တုိက္ပြဲေတြေၾကာင့္ နမ့္ခမ္းေဒသခံ ၁၅၀၀ ေက်ာ္ ေနရပ္စြန္႔ခြာထြက္ေျပး

ရွမ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA တပ္ဖြဲ႔ဝင္တခ်ဳိ႕ကို ေတြ႔ရစဥ္။ Photo: RFA
ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ ့နယ္ ေလာ့ေနာ္ေက်းရြာအုပ္စုမွာ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလ ၇ရက္ေန႔ကစၿပီး RCSS/SSA နဲ႔ TNLA တပ္ေတြ ေန႔တုိင္းနီးပါး တိုက္ပြဲျဖစ္ပြားေနတာေၾကာင့္ ေဒသခံ ၁၅၀၀ ေလာက္ ဟာ ေနရပ္စြန္႔ခြာၿပီး ထြက္ေျပးေနၾကပါတယ္။

ဒုကၡသည္ေတြဟာ နမ့္ခမ္းၿမိဳ႕နယ္ မိုင္း၀ီးေက်းရြာက တအာင္းစာေပနဲ႔ ယဥ္ေက်းမႈရံုးမွာ  ခိုလံႈေနၾကတယ္လို ့ ထြက္ေျပးလာတဲ့ ေလာ့ေနာ္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးအိုက္ယိုင္က ေျပာပါတယ္။

"၇ ရက္ေန႔ ၈ နာရီမွာ RCSS နဲ႔ TNLA တိုက္ပြဲျဖစ္ပါတယ္၊ TNLA က ေလာ့ေနာ္ရြာထဲမွာေနပါတယ္၊ RCSS ရြာထဲကိုဝင္လာေတာ့ အင္အား ၃ဝဝ ေလာက္ရွိပါတယ္၊ အဲ့မွာတိုက္ပြဲအႀကီးအက်ယ္ျဖစ္ၿပီးေတာ့ ရြာထဲမွာ လက္နက္ႀကီးက်ပါတယ္၊ အခုရြာထဲမွာ RCSS က အင္အား ၃ဝဝ ေလာက္ရွိပါတယ္၊ ရြာသားေတြ ထြက္ေျပး တိမ္းေရွာင္ၿပီး အခု မိုင္းဝီးရြာမွာေရာက္ေနပါတယ္"

ေလာ့ေနာ္ေက်းစုအုပ္စုအတြင္းမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက တိုက္ပြဲေတြ ျပင္းထန္လာတာျဖစ္ၿပီး ပိန္လိုင္၊ မန္ဟန္၊ ပန္ကန္၊ နမ့္ကေလာက္ စတဲ့ ေက်းရြာ ၄ရြာက ေဒသခံ ၁၅၀၀ ေလာက္ဟာ မိုင္း၀ီးေက်းရြာမွာ ခိုလံႈေနၾကတာ ျဖစ္ပါတယ္။

နမ့္ခမ္းၿမိဳ ့နယ္မွာ RCSS/SSA တပ္ေတြနဲ ့TNLA တပ္ေတြဟာ ၿပီးခဲ့တဲ့ႏွစ္ ႏို၀င္ဘာလကတည္းက တိုက္ပြဲေတြ မၾကာခဏျဖစ္ပြားခဲ့တာျဖစ္ၿပီး အရင္ကတည္းက အဲဒီ မိုင္း၀ီးေက်းရြာမွာ ေဒသခံ ရွမ္းတိုင္းရင္းသား ၃၀၀ေလာက္ ခိုလံႈေနၾကတာ ၂လေက်ာ္ေနၿပီျဖစ္ပါတယ္။

လက္ရွိ ေလာ့ေနာ္ေက်းရြာအုပ္စုအတြင္းမွာ RCSS/SSA တပ္အင္အား ၃၀၀ ေလာက္က အေျခခ်ထားတယ္လို႔ သိရပါတယ္။

