ရန္ကုန္ၿမိဳ႕၏ ပထမဆုံး ေျမေအာက္လမ္းကူး ဥမင္ ယခု ဘ႑ာႏွစ္ ကုန္ပိုင္းတြင္ စတင္ ေဖာက္လုပ္မည္

တရုတ္ႏိုင္ငံရွိ လူကူး ေျမေအာက္ဥမင္ လမ္းတစ္ခုကို ေတြ႔ရစဥ္ (ဓာတ္ပံု-wikipedia)
    ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၀ ရက္ (ဆင္ဟြာ)

    ရန္ကုန္ၿမိဳ႕၏ ပထမဆုံး ေျမေအာက္လမ္းကူး ဥမင္ ေဆာက္လုပ္ရန္ ဒီဇိုင္းကို ေဆြးေႏြးေနဆဲ ျဖစ္ၿပီး ရန္ကုန္တိုင္း ေဒသႀကီး အစိုးရ အစီအစဥ္ျဖင့္ ယခု ဘ႑ာႏွစ္ ကုန္ပိုင္းတြင္ စတင္ ေဖာက္လုပ္မည္ ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ သာယာေရး ေကာ္မတီမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

အဆိုပါ ေျမေအာက္လမ္းကူး ဥမင္ကို ကမာရြတ္ၿမိဳ႕နယ္ စိုက္ပ်ဳိးေရး မွတ္တိုင္ အနီး ျပည္ လမ္းမေပၚ၌ ေဖာက္လုပ္ရန္ လ်ာထားၿပီး ယခင္က လူကူး တံတား ေဆာက္လုပ္ရန္ လ်ာထားခဲ့ေသာ္လည္း တည္ေနရာ အေနအထားႏွင့္ ျပည္သူလူထု အမွန္တကယ္ အသုံးျပဳႏိုင္ ေစေရး အတြက္ ေျမေအာက္လမ္း ေဖာက္လုပ္ရန္ ဆုံးျဖတ္ခဲ့ျခင္း ျဖစ္ေၾကာင္း ၎က ဆုိသည္။

ေျမေအာက္လမ္းကူး ဥမင္ ေဆာက္လုပ္ ႏိုင္ေရး အတြက္ စိုက္ပ်ဳိးေရး မွတ္တိုင္အနီး ၌ ႏိုဝင္ဘာလမွ စတင္၍ ေျမသားစမ္းသပ္မႈ ျပဳလုပ္ခဲ့ေၾကာင္း၊  ေျမေအာက္လိုဏ္ လမ္းမွာ ေပ ၈ဝ ေက်ာ္ရွိမည္ ျဖစ္ၿပီး စက္ေလွကား ထည့္သြင္း ေဆာက္လုပ္ေရး ႏွင့္ အသုံးျပဳမည့္ ဘတ္ဂ်က္ကို ဆက္လက္ ေဆြးေႏြးလ်က္ ရွိေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
...........
 တရုတ်နိုင်ငံရှိ လူကူး မြေအောက်ဥမင် လမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-wikipedia)
    ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

    ရန်ကုန်မြို့၏ ပထမဆုံး မြေအောက်လမ်းကူး ဥမင် ဆောက်လုပ်ရန် ဒီဇိုင်းကို ဆွေးနွေးနေဆဲ ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ယခု ဘဏ္ဍာနှစ် ကုန်ပိုင်းတွင် စတင် ဖောက်လုပ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ မြေအောက်လမ်းကူး ဥမင်ကို ကမာရွတ်မြို့နယ် စိုက်ပျိုးရေး မှတ်တိုင် အနီး ပြည် လမ်းမပေါ်၌ ဖောက်လုပ်ရန် လျာထားပြီး ယခင်က လူကူး တံတား ဆောက်လုပ်ရန် လျာထားခဲ့သော်လည်း တည်နေရာ အနေအထားနှင့် ပြည်သူလူထု အမှန်တကယ် အသုံးပြုနိုင် စေရေး အတွက် မြေအောက်လမ်း ဖောက်လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြေအောက်လမ်းကူး ဥမင် ဆောက်လုပ် နိုင်ရေး အတွက် စိုက်ပျိုးရေး မှတ်တိုင်အနီး ၌ နိုဝင်ဘာလမှ စတင်၍ မြေသားစမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း၊  မြေအောက်လိုဏ် လမ်းမှာ ပေ ၈ဝ ကျော်ရှိမည် ဖြစ်ပြီး စက်လှေကား ထည့်သွင်း ဆောက်လုပ်ရေး နှင့် အသုံးပြုမည့် ဘတ်ဂျက်ကို ဆက်လက် ဆွေးနွေးလျက် ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)