ကခ်င္ျပည္နယ္ ဧရာ၀တီျမစ္ေရ စိုးရိမ္ဖြယ္ ျမင့္တက္


ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ ညေနပိုင္းေလာက္က ဧရာဝတီျမစ္ေရဟာ ျမစ္ႀကီးနားၿမိဳ႕ အနီး ျမစ္ကမ္းေဘးတေလွ်ာက္မွာရုတ္တရက္ျမင့္တက္လာခဲ႔တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေနာက္ ႏွစ္ရက္အတြင္းဧရာဝတီျမစ္ေအာက္ပိုင္းက ေဒသေတြမွာ လည္း ျမစ္ေရ ျမင့္တက္လာႏုိင္တာေၾကာင့္ ျမစ္ေၾကာင္းတေလွ်ာက္ ဂရုျပဳေနထိုင္ဖို႔ မိုးေလဝသနဲ႔ ဇလေဗဒ ညြန္ၾကားမႈဦးစီးဌာနက ေျပာဆိုလိုက္ပါတယ္။ အျပည့္အစံုကို VOA သတင္းေထာက္ မသိဂၤ ီလင္းက ေျပာျပေပးပါမယ္။

မေန႔က ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ ညေနပိုင္းမွာ ကခ်င္ျပည္နယ္ ျမစ္ဆံုေဒသအနီး ဧရာဝတီျမစ္ကမ္းတစ္ေလွ်ာက္ ျမစ္ေရ ရုတ္တရက္ျမင့္တက္ လာတယ္လို႔   ေဒသခံ ေဒၚဂ်ာခြန္က အခုလို ေျပာပါတယ္။

“ျမစ္ေရက ျမစ္ဆံုအေျခအေနေပါ့ေနာ္ ျမစ္ကမ္းနားမွာ၊ ျမစ္ကမ္းစပ္မွာ ေစ်းေရာင္းတဲ့ လူေတြ အကုန္ဖယ္ရတာေပါ့ေနာ္။ ေရခဲေတာင္ၿပိဳလို႔ ေရႀကီးတယ္လို႔ေျပာတာပဲ။ ဒီမွာေတာ့ မိုးေတာ့မရြာပါဘူးရွင့္။”

ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ ညေန ၃ နာရီခြဲခ်ိန္ မိုးေလဝသနဲ႔ ဇလေဗဒညြန္ၾကားမႈ ဦးစီးဌာနရဲ႕တိုင္းထြာခ်က္အရဧရာဝတီျမစ္ေရဟာ ျမစ္ၾကီးနားျမိဳ႕မွာ ၃၄၆ စင္တီမီတာ ကိုေရာက္ရွိခဲ႔ၿပီး ၁၀ နာရီအတြင္း ၇ ေပခန္႔ ျမင့္တက္ ခဲ႔တာေၾကာင့္ ျမစ္ၾကီးနားၿမိဳ႕ စီတာပူရပ္ကြက္က ျမစ္ကမ္းေဘးတေလွ်ာက္မွာရွိတဲ႔ စားေသာက္ဆိုင္ေတြ ေရျမဳပ္ခဲ႔တာပါ။

အေနာက္ေလေပြလႈိင္းက ပါဝင္လာတဲ႔ တိမ္တိုက္ေတြကေန မိုးရြာသြန္းတာနဲ႔ အပူခ်ိန္ျမင့္တက္လာမႈေၾကာင့္ ေရခဲေတာင္ေတြ အရည္ေပ်ာ္တာေတြေၾကာင့္ အခုလို ျမစ္ေရ ရုတ္တရက္ျမင့္တက္လာတာျဖစ္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္မိုးဦးက အခုလို သံုးသပ္ပါတယ္။

