ရွမ္းျပည္ေျမာက္ပိုင္း တိုက္ပဲြမ်ား ဒုကၡသည္ ေထာင္ဂဏန္း ရိွလာ

ရွမ္းဒုကၡသည္မ်ား။ 
ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ရွမ္းျပည္ တပ္မေတာ္ေတာင္ပိုင္းနဲ႔ ပေလာင္ လက္နက္ ကိုင္အဖဲြ႔ေတြ အၾကား ျဖစ္ပြားတဲ့ တုိက္ပဲြေတြေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ ရွမ္းနဲ႔ ပေလာင္ ေဒသခံေတြဟာ ေက်ာက္မဲၿမိဳ႕နဲ႔ နမ့္ခမ္းၿမိဳ႕နယ္ မုိင္း၀ီးရြာကို တိမ္းေရွာင္ေနရပါတယ္။ ေလာေလာဆည္မွာေတာ့ တိမ္းေရွာင္လာတဲ့ စစ္ေရွာင္ ဒုကၡသည္ေတြ ကို ေဒသခံလူမႈေရးအသင္းေတြနဲ႔ အာဏာပိုင္ေတြက ေထာက္ပံ့ ကူညီ ထားရပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပုိင္းက စစ္ေရွာင္ဒုကၡသည္ေတြရဲ့ အေျခအေနကို ဗီြအုိေအျမန္မာပိုင္းရဲ့သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထား ပါတယ္။

အစိုးရနဲ႔ အပစ္ရပ္ထားတဲ့ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ RCSS/SSA ေတာင္ပိုင္း တပ္ေတြနဲ႔ တအာင္းေခၚ ပေလာင္ အမ်ိဳးသား လြတ္ေျမာက္ေရး တပ္ဦး PSLF/TNLA တပ္ဖဲြ႔ေတြဟာ နယ္ေျမစိုးမိုးမႈနဲ႔ပတ္သက္လုိ႔ ၿပီးခဲ့တဲ့ႏို၀င္ဘာလဆန္းေလာက္တည္းက တုိက္ပဲြေတြ ျဖစ္ပြားခဲ့တာပါ။

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြက ေက်ာက္မဲ၊ နမ့္ဆန္နဲ႔ နမ့္ခမ္းၿမိဳ႕နယ္ေတြ အတြင္း ႏွစ္ဖက္တပ္ေတြ အၾကားျဖစ္ပြားတဲ့ တုိက္ပဲြေတြေၾကာင့္ ေထာင္နဲ႔ခ်ီ တဲ့ ေဒသခံျပည္သူေတြဟာ စစ္ေဘးလြတ္ရာေဒသေတြကို တိမ္းေရွာင္ေနရပါတယ္။

ဒီလ ၇ရက္ ရွမ္းျပည္နယ္ေန႔ ကစတင္ခဲ့တဲ့ တုိက္ပဲြေၾကာင့္ ေက်ာက္မဲ ၿမိဳ႕နယ္ ေတာ့ဆန္ ေက်းရြာ အုပ္စုက ရြာသူရြာသား ၁ေထာင္ေက်ာ္ ဟာ ေက်ာက္မဲၿမိဳ႕ ကို တိမ္းေရွာင္ လာသလုိ တခ်ိဳ႔ေတြကလည္း ရြာေတြအတြင္းမွာ ပိတ္မိေနဆဲ ရိွတယ္လုိ႔ ရွမ္းတုိင္းရင္းသားမ်ားဒီမုိကေရစီအဖဲြ႔ခ်ဳပ္က ဗဟိုဦးစီးအဖဲြ႔၀င္ ဦးစိုင္းသန္းေမာင္က ေျပာပါတယ္။

