ပုသိမ္င၀န္ျမစ္ကူးၾကိဳးတံတား ႏွစ္လက္မခန္႔နိမ့္သြား





ပုသိမ္ျမိဳ႕ႏွင့္ ကမ္းေျခေဒသမ်ားသုိ႔ ဆက္သြယ္ေပးထားသည့္ င၀န္ျမစ္ကူးၾကိဳးတံတား တစ္ေနရာတြင္
 ေဖေဖၚ၀ါရီလ ၇ရက္ နံနက္ပုိင္းက ႏွစ္လက္မခန္႔နိမ့္သြားခ့ဲေၾကာင္း ဧရာ၀တီတိုင္းေဒသၾကီးေဆာက္လုပ္ေရး
 ဦးစီးဌာနမွ အတည္ျပဳခ့ဲသည္။ပုသိမ္ဘက္ျခမ္းႏွင့္ ကမ္းေျခဘက္ျခမ္း ခ်ဥ္းကပ္လမ္းႏွစ္ဘက္
ရိွသည့္အနက္ ကမ္းေျခဘက္ျခမ္းရိွ ခ်ဥ္းကပ္လမ္းႏွင့္ တံတားဆက္သြယ္သည့္ ေနရာတြင္
တံတားသည္ ခ်ဥ္းကပ္လမ္းထက္ ႏွစ္လက္မခန္႔ နိမ့္သြားခ့ဲျခင္းျဖစ္သည္။
ထုိသုိ႕နိမ့္က်သြားသျဖင့္ ကုန္ကားမ်ားျဖတ္သန္းခြင့္ ခဏတာ ပိတ္ထားကာခရီးသည္တင္ကားႏွင့္
အျခားခရီးသြားကားမ်ားမွ လုိက္ပါလာသူမ်ားကုိ လမ္းဆင္းေလွ်ာက္ေပးရန္ ေမတၱာရပ္ခံထားၿပီး
အေရးေပၚျပင္ဆင္မႈမ်ား ေဆာင္ရြက္လွ်က္ရွိသည္။အရွည္ေပ ၂၁၄၀ရိွျပီး၊ တံတားခံႏိုင္၀န္ အား ၆၀တန္
သတ္မွတ္ထားေသာ အဆိုပါ ပုသိမ္ၾကိဳးတံတားအား ၂၀၀၄ခုႏွစ္တြင္ ဖြင့္လွစ္အသုံးျပဳခဲ႕သည္။
ဓာတ္ပုံ-သက္ေဆြ
7Day News Journal

...........................................

 ပုသိမ်ငဝန်မြစ်ကူးကြိုးတံတား နှစ်လက်မခန့်နိမ့်သွား
ပုသိမ်မြို့နှင့် ကမ်းခြေဒေသများသို့ ဆက်သွယ်ပေးထားသည့် ငဝန်မြစ်ကူးကြိုးတံတား တစ်နေရာတွင်
 ဖေဖေါ်ဝါရီလ ရရက် နံနက်ပိုင်းက နှစ်လက်မခန့်နိမ့်သွားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးဆောက်လုပ်ရေး
 ဦးစီးဌာနမှ အတည်ပြုခဲ့သည်။ပုသိမ်ဘက်ခြမ်းနှင့် ကမ်းခြေဘက်ခြမ်း ချဉ်းကပ်လမ်းနှစ်ဘက်
ရှိသည့်အနက် ကမ်းခြေဘက်ခြမ်းရှိ ချဉ်းကပ်လမ်းနှင့် တံတားဆက်သွယ်သည့် နေရာတွင်
တံတားသည် ချဉ်းကပ်လမ်းထက် နှစ်လက်မခန့် နိမ့်သွားခဲ့ခြင်းဖြစ်သည်။
ထိုသို့နိမ့်ကျသွားသဖြင့် ကုန်ကားများဖြတ်သန်းခွင့် ခဏတာ ပိတ်ထားကာခရီးသည်တင်ကားနှင့်
အခြားခရီးသွားကားများမှ လိုက်ပါလာသူများကို လမ်းဆင်းလျှောက်ပေးရန် မေတ္တာရပ်ခံထားပြီး
အရေးပေါ်ပြင်ဆင်မှုများ ဆောင်ရွက်လျှက်ရှိသည်။အရှည်ပေ ၂၁၄၀ရှိပြီး၊ တံတားခံနိုင်ဝန် အား ၆၀တန်
သတ်မှတ်ထားသော အဆိုပါ ပုသိမ်ကြိုးတံတားအား ၂၀၀၄ခုနှစ်တွင် ဖွင့်လှစ်အသုံးပြုခဲ့သည်။
ဓာတ်ပုံ-သက်ဆွေ
7Day News Journal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)