“အဓိကေတာ့ ျဖစ္ႏိုင္တာကေတာ့ မိုးေလ၀သရူေထာင့္က ေစာနကေျပာတဲ့ western disturbance ေၾကာင့္ ပါလာတဲ့ တိမ္တိုက္ေတြ မိုးရြာသြန္း တဲ့အတြက္ေၾကာင့္မို႔လို႔ဒါ ေစာနကေျပာတဲ့ ဒီရက္ပိုင္းေတြမွာ နဲနဲပူသြားတယ္။ ပူသြားတဲ့အေနအထားမွာ ေရခဲေတာင္ေတြ အရည္ေပ်ာ္ေနတဲ့အခ်ိန္မွာ က်လာႏိုင္တဲ့အေနအထားေပါ့ေလ၊ အဲဒီအေနအထား မို႔လို႔ ျမစ္ေရေတြ ျမင့္တက္ လာတယ္လို႔ က်ေနာ္ ့အေနနဲ႔ေျပာလိုပါတယ္။ ဘာပဲေျပာေျပာဒါ ရာသီဥတုေျပာင္းလဲမူ ဒဏ္ကိုေတာ့ က်ေနာ္တို႔ စၿပီးေတာ့ ခံစားေနရတဲ့အေနအထားေလးေတြရွိေနတာေပါ့ေနာ္။ အယ္နီညိဳရဲ႕ affect လို႔လဲေျပာလို႔ရတာေပါ့ေနာ္။ ဟုတ္ကဲ့။ ”

အခု ျမင့္တက္လာတဲ႔ ျမစ္ေရဟာ ျမစ္ေအာက္ပိုင္းကို ဆက္လက္ စီးဆင္း သြားမွာျဖစ္တာေၾကာင့္ ဧရာဝတီျမစ္ေၾကာင္းတေလွ်ာက္မွာ ေနထိုင္သူေတြ၊ စိုက္ပ်ိဳးေရးလုပ္သူေတြနဲ႔ ေရယာဥ္ေတြ၊ ေရလုပ္သားေတြအေနနဲ႔ လာမယ့္ ၂ ရက္အတြင္း သတိထား သြားလာသင့္တယ္လို႔ ဦးေက်ာ္မိုးဦးက ဆက္ေျပာပါတယ္။

“ဧရာဝတီျမစ္ေၾကာင္းတေလွ်ာက္ေပါ့ေနာ္။ ဧရာဝတီျမစ္ေၾကာင္း တေလွ်ာက္ဆိုေတာ့ ျမစ္ႀကီးနားကေန ၿပီးေတာ့ စတင္တယ္။ ျမစ္ႀကီးနားၿပီးရင္ ဗန္းေမာ္၊ ၿပီးရင္ ကသာ၊ ေရႊဂူ၊ သပိတ္က်င္း ၊ မႏၱေလး၊ စစ္ကိုင္း၊ ၿပီးသြားရင္ ပခုကၠဴ ၊ ေညာင္ဦး ၊ မင္းပူးတို႔လည္းပါတာေပါ့ ၾကားထဲမွာ ။ ဒီေတာ့ ဧရာ၀တီတေလွ်ာက္ ဧရာ၀တီျမစ္တေလွ်ာက္ စီးဆင္းလာမယ္။ စီးဆင္းလာၿပီးေတာ့ ဟသၤတ က ေနၿပီးေတာ့မွ ဘဂၤလားပင္လယ္ေအာ္ထဲကိုသြားမယ္။ ဒါေပမယ့္ ေရျပင္က ျမစ္ေရႀကီးတဲ့ အေနအထားမဟုတ္ဘူး။ အခုဟာက ျမစ္ေရ ရုတ္တရက္ ျမင့္တက္လာတာ ။ ျမင့္တက္လာတာျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ အဓိကေတာ့ ေစာနကေျပာသလိုပဲ ျမစ္နားေခ်ာင္းနားမွာေနတဲ့ ျပည္သူေတြအေနနဲ႔ ျမစ္အတြင္းမွာေနတဲ့ ျပည္သူေတြ ႀကိဳတင္ သတိျပဳေရွာင္ရွားႏိုင္ဖို႔အတြက္ကို ဒီသတင္းကို ထုတ္ေပးရျခင္းျဖစ္ပါတယ္။”