" သံုးေနရာ၊ ေလးေနရာေလာက္ ခြဲထားေတာ့ တစ္ေထာင္ ေလ်ာ့ေလ်ာ့ေလး ေရာက္ေန တယ္။ အဲ့တာ ဒီေန႔လည္း ကားရွစ္စီး သြားၾကိဳတုန္းပဲ က်ေနာ္ထင္တယ္။ ဒီေန႔လည္း တစ္ေထာင္ေလာက္ ေရာက္လာဦးမယ္။"

စစ္ေရွာင္ ဒုကၡသည္ေတြဟာ ဒီလ ၉ေန႔က စတင္ေရာက္ရိွ လာ တာျဖစ္ၿပီး ေက်ာက္မဲၿမိဳ႕ ဘိုးဘြားရိပ္သာ၊ သီဟုိေက်ာင္း၊ ေရဦးေက်ာင္း နဲ႔ ေအာင္ဆုပန္ေက်ာင္းတုိက္ေတြမွာ ေနရာခ်ထားတယ္လုိ႔ ေျပာပါတယ္။

ေက်ာက္မဲေရာက္ စစ္ေရွာင္ဒုကၡသည္ေတြကို ကူညီေပးေနတဲ့ ဇီ၀ိတ ဒါနလူမႈ ကူညီေရး အသင္း ဥကၠ႒ ဦးတင္ေမာင္သိန္းကလည္း ေလာေလာဆည္ ၁၀၀၀နီးပါးေရာက္ေနၿပီး ဒီကေန႔ ထပ္ေရာက္ လာသလုိ ေနာက္ထပ္ ထပ္ေရာက္ လာမွာေတြလည္း ရိွတယ္လုိ႔ ေျပာပါတယ္။

ေက်ာက္မဲၿမိဳ႕ကို တိမ္းေရွာင္လာသူေတြဟာ ရွမ္းေရာ၊ ပေလာင္ေတြပါ ပါ၀င္ၿပီး သူတုိ႔ကို ေဒသခံအာဏာပိုင္နဲ႔ လူမႈအသင္းေတြက ေစာင့္ေရွာက္ထားေၾကာင္း ဦးတင္ေမာင္သိန္းက ဆက္ေျပာပါတယ္။

"ၿမိဳ႕ခံေတြနဲ႔ ၿမိဳ႕က ပရဟိတ အဖြဲ႔ေတြက အဲ့တာေတြက ဝိုင္းၿပီးေတာ့ စီစဥ္ေပးေန ပါတယ္။ ေဒသထဲက တာဝန္ရွိပုဂၢိဳလ္ေတြလည္း ဝိုင္းၿပီးေတာ့ စီစဥ္ေပးပါတယ္။ က်န္းမာေရးေစာင့္ေရွာက္မႈလည္း လုပ္ေပးပါတယ္။ ပညာေရးဆိုရင္လည္း ပညာေရးဌာနကေနၿပီးေတာ့ စစ္ေျပးေရွာင္ကေလးေတြကို စာသင္ႏုိင္ေအာင္ က်ေနာ္တို႔ စီစဥ္ေပးေနပါတယ္။"

ၿပီးခဲ့တဲ့ ရက္ေတြက ပေလာင္တပ္ဖဲြ႔ကေန ေတာ့ဆန္ေက်းရြာအုပ္စုအတြင္းက ဘုန္းေတာ္ၾကီး တပါးနဲ႔ ရွမ္းရြာသား ၇ေယာက္ကို သတ္ျဖတ္တယ္ လုိ႔ ေဒသခံတခ်ိဳ႔ က ေျပာဆုိေပမဲ့ ပေလာင္တပ္ဖဲြ႔ဖက္ကေတာ့ သတ္ျဖတ္တာ မရိွေၾကာင္း ျငင္းဆုိ ထားပါတယ္။

ေက်ာက္မဲၿမိဳ႔နယ္အတြင္းမွာျဖစ္တဲ့တုိက္ပဲြေၾကာင့္ ရွမ္းအမ်ိဳးသားေတြ အမ်ားစု တိမ္းေရွာင္ေနရသလို နမ့္ခမ္းၿမိဳ႔နယ္တြင္းတုိက္ပဲြေၾကာင့္လည္း ပေလာင္ အမ်ိဳးသားအမ်ားစု တိမ္းေရွာင္ေနရပါတယ္။

