ႏုိင္ငံ့စြမ္းေဆာင္ရည္ဆုအျဖစ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ထံ သမၼတဦးသိန္းစိန္ ေပးအပ္

သတင္း  ျပည္တြင္း  ႏိုင္ငံေရး
မင္းမင္း

ဓာတ္ပံု- သက္ကို/မဇၩိမ


ေနျပည္ေတာ္(ေဖေဖာ္ဝါရီ ၉)။ ။ သမၼတသက္တမ္းကုန္ဆံုးရန္ လပိုင္းသာလိုေတာ့သည့္ ဦးသိန္းစိန္က သူ႔သက္တမ္းတြင္ ေနာက္ဆံုးေပးအပ္သည့္ ႏိုင္ငံစြမ္းေဆာင္ရည္ဆုမ်ားတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ကို ေပးအပ္ခဲ့သည္။

စြမ္းေဆာင္ရည္ဆု ၃၃ဆုအနက္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ဦးေဆာင္သည့္ အဖြဲ႔ဝင္(၉)ဦးအား "ႏုိင္ငံေတာ္ကာကြယ္ေရး၊ လံုၿခံဳေရး၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးကိစၥရပ္မ်ားကို ကိုယ္က်ိဳးစြန္႔၍ ႀကိဳးပမ္းေဆာင္ရြက္သည့္အဖြဲ႔" ဟုဆိုကာ ႏုိင္ငံ့စြမ္းေဆာင္ရည္ဆုကို ေပးအပ္ခဲ့ျခင္း ျဖစ္သည္။

ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ဦးေဆာင္သည့္ အစိုးရတပ္မေတာ္ကို ႏုိင္ငံ့စြမ္းေဆာင္ရည္ဆု ခ်ီးျမင့္ရသည့္ အေၾကာင္းရင္းမွာ "ႏိုင္ငံေတာ္ရဲ႕အခ်ဳပ္အျခာအာဏာကို ထိပါးလာတဲ့ျဖစ္စဥ္အပါအဝင္  ႏိုင္ငံေတာ္တည္ျငိမ္ေအးခ်မ္းေရးႏွင့္ ျပည္သူတို႔ရဲ့ အသက္အိုးအိမ္ ထိပါးေႏွာက္ယွက္လာတဲ့ ျဖစ္စဥ္ျဖစ္ရပ္မ်ားမွာ အသက္ခႏၶာေသြးေခၽြးေပးဆပ္မႈမ်ားျဖင့္ ကိုယ္က်ိဳးစြန္႔ၿပီး စြမ္းစြမ္းတမံ ႀကိဳးပမ္းေဆာင္ရြက္ခဲ့ပါတယ္" ဟု ဖုန္ၾကားရွင္အဖြဲ႔ႏွင့္ျဖစ္ပြားခဲ့သည့္ ကိုးကန္႔တိုက္ပြဲမ်ားကိုရည္ညႊန္းကာ အခမ္းအနားတြင္ ေၾကျငာခဲ့သည္။

ထို႔ျပင္ "၂၀၁၅ ခုႏွစ္အတြင္းျဖစ္ပြားခဲ့တဲ့ သဘာဝေဘးအႏၱာရာယ္မ်ားေၾကာင့္ ေရႀကီးေရလွ်ံျပီး ေျမၿပိဳမႈမ်ားႏွင့္ ရင္ဆိုင္ႀကံဳေတြ႔ရခ်ိန္မွာလည္း လူအင္အား၊ စက္ယႏၱယားအင္အား၊ ေရယာဥ္၊ ေလယာဥ္မ်ားျဖင့္ ကယ္တင္ေရႊ႕ေျပာင္းျပီး ကူညီေစာင့္ေရွာက္ေရး၊ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားမွာ အင္တုိက္အားတိုက္ အခ်ိန္ႏွင့္တေျပးညီ ေဆာင္ရြက္ခဲ့ပါတယ္" ဟုလည္း ဆိုသည္။

သမၼတဦးသိန္းစိန္ ေပးအပ္သည့္ ႏုိင္ငံ့စြမ္းေဆာင္ရည္ဆုတြင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္အပါအဝင္ အဖြဲ႔ဝင္မ်ားအျဖစ္ ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္း၊ ဗိုလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္၊ ဗိုလ္ခ်ဳပ္ ထြန္းထြန္းေနာင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ စသူတို႔ ပါဝင္သည္။