ဒါ့အျပင္ ျမန္မာႏုိင္ငံ အထက္ပိုင္း ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္းအထက္ပိုင္း၊ ရွမ္းျပည္နယ္နဲ႔ မႏၱေလးတိုင္းေတြမွာလည္း လာမယ့္ ၂ ရက္အတြင္း အခ်ိန္အခါမဟုတ္ မိုးရြာသြန္းဖို႔ရွိတယ္လို႔ ဦးေက်ာ္မိုးဦးက ေျပာပါတယ္။

မေန႔က ျပည္သူ႔လႊတ္ေတာ္မွာလည္း အယ္နီညိဳရာသီဥတုေၾကာင့္ ျဖစ္ေပၚလာႏုိင္တဲ႔ သဘာဝေဘးအႏၱရာယ္ေတြကို ၾကိဳတင္ကာကြယ္ဖို႔နဲ႔ သက္ဆိုင္ရာ ဝန္ၾကီးဌာနေတြ ပူးေပါင္းပါဝင္ဖို႔ အေရးႀကီးအဆို တင္သြင္းထားျပီး၊ ဒီေန႔နဲဲ႔ မနက္ျဖန္မွာ အဲ႔ဒီအဆိုနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေဆြးေႏြးေနၾကပါတယ္။

သိဂႌလင္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

......................................


ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းလောက်က ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့ အနီး မြစ်ကမ်းဘေးတလျှောက်မှာရုတ်တရက်မြင့်တက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နောက် နှစ်ရက်အတွင်းဧရာဝတီမြစ်အောက်ပိုင်းက ဒေသတွေမှာ လည်း မြစ်ရေ မြင့်တက်လာနိုင်တာကြောင့် မြစ်ကြောင်းတလျှောက် ဂရုပြုနေထိုင်ဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းမှာ ကချင်ပြည်နယ် မြစ်ဆုံဒေသအနီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြစ်ရေ ရုတ်တရက်မြင့်တက် လာတယ်လို့   ဒေသခံ ဒေါ်ဂျာခွန်က အခုလို ပြောပါတယ်။

“မြစ်ရေက မြစ်ဆုံအခြေအနေပေါ့နော် မြစ်ကမ်းနားမှာ၊ မြစ်ကမ်းစပ်မှာ စျေးရောင်းတဲ့ လူတွေ အကုန်ဖယ်ရတာပေါ့နော်။ ရေခဲတောင်ပြိုလို့ ရေကြီးတယ်လို့ပြောတာပဲ။ ဒီမှာတော့ မိုးတော့မရွာပါဘူးရှင့်။”

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေ ၃ နာရီခွဲချိန် မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနရဲ့တိုင်းထွာချက်အရဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ ၃၄၆ စင်တီမီတာ ကိုရောက်ရှိခဲ့ပြီး ၁၀ နာရီအတွင်း ရ ပေခန့် မြင့်တက် ခဲ့တာကြောင့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မြစ်ကမ်းဘေးတလျှောက်မှာရှိတဲ့ စားသောက်ဆိုင်တွေ ရေမြုပ်ခဲ့တာပါ။

အနောက်လေပွေလှိုင်းက ပါဝင်လာတဲ့ တိမ်တိုက်တွေကနေ မိုးရွာသွန်းတာနဲ့ အပူချိန်မြင့်တက်လာမှုကြောင့် ရေခဲတောင်တွေ အရည်ပျော်တာတွေကြောင့် အခုလို မြစ်ရေ ရုတ်တရက်မြင့်တက်လာတာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက အခုလို သုံးသပ်ပါတယ်။