နမ့္ခမ္းၿမိဳ႔နယ္ ပေလာင္စာေပနဲ႔ ယဥ္ေက်းမႈအသင္းဥကၠ႒ တာ့ျမင့္ေက်ာ္က နမ့္ခမ္းၿမိဳ႕နယ္ ေလာ့ေနာ္ေက်းရြာက ရြာသား၅၀၀ေက်ာ္ဟာ မိုင္း၀ီးရြာကို တိမ္းေရွာင္ လာေနရေၾကာင္း ေျပာပါတယ္။

"အဲ့မွာ မိုင္းဝီးကိုေရာက္လာတာ အိမ္ေထာင္စုက ၁၁၄ စု၊ လူက ၅၅၆ ေယာက္၊ ကေလးေရာ လူႀကီးေရာေပါ့ တုိက္ပြဲျဖစ္ေတာ့ ရြာလူႀကီးက ေၾကာက္ၿပီး ထြက္ေျပးၾကတာေပါ့။ "

ဒီရက္ပိုင္းမွာ တုိက္ပဲြေတြၿငိမ္သက္ေနေပမဲ့ RCSS ေခၚ ရွမ္းတပ္ဖဲြ႔နဲ႔ TNLA ေခၚ ပေလာင္တပ္ဖဲြ႔ေတြဟာ ႏွစ္ဖက္တပ္ခ်င္း ရင္ဆိုင္ရိွေနၿပီး စစ္ေရးအရ တင္းမာမႈေတြ ရိွေနေၾကာင္းနဲ႔ ေျမျမဳပ္မိုင္းအသံုးျပဳတာေၾကာင့္ အရပ္သားေတြနဲ႔ ကၽြဲႏြားေတြ ထိခုိက္တာရိွေၾကာင္းလည္း ဆက္ေျပာပါတယ္။

၈၈မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူအဖဲြ႔အစည္းက တုိင္းရင္းသားေရးရာ တာ၀န္ခံ ဦးျမေအးကေတာ့ ႏွစ္ဖက္တပ္ေတြအၾကား တုိက္ခုိက္တာေတြ ရပ္ဆုိင္းဖုိ႔ ေတာင္းဆုိ ပါတယ္။

"ေတာ္လွန္ေရးလုပ္တဲ့အထဲမွာ ကိုယ့္လူမ်ိဳးစုေတြရဲ႕ လြတ္ေျမာက္မႈကို ရွာၾကတာပဲေလ။ အဲ့လိုရွာၾကတဲ့အခ်ိန္မွာ က်ေနာ္ျမင္တာကေတာ့ ဦးတည္ခ်က္ တူၾကတာပဲဗ်ာ။ အဲ့ဒီ့အေပၚ တဖက္နဲ႔ တဖက္ နယ္ေျမစိုးမိုးမႈေတြၾကည့္ၿပီး တုိက္ပြဲေတြ ျဖစ္လာတဲ့အခါက်ေတာ့ မေကာင္းဘူးေပါ့ေနာ္၊ တုိက္ပြဲေတြ ျပင္းထန္ လာတာ အခုဟာက အစိုးရနဲ႔ ျဖစ္တာကတမိ်ိဳး ေနာက္ အခ်င္းခ်င္း ျဖစ္ၾကတာမ်ိဳး ဆိုေတာ့ ၾကားထဲက ဘာျဖစ္လဲ ဆိုေတာ့ ေဒသခံျပည္သူေတြ ပဲ ဒုကၡ သုကၡေတြ ေရာက္ကုန္ၾကၿပီေလ။ ဘယ္သူမွန္တယ္။ မွားတယ္ဆိုေပမဲ့ ညိႇႏိႈင္းၿပီးေတာ့မွ ဒီတုိက္ပြဲေတြ ရပ္ ဆိုင္းသင့္တယ္။ အထူးသျဖင့္ ေတာ္လွန္ေရး နယ္ေျမ ထဲမွာ ရွိေနတဲ့ ျပည္သူေတြရဲ႕ မ်က္ႏွာကို ၾကည့္သင့္တယ္လို႔ က်ေနာ္ျမင္တယ္။ ႏွစ္ဘက္အဖြဲ႔အစည္းေတြကို အဲ့ဒီ့အတိုင္းပဲ က်ေနာ္ တိုက္တြန္းခ်င္တယ္။"

