ရန်ကုန်-ပြည်လမ်းတွင် ဖောကားတစ်စီး လမ်းဘေးထိုးကျတိမ်းမှောက်



ပြည် ဖေဖော်ဝါရီ ၂၁




(မျိုးရန်ပိုင်ဝင်း)
The Mirror Daily
.............


ပြည် ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် အင်းမနယ်မြေရဲစခန်း အရှေ့ဘက် ခုနစ်ဖာလုံခန့် ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၅၃/၃) နှင့် (၁၅၄/၄) အကြား ပျားစည်အုပ်စု သရက်တောင်ရွာ အနီးတွင် ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅ဝခန့်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်ဘက်မှ ရန်ကုန်ဘက်သို့ ရွှေတောင်ကြီး သရက်တောရပ်ကွက် ဆန်တန်းလမ်းနေ ငြိမ်းထိုက် (၄ဝ)နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ မသင်းသင်းဆွေ(၃၃)နှစ် လိုက်ပါသော 41/--- SKAT- FAW ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ ထိုးကျတိမ်း မှောက်ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် မသင်းသင်းဆွေတွင် ဦးခေါင်းယာဘက်ထိပ် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး ငြိမ်းထိုက်တွင် ဒဏ်ရာရရှိခြင်းမရှိကြောင်း၊ ယာဉ်တိမ်း မှောက်မှုနှင့်ပတ်သက်၍ ငြိမ်းထိုက်အား အင်းမနယ်မြေ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

(မျိုးရန်ပိုင်ဝင်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)