“အဓိကတော့ ဖြစ်နိုင်တာကတော့ မိုးလေဝသရူထောင့်က စောနကပြောတဲ့ western disturbance ကြောင့် ပါလာတဲ့ တိမ်တိုက်တွေ မိုးရွာသွန်း တဲ့အတွက်ကြောင့်မို့လို့ဒါ စောနကပြောတဲ့ ဒီရက်ပိုင်းတွေမှာ နဲနဲပူသွားတယ်။ ပူသွားတဲ့အနေအထားမှာ ရေခဲတောင်တွေ အရည်ပျော်နေတဲ့အချိန်မှာ ကျလာနိုင်တဲ့အနေအထားပေါ့လေ၊ အဲဒီအနေအထား မို့လို့ မြစ်ရေတွေ မြင့်တက် လာတယ်လို့ ကျနော် ့အနေနဲ့ပြောလိုပါတယ်။ ဘာပဲပြောပြောဒါ ရာသီဥတုပြောင်းလဲမူ ဒဏ်ကိုတော့ ကျနော်တို့ စပြီးတော့ ခံစားနေရတဲ့အနေအထားလေးတွေရှိနေတာပေါ့နော်။ အယ်နီညိုရဲ့ affect လို့လဲပြောလို့ရတာပေါ့နော်။ ဟုတ်ကဲ့။ ”

အခု မြင့်တက်လာတဲ့ မြစ်ရေဟာ မြစ်အောက်ပိုင်းကို ဆက်လက် စီးဆင်း သွားမှာဖြစ်တာကြောင့် ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ နေထိုင်သူတွေ၊ စိုက်ပျိုးရေးလုပ်သူတွေနဲ့ ရေယာဉ်တွေ၊ ရေလုပ်သားတွေအနေနဲ့ လာမယ့် ၂ ရက်အတွင်း သတိထား သွားလာသင့်တယ်လို့ ဦးကျော်မိုးဦးက ဆက်ပြောပါတယ်။

“ဧရာဝတီမြစ်ကြောင်းတလျှောက်ပေါ့နော်။ ဧရာဝတီမြစ်ကြောင်း တလျှောက်ဆိုတော့ မြစ်ကြီးနားကနေ ပြီးတော့ စတင်တယ်။ မြစ်ကြီးနားပြီးရင် ဗန်းမော်၊ ပြီးရင် ကသာ၊ ရွှေဂူ၊ သပိတ်ကျင်း ၊ မန္တလေး၊ စစ်ကိုင်း၊ ပြီးသွားရင် ပခုက္ကူ ၊ ညောင်ဦး ၊ မင်းပူးတို့လည်းပါတာပေါ့ ကြားထဲမှာ ။ ဒီတော့ ဧရာဝတီတလျှောက် ဧရာဝတီမြစ်တလျှောက် စီးဆင်းလာမယ်။ စီးဆင်းလာပြီးတော့ ဟင်္သတ က နေပြီးတော့မှ ဘင်္ဂလားပင်လယ်အော်ထဲကိုသွားမယ်။ ဒါပေမယ့် ရေပြင်က မြစ်ရေကြီးတဲ့ အနေအထားမဟုတ်ဘူး။ အခုဟာက မြစ်ရေ ရုတ်တရက် မြင့်တက်လာတာ ။ မြင့်တက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဓိကတော့ စောနကပြောသလိုပဲ မြစ်နားချောင်းနားမှာနေတဲ့ ပြည်သူတွေအနေနဲ့ မြစ်အတွင်းမှာနေတဲ့ ပြည်သူတွေ ကြိုတင် သတိပြုရှောင်ရှားနိုင်ဖို့အတွက်ကို ဒီသတင်းကို ထုတ်ပေးရခြင်းဖြစ်ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းတွေမှာလည်း လာမယ့် ၂ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းဖို့ရှိတယ်လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

မနေ့က ပြည်သူ့လွှတ်တော်မှာလည်း အယ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်ကာကွယ်ဖို့နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ပူးပေါင်းပါဝင်ဖို့ အရေးကြီးအဆို တင်သွင်းထားပြီး၊ ဒီနေ့နဲဲ့ မနက်ဖြန်မှာ အဲ့ဒီအဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြပါတယ်။

သိင်္ဂီလင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)