TNLA ေခၚ ပေလာင္တပ္ဖဲြ႔ဖက္ကေတာ့ ညီညြတ္ေသာ တုိင္းရင္းသားလူမ်ိဳးမ်ား ဖက္ဒရယ္ေကာင္စီ UNFC ကို ႏွစ္ဖက္ေတြ႔ဆံုေဆြးေႏြးေရးအတြက္ ၾကား၀င္ေဆာင္ရြက္ ဖို႔ စာေပးပို႔ခဲ့ေပမဲ့ အေကာင္အထည္ေပၚလာတာေတာ့ မရိွေသးပါဘူး။ ဒီရက္ပိုင္းမွာေတာ့ ပေလာင္နဲ႔ ရွမ္းအရပ္သားေတြကို ဖမ္းဆီးေၾကာင္း လည္း ရွမ္းနဲ႔ ပေလာင္္တပ္ေတြက အျပန္အလွန္ သတင္းထုတ္ျပန္တာေတြ ရိွေနပါတယ္။

မုိးေဇာ္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.....................
 ရှမ်းဒုက္ခသည်များ။ 
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှမ်းပြည် တပ်မတော်တောင်ပိုင်းနဲ့ ပလောင် လက်နက် ကိုင်အဖွဲ့တွေ အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ရှမ်းနဲ့ ပလောင် ဒေသခံတွေဟာ ကျောက်မဲမြို့နဲ့ နမ့်ခမ်းမြို့နယ် မိုင်းဝီးရွာကို တိမ်းရှောင်နေရပါတယ်။ လောလောဆည်မှာတော့ တိမ်းရှောင်လာတဲ့ စစ်ရှောင် ဒုက္ခသည်တွေ ကို ဒေသခံလူမှုရေးအသင်းတွေနဲ့ အာဏာပိုင်တွေက ထောက်ပံ့ ကူညီ ထားရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။

အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်း တပ်တွေနဲ့ တအာင်းခေါ် ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဦး PSLF/TNLA တပ်ဖွဲ့တွေဟာ နယ်မြေစိုးမိုးမှုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့နိုဝင်ဘာလဆန်းလောက်တည်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကျောက်မဲ၊ နမ့်ဆန်နဲ့ နမ့်ခမ်းမြို့နယ်တွေ အတွင်း နှစ်ဖက်တပ်တွေ အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီ တဲ့ ဒေသခံပြည်သူတွေဟာ စစ်ဘေးလွတ်ရာဒေသတွေကို တိမ်းရှောင်နေရပါတယ်။

ဒီလ ရရက် ရှမ်းပြည်နယ်နေ့ ကစတင်ခဲ့တဲ့ တိုက်ပွဲကြောင့် ကျောက်မဲ မြို့နယ် တော့ဆန် ကျေးရွာ အုပ်စုက ရွာသူရွာသား ၁ထောင်ကျော် ဟာ ကျောက်မဲမြို့ ကို တိမ်းရှောင် လာသလို တချို့တွေကလည်း ရွာတွေအတွင်းမှာ ပိတ်မိနေဆဲ ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုဦးစီးအဖွဲ့ဝင် ဦးစိုင်းသန်းမောင်က ပြောပါတယ်။

