ပုသိမ္ၿမိဳ႕တြင္ ေယာကၡအိမ္ မီး႐ႈိ႕သူက လာေရာက္ဖမ္းဆီးသည့္ နယ္ထိန္းအား လက္က်ိဳးသည္အထိ ႐ိုက္ႏွက္မႈ ျဖစ္ပြား


ဧရာ၀တီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕၊ ေအာင္သိဒိၶရပ္ကြက္တြင္ ေယာကၡအိမ္ကို မီး႐ိႈ႕သူက လာေရာက္ ဖမ္းဆီး သည့္ နယ္ထိန္းအား လက္က်ိဳးသည္အထိ ႐ိုက္ႏွက္မႈ ေဖေဖာ္ဝါရီ ၂၃ ရက္ နံနက္ ၆း၀၀ နာရီခန္႔က ျဖစ္ပြားခဲ့ေၾကာင္း ပုသိမ္ၿမိဳ႕ အသည္ႀကီး ရဲစခန္းမွ သိရွိရသည္။

ေအာင္သိဒိၶရပ္ကြက္ရွိ ရထားသံလမ္းေဘးေန ေအာင္မင္းခိုင္(၃၅) ႏွစ္သည္ မိန္းမျဖစ္သူႏွင့္ စကားမ်ားၿပီး ၎ေနထိုင္သည့္ ေယာကၡမပိုင္ ေနအိမ္ႏွင့္ ပတ္၀န္းက်င္ ရွိ ေနအိမ္တစ္လံုးကို ဓာတ္ဆီ၊ ဝက္ဆီတို႔ျဖင့္ ပက္ကာ မီး႐ိႈ႕ခဲ့ၿပီး လာေရာက္ မီးၿငွိမ္းသည့္ ရပ္ကြက္သူ ရပ္ကြက္သားမ်ားကို ဓားျဖင့္ လိုက္ခုတ္ေနသျဖင့္ နယ္ထိန္းက ၀င္ေရာက္ ဖမ္းဆီးရာ ျပန္လည္ခုခံခဲ့ေၾကာင္း သက္ဆိုင္ရာ အသည္ႀကီး ရဲစခန္းမွ သိရသည္။

“၀င္ဖမ္းခ်ိန္မွာ လက္ထဲမွာရွိတဲ့ တုတ္နဲ႔ေခါင္းကို လွမ္း႐ုိက္တာကို လက္နဲ႔ ကာလိုက္တာပါ၊ ေနာက္ၿပီး က်န္တဲ႔ လက္တစ္ဖက္နဲ႔ သူ႔ကို ဆြဲလွဲ လိုက္ေတာ့မွ ေနာက္ကလူ ဆယ္ေယာက္ေလာက္နဲ႔ ၀ိုင္းၿပီး ဖမ္းခဲ့ရတာပါ” ဟု ၀င္ေရာက္ ဖမ္းဆီးခဲ့သူပုသိမ္ၿမိဳ႕၊ အမွတ္ ၇ နယ္ေျမမွ နယ္ထိန္း ဒုတပ္ၾကပ္ ခင္ေမာင္ျမတ္က ေျပာသည္။

ေအာင္မင္းခိုင္မွာ ယခင္ကလည္း လင္မယားခ်င္း စကားမ်ားကာ ရပ္ကြက္႐ုံးသို႔ ႏွစ္ႀကိမ္ေခၚယူ သတိေပး ခံခဲ႔ရဖူးသူ ျဖစ္ေၾကာင္း အမွတ္ ၇ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးခင္ေမာင္သန္းက ေျပာသည္။

“ သူတို႔မိသားစု တစ္ညလံုး တ၀ုန္း၀ုန္းနဲ႔ ရန္ျဖစ္ေနတာ၊ မနက္မိုးလင္းေတာ့ ငါ့အိမ္ငါမီးနဲ႔ ႐ႈိ႕တာ ဘာျဖစ္လဲဆိုၿပီး မီးတုတ္တစ္ဖက္ ဓားတစ္ဖက္နဲ႔ ရမ္းေနၿပီး ပတ္၀န္းက်င္မွာ ရွိေနတဲ့ ကြ်န္ေတာ့္ အိမ္ဘက္ကိုပါ မီးစနဲ႔ လွမ္းပစ္တာ” ဟု ေနအိမ္ မီးေလာင္ပ်က္စီးခဲ့သူ ကိုေက်ာ္ဇင္က ေျပာသည္။

ေနအိမ္မ်ားကို မီးရႈိ႕ ဖ်က္ဆီးၿပီး ရဲ၀န္ထမ္းကို လက္က်ိဳးေအာင္႐ိုက္ခဲ့သူ ေအာင္မင္းခိုင္(၃၅) ႏွစ္အား ပုသိမ္ၿမိဳ႕ အသည္ႀကီးရဲစခန္းက (ပ) ၇၁/၂၀၁၆ ျပစ္မႈပုဒ္မ ၄၃၆ ၊ ၃၃၃ တို႔ျဖင့္ အမႈဖြင့္ ဖမ္းဆီး စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း - MMK
The Ladies News
https://www.facebook.com/News.TheLadies/

....................................