အလားတူ ေက်ာက္မဲၿမိဳ ့နယ္ ပါခါးေက်းရြာတစ္၀ိုက္မွာလည္း RCSS/SSA နဲ ့TNLA တပ္ေတြ ၿပီးခဲ့တဲ့ႏွစ္ရက္ေလာက္ကစၿပီး တုိက္ပဲြျဖစ္ပြားေနတာေၾကာင့္ ေနအိမ္တစ္လံုးပ်က္စီးခဲ့ၿပီး ေဒသခံတခ်ဳိ႕ ထိခိုက္ဒဏ္ရာရရွိထားတယ္လို႔ သိရပါတယ္။

ပါခါးေက်းရြာက ေဒသခံ ၃၀၀ေလာက္လည္း ေနရပ္စြန္႔ခြာထြက္ေျပးၾကၿပီး ေက်ာက္မဲၿမိဳ႕နယ္ ပန္ဆန္ေက်းရြာမွာ ခိုလႈံေနၾကတယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
..........
 ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: RFA
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို ့နယ် လော့နော်ကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ရရက်နေ့ကစပြီး RCSS/SSA နဲ့ TNLA တပ်တွေ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၁၅၀၀ လောက် ဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးနေကြပါတယ်။

ဒုက္ခသည်တွေဟာ နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာက တအာင်းစာပေနဲ့ ယဉ်ကျေးမှုရုံးမှာ  ခိုလှုံနေကြတယ်လို ့ ထွက်ပြေးလာတဲ့ လော့နော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအိုက်ယိုင်က ပြောပါတယ်။

"၇ ရက်နေ့ ၈ နာရီမှာ RCSS နဲ့ TNLA တိုက်ပွဲဖြစ်ပါတယ်၊ TNLA က လော့နော်ရွာထဲမှာနေပါတယ်၊ RCSS ရွာထဲကိုဝင်လာတော့ အင်အား ၃ဝဝ လောက်ရှိပါတယ်၊ အဲ့မှာတိုက်ပွဲအကြီးအကျယ်ဖြစ်ပြီးတော့ ရွာထဲမှာ လက်နက်ကြီးကျပါတယ်၊ အခုရွာထဲမှာ RCSS က အင်အား ၃ဝဝ လောက်ရှိပါတယ်၊ ရွာသားတွေ ထွက်ပြေး တိမ်းရှောင်ပြီး အခု မိုင်းဝီးရွာမှာရောက်နေပါတယ်"

လော့နော်ကျေးစုအုပ်စုအတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေ ပြင်းထန်လာတာဖြစ်ပြီး ပိန်လိုင်၊ မန်ဟန်၊ ပန်ကန်၊ နမ့်ကလောက် စတဲ့ ကျေးရွာ ၄ရွာက ဒေသခံ ၁၅၀၀ လောက်ဟာ မိုင်းဝီးကျေးရွာမှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။

နမ့်ခမ်းမြို ့နယ်မှာ RCSS/SSA တပ်တွေနဲ ့TNLA တပ်တွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက တိုက်ပွဲတွေ မကြာခဏဖြစ်ပွားခဲ့တာဖြစ်ပြီး အရင်ကတည်းက အဲဒီ မိုင်းဝီးကျေးရွာမှာ ဒေသခံ ရှမ်းတိုင်းရင်းသား ၃၀၀လောက် ခိုလှုံနေကြတာ ၂လကျော်နေပြီဖြစ်ပါတယ်။

လက်ရှိ လော့နော်ကျေးရွာအုပ်စုအတွင်းမှာ RCSS/SSA တပ်အင်အား ၃၀၀ လောက်က အခြေချထားတယ်လို့ သိရပါတယ်။

အလားတူ ကျောက်မဲမြို ့နယ် ပါခါးကျေးရွာတစ်ဝိုက်မှာလည်း RCSS/SSA နဲ ့TNLA တပ်တွေ ပြီးခဲ့တဲ့နှစ်ရက်လောက်ကစပြီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် နေအိမ်တစ်လုံးပျက်စီးခဲ့ပြီး ဒေသခံတချို့ ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

ပါခါးကျေးရွာက ဒေသခံ ၃၀၀လောက်လည်း နေရပ်စွန့်ခွာထွက်ပြေးကြပြီး ကျောက်မဲမြို့နယ် ပန်ဆန်ကျေးရွာမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)