" သုံးနေရာ၊ လေးနေရာလောက် ခွဲထားတော့ တစ်ထောင် လျော့လျော့လေး ရောက်နေ တယ်။ အဲ့တာ ဒီနေ့လည်း ကားရှစ်စီး သွားကြိုတုန်းပဲ ကျနော်ထင်တယ်။ ဒီနေ့လည်း တစ်ထောင်လောက် ရောက်လာဦးမယ်။"

စစ်ရှောင် ဒုက္ခသည်တွေဟာ ဒီလ ၉နေ့က စတင်ရောက်ရှိ လာ တာဖြစ်ပြီး ကျောက်မဲမြို့ ဘိုးဘွားရိပ်သာ၊ သီဟိုကျောင်း၊ ရေဦးကျောင်း နဲ့ အောင်ဆုပန်ကျောင်းတိုက်တွေမှာ နေရာချထားတယ်လို့ ပြောပါတယ်။

ကျောက်မဲရောက် စစ်ရှောင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဇီဝိတ ဒါနလူမှု ကူညီရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းကလည်း လောလောဆည် ၁၀၀၀နီးပါးရောက်နေပြီး ဒီကနေ့ ထပ်ရောက် လာသလို နောက်ထပ် ထပ်ရောက် လာမှာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

ကျောက်မဲမြို့ကို တိမ်းရှောင်လာသူတွေဟာ ရှမ်းရော၊ ပလောင်တွေပါ ပါ၀င်ပြီး သူတို့ကို ဒေသခံအာဏာပိုင်နဲ့ လူမှုအသင်းတွေက စောင့်ရှောက်ထားကြောင်း ဦးတင်မောင်သိန်းက ဆက်ပြောပါတယ်။

"မြို့ခံတွေနဲ့ မြို့က ပရဟိတ အဖွဲ့တွေက အဲ့တာတွေက ဝိုင်းပြီးတော့ စီစဉ်ပေးနေ ပါတယ်။ ဒေသထဲက တာဝန်ရှိပုဂ္ဂိုလ်တွေလည်း ဝိုင်းပြီးတော့ စီစဉ်ပေးပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလည်း လုပ်ပေးပါတယ်။ ပညာရေးဆိုရင်လည်း ပညာရေးဌာနကနေပြီးတော့ စစ်ပြေးရှောင်ကလေးတွေကို စာသင်နိုင်အောင် ကျနော်တို့ စီစဉ်ပေးနေပါတယ်။"

ပြီးခဲ့တဲ့ ရက်တွေက ပလောင်တပ်ဖွဲ့ကနေ တော့ဆန်ကျေးရွာအုပ်စုအတွင်းက ဘုန်းတော်ကြီး တပါးနဲ့ ရှမ်းရွာသား ရယောက်ကို သတ်ဖြတ်တယ် လို့ ဒေသခံတချို့ က ပြောဆိုပေမဲ့ ပလောင်တပ်ဖွဲ့ဖက်ကတော့ သတ်ဖြတ်တာ မရှိကြောင်း ငြင်းဆို ထားပါတယ်။

ကျောက်မဲမြို့နယ်အတွင်းမှာဖြစ်တဲ့တိုက်ပွဲကြောင့် ရှမ်းအမျိုးသားတွေ အများစု တိမ်းရှောင်နေရသလို နမ့်ခမ်းမြို့နယ်တွင်းတိုက်ပွဲကြောင့်လည်း ပလောင် အမျိုးသားအများစု တိမ်းရှောင်နေရပါတယ်။

နမ့်ခမ်းမြို့နယ် ပလောင်စာပေနဲ့ ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ တာ့မြင့်ကျော်က နမ့်ခမ်းမြို့နယ် လော့နော်ကျေးရွာက ရွာသား၅၀၀ကျော်ဟာ မိုင်းဝီးရွာကို တိမ်းရှောင် လာနေရကြောင်း ပြောပါတယ်။

