိခဲ့ကြောင်းအမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါယာဉ်များကို Yangon Traffic Police Facebook စာမျက်နှာနှင် ့ Viber မှတစ်ဆင့် တိုင်ကြားမှုလက်ခံရရှိပြီးနောက်မော်တော်ယာဉ်အစီးရေ ၆၀၀၀ ကျော်အား အရေးယူထားရာ လမ်းပြောင်းပြန်မောင်းနှင်သည့်မော်တော်ယာဉ်မှာ အများဆုံးဖြစ်ကြောင်း သိရသည်။

စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား တိုင်ကြားရန် ပေးထားသည့်  Viber နှင့် တိုင်ကြားမှုများအရ တစ်နေ့လျှင်  ကားအစီးရေ ၃၀၀ကျော်ခန့််ရှိကြောင်း၊ တိုင်ကြားမှုများအား ပြန်စိစစ်ပြီး စည်းကမ်းမလိုက်နာသည့် ယာဉ်များအား အရေးယူခဲ့ကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှ  သတ်မှတ်ပေးသည့် နံပါတ်အား တပ်ဆင်ခြင်းမရှိပဲ မောင်းနှင်သည့် ယာဉ်များအားလည်း အရေးယူလျက်ရှိကြောင်း  သိရသည်။

ယာဉ်စည်းကမ်းဖောက်ဖျက်သည့်အတွက်OCC  ဖြင့် တိုင်ကြားအရေးယူခဲ့သော ကိုယ်ပိုင်ယာဉ် ၂၅၇၄ စီး၊ အငှားယာဉ် ၂၀၇၈စီး၊ ခရီးသည်တင်ယာဉ် ၁၀၉၁ စီးနှင့် ကုန်တင်ယာဉ် ၃၇၆ စီးတို့ကိုအရေးယူခဲ့ပြီးဒဏ်ငွေပြစ်ဒဏ်အဖြစ်ကျပ်သုံးသောင်းမှတစ်သိန်းအထိချမှတ်နိုင်ကြောင်း သိရသည်။

စည်းကမ်းဖောက်ဖျက်သည့်ယာဉ်များအား တိုင်ကြားလိုပါက Yangon Traffic Police Facebook စာမျက်နှာအပြင်+၉၅၉၇၃၀၉၃၂၂၆၊ +၉၅၉၉၇၉၁၂၀၃၂၈၊+၉၅၉၇၉၅၂၅၄၇၃၀ နှင့် +၉၅၉၉၇၁၂၂-၀၉၅၀ စသည့်နံပါတ်များသို့Viber  မှတစ်ဆင့်တိုင်ကြားနိုင်ကြောင်း OCC (Online Complain Center ) မှ သတင်းထုတ်ပြန်သည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)