သမၼတဦးသိန္းစိန္ေပးအပ္သည့္ ႏုိင္ငံစြမ္းေဆာင္ရည္ဆု ခ်ီးျမင့္ပြဲအခမ္းအနားကို ေနျပည္ေတာ္၊ MICC-2ရွိ ညီလာခံခန္းမတြင္ ေဖေဖာ္ဝါရီ ၉ရက္၊ ညေနပိုင္းက က်င္းပျပလုပ္ကာ ဆုမ်ားကို ေပးအပ္ခဲ့ျခင္း ျဖစ္သည္။

သမၼတဦးသိန္းစိန္ေပးအပ္သည့္ ႏုိင္ငံ့စြမ္းေဆာင္ရည္ဆုမ်ားတြင္ ပရဟိတသမားမ်ား၊ လူ႔အခြင့္အေရးလႈပ္ရွားသူမ်ားကို ေပးအပ္ျခင္းမရွိဘဲ လက္ရွိ ျပည္ေထာင္စုအစိုးရဝန္ႀကီး၊ ဒုဝန္ႀကီးမ်ားႏွင့္ အၿငိမ္းစားဝန္ႀကီးမ်ားကိုသာ အမ်ားစု ေပးအပ္ခဲ့သည္ကို ေတြ႔ရသည္။

အဆိုပါ ဆုမ်ားတြင္ ျပည္ေထာင္စုဝန္ႀကီးဦးေအာင္မင္းဦးေဆာင္သည့္အဖြဲ႔ကို ဆုအမ်ိဳးအစားအျဖစ္ "ၿငိမ္းခ်မ္းေရးႀကိဳးပမ္းေဆာင္ရြက္သည့္အဖြဲ႔" အျဖစ္ လည္းေကာင္း၊ အၿငိမ္းစားဝန္ႀကီး ဦးခင္ရီဦးေဆာင္သည့္အဖြဲ႔ကို ဆုအမ်ိဳးအစားအျဖစ္ "ျပည္လံုးကၽြတ္ သန္းေခါင္စာရင္းေကာက္ခံရန္ ႀကိဳးပမ္းေဆာင္ရြက္သည့္ အဖြဲ႔" အျဖစ္ လည္းေကာင္း၊ ဝန္ႀကီး ဦးခင္ေမာင္စိုးဦးေဆာင္သည့္အဖြဲ႔အား "လွ်ပ္စစ္က႑ဖြံ႔ၿဖိဳးတိုးတက္ေရး ႀကိဳးပမ္းေဆာင္ရြက္သည့္ အဖြဲ႔" အျဖစ္ လည္းေကာင္း၊ ေရြးေကာက္ပြဲေကာ္မရွင္ဥကၠဌ ဦးတင္ေအးဦးေဆာင္သည့္အဖြဲ႔အား "ပါတီစံုဒီမိုကေရစီအေထြေထြေရြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏုိင္ေရး ႀကိဳးပမ္းေဆာင္ရြက္သည့္အဖြဲ႔"အျဖစ္ လည္းေကာင္း၊ ဝန္ႀကီး ဦးရဲထြဋ္ဦးေဆာင္သည့္ အဖြဲ႔အား "ျမန္မာ့အသံ၊ ႐ုပ္ျမင္သံၾကား၊ သတင္းစာ အသြင္ေျပာင္းလဲရန္ ႀကိဳးပမ္းေဆာင္ရြက္သည့္အဖြဲ႔အျဖစ္ လည္းေကာင္း စသျဖင့္ အသီးသီး ေပးအပ္ခဲ့သည္။

- See more at: http://mizzimaburmese.com/article/10987#sthash.E6wJTLoL.dpuf
................
နိုင်ငံ့စွမ်းဆောင်ရည်ဆုအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ သမ္မတဦးသိန်းစိန် ပေးအပ်
သတင်း  ပြည်တွင်း  နိုင်ငံရေး
မင်းမင်း

ဓာတ်ပုံ- သက်ကို/မဇ္ဈိမ


နေပြည်တော်(ဖေဖော်ဝါရီ ၉)။ ။ သမ္မတသက်တမ်းကုန်ဆုံးရန် လပိုင်းသာလိုတော့သည့် ဦးသိန်းစိန်က သူ့သက်တမ်းတွင် နောက်ဆုံးပေးအပ်သည့် နိုင်ငံစွမ်းဆောင်ရည်ဆုများတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပေးအပ်ခဲ့သည်။