"အဲ့မှာ မိုင်းဝီးကိုရောက်လာတာ အိမ်ထောင်စုက ၁၁၄ စု၊ လူက ၅၅၆ ယောက်၊ ကလေးရော လူကြီးရောပေါ့ တိုက်ပွဲဖြစ်တော့ ရွာလူကြီးက ကြောက်ပြီး ထွက်ပြေးကြတာပေါ့။ "

ဒီရက်ပိုင်းမှာ တိုက်ပွဲတွေငြိမ်သက်နေပေမဲ့ RCSS ခေါ် ရှမ်းတပ်ဖွဲ့နဲ့ TNLA ခေါ် ပလောင်တပ်ဖွဲ့တွေဟာ နှစ်ဖက်တပ်ချင်း ရင်ဆိုင်ရှိနေပြီး စစ်ရေးအရ တင်းမာမှုတွေ ရှိနေကြောင်းနဲ့ မြေမြုပ်မိုင်းအသုံးပြုတာကြောင့် အရပ်သားတွေနဲ့ ကျွဲနွားတွေ ထိခိုက်တာရှိကြောင်းလည်း ဆက်ပြောပါတယ်။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းက တိုင်းရင်းသားရေးရာ တာဝန်ခံ ဦးမြအေးကတော့ နှစ်ဖက်တပ်တွေအကြား တိုက်ခိုက်တာတွေ ရပ်ဆိုင်းဖို့ တောင်းဆို ပါတယ်။

"တော်လှန်ရေးလုပ်တဲ့အထဲမှာ ကိုယ့်လူမျိုးစုတွေရဲ့ လွတ်မြောက်မှုကို ရှာကြတာပဲလေ။ အဲ့လိုရှာကြတဲ့အချိန်မှာ ကျနော်မြင်တာကတော့ ဦးတည်ချက် တူကြတာပဲဗျာ။ အဲ့ဒီ့အပေါ် တဖက်နဲ့ တဖက် နယ်မြေစိုးမိုးမှုတွေကြည့်ပြီး တိုက်ပွဲတွေ ဖြစ်လာတဲ့အခါကျတော့ မကောင်းဘူးပေါ့နော်၊ တိုက်ပွဲတွေ ပြင်းထန် လာတာ အခုဟာက အစိုးရနဲ့ ဖြစ်တာကတမျိိုး နောက် အချင်းချင်း ဖြစ်ကြတာမျိုး ဆိုတော့ ကြားထဲက ဘာဖြစ်လဲ ဆိုတော့ ဒေသခံပြည်သူတွေ ပဲ ဒုက္ခ သုက္ခတွေ ရောက်ကုန်ကြပြီလေ။ ဘယ်သူမှန်တယ်။ မှားတယ်ဆိုပေမဲ့ ညှိနှိုင်းပြီးတော့မှ ဒီတိုက်ပွဲတွေ ရပ် ဆိုင်းသင့်တယ်။ အထူးသဖြင့် တော်လှန်ရေး နယ်မြေ ထဲမှာ ရှိနေတဲ့ ပြည်သူတွေရဲ့ မျက်နှာကို ကြည့်သင့်တယ်လို့ ကျနော်မြင်တယ်။ နှစ်ဘက်အဖွဲ့အစည်းတွေကို အဲ့ဒီ့အတိုင်းပဲ ကျနော် တိုက်တွန်းချင်တယ်။"

TNLA ခေါ် ပလောင်တပ်ဖွဲ့ဖက်ကတော့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကို နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးအတွက် ကြားဝင်ဆောင်ရွက် ဖို့ စာပေးပို့ခဲ့ပေမဲ့ အကောင်အထည်ပေါ်လာတာတော့ မရှိသေးပါဘူး။ ဒီရက်ပိုင်းမှာတော့ ပလောင်နဲ့ ရှမ်းအရပ်သားတွေကို ဖမ်းဆီးကြောင်း လည်း ရှမ်းနဲ့ ပလောင််တပ်တွေက အပြန်အလှန် သတင်းထုတ်ပြန်တာတွေ ရှိနေပါတယ်။

မိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)