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အောင်သိဒ္ဓိရပ်ကွက်တွင် ယောက္ခအိမ်ကို မီးရှို့သူက လာရောက် ဖမ်းဆီး သည့် နယ်ထိန်းအား လက်ကျိုးသည်အထိ ရိုက်နှက်မှု ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၆းဝဝ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ပုသိမ်မြို့ အသည်ကြီး ရဲစခန်းမှ သိရှိရသည်။

အောင်သိဒ္ဓိရပ်ကွက်ရှိ ရထားသံလမ်းဘေးနေ အောင်မင်းခိုင်(၃၅) နှစ်သည် မိန်းမဖြစ်သူနှင့် စကားများပြီး ၎င်းနေထိုင်သည့် ယောက္ခမပိုင် နေအိမ်နှင့် ပတ်ဝန်းကျင် ရှိ နေအိမ်တစ်လုံးကို ဓာတ်ဆီ၊ ဝက်ဆီတို့ဖြင့် ပက်ကာ မီးရှို့ခဲ့ပြီး လာရောက် မီးငြှိမ်းသည့် ရပ်ကွက်သူ ရပ်ကွက်သားများကို ဓားဖြင့် လိုက်ခုတ်နေသဖြင့် နယ်ထိန်းက ၀င်ရောက် ဖမ်းဆီးရာ ပြန်လည်ခုခံခဲ့ကြောင်း သက်ဆိုင်ရာ အသည်ကြီး ရဲစခန်းမှ သိရသည်။

“၀င်ဖမ်းချိန်မှာ လက်ထဲမှာရှိတဲ့ တုတ်နဲ့ခေါင်းကို လှမ်းရိုက်တာကို လက်နဲ့ ကာလိုက်တာပါ၊ နောက်ပြီး ကျန်တဲ့ လက်တစ်ဖက်နဲ့ သူ့ကို ဆွဲလှဲ လိုက်တော့မှ နောက်ကလူ ဆယ်ယောက်လောက်နဲ့ ၀ိုင်းပြီး ဖမ်းခဲ့ရတာပါ” ဟု ၀င်ရောက် ဖမ်းဆီးခဲ့သူပုသိမ်မြို့၊ အမှတ် ရ နယ်မြေမှ နယ်ထိန်း ဒုတပ်ကြပ် ခင်မောင်မြတ်က ပြောသည်။

အောင်မင်းခိုင်မှာ ယခင်ကလည်း လင်မယားချင်း စကားများကာ ရပ်ကွက်ရုံးသို့ နှစ်ကြိမ်ခေါ်ယူ သတိပေး ခံခဲ့ရဖူးသူ ဖြစ်ကြောင်း အမှတ် ရ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ပြောသည်။

“ သူတို့မိသားစု တစ်ညလုံး တဝုန်းဝုန်းနဲ့ ရန်ဖြစ်နေတာ၊ မနက်မိုးလင်းတော့ ငါ့အိမ်ငါမီးနဲ့ ရှို့တာ ဘာဖြစ်လဲဆိုပြီး မီးတုတ်တစ်ဖက် ဓားတစ်ဖက်နဲ့ ရမ်းနေပြီး ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ကျွန်တော့် အိမ်ဘက်ကိုပါ မီးစနဲ့ လှမ်းပစ်တာ” ဟု နေအိမ် မီးလောင်ပျက်စီးခဲ့သူ ကိုကျော်ဇင်က ပြောသည်။

နေအိမ်များကို မီးရှို့ ဖျက်ဆီးပြီး ရဲဝန်ထမ်းကို လက်ကျိုးအောင်ရိုက်ခဲ့သူ အောင်မင်းခိုင်(၃၅) နှစ်အား ပုသိမ်မြို့ အသည်ကြီးရဲစခန်းက (ပ) ရ၁/၂၀၁၆ ပြစ်မှုပုဒ်မ ၄၃၆ ၊ ၃၃၃ တို့ဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)