ဆီးရီးယား အပစ္ရပ္ သေဘာတူမႈ စိန္ေခၚခံေနရၿပီ

ဆီးရီးယားသမၼတ Bashar al-Assad 
ဆီးရီးယားႏုိင္ငံမွာ အပစ္အခတ္ရပ္စဲေရး တပတ္အတြင္းမွာ လုပ္ႏုိင္ေအာင္ ဖိအားေပးဖုိ႔ သေဘာတူညီခ်က္ တရပ္ကုိ ကမာၻ႔ေခါင္းေဆာင္ေတြ ေၾကညာလုိက္ အၿပီး နာရီပုိင္းအတြင္းမွာပဲ၊ ဒီသေဘာတူညီခ်က္အေပၚ စိန္ေခၚ အကဲစမ္းမႈေတြလည္း ေပၚေပါက္လာပါတယ္။

ဆီးရီးယားသမၼတ Bashar al-Assad က အစုိးရတပ္ေတြ အေနနဲ႔ တႏုိင္ငံလုံး ကုိ ျပန္လည္ သိမ္းပုိက္ႏုိင္ဖုိ႔ စီစဥ္ေနတဲ့ အေၾကာင္း ေသာၾကာေန႔က ေဖာ္ျပ လုိက္တဲ့ AFP သတင္းဌာနနဲ႔ ေမးျမန္းခန္းအတြင္း ေျပာၾကားခ်က္ေၾကာင့္ ၅ ႏွစ္နီးပါးၾကာ ပဋိပကၡေတြ အဆုံးသတ္ႏုိင္ေရး သက္ဆုိင္သူေတြရဲ႕ ကတိျပဳေျပာဆုိခ်က္ေတြအေပၚ သံသယေတြလည္း ထြက္ေပၚလာပါတယ္။

နယ္ေျမေတြအားလုံးကုိ ျပန္လည္သိမ္းယူႏုိင္ဖုိ႔ အခ်ိန္အၾကာႀကီး ယူရလိမ့္မယ္လုိ႔ လည္း ဆီးရီးယား သမၼတက ေျပာဆုိခဲ့တာ ျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရး ႀကိဳးပမ္းမႈေတြကုိ အားေပးေပမဲ့ ေစ့စပ္ညႇိႏႈိင္းမႈေတြေၾကာင့္ အၾကမ္းဖက္၀ါဒ တုိက္ဖ်က္ေရး ကုိ ရပ္ထားရမယ္ဆုိတဲ့ သေဘာမ်ဳိး မဟုတ္ဘူးလုိ႔ လည္း ေျပာဆုိခဲ့ပါတယ္။

အကဲခတ္ေတြကေတာ့ ၾကာသပေတးေန႔က ရရွိခဲ့တဲ့ သေဘာတူညီခ်က္အရ သမၼတ အာဆဒ္ရဲ႕ တပ္ဖဲြ႔ေတြ အေနနဲ႔ ႐ုရွားရဲ႕ အကူအညီနဲ႔ အတုိက္အခံသူပုန္ေတြရဲ႕ နယ္ေျမေတြကုိ ဆက္လက္ တုိက္ခုိက္ခြင့္ရေနမွာ ျဖစ္တာေၾကာင့္ သေဘာတူညီခ်က္မွာ အားနည္းခ်က္ေတြ ရွိေနတယ္လုိ႔ ေထာက္ျပၾကပါတယ္။

သေဘာတူညီခ်က္မွာေတာ့ IS စစ္ေသြးႂကြေတြနဲ႔ အယ္လ္ ႏူစရာ (al Nusra) တပ္ဦးအဖဲြ႔အပါအ၀င္ အၾကမ္းဖက္သမားေတြကို အစုိးရတပ္ေတြက တုိက္ခုိက္မႈေတြ ရပ္ဆုိင္းထားဖုိ႔ အခ်က္ကုိ ထည့္သြင္းထားတာမ်ဳိးလည္း မရွိပါဘူး။

VOA (ျမန္မာပုိင္း)
http://burmese.voanews.com

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,


ဆီးရီးယားသမ္မတ Bashar al-Assad
ဆီးရီးယားနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေး တပတ်အတွင်းမှာ လုပ်နိုင်အောင် ဖိအားပေးဖို့ သဘောတူညီချက် တရပ်ကို ကမ္ဘာ့ခေါင်းဆောင်တွေ ကြေညာလိုက် အပြီး နာရီပိုင်းအတွင်းမှာပဲ၊ ဒီသဘောတူညီချက်အပေါ် စိန်ခေါ် အကဲစမ်းမှုတွေလည်း ပေါ်ပေါက်လာပါတယ်။

ဆီးရီးယားသမ္မတ Bashar al-Assad က အစိုးရတပ်တွေ အနေနဲ့ တနိုင်ငံလုံး ကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ စီစဉ်နေတဲ့ အကြောင်း သောကြာနေ့က ဖော်ပြ လိုက်တဲ့ AFP သတင်းဌာနနဲ့ မေးမြန်းခန်းအတွင်း ပြောကြားချက်ကြောင့် ၅ နှစ်နီးပါးကြာ ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေး သက်ဆိုင်သူတွေရဲ့ ကတိပြုပြောဆိုချက်တွေအပေါ် သံသယတွေလည်း ထွက်ပေါ်လာပါတယ်။

နယ်မြေတွေအားလုံးကို ပြန်လည်သိမ်းယူနိုင်ဖို့ အချိန်အကြာကြီး ယူရလိမ့်မယ်လို့ လည်း ဆီးရီးယား သမ္မတက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို အားပေးပေမဲ့ စေ့စပ်ညှိနှိုင်းမှုတွေကြောင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ကို ရပ်ထားရမယ်ဆိုတဲ့ သဘောမျိုး မဟုတ်ဘူးလို့ လည်း ပြောဆိုခဲ့ပါတယ်။

အကဲခတ်တွေကတော့ ကြာသပတေးနေ့က ရရှိခဲ့တဲ့ သဘောတူညီချက်အရ သမ္မတ အာဆဒ်ရဲ့ တပ်ဖွဲ့တွေ အနေနဲ့ ရုရှားရဲ့ အကူအညီနဲ့ အတိုက်အခံသူပုန်တွေရဲ့ နယ်မြေတွေကို ဆက်လက် တိုက်ခိုက်ခွင့်ရနေမှာ ဖြစ်တာကြောင့် သဘောတူညီချက်မှာ အားနည်းချက်တွေ ရှိနေတယ်လို့ ထောက်ပြကြပါတယ်။

သဘောတူညီချက်မှာတော့ IS စစ်သွေးကြွတွေနဲ့ အယ်လ် နူစရာ (al Nusra) တပ်ဦးအဖွဲ့အပါအဝင် အကြမ်းဖက်သမားတွေကို အစိုးရတပ်တွေက တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားဖို့ အချက်ကို ထည့်သွင်းထားတာမျိုးလည်း မရှိပါဘူး။

VOA (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)