အင္းယားလမ္းတြင္ၿပိဳင္ကားနဲ႕လုိက္ထရပ္တုိ႕ တုိက္မိ

ယေန႔(ေဖေဖာ္၀ါရီ ၈ ရက္)ည ၆ နာရီခဲြ၀န္းက်င္ခန္႔က ရန္ကုန္ၿမိဳ႕၊ အင္းယားလမ္းေပၚတြင္ ၿပိဳင္ကားတစ္စီးႏွင့္ လုိက္ထရပ္ကားတစ္စီးတုိ႔တုိက္မိခဲ့သည္။ အင္းယားလမ္းအတုိင္း ျပည္လမ္းဘက္သုိ႔ ဦးတည္ေမာင္းႏွင္လာသည့္ ၿပိဳင္ကားႏွင့္ တကၠသုိလ္ရိပ္သာလမ္းမီးပြိဳင့္ဘက္သုိ႔ဦးတည္ရန္ ဂငယ္ေကြ႕ ေကြ႕လုိက္ေသာ လုိက္ထရက္ကားတုိ႕ ထိပ္တုိက္တုိက္မိခဲ့ျခင္းျဖစ္ေၾကာင္း မ်က္ျမင္ေတြ႕ရွိသူတစ္ဦးကေျပာသည္။ လုိက္ထရပ္ ကားမွာ လမ္းေဘးပလက္ေဖာင္းႏွင့္၀င္ေဆာင့္ခဲ့ၿပီး ၿပိဳင္ကား၏ အင္ဂ်င္အဖံုးမွာ ပ်က္စီးသြားခဲ့သည္။ ႏွစ္ဖက္စ လံုးတြင္ ဒဏ္ရာႀကီးမားစြာရရွိျခင္းမရွိေပ။
ဓာတ္ပုံ - နစ္ကီ

7Day News Journal



........................
အင်းယားလမ်းတွင်ပြိုင်ကားနဲ့လိုက်ထရပ်တို့ တိုက်မိ
ယနေ့(ဖေဖော်ဝါရီ ၈ ရက်)ည ၆ နာရီခွဲဝန်းကျင်ခန့်က ရန်ကုန်မြို့၊ အင်းယားလမ်းပေါ်တွင် ပြိုင်ကားတစ်စီးနှင့် လိုက်ထရပ်ကားတစ်စီးတို့တိုက်မိခဲ့သည်။ အင်းယားလမ်းအတိုင်း ပြည်လမ်းဘက်သို့ ဦးတည်မောင်းနှင်လာသည့် ပြိုင်ကားနှင့် တက္ကသိုလ်ရိပ်သာလမ်းမီးပွိုင့်ဘက်သို့ဦးတည်ရန် ဂငယ်ကွေ့ ကွေ့လိုက်သော လိုက်ထရက်ကားတို့ ထိပ်တိုက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။ လိုက်ထရပ် ကားမှာ လမ်းဘေးပလက်ဖောင်းနှင့်ဝင်ဆောင့်ခဲ့ပြီး ပြိုင်ကား၏ အင်ဂျင်အဖုံးမှာ ပျက်စီးသွားခဲ့သည်။ နှစ်ဖက်စ လုံးတွင် ဒဏ်ရာကြီးမားစွာရရှိခြင်းမရှိပေ။
ဓာတ်ပုံ - နစ်ကီ

7Day News Journal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)