စွမ်းဆောင်ရည်ဆု ၃၃ဆုအနက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် အဖွဲ့ဝင်(၉)ဦးအား "နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များကို ကိုယ်ကျိုးစွန့်၍ ကြိုးပမ်းဆောင်ရွက်သည့်အဖွဲ့" ဟုဆိုကာ နိုင်ငံ့စွမ်းဆောင်ရည်ဆုကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် အစိုးရတပ်မတော်ကို နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြင့်ရသည့် အကြောင်းရင်းမှာ "နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ထိပါးလာတဲ့ဖြစ်စဉ်အပါအဝင်  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူတို့ရဲ့ အသက်အိုးအိမ် ထိပါးနှောက်ယှက်လာတဲ့ ဖြစ်စဉ်ဖြစ်ရပ်များမှာ အသက်ခန္ဓာသွေးချွေးပေးဆပ်မှုများဖြင့် ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်" ဟု ဖုန်ကြားရှင်အဖွဲ့နှင့်ဖြစ်ပွားခဲ့သည့် ကိုးကန့်တိုက်ပွဲများကိုရည်ညွှန်းကာ အခမ်းအနားတွင် ကြေငြာခဲ့သည်။

ထို့ပြင် "၂၀၁၅ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တာရာယ်များကြောင့် ရေကြီးရေလျှံပြီး မြေပြိုမှုများနှင့် ရင်ဆိုင်ကြံုတွေ့ရချိန်မှာလည်း လူအင်အား၊ စက်ယန္တယားအင်အား၊ ရေယာဉ်၊ လေယာဉ်များဖြင့် ကယ်တင်ရွှေ့ပြောင်းပြီး ကူညီစောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ အင်တိုက်အားတိုက် အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့ပါတယ်" ဟုလည်း ဆိုသည်။

သမ္မတဦးသိန်းစိန် ပေးအပ်သည့် နိုင်ငံ့စွမ်းဆောင်ရည်ဆုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် စသူတို့ ပါဝင်သည်။

သမ္မတဦးသိန်းစိန်ပေးအပ်သည့် နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြင့်ပွဲအခမ်းအနားကို နေပြည်တော်၊ MICC-2ရှိ ညီလာခံခန်းမတွင် ဖေဖော်ဝါရီ ၉ရက်၊ ညနေပိုင်းက ကျင်းပပြလုပ်ကာ ဆုများကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန်ပေးအပ်သည့် နိုင်ငံ့စွမ်းဆောင်ရည်ဆုများတွင် ပရဟိတသမားများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများကို ပေးအပ်ခြင်းမရှိဘဲ လက်ရှိ ပြည်ထောင်စုအစိုးရဝန်ကြီး၊ ဒုဝန်ကြီးများနှင့် အငြိမ်းစားဝန်ကြီးများကိုသာ အများစု ပေးအပ်ခဲ့သည်ကို တွေ့ရသည်။

အဆိုပါ ဆုများတွင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်သည့်အဖွဲ့ကို ဆုအမျိုးအစားအဖြစ် "ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်သည့်အဖွဲ့" အဖြစ် လည်းကောင်း၊ အငြိမ်းစားဝန်ကြီး ဦးခင်ရီဦးဆောင်သည့်အဖွဲ့ကို ဆုအမျိုးအစားအဖြစ် "ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံရန် ကြိုးပမ်းဆောင်ရွက်သည့် အဖွဲ့" အဖြစ် လည်းကောင်း၊ ဝန်ကြီး ဦးခင်မောင်စိုးဦးဆောင်သည့်အဖွဲ့အား "လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သည့် အဖွဲ့" အဖြစ် လည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးဦးဆောင်သည့်အဖွဲ့အား "ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သည့်အဖွဲ့"အဖြစ် လည်းကောင်း၊ ဝန်ကြီး ဦးရဲထွဋ်ဦးဆောင်သည့် အဖွဲ့အား "မြန်မာ့အသံ၊ ရုပ်မြင်သံကြား၊ သတင်းစာ အသွင်ပြောင်းလဲရန် ကြိုးပမ်းဆောင်ရွက်သည့်အဖွဲ့အဖြစ် လည်းကောင်း စသဖြင့် အသီးသီး ပေးအပ်ခဲ့သည်။

- See more at: http://mizzimaburmese.com/article/10987#sthash.E6wJTLoL.dpuf
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)